backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Eyestrain (မျက်စိညောင်းခြင်း)


Dr . Phyu Mon Latt မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Eyestrain (မျက်စိညောင်းခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Eyestrain(မျက်စိညောင်းခြင်း) ဆိုတာဘာလဲ။

Eyestrain ဟာ မျက်လုံးကို ပြင်းထန်စွာသုံးစွဲခြင်း ဖြစ်တဲ့ ကားကြာရှည်မောင်းခြင်း၊ စာဖတ်ခြင်း၊ ကွန်ပျူတာသုံးခြင်းတွေကြောင့် ဖြစ်တဲ့ မျက်စိညောင်းခြင်း ဖြစ်ပါတယ်။

မျက်စိ ပင်ပန်းခြင်းဟာ ပြင်းထန်တဲ့ အခြေအနေတစ်ခု ဖြစ်ပါတယ်။ အိမ်မှာ၊ အလုပ်ခွင်မှာ၊ အပြင်မှာ သတိထားပြီး ဂရုစိုက်ခြင်းဟာ မျက်စိညောင်းခြင်းကို လျော့ကျစေနိုင်ပါတယ်။ ဒါပေမယ့် တခါတရံမှာ မျက်စိညောင်းခြင်းဟာ ကုသမှုလိုအပ်တဲ့ အခြေအနေတစ်ခုရဲ့ လက္ခဏာ ဖြစ်နိုင်ပါတယ်။

Eyestrain (မျက်စိညောင်းခြင်း)ဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။

Eyestrain ဟာ အလွန်အဖြစ်များပြီး အသက်မရွယ်မရွေး ဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

ရောဂါလက္ခဏာများ

Eyestrain (မျက်စိညောင်းခြင်း)ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။

Eyestrain ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့

  • မျက်စိနာခြင်း၊ ညောင်းခြင်း၊ ပူခြင်း၊ ယားခြင်း
  • မျက်ရည်ထွက်ခြင်း၊ ခြောက်ခြင်း
  • မျက်လုံးဝါးခြင်း၊ နှစ်ထပ်ဖြစ်ခြင်း
  • ခေါင်းကိုက်ခြင်း
  • လည်ချောင်း၊ ပုခုံး၊ နောက်ကျော နာခြင်း
  • အလင်းရောင်ကို ခံစားမှု မြင့်တက်ခြင်း
  • အာရုံစူးစိုက်ရန် ခက်ခဲခြင်း
  • မျက်လုံးကောင်းကောင်း မဖွင့်နိုင်ခြင်း တွေပဲဖြစ်ပါတယ်။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါသလဲ။

ယေဘူယျအသိပေးချက် – သင့်မှာ အောက်ဖော်ပြပါအချက်အလက်တွေထဲက တစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။

  • သက်တောင့်သက်သာ မရှိခြင်း
  • နှစ်ထပ်ဖြစ်ခြင်း
  • အမြင်အာရုံ ပြောင်းလဲခြင်း
  • ဂရုစိုက်ပြီးရင်တောင် လက္ခဏာ ကျန်နေခြင်း

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

ဖြစ်စေသောအကြောင်းအရာများကိုသိရှိခြင်း ။

ဘာတွေက Eyestrain(မျက်စိညောင်းခြင်း) ဖြစ်ပွားစေသလဲ။

  • ကွန်ပျူတာ အကြည့်များခြင်း
  • မျက်လုံးကို အနားမပေးပဲ စာဖတ်ခြင်း
  • အချိန်အကြာကြီး ကားမောင်းခြင်း အာရုံစိုက်ရတဲ့ အခြားအလုပ်တွေ လုပ်ခြင်း
  • အလင်းရောင် စူးစူးကို ကြည့်မိခြင်း
  • အလွန်ဖျော့တဲ့ အလင်းရောင်မှာ မြင်နိုင်ဖို့ အားထုတ်ခြင်း
  • အခံရှိတဲ့ မျက်စိပြဿနာတွေ ဖြစ်တဲ့ မျက်စိခြောက်ခြင်း၊ မမှန်ကန်တဲ့ အမြင်အာရုံ
  • စိတ်ဖိစီးခြင်း၊ ပင်ပန်းခြင်း

ပန်ကာ၊ အပူ၊ အဲကွန်းမှ လေခြောက်တွေနဲ့ ထိမိခြင်း

ဖြစ်နိုင်ခြေကို မြင့်မားစေသော အရာများ

ဘယ်အရာတွေက Eyestrain(မျက်စိညောင်းခြင်း) ဖြစ်ပွားနိုင်ချေကိုမြင့်စေပါသလဲ။

Eyestrain ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

  • ကွန်ပျူတာရှေ့မှာ တစ်နေ့ လေးနာရီထက်ပိုပြီး အချိန်ဖြုန်းခြင်း
  • မျက်လုံးကို အာရုံစိုက်ရတဲ့ အလုပ်တွေ ဖြစ်တဲ့ အချိန်ကြာမြင့်စွာ စာဖတ်ခြင်း၊ TV အလွန်ကြည့်ခြင်း
  • ခြောက်သွေ့တဲ့ ရာသီဥတုမှာ အနေများခြင်း

Refraction လိုနေစဉ် ဆရာဝန်နဲ့ မျက်စိ စစ်ဆေးမှု မပြုလုပ်ခြင်း တွေပဲဖြစ်ပါတယ်။

ရောဂါစစ်ဆေးအတည်ပြုခြင်းနှင့် ကုသခြင်းများ

ယခုဖော်ပြထားသည့် အချက်အလက်များမှာ ဆေးပညာဆိုင်ရာကျွမ်းကျင်သူ၏ အကြံပေးချက်များနေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက်သိရှိလိုသောအချက်အလက်များအတွက် သင့်ရဲ့ဆရာဝန်နဲံ အမြဲတိုင်ပင်ဆွေးနွေးပါ။

Eyestrain(မျက်စိညောင်းခြင်း) ဟုတ်မဟုတ်ကို ဘယ်လိုအဖြေရှာအတည်ပြုသလဲ။

မျက်စိဆရာဝန်က လက္ခဏာ ဖြစ်စေတဲ့ အကြောင်းရင်းတွေအတွက် မေးခွန်းတွေကို မေးမြန်းနိုင်ပါတယ်။ အမြင်အာရုံစစ်ဆေးဖို့ မျက်စိ စစ်ဆေးမှု ပြုလုပ်နိုင်ပါတယ်။

Eyestrain(မျက်စိညောင်းခြင်း) ကို ဘယ်လိုကုသလဲ။

ယေဘုယျအားဖြင့် ကုသမှုမှာ နေ့စဉ် အကျင့်တွေ ပြောင်းလဲခြင်း၊ ပတ်ဝန်းကျင် ပြောင်းလဲခြင်းတွေ ပါဝင်ပါတယ်။ အချို့ကတော့ အခံရှိတဲ့ မျက်စိပြဿနာ ကုသခြင်းတွေ လိုအပ်နိုင်ပါတယ်။

လူအချို့အတွက်ကတော့ ကွန်ပျူတာကြည့်စဉ်၊ စာဖတ်စဉ် မျက်မှန်တပ်ခြင်းဟာ မျက်စိညောင်းခြင်းကို လျော့ကျစေနိုင်ပါတယ်။ သင့်ဆရာဝန်က မတူညီတဲ့ အကွာအဝေးတွေကို အာရုံစိုက်မှု ကောင်းမွန်စေဖို့ ပုံမှန် မျက်စိလေ့ကျင့်ခန်းတွေကို လုပ်ဖို့ အကြံပြုနိုင်ပါတယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက Eyestrain (မျက်စိညောင်းခြင်း)ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် Eyestrain ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

  • အလင်းရောင်ကို ညှိပါ။ TV ကြည့်နေရင် အခန်းကို အလင်းရောင်ဖျော့ဖျော့ ထွန်းထားသင့်ပါတယ်။ တကယ်လို့ စာအုပ်ဖတ်မယ်၊ နီးကပ်စွာလုပ်ရတဲ့ အလုပ်တွေကို လုပ်မယ်ဆိုရင် အလင်းရောင်ကို သင့်နောက်မှာ ထားပြီး စာရွက်၊ အလုပ်ပေါ်ကို ကောင်းစွာ ကျရောက်နေသင့်ပါတယ်။ တကယ်လို့စားပွဲမြှ စာဖတ်မယ်ဆိုရင် shaded light ကို မျက်နှာရှေ့မှာ ထားခြင်းဟာ မျက်လုံးကို အလင်းတိုက်ရိုက်ဝင်ခြင်းကနေ ကာကွယ်ပေးနိုင်ပါတယ်။
  • နားချိန်ယူပါ။ အနီးကပ်လုပ်ရတဲ့ အလုပ်တွေရှိရင် အနားယူခြင်းနဲ့ လေ့ကျင့်ခန်းလုပ်ခြင်းဟာ ကြွက်သားတွေ တောင့်တင်းမှုကို လျော့ကျစေနိုင်ပါတယ်။ တံတောင်ဆစ်ကို စားပွဲပေါ်တင်ပြီး လက်ဖဝါးကို လှန်ထားပါ။ သင့်ကိုယ်အလေးချိန်ကို အရှေ့ကိုကျစေပြီး ခေါင်းကို လက်ထဲမှာထားပါ။ လက်နဲ့ မျက်စိကို ကာထားပြီး လက်ချောင်းတွေကို နဖူးပေါ်မှာထားပါ။ မျက်စိမှိတ်လိုက်ပြီး အသက်ပြင်းပြင်းရှူပါ။ အသက်အောင့်ပြီး ၄ စက္ကန့်ရေတွက်ပါ။ ပြီးရင် ရှူထုတ်ပါ။ ဒီအသက်ရှူခြင်းကို ၁၅-၃၀ ကြိမ်အထိ ပြုလုပ်နိုင်ပါတယ်။ ဒီလေ့ကျင့်ခန်းကို တစ်နေ့မှာ အကြိမ်များစွာ လုပ်နိုင်ပါတယ်။
  • ကွန်ပျူတာကြည့်ချိန်ကို သတ်မှတ်ပါ။ ဒါဟာ ကလေးငယ်တွေမှာ အလွန်အရေးကြီးပြီး အလွန်အကျွံကြည့်ခြင်းဟာ မျက်စိညောင်းခြင်းကို ဖြစ်ပေါ်စေတာမို့ မျက်လုံးတွေကို အနားပေးဖို့ လိုအပ်ပါတယ်။
  • မျက်ရည်တုအသုံးပြုပါ။ ဆေးဆိုင်တွေမှာရောင်းတဲ့ မျက်ရည်တုဟာ မျက်လုံးခြောက်ခြင်းတွေကို သက်သာစေပါတယ်။ သင့်မျက်လုံးကောင်းနေစဉ်မှာတောင် မျက်ရည်တုကို အသုံးပြုသင့်ခြင်းဟာ မျက်လုံးကို ချောမေ့ွစေပြီး လက္ခဏာတွေ ပြန်ဖြစ်ခြင်းကနေ ကာကွယ်ပေးနိုင်ပါတယ်။ ဆရာဝန်က သင့်အတွက် အကောင်းဆုံးမျက်ရည်တုကို ရွေးချယ်ပေးမှာ ဖြစ်ပြီး အပိုထပ်ထည့်ပစ္စည်းတွေ ပါဝင်တဲ့ မျက်ရည်တုတွေကိုတော့ မကြာခဏ အသုံးမပြုသင့်ပါဘူး။ သင်အသုံးပြုတဲ့ မျက်ရည်တုမှာ အပိုပစ္စည်းတွေပါနေမယ်ဆိုရင် သူတို့ကို တစ်နေ့မှာ လေးကြိမ်ထက်ပိုပြီး အသုံးမပြုသင့်ပါဘူး။ နီမြန်းခြင်းကို ဖယ်ရှားပေးတဲ့ မျက်စဉ်းတွေဟာ မျက်လုံးခြောက်ခြင်းကို ပိုဆိုးစေပါတယ်။
  • သင်နေတဲ့နေရာမှာ လေရဲ့ အရည်အသွေးကို ကောင်းမွန်အောင်လုပ်ပါ။ Humidifier အသုံးပြုခြင်း၊ thermostat ကို ညှိပေးခြင်း၊ ဆေးလိပ်သောက်ခြင်းကို ရှောင်ကျဉ်ခြင်းတွေ လုပ်သင့်ပါတယ်။ ဆေးလိပ်သောက်နေရင် ဆေးလိပ်ဖြတ်သင့်ပါတယ်။ ကုလားထိုင်ကို နေရာပြောင်းခြင်းဟာ မျက်လုံးနဲ့ မျက်နှာကို ခြောက်သွေ့တဲ့လေတွေ တိုက်ရိုက်ထိခြင်းကနေ ကာကွယ်ပေးနိုင်ပါတယ်။
  • သင်နဲ့ သင့်လျော်တဲ့ မျက်စိအကာအကွယ်ပစ္စည်းကို တပ်ပါ။ မျက်မှန်၊ မျက်ကပ်မှန်တွေကို ကွန်ပျူတာကြည့်ဖု့ိ လိုအပ်မယ်ဆိုရင် ကွန်ပျူတာကြည့်ဖိုပအတွက် အထူးပြုထားတဲ့ မျက်မှန်၊ မျက်ကပ်မှန်တွေကို အသုံးပြုပါ။ မျက်စိအထူးကု ဆရာဝန်ကို lens coating နဲ့ tints တွေကြောင်း မေးမြန်းပြီး အသုံးပြုနိုင်ပါတယ်။ ခရီးအကြာကြီး ကားမောင်းရမယ်ဆိုရင် နေရောင်ခြည်ဒဏ် ကာကွယ်နိုင်တဲ့ နေကာမျက်မှန်တွေကို အသုံးပြုသင့်ပါတယ်။

ကွန်ပျူတာ အသုံးပြုခြင်းဟာ မျက်စိညောင်းခြင်းရဲ့ အဖြစ်အများဆုံးအကြောင်းရင်းတစ်ခုဖြစ်ပါတယ်။ အောက်ဖေါ်ပြပါ အချက်တွေကို ပြုလုပ်သင့်ပါတယ်။

  • မျက်လုံးတွေကို အားပြန်ဖြည့်ဖို့အတွက် မျက်တောင် မကြာမကြာ ခတ်ပါ။ လူတွေဟာ ကွန်ပျူတာ အသုံးပြုနေစဉ်မှာ မျက်တောင် အခတ်နည်းကြပါတယ်။ မျက်တောင်ခတ်ခြင်းဟာ စိုစွတ်ခြင်းကို ဖြစ်စေတဲ့ မျက်ရည်ကို ထုတ်ပေးပြီး မျက်လုံးကို အားပြည့်စေပါတယ်။ အကျင့်လုပ်ပြီး မျက်တောင်မကြာခဏ ခတ်သင့်ပါတယ်။
  • မျက်လုံးကို အနားပေးပါ။ ကွန်ပျူတာကြည့်ချိန် ကြာလာရင် အခြားနေရာကိုကြည့်ပြီး မျက်လုံးကို အနားပေးပါ။ ၂၀-၂၀ နည်းကို အသုံးပြုပါ။ မိနစ် ၂၀ ကြာတိုင်း ပေ၂၀ ဝေးတဲ့ အရာဝတ္ထုကို စက္ကန့် ၂၀ ကြည့်သင့်ပါတယ်။
  • အလင်းရောင်ကို စစ်ဆေးပြီး အလင်းပြန်မှုကို လျှော့ချသင့်ပါတယ်။ အလင်းစူးရှခြင်းနဲ့ အလင်းပြန်ခြင်းတွေဟာ ကွန်ပျူတာပေါ်က အရာဝတ္ထုတွေကို ကြည့်ရခက်စေနိုင်ပါတယ်။ အဆိုးဆုံးအလင်းကတော့ fluorescent light နဲ့ နေရောင်ပဲဖြစ်တာမို့ ခေါင်းပေါ်က အချို့ (သို့) အကုန်လုံးကိုပိတ်သင့်ပါတ။် စာဖတ်ခြင်း၊ စာရေးခြင်းတွေ လုပ်နေတယ်ဆိုရင် ညှိနိုင်တဲ့ မီးအိမ်ကို အသုံးပြုသင့်ပါတယ်။
  • ကွန်ပျူတာကို ချိန်ပါ။ ကွန်ပျူတာကို မျက်လုံးရှေ့တည့်တည့် တံတောင်ဆစ်အကွာအဝေးမှာထားပြီး ကွန်ပျူတာရဲ့ ထိပ်ဟာ မျက်လုံး level၊ သို့ အောက်မှာ ရှိသင့်ပါတယ်။ ချိန်နိုင်တဲ့ ထိုင်ခုံကိုလည်း အသုံးပြုနိုင်ပါတယ်။
  • စာအုပ်တင်တဲ့ ပစ္စည်းကို အသုံးပြုပါ။ တကယ်လို့ ကွန်ပျူတာကြည့်စဉ်မှာ print materials တွေကို လိုအပ်မယ်ဆိုရင် တင်တဲ့ ပစ္စည်းပေါ်တင်ပါ။ အချို့ပစ္စည်းတွေဟာ စာရိုက်တဲ့ ကီးဘုတ်နဲ့ ကွန်ပျူတာကြားမှာ ထားဖို့ တီထွင်ထားကြပြီး အချို့ကတော့ဘေးမှာထားဖို့ ဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ မျက်လုံးက ဒါကို ထိန်းညှိဖို့ အားစိုက်ထုတ်ခြင်းနဲ့ လည်ပင်း၊ ခေါင်း လှည့်ခြင်းတွေကို လျှော့ချဖို့ပဲ ဖြစ်ပါတယ်။
  • ကွန်ပျူတာ screen setting တွေကို ပြောင်းလဲပါ။ ဖတ်ရလွယ်စေဖို့ စာရိုက်ခြင်းကို အကြီးချဲ့ပါ။ ပြီးရင်တော့ သင့်အတွက်သင့်လျော်တဲ့ အလင်းရောင်ကို ညှိပေးသင့်ပါတယ်။
  • ကွန်ပျူတာ screen ကို သန့်ရှင်းရေး ပြုလုပ်ပါ။ ကွန်ပျူတာ screen ကို ပုံမှန်သန့်ရှင်းရေးပြုလုပ်ခြင်းဟာ အလင်းပြန်မှု ပြဿနာတွေကို လျော့ကျစေနိုင်ပါတယ်။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr . Phyu Mon Latt မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement