မျက်လုံးတွင်းရေမြှုပ်များဆိုသည်မှာ တစ်ခါတစ်ရံ မြင်ကွင်းအတွင်း ပေါ်လာတတ်သော အပြောက်လေးများဖြစ်ပါသည်။ သူတို့ကို စက္ကူစ သို့ ကောင်းကင်လို တောက်ပသည့်အရာများကို ကြည့်သည့်အခါတွင် မြင်ရနိုင်သည်။ သူတို့ကြောင့် စိတ်အနှောက်အယှက် ဖြစ်ကောင်းဖြစ်နိုင်သော်လည်း အမြင်အာရုံကိုတော့ မထိခိုက်တတ်ပါ။
သင့်တွင် မျက်လုံးတွင်းရေမြှုပ်မှာအတော်ကြီးပါက အမြင်အာရုံပေါ်တွင် အနည်းငယ်တော့ အရိပ်ထိုးကျနိုင်ပါသည်။ သို့သော်လည်း အလင်းရောင် တစ်ချို့တွင်သာဖြစ်တတ်ခြင်းဖြစ်ပါသည်။
မျက်လုံးတွင်းရေမြှုပ်များကိုလျစ်လျူရှုပြီး ကျင့်သားရအောင်လည်း လုပ်နိုင်ပါသည်။ အချိန်ကြာလာသည်နှင့် သူတို့ကို သတိထားမိတော့မည်မဟုတ်ပါ။ သူတို့ကြောင့် ကုသမှုလိုအပ်သည်မှာ အတော်လေးကိုရှားပါးပါသည်။
မျက်လုံးတွင်းရေမြှုပ်များနှင့် အစက်အပြောက်များမှာ အလွန်အဖြစ်များပြီး ပြဿနာမရှိပဲ စိတ်ရှုပ်ရုံလောက်သာ ဖြစ်နိုင်ပါသည်။
အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။
မျက်လုံးတွင်းရေမြှုပ်များ ၏ အဖြစ်အများဆုံးရောဂါလက္ခဏာများမှာ
အထက်တွင်ဖော်ပြထားသည့်အထဲမှာမပါဝင်သေးသော အခြားလက္ခဏာများလည်း ရှိနိုင်ပါသေးသည်။ အကယ်၍ကိုယ့်ဆီ၌ ရောဂါလက္ခဏာတစ်ခုခုများ ရှိနေမလားဆိုပြီး စိုးရိမ်နေမည်ဆိုပါက ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။
သင့်၌ အောက်ဖော်ပြပါအချက်အလက်များထဲမှ တစ်ခုခုရှိခဲ့လျှင် သင့်ဆရာဝန်နှင့် ဆက်သွယ်သင့်သည်။
ထိုကဲ့သို့ နာကျင်မှုမရှိသော လက္ခဏာများမှာ မျက်ကြည်လွှာပြဲခြင်း (မျက်ကြည်လွှာကွာခြင်း ရှိချင်ရှိမည်) ကြောင့် ဖြစ်ရခြင်းဖြစ်သည်။ ၎င်းသည် ချက်ချင်းကုသမှုခံယူရန်လိုသည့် အမြင်အာရုံ အန္တရာယ်ရှိအခြေအနေတစ်ခုဖြစ်သည်။
မျက်လုံးတွင်းရေမြှုပ်များဖြစ်ရသည့် အကြောင်းရင်းများမှာ –
အသက်အရွယ်ကြောင့် မျက်လုံးပြောင်းလဲခြင်း။ မျက်လုံးတွင်းရေမြှုပ်များသည် အသက်အကြီးလာသည်နှင့် မျက်လုံးကိုအဝိုင်းအတိုင်း ဖြစ်စေသည့် အတွင်းမှဂျယ်လီပုံစံ Vitreous များ ပြောင်းလဲမှုနှင့် ဆက်စပ်နေပါသည်။ အသက်ကြီးလာသည့်အခါ ၎င်းတို့မှာ တစ်စိတ်တစ်ပိုင်းအရည်ပျော်လာနိုင်ပါသည်။ Viterous များ ကျုံ့ပြီး မညီမညာဖြစ်လာသည့်အခါ အခဲအစုပ်များဖြစ်လာပြီး ကြိုးတန်းလိုလိုပုံစံများ ဖြစ်လာပါသည်။ ထိုအခါ မျက်လုံးကိုဖြတ်လာသော အလင်းတန်းများကို ကာလိုက်သလို ဖြစ်လာသောကြောင့်မျက်ကြည်လွှာတွင် အရိပ်များကိုပေါ်လာစေပါသည်။
မျက်လုံးနောက်ဖက်တွင် ရောင်ရမ်းခြင်း။ Posterior uveitis ဆိုသည်မှာ မျက်လုံးနောက်ဖက်ရှိ Uvea အလွှာရောင်ခြင်း ဖြစ်ပါသည်။ ၎င်းသည် ပိုးဝင်ခြင်း သို့မဟုတ် ရောင်ရမ်းရောဂါများကြောင့် ဖြစ်တတ်ပြီး မျက်လုံးတွင်းရေမြှုပ်များကို ဖြစ်ပေါ်စေပါသည်။
မျက်လုံးတွင်းသွေးယိုခြင်း – Viterous ထဲသို့ သွေးယိုနိုင်သည့် အကြောင်းများစွာ ရှိပါသည်။ ဥပမာ ထိခိုက်မိခြင်းနှင့် သွေးကြောဆိုင်ရာ ပြဿနာများ
မျက်ကြည်လွှာပြဲခြင်း – မျက်ကြည်လွှာပြဲခြင်းမှာ မျက်ကြည်လွှာတွင် ပုံပျက်လာသော Viterous များ ဖိခြင်းကြောင့် ဖြစ်လာနိုင်ပါသည်။ မကုသပဲထားပါက မျက်ကြည်လွှာပြုတ်သွားနိုင်ပါသည်။ (မျက်ကြည်လွှာနောက်တွင် အရည်များစုပုံလာခြင်းမှ မျက်ကြည်လွှာနှင့် မျက်လုံးနောက်ပိုင်း ကွာသွားခြင်း) မျက်ကြည်လွှာပြုတ်သွားခြင်းကို မကုသပဲဆက်ထားပါက တစ်သက်တာ အမြင်ကွယ်သွားမည်ဖြစ်ပါသည်။
မျက်လုံးတွင်းရေမြှုပ်များ ဖြစ်ပွားနိုင်ချေကိုမြင့်စေသော အကြောင်းရင်းများစွာရှိပါသည်။ ဥပမာအားဖြင့်
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
ဆရာဝန်သည် မျက်လုံးနှင့်ပတ်သတ်သော စမ်းသပ်မှုများလုပ်ရာတွင် မျက်လုံးနောက်ဖက်ကို မြင်နိုင်ရန်အတွက် သူငယ်အိမ်ကိုဆေးနှင့်ချဲ့ပြီး ကြည့်နိုင်ပါသည်။
သာမာန်ကိစ္စများမှာ ကုသရန်ဘယ်တော့မှမလိုအပ်ပါ။
အကယ်၍ သင့်ကို စိတ်အနှောက်အယှက်ဖြစ်စေသည် ဆိုပါက မြင်ကွင်းမှပျောက်သွားအောင် ပြုလုပ်ကြည်ပါ။ မျက်လုံးများကို လှုပ်ရှားခြင်းက အရည်များကို လှုပ်စေပါသည်။ အပေါ်အောက် ကြည့်ခြင်းက ဘေးဘီကို ကြည့်ခြင်းထက် ပိုသက်ရောက်မှုကောင်း၏။
အမြင်အာရုံကို ပိတ်နေလောက်အောင် များပြားလွန်းပါက ဆရာဝန်သည် Vitrectomy လုပ်ရန် လမ်းညွှန်ကောင်းညွှန်ပါလိမ့်မည်။ Vitreous များကို ဖယ်ထုတ်ပြီး ဆားရည်နှင့်အစားထိုးသော ကုထုံးဖြစ်ပါသည်။
မျက်လုံးတွင်းရေမြှုပ်များထခြင်း၏ နောက်ဆက်တွဲပြဿနာများ –
ဖြစ်နိုင်ချေနည်းသော်လည်း ထိုပြဿနာများ ဖြစ်လာပြီဆိုပါက တစ်သက်လုံး အမြင်ကွယ်သွားနိုင်ပါသည်။
အောက်ဖော်ပြပါ လူနေမှုပုံစံများနှင့်အိမ်သုံးကုထုံးများက သင့်အနေဖြင့် မျက်လုံးတွင်းရေမြှုပ်များ ကိုကုသသည့်နေရာနှင့် လိုက်လျောညီထွေဖြစ်အောင်လုပ်ရာတွင် အကူအညီပေးနိုင်ပါသည်။
အပန်းဖြေပါ – မျက်လုံးသုံးရခြင်း အားစိုက်ရခြင်း ကြာသည့်အခါ မျက်လုံးတွင်းရေမြှုပ်များကို ဖြစ်စေနိုင်ပါသည်။ ထို့ကြောင့် ကောင်းကောင်းအနားယူလိုက်ခြင်းက အကောင်းဆုံးဖြစ်ပါသည်။
နှိပ်နယ်ပေးပါ – မျက်လုံးများပေါ် ခပ်နွေးနွေး အဝတ်စတစ်ခုနှင့် အုပ်ထားပေးပြီး နားထင်များကို နှိပ်နယ်ပေးပါ။ လက်နှစ်ဖက်ကိုပွတ်ပြီး ပူလာသည့်အခါ မျက်လုံးပေါ်အုပ်ပေးလျှင်လည်း ဖြစ်ပါသည်။
မျက်လုံးလေ့ကျင့်ခန်းများ လုပ်ပေးပါ။ မျက်လုံးကို နာရီလက်တံအတိုင်း လှည့်ကြည့်ခြင်း ထို့နောက် နာရီလက်တံပြောင်းပြန်အတိုင်းလှည့်ခြင်း လုပ်ပါ။ နောက်လေ့ကျင့်ခန်းတစ်ခုမှာ အရာဝတ္ထုတစ်ခုခုကို မျက်လုံးရှေ့ခပ်ဝေးဝေးတွင် ကိုင်ထားပါ။ ထိုအရာဝတ္ထုကို အာရုံစိုက်ကြည့်နေပြီး မျက်လုံးနှင့်နီးရာ ၆ လက်မလောက်အထိ တဖြည်းဖြည်းချင်း ရွေ့လာပေးပါ။ နောက်အချိန်များတွင် ပိုဝေးဝေး ပိုနီးနီး ပြောင်းလုပ်ပေးပါ။
တီဗီနှင့် Screen များကို အကြည့်လျော့ပါ။ ကြည့်ချိန်ကြာခြင်းက မျက်လုံးကို ထိခိုက်နိုင်ပါသည်။
ရေများများသောက်ပါ။ ေရသည် ခန္ဓါကိုယ်ကို အဆိပ်ဖြေစေနိုင်ပါသည်။ မျက်လုံးတွင်းရေမြှုပ်များမှာ အဆိပ်များစုနေသည့် လက္ခဏာတစ်ရပ်ဖြစ်သည်။
ဓါတ်တိုးဆန့်ကျင့်သည့် အစားအစာများကိုစားပါ။ ထိုအစားအစာများသည် Free radical များကြောင့် မျက်လုံးပျက်စီးရခြင်းကို ကာကွယ်နိုင်ပါသည်။ ထိုအစားအစာများတွင် ဘလူးဘယ်ရီသီး၊ ကိုက်လန်၊ သလဲသီး၊ လိမ္မော်သီနှင့် စတော်ဘယ်ရီများ ပါဝင်ပါသည်။
Taurine ပြည့်ဝသော အစာများကိုစားပါ – ၎င်းသည် အမြင်အာရုံကျန်းမာအောင် အထောက်အကူပြုပါသည်။ အသားနှင့် ပင်လယ်စာများတွင် Taurine ပါဝင်ပါသည်။
ယောဂလုပ်ပါ။ ယောဂသည် စိတ်ဖိစီးမှုကိုကျစေပြီး မျက်လုံးပိတ်ပြီးမှာ လှုပ်ရှားရသည့်လေ့ကျင့်ခန်းများ ပါသောကြောင့် မျက်လုံးကို အနားရစေပါသည်။
နေကာမျက်မှန်သုံးပါ။ မျက်လုံးကိုထိခိုက်စေမည့် UV ရောင်ခြည်များကို ကာကွယ်နိုင်ပါသည်။
ကောင်းကောင်းအိပ်ပါ။ အိပ်ရေးဝခြင်းက မျက်လုံးများကို ဒဏ်မဖြစ်အောင် လုပ်ပေးပါလိမ့်မည်။
အကယ်၍သင့်၌ မေးခွန်းများရှိသည်ဆိုပါက သင့်အတွက်သင့်တော်သော အဖြေရှာဖွေနိုင်ဖို့ရာ ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။