backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Eye Cancer (မျက်စိကင်ဆာ)

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Phyo Wai Yan မှ ရေးသားသည်။ · 16/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Eye Cancer (မျက်စိကင်ဆာ) ကဘာလဲ။

မျက်လုံးတစ်ရှူးထဲမှာ ဖြစ်တဲ့ကင်ဆာကို မျက်စိကင်ဆာလို့ခေါ်ပါတယ်။ အဆုတ်နဲ့ ရင်သားကင်ဆာတွေကြောင့် မျက်လုံးကင်ဆာကို ဖြစ်စေနိုင်ပါတယ်။ မျက်စိကင်ဆာဖြစ်စေတဲ့ ကင်ဆာအမျိုးမျိုးရှိပါတယ်။

• ရောင်ခြယ်ဆဲလ် ကင်ဆာ (အဖြစ်အများဆုံးဖြစ်သည်)

• အရေပြားကင်ဆာ( squamous ဆဲလ်တွေအဖြစ်များပါတယ်)

• ပြန်ရေကျိတ်ကင်ဆာ

• မျက်စိအတွင်းလွှာကင်ဆာ (ငယ်စဉ်မှာအဖြစ်များတတ်)

Eye Cancer (မျက်စိကင်ဆာ) က ဘယ်လောက်အဖြစ်များသလဲ

မျက်စိကင်ဆာဟာရှားပါးပါတယ်။ အမျိုးသမီးရော အမျိုးသားပါဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အရေပြားနဲ့ ရောင်ခြယ်ဆဲလ်ကင်ဆာ အချို့အမျိုးအစားကတော့ ယောက်ျားတွေမှာပိုဖြစ်ပါတယ်။ ဖြစ်နိုင်ချေတွေကိုလျော့ချလို့ရပါတယ်။ သင့်ဆရာဝန်နဲ့ ဆွေးနွေးပြီးအချက်အလက်ရယူပါ။

လက္ခဏာများ

Eye Cancer (မျက်စိကင်ဆာ) ရဲ့လက္ခဏာတွေကဘာတွေလဲ

ယေဘုယျ လက္ခဏာတွေကတော့ –

• အမြင်ချို့ယွင်းခြင်း

• အမြင်အာရုံဝေဝါးခြင်း

• အရိပ၊် အလင်းပြောက် ၊အစက်အကွက် တွေ တွေ့မြင်ခြင်း

• မျက်လုံး(သို့) မျက်ခွံရောင်ခြင်း

စာရင်းထဲမပါဝင်တဲ့ လက္ခဏာတွေရှိနိုင်ပါတယ်။ ရောဂါတွေ့ရှိပါက ဆရာဝန်နှင့်တိုင်ပင်ပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အထက်ဖော်ပြပါ လက္ခဏာတွေရှိရင်ပြသင့်ပါတယ်။ လူတစ်ယောက်နဲ့တစ်ယောက် တည်ဆောက်ပုံမတူကြတဲ့ အတွက် သင့်အတွက်သင့်တော်မယ့် အခြေအနေကို ဆွေးနွေးပါ။

အကြောင်းရင်းများ

Eye Cancer (မျက်စိကင်ဆာ) ကိုဘာတွေကဖြစ်စေသလဲ

မျက်စိကင်ဆာဖြစ်စေတဲ့ အဓိကအကြောင်းရင်းကို မသိသေးပါဘူး။ ကင်ဆာဖြစ်ပွားစေတဲ့ မျက်လုံးရဲ့ ဆဲလ်တွင်း မျိုးဗီဇပြောင်းလဲမှုကို သိပ္ပံပညာရှင်တွေ လေ့လာနေကြဆဲပါ။ ဘာကြောင့်ဖြစ်စေ မျက်စိကင်ဆာဟာ အခြားမွေးရာပါရောဂါတွေ ၊ အခြေအနေတွေ နဲ့ဆက်စပ်မှု ရှိနေနိုင်ပါတယ်။

မျက်စိကင်ဆာဖြစ်ပွားနိုင်ချေ မြင့်မားစေတဲ့ အခြားအကြောင်းအရာတွေမှာ-

• အရောင်ပါတဲ့ မျက်ဆံတွေ ဥပမာ စိမ်း၊ပြာ၊မီးခိုးရောင် မျက်လုံးတွေဟာ ခရမ်းလွန်ရောင်ခြည်ကိုကာကွယ်ဖို့ ရောင်ခြယ်မရှိခြင်း

• အခြားအရောင်တွေနဲ့ မတူဘဲ နေရောင်သိပ်မခံနိုင်တဲ့ အသားရောင်ဖြူ ရောင်ရှိခြင်း

• ကင်ဆာဖြစ်စေသောမှဲ့ရှိခြင်း

• နေရောင်ထိတွေ့မှုများခြင်း

• မျိုးရိုးလိုက် မျက်စိကင်ဆာရောဂါ ရှိခြင်း

• စသည်တို့နှင့်ဆက်စပ်နေနိုင်ပါတယ်။

Risk factors

Eye Cancer (မျက်စိကင်ဆာ) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

ဖြစ်နိုင်တဲ့ အခြေအနေများစွာရှိပါတယ်။ ဥပမာ

အသက်အရွယ် : အရွယ်မရွေးဖြစ်တတ်ပေမယ့် လူကြီးတွေမှာပိုဖြစ်တတ်ပါတယ်။ ပျမ်းမျှအသက် ၅၅ နှစ်မှာမျက်စိကင်ဆာဖြစ်တတ်ပြီး ကလေးတွေမှာဖြစ်တာနည်းပါတယ်။

လိင် : မျက်စိကင်ဆာဖြစ်သူ ယောက်ျားဦးရေဟာ မိန်းကလေးတွေထက်များတာ တွေ့ရတယ်။

လူမျိုး: လူဖြူ တွေဟာ လူမည်း သို့မဟုတ် အာရှသားတွေထက် ပိုဖြစ်တတ်ပါတယ်။

မျိုးရိုး : အလွန်ရှားသော်လည်း ရောင်ခြယ်ဆဲလ်ပြသနာဟာ မျိုးရိုးလိုက်နိုင်ပါတယ်။

အခြား : အချို့အခြေအနေရှိတဲ့သူတွေ ဥပမာ oculodermal melanocytosis ( မျက်စိရောင်ခြယ်ရောဂါ) ၊Nevi ( မျက်သားတွင်မှဲ့နှင့် အစက်ပြောက်ရှိတာ) နဲ့ dysplastic nerve syndrome တွေမှာ မျက်စိကင်ဆာ ဖြစ်တာများတတ်ပါတယ်။

အခြားအခြေအနေ: ပုံမှန်မဟုတ်တဲ့ မှဲ့တွေ၊ အစက်တွေ အရေပြားနဲ့ မျက်လုံးမှာရှိနေရင် ကင်ဆာဖြစ်နိုင်ချေ ရှိပါတယ်။

နေရောင်ခြည်နဲ့ ဓါတုပစ္စည်း ထိတွေ့မှုကလည်းမျက်စိကင်ဆာ ဖြစ်နိုင်ချေမြင့်စေပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Eye Cancer (မျက်စိကင်ဆာ) ကို ဘယ်လိုအတည်ပြုပါသလဲ

ပထမဆုံး သင့်အခြေအနေ၊ မိသားစုရာဇဝင်နဲ့ လက္ခဏာကိုမေးပါမယ်။

မျက်စိစမ်းသပ်ခြင်း : စကုပ်မှန်ပြောင်းကနေ အလင်းနဲ့ မျက်စိက ကင်ဆာကျိတ်ကို ရှာပါမယ်။

အက်ထရာဆောင်း : မျက်စိရဲ့ ပုံရိပ်တွေကို အသံလှိုင်းနဲ့ ဖမ်း ယူခြင်း ဖြစ်ပါတယ်။

Fluorescein angiography : ဆရာဝန်က အထူးပြုလုပ်ထားတဲ့ ကင်မရာသုံးပြီး မျက်စိသွေးကြောထဲက အကျိတ်ကိုဖမ်းယူရှာဖွေမှာဖြစ်ပါတယ်။

အသားစယူခြင်း : ဆဲလ်ထဲကအသားစကို အပ်နှင့် အနုကြည့်မှန်ပြောင်းအောက်မှာ ထုတ်ယူမှာဖြစ်ပါတယ်။

အခြားစစ်ဆေးမှုတွေ

သင့် အသည်းနှင့် ကျောက်ကပ်အလုပ်လုပ်မလုပ်ကို သွေးစစ်မှာဖြစ်ပါတယ်။ အက်ထရာဆောင်းနှင့် အသည်းကင်ဆာဆဲလ် ပြန့်ပွားမှုကြည့်ရူပါမယ်။

Eye Cancer (မျက်စိကင်ဆာ) ကို ဘယ်လိုကုသပါသလဲ

ကုသမှုက အရွယ်အစားနဲ့ နေရာကိုမူတည်ပြီး ကွဲပြားနိုင်ပါတယ်။ အသုံးများတဲ့ကုသမှုတွေကတော့

ဓါတုဆေးနှင့်ကုသခြင်း : ကင်ဆာဆဲလ်ပြန့်ပွားရင် ဓါတုဆေးသုံးတာက ပိုကောင်းပါတယ်။ ဆေးကို တိကျတဲ့နေရာ သို့မဟုတ်သွေးကြောမှာထိုးတာ သောက်တာလုပ်နိုင်ပါတယ်။

Brachytherapy : ရေဒီယိုသတ္တိကြွပစ္စည်းပါဝင်တဲ့ သေးငယ်တဲ့ အပြားလေးတွေ ထည့်သွင်းပြီးကင်ဆာ ဆဲလ်တွေဖယ်ထုတ်မှာဖြစ်ပါတယ်။

လေဆာနည်း : ခန္ဓါကိုယ်ကတစ်ရှူ းတွေကို ဖျက်ဆီးပစ်တဲ့ ကုသနည်းပါ။ မျက်လုံးတွင်း ပြန်ရည်ကျိတ်ထက် ရောင်ခြယ်ကင်ဆာကျိတ်ကို ဒီနည်းနဲ့ ပိုကုသပါတယ်။

ခွဲစိတ်နည်း : မျက်လုံးတွင်း ရောင်ခြယ်ကင်ဆာကျိတ်တွေ ကုသရာမှာ ပိုသုံးကြပါတယ်။ မျက်လုံးရဲ့ ကင်ဆာဆဲလ် ပြန့်ပွားမှုပေါ်မူတည်ပြီး မျက်စိတစ်စိတ်တစိပိုင်း သော်လည်းကောင်း အကုန်လုံးကိုသော်လည်းကောင်း မျက်စိအထူးကုက ခွဲထုတ်တတ်ပါတယ်။ အောက်ပါအချက်တွေက်တော့ ခွဲစိတ်မှုနည်းလမ်းတွေပါ။

Iridectomy : မျက်လုံးရဲ့ အိုင်းရစ် တစ်စိတ်တစ်ပိုင်းကို ဖယ်ခြင်း

Irido trabeculectomy : အိုင်းရစ် နဲ့ မျက်စိအပြင်သားကိုပါ ဖယ်ထုတ်ခြင်း

Iridocyclecomy : အိုင်းရစ် နဲ့ ဆီလီယာရီကြွက်သား ပိုင်းကိုဖယ်ထုတ်ခြင်း

Sclerouvectomy/ endoresection : မျက်စိကိုမခွဲထုတ်ဘဲ choroid အကျိတ်ကိုဖယ်ခြင်း

Ennucleation : အကျိတ်ကအရမ်းကြီးနေပြီး လူနာအမြင်အာရုံပျောက်ရင် မျက်လုံးကိုဖယ်ထုတ်ခြင်းဖြစ်ပါတယ်။ သင့်မျက်လုံးနေရာမှာ အစားထိုးဖို့ မျက်လုံးတုထည့်ရမှာဖြစ်ပါတယ်။ အကျိတ်က သေးနေရင် အကျိတ် (သို့) မျက်လုံးတစ်စိတ်တစ်ပိုင်းကို ခွဲစိတ်ဖို့လိုအပ်မှာဖြစ်ပါတယ်။

Ennucleation နည်းကတော့အကျိတ်ကအရမ်းကြီးနေပြီး သင့်ရဲ့ အမြင်အာရုံပျောက်ရင် မျက်လုံးကိုဖယ်ထုတ်ပြီး မျက်လုံးတုထည့်ရမှာဖြစ်ပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Dr. K Zin Thwe


Phyo Wai Yan မှ ရေးသားသည်။ · 16/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement