backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Exercise-induced asthma (လေ့ကျင့်ခန်းကြောင့်ဖြစ်သော ပန်းနာရင်ကြပ်ရောဂါ)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Pyae Sone Hein မှ ရေးသားသည်။ · 13/03/2018 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Exercise-induced asthma (လေ့ကျင့်ခန်းကြောင့်ဖြစ်သော ပန်းနာရင်ကြပ်ရောဂါ) ကဘာလဲ။

သူ့နာမည်အတိုင်းပင် လေ့ကျင့်ခန်းကြောင့် ဖြစ်တဲ့ ပန်းနာရင်ကြပ်ရောဂါဆိုသည်မှာ လေ့ကျင့်ခန်းများပြင်းပြင်းထန်ထန် သို့ ကြာရှည်လုပ်ပြီးတဲ့အခါမှာဖြစ်တဲ့ပန်းနာရင်ကြပ်ရောဂါ ပဲဖြစ်ပါတယ်။ နာတာရှည်ပန်းနာရင်ကြပ်ရောဂါရှိတဲ့လူတွေဟာ လေ့ကျင့်ခန်းလုပ်နေစဉ်မှာ ပန်းနာရင်ကြပ်ရောဂါရဲ့ ရောဂါလက္ခဏာတွေကိုကြုံတွေ့ရလေ့ရှိပါတယ်။ သို့သော်လည်း နာ တာရှည်ပန်းနာရင်ကြပ်ရောဂါမရှိပဲ လေ့ကျင့်ခန်းလုပ်နေစဉ်မှ ရောဂါလက္ခဏာဖြစ်လာတဲ့လူတွေလည်း များစွာရှိပါတယ်။

Exercise-induced asthma (လေ့ကျင့်ခန်းကြောင့်ဖြစ်သော ပန်းနာရင်ကြပ်ရောဂါ) က ဘယ်လောက်အဖြစ်များသလဲ

လေ့ကျင့်ခန်းကြောင့်ဖြစ်တဲ့ ပန်းနာရင်ကြပ်ရောဂါ ဟာအရမ်းအဖြစ်များပါတယ်။ မိန်းကလေးများတွင်ယောက်ျားလေးများထက်ပိုဖြစ်တာတွေ့ရပြီး အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ် ။ အန္တရာယ်ရှိသည့်အရာများကို ရှောင်ရှားခြင်းဖြင့် ရောဂါကို သက်သာအောင်လုပ်နိုင်ပါတယ်။ အသေးစိတ်သိရှိစေရန် ဆရာဝန်နှင့်တိုင်ပင်သင့်ပါတယ် ။

လက္ခဏာများ

Exercise-induced asthma (လေ့ကျင့်ခန်းကြောင့်ဖြစ်သော ပန်းနာရင်ကြပ်ရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ

အများဆုံးဖြစ်လေ့ရှိတဲ့ရောဂါလက္ခဏာတွေကတော့….

လေ့ကျင့်ခန်းလုပ်ခြင်းကြောင့် အသက်ရှူလမ်းကြောင်းကျဉ်းသွားသည့် ရောဂါလက္ခဏာတွေဟာ လေ့ကျင့်ခန်းလုပ်နေစဉ် သို့ လုပ်ပြီး မိနစ်အနည်းငယ်ကြာတဲ့အခါမှာ ဖြစ်ပေါ်လာလေ့ရှိပြီး မကုသပဲထားပါက မိနစ် ၃၀ သို့ ၃၀ ထက်ပိုပြီး ကြာနိုင်ပါတယ်။ ရောဂါလက္ခဏာများ ကတော့…

– ချောင်းဆိုးခြင်း ၊

– ရင်ကြပ်ခြင်း ၊

– အသက်ရှူမဝခြင်း ၊

– ရင်ဘတ်တင်းကြပ်နေခြင်း သို့ နာကျင်နေခြင်း ၊

– လေ့ကျင့်ခန်းလုပ်နေစဉ် မောပန်းခြင်း ၊

– လုပ်နိုင်မည်ထင်ထားသည့်ပမာဏလောက်မလုပ်နိုင်ခြင်း ၊

– သင်ဟာ ကျန်းမာသည့်ပုံစံတွင်ရှိနေသော်လည်း မကျန်းမာဘူးဟု ခံစားရခြင်း၊

– လှုပ်ရှားမှုများ မရှိတော့ခြင်း ( ကလေးငယ်များတွင်ဖြစ်လေ့ရှိသော လက္ခဏာ)

အထက်ဖော်ပြပါ စာရင်းတွင်မပါသည့်ရောဂါလက္ခဏာများလည်း ရှိနိုင်ပါသေးတယ်။ ရောဂါလက္ခဏာတွေနဲ့ပတ်သတ်ပြီး အသေးစိတ်သိချင်လျှင်တော့ ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အထက်ဖော်ပြပါစာရင်းတွင်ပါသည့်လက္ခဏာများ ခံစားနေရပြီဆိုလျှင်တော့ ဆရာဝန်နှင့်ပြသသင့်ပါပြီ။ လူတစ်ယောက်နှင့်တစ်ယောက် မတူညီကြပါဘူး ။ သင့်အတွက်အကောင်းဆုံးကိုသိရှိနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတာအကောင်းဆုံးပါ ။

အကယ်၍ သင့်တွင်အောက်ပါဆိုးရွားသည့် ရောဂါလက္ခဏာများ ဖြစ်လာလျှင်တော့ အရေးပေါ်ကုသမှုခံယူဖို့လိုအပ်ပါတယ်။

– ရုတ်တရက်အသက်ရှူမဝခြင်း သို့ရင်ကြပ်ခြင်းဖြစ်လာ၍ ပိုဆိုးလာခြင်း ၊

– ရောဂါအတွက် ရှူဆေးအသုံးပြုပြီးသည့်တိုင်အောင် သက်သာမှုမရှိခြင်း ။

အကြောင်းရင်းများ

Exercise-induced asthma (လေ့ကျင့်ခန်းကြောင့်ဖြစ်သော ပန်းနာရင်ကြပ်ရောဂါ) ကိုဘာတွေကဖြစ်စေသလဲ

ဆေးပညာလေ့လာသူများဟာ လေ့ကျင့်ခန်းလုပ်ခြင်းကြောင့်ပန်းနာရင်ကြပ်ရောဂါဖြစ်ရတဲ့အကြောင်းရင်းကို ရှာဖွေနေကြပါတယ်။ ဖြစ်စေသောအကြောင်းရင်းဟာ တစ်ခုထက်ပိုတဲ့ဇီဝကာမဖြစ်စဉ်တွေဖြစ်ပါတယ်။ လေ့လာရှာဖွေသူများသိကြတာကတော့ လေ့ကျင့်ခန်းကြောင့် အသက်ရှူလမ်းကြောင်းကျဉ်းသူများတွင် လေ့ကျင့်ခန်းဟာ မော်လီကျုးများရွှေ့လျားမှုကို ဖြစ်စေပြီး အသက်ရှူလမ်းကြောင်းကို ရောင်ရမ်းစေကာ ချွဲများထွက်လာစေသည်ဟု ဆိုကြပါတယ် ။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Exercise-induced asthma (လေ့ကျင့်ခန်းကြောင့်ဖြစ်သော ပန်းနာရင်ကြပ်ရောဂါ) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

ပိုဆိုးစေတဲ့အရာတွေကတော့..

– လေအေးများ ၊ ခြောက်သွေ့သောလေများ ၊ ညစ်ညမ်းသောလေများ ၊ လေထုထဲတွင်ဝတ်မှုန်များ များစွာပါဝင်ခြင်း ၊ ရေကူးကန်ထဲရှိကလိုရင်းဓါတ်များ ၊ မှင်ဆေးရည်တွက်ပါဝင်သည့် ဓါတုပစ္စည်းများ ၊ အသက်ရှူလမ်းကြောင်းရောဂါပိုးကူးစက်ခံရခြင်း သို့ အခြားအဆုတ်ရောဂါများ ၊ အသက်ပြင်းပြင်းကြာကြာရှူရသည့် အားကစားများဖြစ်သည့် ပြေးခြင်း ၊ ရေကူးခြင်း သို့ ဘောလုံးကန်ခြင်း။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Exercise-induced asthma (လေ့ကျင့်ခန်းကြောင့်ဖြစ်သော ပန်းနာရင်ကြပ်ရောဂါ) ကို ဘယ်လိုအတည်ပြုပါသလဲ

သင့်ရဲ့ရောဂါလက္ခဏာများ ကိုမေးခြင်းအပြင် ဆရာဝန်ဟာ စမ်းသပ်စစ်ဆေးမှုများကို ပြုလုပ်ပါလိမ့်မယ် ။ သင့်ရဲ့အဆုတ်အလုပ်လုပ်နိုင်မှုကောင်းမကောင်းနှင့် ရောဂါလက္ခဏာဖြစ်စေတဲ့အခြားအကြောင်းရင်းများကိုလည်း သိရှိရဖို့ စမ်းသပ်စစ်ဆေးပါလိမ့်မယ်။

အဆုတ်အလုပ်လုပ်မှုကောင်းမကောင်းစမ်းသပ်ခြင်း ။

သင်လေ့ကျင့်ခန်းမလုပ်နေစဉ်မှာ အဆုတ်ရဲ့အလုပ်လုပ်နိုင်စွမ်း မည်မျှရှိသည်ကို spirometry စမ်းသပ်မှုနှင့် ဆရာဝန်ဟာ စစ်ဆေးပါလိမ့်မယ်။ ထိုစစ်ဆေးမှုဟာ သင်ရှူလိုက်သော လေပမာဏ ၊ သင်ရှူထုတ်လိုက်သော လေပမာဏ နှင့် ဘယ်လောက်မြန်မြန်ရှူထုတ်တယ်ဆိုတာကို တိုင်းတာ ပေးပါလိမ့်မယ်။

ထိုစစ်ဆေးမှုလုပ်ပြီးတဲ့အခါမှာ သင့်ရဲ့အဆုတ်ကို ကျယ်စေရန် ရှူစရာပစ္စည်းတစ်ခုပေးပါလိမ့်မယ်။ ထို့နောက်ပထမအတိုင်း စမ်းသပ်မှုကို ပြန် လုပ်ကာ ဆရာဝန်ဟာ ရလာဒ်နှစ်ခုကိုနှိုင်းယှဉ်ကြည့်ပြီး အသက်ရှူလမ်းကြောင်းချဲ့သည့်ပစ္စည်းဟာ သင့်ရဲ့လေလမ်းကြောင်းကို ဘယ်လောက်ကောင်းမွန်လာအောင်လုပ်ပေးနိုင်တယ်ဆိုတာ တွေ့ရပါလိမ့်မယ်။ အစပိုင်းလုပ်တဲ့ အဆုတ်စစ်ဆေးမှုဟာ ရောဂါရဲ့အကြောင်းရင်းတစ်ခုဖြစ်နိုင်တဲ့ နာတာရှည် ပန်းနာရင်ကြပ်ရောဂါကို ရှာဖွေအဖြေထုတ်ရာတွင်အရေးကြီးပါတယ်။

လေ့ကျင့်ခန်းလုပ်ခိုင်းစေပြီး စမ်းသပ်စစ်ဆေးခြင်း ။

နောက်ထပ်ဆရာဝန်လုပ်မယ့် စစ်ဆေးမှုကတော့ လေ့ကျင့်ခန်းလုပ်ခိုင်းစေပြီး စမ်းသပ်မှုပဲ ဖြစ်ပါတယ်။ သင်ဟာ သင့်အသက်ရှူနှုန်းကို မြန်လာစေမည့်ေ ပြးစက်ပေါ်တွင်ပြေးခြင်း သို့ အခြား လေ့ကျင့်ခန်းတစ်ခုကိုပြုလုပ်ရပါမယ်။ ထိုလေ့ကျင့်ခန်းဟာ သင်ကြုံတွေ့ခဲ့ရသည့် ရောဂါလက္ခဏာများ ပြန်ပေါ်လာနိုင်သည့်အထိ ပြင်းထန်ရပါမယ်။ လိုအပ်လျှင် လှေကားထစ်တက်ခြင်းကဲ့သို့ လက်တွေ့လေ့ကျင့်ခန်းများကို ပြုလုပ်နိုင်ပါတယ်။ ထိုသို့စမ်းသပ်မှုမလုပ်ခင်နှင့် ပြုလုပ်အပြီးတွင် spirometry နှင့်ပြန်လည်စစ်ဆေးခြင်းဟာလည်း လေ့ကျင့်ခန်းကြောင်း အသက်ရှူလမ်းကြောင်းကျဉ်းသွားခြင်းကို အတည်ပြုပေးနိုင်ပါတယ်။

အခြား စစ်ဆေးမှု ။

လေ့ကျင့်ခန်းလုပ်ခိုင်းနေခြင်းအပြင် ဆရာဝန်ဟာ သင့်ကို ရောဂါလက္ခဏာများ ပေါ်လာစေမည့် ရှူစရာတစ်ခုရှူခိုင်းပြီး စမ်းသပ်ပါလိမ့်မယ်။ အကယ်၍သင့်ရဲ့အသက်ရှူလမ်းကြောင်းဟာ ထိုလှုံ့ဆော်မှုများကို တုံ့ပြန်လျှင်ယခုစမ်းသပ်မှုဟာလည်း လေ့ကျင့်ခန်းလုပ်နေစဉ် သင့်အဆုတ်ရဲ့အလုပ်လုပ်ပုံက်ုတွေ့ရပါလိမ့်မယ်။

ယခုစမ်းသပ်မှုမလုပ်ခင်နှင့် ပြီးတဲ့အခါ spirometry နှင့်ထပ်မံစစ်ဆေးခြင်းဖြင့် အဆုတ်ရဲ့အလုပ်လုပ်ပုံပြောင်းလဲခြင်းရှိမရှိ သိရှိနိုင်ပါတယ်။ အခြားစစ်ဆေးမှုများကတော့အောက်ပါအတိုင်းဖြစ်ပါတယ်။

Methacholine နှင့်စမ်းသပ်ခြင်း ။ ။ methacholine လို့ခေါ်တဲ့ရှူစရာပစ္စည်းတစ်ခုဟာ အသက်ရှူလမ်းကြောင်းထဲမှာရှိတဲ့ ကြွက်သားများနဲ့ဓါတ်ပြုပြီး အသက်ရှူလမ်းကြောင်းကို ကျဉ်းသွားစေပါတယ်။

EVU နှင့်စမ်းသပ်ခြင်းတွင်အောက်စီဂျင်၊ ကာဘွန်ဒိုင်အောက်ဆိုဒ် နှင့် နိုက်ထရိုဂျင်တို့နှင့်ပေါင်းစပ်ထားသော ခြောက်သွေ့သည်လေ့ကိုရှူခိုင်းခြင်းဖြင့် အသက်ရှူရခက်ခဲနေသောအချိန်တွင်လေအဝင်အထွက်ကိုလှုံ့ဆော်ပေးပါတယ်။

Mannitol နှင့်စမ်းသပ်ခြင်းတွင်ထိုအမှုန့်ကိုရှူခြင်းဖြင့် လေလမ်းကြောင်းတွင်ရေများကိုဆုံးရှုံးစေပြီး ရောင်ရမ်းခြင်းကိုဖြစ်စေပြီး အသက်ရှူလမ်းကြောင်းကျဉ်းသွားခြင်းကိုဖြစ်စေတဲ့မော်လီကျူးလှုပ်ရှားမှုများကို ထိန်းချုပ်ပေးပါတယ်။

အခြားအခြေအနေများကိုစစ်ဆေးအဖြေရှာခြင်း ။

လေ့ကျင့်ခန်းကြောင့်ဖြစ်တဲ့ပန်းနာရင်ကြပ်ရောဂါလက္ခဏာများကဲ့ သို့ အခြားအလားတူ ရောဂါလက္ခဏာများရှိနိုင်သည့် ရောဂါများကိုရှာဖွေဖို့ဘဆရာဝန်ဟာ စမ်းသပ်မှုများ ထပ်မံပြုလုပ်ပါလိမ့်မယ်။ ထိုအလားတူရောဂါများကတော့…

– အသံထုတ်ပေးသည့်အစိတ်အပိုင်းအလုပ်မလုပ်ခြင်း၊

– ဓါတ်မတည့်မှုများ ၊

– အဆုတ်ရောဂါ ၊

– နှလုံးခုန်နှုန်းမမှန်ခြင်း သို့ အခြားနှလုံးရောဂါများ ၊

– အစာရေမြိုထဲသို့ အစာအိမ်မှအက်စစ်များပြန်ကန်ထွက်လာသည့်ရောဂါ တို့ပဲဖြစ်ပါတယ်။

Exercise-induced asthma (လေ့ကျင့်ခန်းကြောင့်ဖြစ်သော ပန်းနာရင်ကြပ်ရောဂါ) ကို ဘယ်လိုကုသပါသလဲ

ဆရာဝန်ဟာ လေ့ကျင့်ခန်းမလုပ်ခင် သို့ ရေရှည်စွဲသောက်ရန်ဆေးများကိုညွှန်ကြားပါလိမ့်မယ်။

လေ့ကျင့်ခန်းမလုပ်ခင် ဆေးညွှန်းများ ။

လေ့ကျင့်ခန်းကြောင့်ဖြစ်တဲ့အသက်ရှူကြပ်ခြင်းကို လျော့နည်းစေဖို့ ဆရာဝန်ဟာ ဆေးများကိုညွှန်ကြားပါလိမ့်မယ်။ ဆေးသောက်သည့်အချိန်နှင့် လေ့ကျင့်ခန်းလုပ်သည့်အချိန်မည်မျှခြားရမည်ကိုဆရာဝန်ကိုမေးမြန်းပါ ။ သောက်ရမည့်ဆေးတွေကတော့အောက်ပါအတိုင်းဖြစ်ပါတယ်။

ခဏတာ beta receptor လှုံ့ဆော်ဆေးများဟာ ရှူဆေးများဖြစ်ပြီး အသက်ရှူလမ်းကြောင်းကို ပွင့်စေပါလိမ့်မယ်။ ထိုဆေးများဟာအသုံးများပြီး လေ့ကျင့်ခန်းမလုပ်ခင်ဆေးများတွင် အထိရောက်ဆုံးဖြစ်ပါတယ်။ ထိုဆေးများဟာ ဆေးယဉ်ပါးခြင်းဖြစ်တတ်တာကြောင့် နေ့စဉ်သုံးစွဲရန်တော့ညွှန်ကြားမထားပါဘူး ။ ထိုဆေးများတွင် albuterol, levalbuterol, pirbuterol တို့ပါဝင်ပါတယ်။ Ipratropium ကတော့ လေလမ်းကြောင်းများကို ကျယ်စေတဲ့ရှူရသည့်ဆေးဖြစ်ပြီး အချို့လူများတွင် ထိရောက်တာတွေ့ရပါတယ်။ Ipratropium ကိုရှူသည့်ပစ္စည်း nebulizer နှင့်တွဲသုံးနိုင်ပါတယ်။

ရေရှည်စွဲသောက်ရမည့်ဆေးများ။

ရေရှည် ပန်းနာရင်ကြပ်ရောဂါကိုကုသရန် သို့လေ့ကျင့်ခန်းမလုပ်ခင်ပေးသော ဆေးတစ်မျိုးတည်းမထိရောက်တဲ့အခါ ဆရာဝန်ဟာ ရေရှည်သောက်ရမည့်ဆေးများကိုပါ ညွှန်ကြားပါလိမ့်မယ်။ ထိုဆေးများဟာ နေ့စဉ်သောက်ရမည်ဖြစ်ပြီး အောက်ပါတို့ဖြစ်ပါတယ်။

ရှူရသည့် corticosteroid ဟာတော့ လေလမ်းကြောင်းထဲတွင်ရောင်ရမ်းမှုများကို လျော့ချပေးပါလိမ့်မယ်။ ထိုဆေးများ အထိရောက်ဆုံးဆေးစွမ်းမပြမီဆေးကို ၂ ပါတ်မှ၄ ပါတ်အထိသောက်သုံးရပါမယ်။ ထိုဆေးများတွင်တော့ fluticasone,budesonide,mometasone, beclometasone တို့ပါဝင်ပါတယ်။ corticosteroid နှင့် beta လှုံ့ဆော်ဆေးတို့ပေါင်းစပ်ထားသည့်ရှူဆေးများကတော့ အသက်ရှူလမ်းကြောင်းကို ချောင်စေပါတယ်။ ထိုရှူဆေးများကို ကြာရှည်စွဲသုံးရမည့်ဆေးများအဖြစ်ညျွန်ကြားတဲ့အခါဆရာဝန်ဟာ ထိုဆေးများကို လေ့ကျင့်ခန်းမလုပ်ခင် သောက်သုံးခိုင်းပါလိမ့်မယ်။ ပေါင်းစပ်ထားသည့်ရှူဆေးများကတော့ fluticasone and salmeterol, budesonide and formoterol,monetasone and formoterol တို့ ဖြစ်ပါတယ်။

Leukotrine receptor ကိုပိတ်သည့်ဆေးများကတော့ ပါးစပ်မှသောက်သုံးရပြီး အချို့လူများတွင်ရောင်ရမ်းခြင်းများ ကို သက်သာစေပါတယ်။ ထိုဆေးများကို နေ့စဉ်သောက်သုံးလို့ရပြီး လေ့ကျင့်ခန်းမလုပ်ခင် ၂ နာရီကြိုသောက်ခြင်းဖြင့်လည်း ကာကွယ်ဆေးတစ်ခုအနေနဲ့သောက်သုံးနိုင်ပါတယ်။ ထိုဆေးများကတော့ montelulast,zafirlucast, zileuton တို့ဖြစ်ပါတယ်။ ထိုဆေးများရဲ့ဘေးထွက်ဆိုးကျိုးများကတော့ အပြုအမူပြောင်းလဲခြင်းနှင့် သက်သေချင်သည့်အတွေးတို့ကိုဖြစ်စေခြင်းတို့ပဲ ဖြစ်ပါတယ်။ ထိုသို့ လက္ခဏာများ ဖြစ်လာလျှင်တေြာ ဆရာဝန်ကို ပြောကြားပါ ။

နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းဆေးနည်းများ

– ပုံမှန်လေ့ကျင့်ခန်းမလုပ်မီ ၁၀ မိနစ်လောက်သွေးပူလေ့ကျင့်ခန်းအရင်လုပ်ပါ ။

– လေအဆုတ်ထဲသို့မဝင်မီ ပူနွေးစိုစွတ်စေရန် လေကိုနှာခေါင်းမှရှူသွင်းပါ ။

– အေးမြ ခြောက်သွေ့သောရာသီမျိုးတွင် နှာခေါင်းစည်းတပ်ပြီး လေ့ကျင့်ခန်းပြုလုပ်ပါ ။

– သင့်တွင်ဓါတ်မတည့်ခြင်းရှိလျှင် ဓါတ်မတည့်စေမည့်အရာများကို ရှောင်ရှားပါ ။ ဥပမာအဖြင့် ဝတ်မှုန်ပမာဏများစွာပါဝင်သည့် နေရာမျိုးတွင် လေ့ကျင့်ခန်းမလုပ်ပါနှင့် ။

– သင့်တွင် အအေးမိခြင်း သို့ အသက်ရှူလမ်းကြောင်းပိုးကူးစက်ခံရခြင်းရှိလျှင် ပြင်းပြင်းထန်ထန်လေ့ကျင့်ခန်းများကို ရှောင်ရှားပါ ။

– ကျန်းကျန်းမာမာရှိစေပြီး ကောင်းမွန်တဲ့အသက်ရှူလမ်းကြောင်းကိုဖြစ်စေရန် လေ့ကျင့်ခန်းမှန်မှန်ပြုလုပ်ပါ။

ကျောင်းတွင်တော့ သင့်ကလေးဟာ လေ့ကျင့်ခန်းကြောင့် အသက်ရှူကျပ်ခြင်းရှိလျှင် ဆရာဝန်ကို ဆေးစာတစ်ခုရေးပေးဖို့ပြောကြားပါ ။ ထိုဆေးစာတွင်ဆရာ ၊ဆရာမများ ၊ သူနာပြုများနှင့် နည်းပြများသိရန်လိုအပ်သည့် သင့်ကလေးလိုအပ်တဲ့ကုသမှုများ နှင့် ရောဂါလက္ခဏာများကြုံတွေ့လာပါက မည်သို့လုပ်ဆောင်ရမည်များကို တစ်ဆင့်ချင်းညွှန်ကြားချက်များပါဝင်ပါတယ်။

အကယ်၍သင့်တွင်မေးခွန်းများရှိသေးလျှင်တော့ အသေးစိတ်သိရှိရဖို့ ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Pyae Sone Hein မှ ရေးသားသည်။ · 13/03/2018 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement