backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Exercise headaches (ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခြင်းကြောင့်ဖြစ်သော ခေါင်းကိုက်ခြင်း )


Hello Sayarwon မှ ရေးသားသည်။ · 18/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Exercise headaches (ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခြင်းကြောင့်ဖြစ်သော ခေါင်းကိုက်ခြင်း ) ကဘာလဲ။

အပြင်းအထန် လေ့ကျင့်ခန်းလုပ်နေချိန် သို့မဟုတ် လေ့ကျင့်ခန်းလုပ်ပြီးချိန်တွင် ခံစားရသော ခေါင်းကိုက်ခြင်းကို ခေါ်သည်။ အပြေးအားကစား ၊ လှေလှော် အားကစား ၊ တင်းနစ် ၊ ရေကူးခြင်း နှင့် အလေးမခြင်းတို့က လည်း ထိုသို့ခေါင်းကိုက်ခြင်းကို ဖြစ်စေသည်။

ဆရာဝန်များက ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခြင်းကြောင့်ဖြစ်သော ခေါင်းကိုက်ခြင်းကို နှစ်မျိုး ခွဲထားသည်။

ကိုယ်လက်လှုပ်ရှား ခြင်းကြောင့် အဓိကဖြစ်သော ခေါင်းကိုက်ခြင်း သည် ပုံမှန်အား ဖြင့် အန္တရာယ် မရှိပါ ။ အခြားဖြစ်စေသော အကြောင်းများနှင့် တွဲမနေသော ကြောင့် ဆေးဖြင့်ကုသကာကွယ်နိုင်သည်။

ကိုယ်လက်လှုပ်ရှားမှုကြောင့် မဟုတ်သော ခေါင်းကိုက်ခြင်း သည် ပြင်းထန်သော ဦးနှောက်ရောဂါများနှင့် ဆက်နွယ်နေသည်။ ဥပမာအားဖြင့် ဦးနှောက်အတွင်းသွေးထွက်ခြင်း ၊ ဦးနှောက်ကင်ဆာ ၊ နှလုံးသွေးကြော ရောဂါများ တို့ဖြစ်သည်။ ကိုယ်လက်လှုပ်ရှားမှုကြောင့် မဟုတ်သော ခေါင်းကိုက်ခြင်းသည် အရေးပေါ် ဆေးကုသမှု ခံယူရန်လိုသည်။

Exercise headaches (ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခြင်းကြောင့်ဖြစ်သော ခေါင်းကိုက်ခြင်း ) က ဘယ်လောက်အဖြစ်များသလဲ

ဒီရောဂါဟာ အသက်ငယ်တဲ့သူတွေ ၊ မြီးကောင်ပေါက် အရွယ် ကနေ ပြီး အသက် ၅၀ အထိ ဖြစ်နိုင်ပါတယ် အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Exercise headaches (ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခြင်းကြောင့်ဖြစ်သော ခေါင်းကိုက်ခြင်း ) ရဲ့လက္ခဏာတွေကဘာတွေလဲ

ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခြင်းကြောင့် ဖြစ်သော ခေါင်းကိုက်ခြင်းရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့

ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခြင်းကြောင့်အဓိကဖြစ်သော ခေါင်းကိုက်ခြင်း

ထိုခေါင်းကိုက်ခြင်းဟာ

တစစ်စစ်ကိုက်တယ်လို့ဖော်ပြလေ့ရှိပါတယ်။

ပြင်းထန်သော ကိုယ်လက်လှုပ်ရှားမှုလုပ်ပြီးချိန်နှင့် လုပ်နေချိန်အတွင်း ကိုက်လေ့ရှိသည်။

ခေါင်းနှစ်ဖက်လုံးကိုက်လေ့ရှိသည်။

ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခြင်းကြောင့် မဟုတ်သော ခေါင်းကိုက်ခြင်း

ထိုခေါင်းကိုက်ခြင်း၏လက္ခဏာများမှာ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခြင်းကြောင့်ဖြစ်သော ခေါင်းကိုက်ခြင်း၏လက္ခဏာများနှင့်တူသည်။

ခေါင်းကိုက်ခြင်း

အန်ခြင်း

သတိလစ်ခြင်း

အမြင်နှစ်ထပ်မြင်ခြင်း

လည်ပင်းတောင့်ခြင်း

ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခြင်းကြောင့်အဓိကဖြစ်သော ခေါင်းကိုက်ခြင်းသည်

ပုံမှန်အားဖြင့် ၅ မိနစ်မှ ၄၈ နာရီ အထိကြာနိုင်သည်။

ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခြင်းကြောင့် မဟုတ်သော ခေါင်းကိုက်ခြင်းကတော့ အနည်းဆုံးတစ်ရက်ကနေ ရက်များစွာကြာနိုင်သည်။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Exercise headaches (ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခြင်းကြောင့်ဖြစ်သော ခေါင်းကိုက်ခြင်း ) ကိုဘာတွေကဖြစ်စေသလဲ

ဦးနှောက် အတွင်းမှ သွေးကြောတွေရဲ့သွေးုဖိအားများလာခြင်း ကြောင့်ဖြစ်သည်။ သွေးပြန်ကြောဖိအားဟုခေါ်သည်။

ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခြင်းကြောင့်အဓိကဖြစ်သော ခေါင်းကိုက်ခြင်းသည် ပုံမှန်အားဖြင့် အန္တရာယ်မရှိပါ။ သို့သော် ပထမဦးဆုံးအနေနှင့် ယခုခေါင်းကိုက်နေခြင်းသည် ပြင်းထန်သော အခြားခေါင်းကိုက်စေသော အကြောင်းများ ကြောင့် ဟုတ်၊ မဟုတ်ကို ရှာဖွေဖယ်ထုတ်ရမည်။

ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခြင်းကြောင့် ပိုပိုဆိုးရွားလာသော ခေါင်းကိုက်ခြင်း ၊ ထိုခေါင်းကိုက်ခြင်းသည် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခြင်းကြောင့် သာဖြစ်လျှင် အန္တရာယ်မရှိပါ ဟု ယူဆသည်။

ကိုယ်လက်လှုပ်ရှားခြင်းကြောင့်ဖြစ်သော ခေါင်းကိုက်ခြင်းသည် လှုပ်လှုပ်ရှားရှားနေထိုင်မှုပုံစံများကြောင့်ဖြစ်သည်။

အလေးမခြင်း

တင်းနစ်ကစားခြင်း

တာရှည်ပြေးခြင်း

လှေလှော်ခြင်း

ရေကူးခြင်း

ရေငုပ်ခြင်း

လိင်ဆက်ဆံခြင်း တို့ကဖြစ်စေသည်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Exercise headaches (ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခြင်းကြောင့်ဖြစ်သော ခေါင်းကိုက်ခြင်း ) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

ပူသောရာသီဥတုတွင် လေ့ကျင့်ခန်းအပြင်းအထန်လုပ်ခြင်း၊

အမြင့်ဒေသများတွင်လေ့ကျင့်ခန်းလုပ်ခြင်း

ခေါင်းတစ်ခြမ်းကိုက်သော မျိုးရိုးရှိခြင်း

အထက်ပါဖြစ်ပွားနိုင်ချေများ မရှိခြင်းကြောင့် သင့်မှာ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခြင်းကြောင့် ဖြစ်သောခေါင်းကိုက်ခြင်း မဖြစ်ဘူးလို့ ပြောလို့မရနိုင်ပါဘူး။ ဒီအချက်လက်များဟာ မှီငြမ်းကြည့်ရှုဖို့အတွက်ပဲဖြစ်ပါတယ်။ အသေးစိတ်သိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးဖို့ လိုအပ်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Exercise headaches (ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခြင်းကြောင့်ဖြစ်သော ခေါင်းကိုက်ခြင်း ) ကို ဘယ်လိုအတည်ပြုပါသလဲ

သင့်မှာအောက်ဖော်ပြပါတစ်ခုခုရှိနေရင် သင့်ဆရာဝန် အနေနှင့် ဦးနှောက်ပုံရိပ်ဖော်ခြင်း စစ်ဆေးမှုလုပ်ခြင်းကို ဆောင်ရွက်ဖို့ အကြံပေးပါလိမ့်မယ်။

နာရီ အတော်ကြာခေါင်းကိုက်ခြင်း

ရုတ်တရက်မိုးကြိုးပစ်သကဲ့သို့ခေါင်းကိုက်ခြင်း

အသက်လေးဆယ်ကျော်ခြင်း

အခြားသော ပျို့အန်ခြင်း ၊ အမြင်မှုန်ဝါးခြင်း စသော လက္ခဏာများရှိခြင်း ၊

ထိုသို့သော အခြေအနေများရှိခဲ့လျှင် ဦးနှောက်ပုံရိပ်ဖော်ခြင်းပြုလုပ်ခြင်းဖြင့်သင်၏ ဆရာဝန် အနေနှင့် လှုပ်ရှားမှုလေ့ကျင့်ခန်းများကြောင့်ဖြစ်သော အန္တရာယ်မရှိသော ခေါင်းကိုက်ခြင်းနှင့် အခြားသော ဦးနှောက်အတွင်း ပုံစံ မမှန်ခြင်း ၊ သွေးကြောဖွဲ့စည်းမှု မမှန်သော ခေါင်းကိုက်ခြင်း တို့ကို ခွဲခြားနိုင်သည်။

  • လျှပ်စစ်သံလိုက်ဖြင့် ဥိးနှောက်ပုံရိပ်ဖော်ခြင်း

သံလိုက်စက်ကွင်းနှင့် ရေဒိယို လှိုင်းများကိုသုံးကာ သင့်ဦးနှောက်၏ ကန့်လတ်ဖြတ်ပုံရိပ်များကို ပုံဖော်ပေးသည်။

  • လျှပ်စစ်သံလိုက်ဖြင့် သွေးကြောများကိုပုံရိပ်ဖော်ခြင်း နှင့် ကွန်ပျူတာဓါတ်မှန်ရိုက်ခြင်း

ဥိးနှောက်သွေးကြောများကို ပုံရိပ်ဖော်သည်။

ကွန်ပျူတာဓါတ်မှန် — ဓါတ်မှန်ကိုအသုံးပြုကာ ဦးနှောက်၏ကန့်လတ်ဖြတ်ပုံရိပ်များကို ပုံဖော်ပေးသည်။ ဦးနှောက်အတွင်း ယခုသွေးယိုစီးမှု ၊ ယခင်သွေးယိုစီးမှုများကို ဖော်ပြပေးနိုင်သည်။ ခေါင်းကိုက်မှု ၄၈ နာရိ ထက် မကြာသေးလျှင် အသုံးပြုနိုင်သည်။ တစ်ခါတစ်ရံတွင် ရုတ်တရက် ခေါင်းကိုက်ခြင်းခံစားလာရပြီး ဦးနှောက်ပုံရိပ်ဖော်ရာတွင် ပုံမှန်ဖြစ်နေလျှင်

ကျောရိုးဆစ်ဖောက်ထုတ်ခြင်းပြုလုပ်ရန်လိုအပ်တတ်သည်။

Exercise headaches (ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခြင်းကြောင့်ဖြစ်သော ခေါင်းကိုက်ခြင်း ) ကို ဘယ်လိုကုသပါသလဲ

အကယ်လို့သင့်၏ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခြင်းကြောင့် ဖြစ်သောခေါင်းကိုက်ခြင်း သည် ဦးနှောက်အတွင်း ပုံစံမမှန်ခြင်း၊ သွေးကြောပုံစံမမှန်ခြင်းတို့ကြောင့် မဟုတ်ခဲ့လျှင် ဆရာဝန်ကထိုခေါင်းကိုက်ခြင်းမဖြစ်စေရန် ဆေးများညွှန်ကြားပေးပါလိမ့်မယ်။

Indomethacin အရောင်ကျဆေး ကို အများအားဖြင့်ညွှန်ကြားသည်။

Propanolol သွေးဖိအားထိန်းဆေး ကို ထိုခေါင်းကိုက်ခြင်းမဖြစ်စေရန် အသုံးပြုသည်။

အခြားကုသမှုအနေနှင့် Naproxen, phnelzine, ergonovine တို့သည်လည်း အချို့သူများတွင် ခေါင်းကိုက်ခြင်းသက်သာသည်ကိုတွေ့ရသည်။

အကယ်လို့ သင့်ခေါင်းကိုက်ခြင်းက ခန့်မှန်းလို့ရရင် စီစဉ်ထားသော ပွဲများ( တင်းနစ်ကစားပွဲ ၊ တောင်တက်ခြင်း ) တို့ မလုပ်မီ တစ်နာရီ သို့ နှစ်နာရီ ကြိုကာဆေးသောက်နိုင်သည်။ အကယ်လို့ ခန့်မှန်းလို့ မရ တာ သို့ ခဏဏ ကိုက်နေရင်တော့ နေ့တိုင်း ဆေးမှန်မှန်သောက်ပြီးကာကွယ်ပေးလို့ရပါတယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခြင်းကြောင့် ဖြစ်သောခေါင်းကိုက်ခြင်း ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခြင်းကြောင့် ဖြစ်သောခေါင်းကိုက်ခြင်း ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

စိုစွတ်ပူနွေးသောရာသီဥတု မှာ ပိုဖြစ်လေ့ရှိပါတယ်။ အမြင့်ပိုင်းဒေသတွေမှာ လေ့ကျင့်ခန်းလုပ်ခြင်းတွေကလည်းဖြစ်လေ့ရှိပါတယ်။

သင်က ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းတွေကြောင့် ခေါင်းကိုက်ခြင်းဖြစ်တတ်တယ်ဆိုရင် အထက်ပါဖော်ပြပါ အခြေအနေတွေမှာလေ့ကျင့်ခန်းလုပ်ခြင်းကိုရှောင်ရပါမယ်။

အချို့သူတွေကတော့ သူတို့ခေါင်းကိုက်ခြင်းခံစားရတဲ့ လူနေမှုပုံစံလုပ်ဆောင်မှုတွေသီးသန့် ရှိတတ်ကြပါတယ်။ ထိုသူတွေအနေနဲ့တော့ ထိုလုပ်ဆောင်မှုတွေကိုရှောင်ရှားရပါမယ်။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Hello Sayarwon မှ ရေးသားသည်။ · 18/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement