backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Epsteibarr Virus Infection (Epstein-Barr ဗိုင်းရပ်စ်ရောဂါ)


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 27/11/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Epsteibarr Virus Infection (Epstein-Barr ဗိုင်းရပ်စ်ရောဂါ) ကဘာလဲ။

Epstein-Barr ဗိုင်းရပ်စ်ရောဂါသည် အမည်ပါ ဗိုင်းရပ်စ်ပိုးကူးစက်ခံရခြင်းကြောင့်ဖြစ်သော ရောဂါဖြစ်ပြီး မိုနိုနျူကလီးရိုးစစ်ကိုဖြစ်စေနိုင်ပါသည်။ ထိုရောဂါကို မိုနိုဟုအတိုခေါ်ကြ၏။ ထို့အပြည် ပျံ့နှံ့တတ်သည့် နည်းလမ်းတစ်ခုကြောင့် အနမ်းရောဂါဟုလည်း ခေါ်ပါသည်။

Epstein-Barr ဗိုင်းရပ်စ် (EBV) သည် ရပ်ကွက်ထဲကြားဖူးမည့်နာမည်မဟုတ်သောကြောင့် ကူးစက်ခံနေရကြောင်းလည်း သိမည်မဟုတ်ပါ။ ဗိုင်းရပ်စ်ပိုးရှိနေသော လူများသည် ဖျားနာမှုမရှိတတ်ပါ။

Epsteibarr Virus Infection (Epstein-Barr ဗိုင်းရပ်စ်ရောဂါ) က ဘယ်လောက်အဖြစ်များသလဲ

ဘော်စတွန်ကလေးဆေးရုံအရ အသက် ၃၅ နှစ်မှ ၄၀ အတွင်းလူများ၏ ၉၅% မှာ သူတို့ဘဝအစောပိုင်းကာလတစ်ခုတွင် ရောဂါပိုးကူးစက်ခံထားရပြီးဖြစ်ပါသည်။ ဗိုင်းရပ်စ်မှာ ကလေးများတွင် ပုံမှန်အားဖြင့် လက္ခဏာမပြတတ်ပါ။ ပိုးရှိသူ မြီးကောင်ပေါက်ရွယ်နှင့် လူကြီးများ၏ ၃၀-၅၀ %တွင် မိုနိုနျူးကလီရိုးစစ်ခေါ် မိုနိုရောဂါကို ဖြစ်စေနိုင်ပါသည်။

သို့သော် ရောဂါဖြစ်ပွားနိုင်သောအချက်အလက်များကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါသည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။

လက္ခဏာများ

Epsteibarr Virus Infection (Epstein-Barr ဗိုင်းရပ်စ်ရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ

EBV သည် သင့်ခန္ဓါကိုယ်အား တိုက်ခိုက်ရန် အခွင့်အရေးရသည်နှင့် ၄ – ၆ ပတ်အတွင်း လက္ခဏာများ ပြလာတတ်၏။ လက္ခဏာပြသည့်အခါ အစောပိုင်းအဆင့် အထူးသဖြင့်ကလေးများတွင် ပြင်းထန်လေ့မရှိပါ။ ကလေးများတွင်ဖြစ်သော လက္ခဏာများမှာ အအေးမိ တုပ်ကွေးပုံစံမျိုးနှင့် ပိုတူသည်။ ဆယ်ကျော်သက်မျာတွင်တော့ မိုနိုရောဂါ၏ လက္ခဏာများမှာ ပိုပြီးထင်ရှားလေ့ရှိသည်။

ဖြစ်လာနိုင်သည့် လက္ခဏာများတွင်…

  • မောပန်းလွယ်ခြင်း
  • ဖျားခြင်း
  • အစားအသောက်ပျက်ခြင်း
  • အဖုအပိန့်ထခြင်း
  • လည်ချောင်းနာခြင်း
  • လည်ပင်းအကျိတ်များရောင်ခြင်း
  • ကြွက်သားများ အားနည်း နာကျင်ခြင်း
  • ပုံမှန်အားဖြင့် ၂ – ၄ ပတ်ပြီးနောက် လက္ခဏာများ သက်သာသွားပြီး မောပန်းလွယ်ခြင်းကတော့ ထိုထက်ပိုကြာရှည်ခံစားရနိုင်သည်။ လပေါင်းများစွာအထိ ခံစားရနိုင်ပါသည်။

    ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

    စောလျင်စွာသိရှိကုသခြင်းက ပိုဆိုးမလာအောင်နှင့် တခြားသော အရေးပေါ်အခြေအနေများကို ကာကွယ်ပေးနိုင်ပါသည်။ ထို့ကြောင့် ပြင်းထန်သည့်အခြေအနေများကို ကာကွယ်ရန် ဆရာဝန်နှင့် တတ်နိုင်သလောက် စောစောဆက်သွယ်ပါ။

    သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲမှ တစ်ခုခုများရှိနေမည်ဆိုလျှင် သို့မဟုတ် မေးခွန်းတစ်ခုခုရှိနေမည်ဆိုပါက ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။ လူတိုင်း၏ခန္ဓါကိုယ်တုံ့ပြန်မှုသည် မတူညီနိုင်ပါ။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နှင့် တိုင်ပင်ခြင်းက အကောင်းဆုံးပင်။

    အကြောင်းရင်းများ

    Epsteibarr Virus Infection (Epstein-Barr ဗိုင်းရပ်စ်ရောဂါ) ကိုဘာတွေကဖြစ်စေသလဲ

    ဗိုင်းရပ်စ်ကို တံတွေးတွင်ပါတွေ့ရသောကြောင့် အောက်ပါနည်းလမ်းများမှ ကူးစက်နိုင်ပါသည်။

    • ရောဂါရှိသူနှင့် နမ်းရှုပ်ခြင်း
    • ဖန်ခွက်တစ်ခုတည်းမှ ရေသောက်ခြင်း
    • ရောဂါပိုးရှိသူ၏သွားပွတ်တံကို သုံးမိခြင်း

    သွေးနှင့် သုက်တွင်လည်း တွေ့ရ၏။ ထို့ကြောင့် လိင်ဆက်ဆံခြင်း၊ သွေးသွင်းခြင်း၊ ကိုယ်လက်အင်္ဂါအစားထိုးခြင်းမှလည်း ကူးစက်နိုင်ပါသည်။

    ဗိုင်းရပ်ပိုးရှိသူမှာ ဖျားနေချင်မှ ဖျားပါလိမ့်မည်။ EBV မှာ မိုနိုရောဂါဖြစ်ပြီးနောက် အတော်ကြာသည်အထိ နေနိုင်ပါသည်။ လပေါင်းများစွာ နှစ်ပေါင်းများစွာကြာလျှင် တစ်ခါထပ်ကြွလာနိုင်ပြီး တခြားသူဆီကူးစက်စေနိုင်ပါသည်။

    ဖြစ်နိုင်ခြေများ

    Epsteibarr Virus Infection (Epstein-Barr ဗိုင်းရပ်စ်ရောဂါ) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

    အောက်ပါအခြေအနေများက သင့်ကို ပိုးကူးစက်မှုပိုဖြစ်စေပါသည်။

    • အမျိုးသမီး
    • အပူပိုင်းဒေသများတွင်နေထိုင်ခြင်း
    • လိင်အပျော်အပါးလိုက်စားခြင်း

    ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

    ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

    Epsteibarr Virus Infection (Epstein-Barr ဗိုင်းရပ်စ်ရောဂါ) ကို ဘယ်လိုအတည်ပြုပါသလဲ

    သင့်၌ရောဂါရှိကြောင်း ဆရာဝန်မှသံသယဖြစ်လျှင် စမ်းသပ်မှုပြုလုပ်ပါလိမ့်မည်။ မိုနိုလက္ခဏာရပ်ဖြစ်သော သရက်ရွက်ကြီးခြင်းမျိုးကို ဆရာမှတွေ့ကောင်းတွေ့ရနိုင်သည်။ အာသီးတွင် အဖြူဖတ်များကပ်နေခြင်းရှိမရှိ၊ အသည်းရောင်နေခြင်းရှိမရှိပါ စမ်းသပ်ပါလိမ့်မည်။ သို့သော် လက္ခဏာများကိုကြည့်ရုံဖြင့် သင့်တွင် မိုနိုနျူကလီးရိုးစစ်ရှိနေကြောင်း ပြောမရနိုင်ပါ။

    ဖျားခြင်း၊ မောပန်းလွယ်ခြင်း၊ လည်ချောင်းနာခြင်းများက အအေးမိတုပ်ကွေးတို့တွင်လည်း ဖြစ်ပေါ်စေနိုင်သည်။ သွေးစစ်မှုတစ်ချို့လည်း လုပ်ရန်လိုနိုင်ပါသည်။ ပဋိပစ္စည်းများ (EBV ကိုတုန့်ပြန့်သည့် ကိုယ်ခံအားပစ္စည်း) ကို စစ်ဆေးနိုင်ပါသည်။ နောက်စစ်ဆေးမှုတစ်ခုမှာ EBV ကိုတိုက်ရာတွင် ခန္ဓါကိုယ်မှသုံးမည့် သွေးဖြူဥစစ်ဆေးခြင်းဖြစ်သည်။

    Epsteibarr Virus Infection (Epstein-Barr ဗိုင်းရပ်စ်ရောဂါ) ကို ဘယ်လိုကုသပါသလဲ

    တခြားသော ဗိုင်းရပ်စ်များကဲ့သို့ပင် EBV ကို ပဋိဇီဝဆေးများဖြင့် ကုသ၍မရပါ။ မိုနိုရောဂါမှာ ကုသမှုမခံယူပဲ ရက်သတ္တပတ်အနည်းငယ်အတွင်း ပျောက်ကင်းသွားရမည်ဖြစ်သာ်။

    EBV ပိုးအား ဘယ်ဆေးနှင့်မှကုမရသော်လည်း အောက်ပါလွယ်ကူသည့်အချက်များကို လိုက်နာနိုင်ပါသည်။

    • အနားများများယူပါ
    • ရေနှင့် တခြားအရည်များကိုပိုသောက်ပြီး ရေဓါတ်ဖြည့်ပါ
    • လည်ချောင်းနာသက်သာစေရန် ငုံဆေးငုံပါ သို့မဟုတ် ဆားရည်ဖြင့်ပလုတ်ကျင်းပါ။
    • ပါရာစီတမော သို့မဟုတ် အိုင်ဗျူပရိုဖန်လို ဆေးများက အဖျားကိုကျစေသလို ကိုယ်လက်ကိုက်ခဲခြင်းကိုပါ သက်သာစေပါသည်။ (အက်စ်ပရင်သည် Reye’s Syndrome ဖြစ်တတ်သောကြောင့် အသက် ၁၉ နှစ်အောက်တွင် မပေးရပါ)
    • မသက်သာခင်အထိ ကျောင်း သို့မဟုတ် အလုပ်များမှ အနားယူပါ။ တစ်လလောက်ထိ အားကစားလုပ်ခြင်း၊ အလေးမခြင်းနှင့် သရက်ရွက်ကို ထိခိုက်စေမည့် တခြားပြင်းထန်သည့် လှုပ်ရှားမှုများရှောင်ပါ။ သရက်ရွက်ကို ထိခိုက်စေမည့်အရာများ ထိခိုက်လွယ်သည့်အားကစားများကို အနည်းဆုံးတစ်လ သို့မဟုတ် သရက်ရွက် ပုံမှန်အရွယ်ပြန်ဖြစ်သည်အထိ ရှောင်ပါ။

    လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

    လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက Epstein-Barr ဗိုင်းရပ်စ်ရောဂါ ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

    အောက်ဖော်ပြပါ လူနေမှုပုံစံများနှင့်အိမ်သုံးကုထုံးများက သင့်အနေဖြင့် Epstein-Barr ဗိုင်းရပ်စ်ရောဂါ ကိုကုသသည့်နေရာနှင့် လိုက်လျောညီထွေဖြစ်အောင်လုပ်ရာတွင် အကူအညီပေးနိုင်ပါသည်။

    • EBV ကိုကာကွယ်နိုင်သည့် ကာကွယ်ဆေးမရှိသေးပါ။ အကောင်းဆုံးနည်းမှာ မိုနိုရောဂါရှိသူနှင့် ဝေးဝေးနေခြင်းပင်ဖြစ်သည်။
    • ဖန်ခွက်၊ ငွေထည်နှင့် သွားပွတ်တံများကို တခြားသူများနှင့် ဝေမျှမသုံးစွဲပါနှင့်။
    • ပိုးရှိသူနှင့် နမ်းခြင်း လိင်ဆက်ဆံခြင်း မပြုလုပ်သင့်ပါ။

    အကယ်၍သင့်၌ မေးခွန်းများရှိသည်ဆိုပါက သင့်အတွက်သင့်တော်သော အဖြေရှာဖွေနိုင်ဖို့ရာ ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 27/11/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement