Epididymitis (သုက်​ပို့ပြွန်​​ရောင်​ရမ်းခြင်း) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe.

အဓိပ္ပါယ်ဖွင့်ဆိုချက်

Epididymitis (သုက်​ပို့ပြွန်​​ရောင်​ရမ်းခြင်း) ကဘာလဲ။

သုက်ပို့ပြွန်ဆိုသည်မှာ သင့်ရဲ့ ဝှေးစေ့ကနေ ဆီးစွန့်ပြွန်ဆီကို သုက်ကောင်တွေကို ပို့ပေးတဲ့ဝှေးစေ့ရဲ့ အနောက်မှာရှိတဲ့ပြွန် တစ်ခုပဲဖြစ်ပါတယ်။သုက်ပို့ပြွန်ရောင်ရမ်းခြင်း ဆိုသည်မှာ ပိုးဝင်၍ဖြစ်စေ အခြားအခြေအနေ အကြောင်းတစ်ခုခုကြောင့်ဖြစ်စေ သုက်ပို့ပြွန်ရောင်ရမ်း ခြင်းဖြစ်ပါတယ်။

အများဆုံးဖြစ်စေတဲ့ အကြောင်း အရာကတော့ ဘက်တီးရီးပိုးဝင်ခြင်းနဲ့ လိင်ဆက်ဆံခြင်း မှတစ်ဆင့် ရောဂါ ကူးစက်ခြင်းပဲဖြစ်ပါတယ်။ ဝှေးစေ့  ဟာလည်းကူးစက်ခံရပြီးရောင်ရမ်းလာနိုင်ပါတယ်။ဒါကိုတော့ သုက်ပို့ပြွန်နှင့်ဝှေးစေ့ရောင်ရမ်းခြင်း (epididymo-orchitis) လို့ခေါ်ကြပါတယ်။

Epididymitis (သုက်​ပို့ပြွန်​​ရောင်​ရမ်းခြင်း) က ဘယ်လောက်အဖြစ်များသလဲ

သုက်ပို့ပြွန်ရောင်ရမ်းခြင်းဟာယောက်ျားလေးတွေမှာအဖြစ်များပါတယ်။အသက်၁၉ နှစ်ကနေ ၂၅နှစ်နဲ့ ၃၅နှစ်အထိမှာ အဖြစ်အများဆုံးဖြစ်ပြီး ဖြစ်ပွားနိုင်ချေကို မြင့်မားစေတဲ့ အရာတွေကိုလျှော့ချခြင်းဖြင့် ဒီလို ရောင်ရမ်းတာကနေ ကာကွယ်နိုင်ပါတယ်။ ဒီထက်အသေးစိတ် သိလိုလျှင်တော့ ဆရာဝန်နဲ့ ကိုယ်တိုင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Epididymitis (သုက်​ပို့ပြွန်​​ရောင်​ရမ်းခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

အဖြစ်အများဆုံးလက္ခဏာတွေကတော့
• သုက်ပို့ပြွန်ရောင်ပြီးနာနေခြင်း
• အဖျားအနည်းငယ်ရှိခြင်း
• ချမ်းတုန်ခြင်း
• နာကျင်ပြီးဆီးခဏခဏသွားခြင်း
• လိင်တံမှသုက်ရည်များထွက်လာခြင်း
• ဝှေးစေ့နာကျင်၍ အထိမခံနိုင်ခြင်း
• သုက်ပို့်ပြွန်လမ်းကြောင်းတစ်လျှောက်နာကျင်နေခြင်း
• သုက်ရည်ထဲတွင်သွေးပါလာခြင်း
အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာ တစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်ရဲ့ကပ်ပယ်အိပ် နာကျင်တာ၊ရောင်ရမ်းတာ ဒါမှမဟုတ် အထက်ဖော်ပြပါအချက်တွေထဲကတစ်ခုဖြစ်နေပြီဆိုရင်တော့ ဆရာဝန်ကိုပြသင့်ပါပြီ။

အကြောင်းရင်းများ

Epididymitis (သုက်​ပို့ပြွန်​​ရောင်​ရမ်းခြင်း) ကိုဘာတွေကဖြစ်စေသလဲ

ရောဂါဖြစ်စေတဲ့အကြောင်းအရာတွေဟာ သင့် ရဲ့အသက်နဲ့အပြုအမူတွေအပေါ်မှာအများကြီးမူတည်နေပါတယ်။
• လိင်မှတစ်ဆင့်ကူးစက်သောရောဂါများ ။ယောက်ျားလေးများတွင်သုက်ပို့ပြွန်ရောင်ရမ်းခြင်းကို အဖြစ်စေဆုံးအကြောင်း မှာ ဆီးပူညောင်းကျရောဂါ နှင့် chlamydia ရောဂါတို့ ဖြစ်ပါတယ်။

• ကူးစက်ရောဂါများ။ လိင်မှမဟုတ်သော အခြား နည်းလမ်းများဖြင့် ကူးစက်သော ဘက်တီးရီးယားများ ကလည်းသုက်ပို့ပြွန်ရောင်ရမ်းခြင်းကိုဖြစ်စေနိုင်ပါတယ်။ အကယ်၍သင့်ဆီးလမ်းကြောင်းနဲ့ဆီးကျိတ်မှာ ရောဂါ ပိုး ကူးစက်ခံနေရပြီဆိုရင် ရောဂါပိုးဟာကူးစက်တဲ့နေရာ ကနေ သုက်ပို့ပြွန်ကိုရောက်ရှိသွားပြီး သုက်ပို့ပြွန် ရောင်ရမ်းခြင်း တွေဖြစ်စေနိုင်ပါတယ်။

• Amiodarone ဆိုတဲ့နှလုံးရောဂါ ကုသဆေး ဟာလည်း သုက်ပို့ပြွန်ရောင်ရမ်းခြင်းကိုဖြစ်စေပါတယ်။

• အလေးမခြင်း ကဲ့သို့ ခွန်အားအရမ်းညှစ်ထုတ်သော အလုပ်တွေလုပ်တဲ့အခါ ဆီးဟာသုက်ပို့ပြွန်ထဲကိုနောက်ပြန်စီးသွားပြီး သုက်ပို့ပြွန်ထဲမှာဆီးတွေရောက်နေတာမျိုးဖြစ်တတ်ပါတယ်။ ဒါကလည်း သုက်ပို့ပြွန်ရောင်ရမ်းခြင်းကို ဖြစ်စေပါတယ်။ ဒါကို chemical epididymitis လို့ခေါ်ပါတယ်။

• ပေါင်ခြံ ထိခိုက်ဒဏ်ရာရတာကနေလည်း သုက်ပို့ပြွန်ရောင်ရမ်းခြင်းလည်းဖြစ်တတ်ပါတယ်။

• တီဘီရောဂါပိုးကြောင့်လည်းဖြစ်တတ်ပါတယ်။ ဒါကတော့အဖြစ်နည်းပါတယ်။

Risk factors

 Epididymitis (သုက်​ပို့ပြွန်​​ရောင်​ရမ်းခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

သုက်ပို့ပြွန်ရောင်ရမ်းခြင်း ဖြစ်ပွားနိုင်ချေ ကို မြင့်မားစေသော အကြောင်းအရာတွေကတော့
• ကွန်ဒုံးမပါပဲ လိင်ဆက်ဆံမိခြင်း သို့မဟုတ် ရောဂါပိုးရှိသူနှင့်လိင်ဆက်ဆံမိခြင်း
• သင့်တွင်တီဘီရောဂါရှိခြင်း
• ဆီးလမ်းကြောင်းဆိုင်ရာပြဿနာများရှိနေခြင်း
• ဆီးလမ်းကြောင်းတွင်ခွဲစိတ်မှုပြုလုပ်ထားခြင်း သို့မဟုတ် ပေါင်ခြံဒဏ်ရာရထားခြင်း
• ဆီးပိုက်ထည့်ထားရခြင်း
• Amiodarone ဆေး အသုံးပြုနေခြင်း
• သင့်ရဲ့ ဆီးကျိတ် ကြီးနေခြင်း တို့ပဲဖြစ်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Epididymitis (သုက်​ပို့ပြွန်​​ရောင်​ရမ်းခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

သင့်ရဲ့ဒေါက်တာဟာသင့်ရဲ့ဝှေးစေ့နဲ့ပေါင်ခြံဒဏ်ရာကိုစစ်ဆေးခြင်း နဲ့စတင်ပါလိမ့်မယ်။ပြီးရင်သင့်ရဲ့လိင်တံကနေသုက်ရည်များထွက်ခြင်းရှိမရှိလည်း စစ်ဆေးပါလိမ့်မယ်။ လိင်မှတစ်ဆင့်ကူးစက်သောရောဂါများကိုစစ်ဆေးဖို့အတွက်လည်းသင့်ရဲ့သုက်ရည်နမူနာကို ယူကြပါလိမ့်မယ်။အခြားထပ်စစ်ဆေးမယ့်ဟာတွေကတော့

ဆီးနဲ့သွေးစစ်ခြင်း။ ပုံမှန်မဟုတ်တာတွေကိုစစ်ဆေးဖို့အတွက်ဒီနမူနာတွေကိုယူဖို့လိုပါတယ်။

• ဝှေးစေ့စုတ်ပြဲခြင်း နဲ့ တစ်ခြားရောဂါတွေကို စစ်ဆေးဖို့အတွက် အာထရာဆောင်း ရိုက်ကြပါတယ်။ ဒီလိုရိုက်ခြင်းဟာသင့်ရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေကိုသေသေချာချာမြင်ရပြီးတိကျတဲ့အဖြေကိုထုတ်ပေးနိုင်ပါတယ်။

Epididymitis (သုက်​ပို့ပြွန်​​ရောင်​ရမ်းခြင်း) ကို ဘယ်လိုကုသပါသလဲ

သုက်ပို့ပြွန်ရောင်ရမ်းခြင်းကိုကုသရာတွင်ဆေးဝါးဖြင့်ဘက်တီးရီးယားများကိုသတ်ရန်၊ရောဂါအခြေအနေများကိုထိန်းချုပ်ရန်အသုံးပြုကြပါတယ်။တစ်ခြားကုသရန်နည်းများမှာ
• ပိုးသတ်ဆေးများအသုံးပြုခြင်း
• နာကျင်မှုသက်သာစေသောဆေးများအသုံးပြုခြင်း
• အရောင်ကျစေသောကုသမှုများ။
• သုက်ပို့ပြွန်ဖယ်ပစ်ဖို့လိုနေပြီဆိုရင် (သို့) အခြားသောရောဂါ အခံတစ်ခုခု ကို ဖယ်ရှားဖိုလိုအပ်နေပြီဆိုရင် ခွဲစိတ်ကုသမှုခံယူဖို့လိုပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

တည်းဖြတ်သည့်နေ့ စကျတငျဘာ 29, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း စကျတငျဘာ 29, 2017

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ