backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Endophthalmitis (မျက်စိအတွင်းပိုင်းရောင်ရမ်းခြင်း)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Kaung Thar မှ ရေးသားသည်။ · 18/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Endophthalmitis (မျက်စိအတွင်းပိုင်းရောင်ရမ်းခြင်း) ကဘာလဲ။

မျက်စိအတွင်းပိုင်းရောင်ရမ်းခြင်းသည် Staphylococcus , Streptococcus နှင့် Gram negative ဘက်တီးရီးယားများ၊ Candida , Aspergillus မှိုများကြောင့် မျက်စိ၏အတွင်းပိုင်းရှိ တစ်သျူးများပြင်းထန်စွာရောင်ရမ်းမှုဖြစ်ခြင်း ဖြစ်သည်။

ရေယုန်ဖြစ်စေသော Herpes simplex နှင့် Herpes zoster ဗိုင်းရပ်စ်နှငိ Toxocara, Toxoplas Protozoa များကြောင့် ဖြစ်သောမျကိစိရောင်ခြင်းများရှိသော် လည်း ရှားပါသည်။

ပိုးကောင်များကြောင့်မဟုတ်သော ရောင်ရမ်းမှုများသည် မျက်လုံးတိမ်ခွဲစိတ်မှုများအပြီး၊ သို့မဟုတ် မျက်လုံးထဲသို့ ဆေးထိုးသွင်းပြီးကုသရသော ကုသမှုများအပြီး တွင် ဖြစ်လေ့ရှိပါသည်။

Endophthalmitis (မျက်စိအတွင်းပိုင်းရောင်ရမ်းခြင်း) က ဘယ်လောက်အဖြစ်များသလဲ

မျက်စိအတွင်းပိုင်းရောင်ရမ်းခြင်းသည်လူများ၏၂-၁၅ %အထိသာဖြစ်နိုင်သောကြောင့်ရှားပါးသောရောဂါဖြစ်သည်။ ဆေးရုံတက်သူလူတစ်သောင်တွင် ၅ယောက်သာလျှင် ပျမ်းမျှအားဖြင့် ထိုရောဂါဖြစ်ပြီး မျက်စိတဖက်တည်းရောင်သောလူနာများတွင် ညာဖက်မျက်စိသည် ဘယ်ဖက်မျက်စိထက် ထိခိုက်နိုင်ချေ ၂ ဆပိုများသည်။

အကြောင်းမှာ ညာဖက်မျက်စိသည် မျက်စိကို ထောက်ပံ့ပေးနေသော ညာဖက်သွေးလွှတ်ကြောမကြီးနှင့် ပို နီးသောကြောင့်ဖြစ်သည်။

ထိုဖြစ်စဉ်ကို ဖြစ်စေနိုင်သော အချက်များကို လျှော့ချခြင်းများပြုလုပ်နိုင်သော်လည်း တိကျသော သတင်းအချက်အလက်များရရှိရန် ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။

လက္ခဏာများ

Endophthalmitis (မျက်စိအတွင်းပိုင်းရောင်ရမ်းခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

တွေ့ရများသော ရောဂါလက္ခဏာများမှာ မျက်စိအမြင်အာရုံချို့ယွင်းခြင်းနှင့် မျက်လုံးနာခြင်းတို့ဖြစ်ပြီး အခြားသောရောဂါလက္ခဏာများလည်းရှိပါသည်။ ယင်းတို့သည် ရောဂါဖြစ်စေသော အကြောင်းရင်းအပေါ်မူတည်ပါသည်။

မျက်စိခွဲပြီးချိန် မျက်စိအတွင်းပိုင်းရောင်ရမ်းခြင်း

  • မျက်စိတိမ်ခွဲပြီး ချိန်တွင် အများဆုံးဖြစ်ပြီး ဘက်တီးရီးယားပိုးဝင်ခြင်းကြောင့်ဖြစ်သည်။ ယင်းသို့ဖြစ်လျှင် တသက်လုံးအမြင်အာရုံဆုံးရှုံးသည်အထိ ဆိုးရွားသွားနိုင်ပါသည်။
  • ရောဂါလက္ခဏာများသည် ခွဲစိတ်ပြီး ၆ ပတ်အောက်တွင်ရောဂါပိုးဝင်ခြင်း နှင့် ခွဲစိတ်ပြီး လအတန်ကြာမှ ရောဂါပိုးဝင်ခြင်း စသဖြင့် ကာအတိုင်းအတာအပေါ်မူတည်ပြီး ကွာခြားမှုရှိပါသည်။
  • စောသိရသော ရောဂါလက္ခဏာများမှာ
  • ရောင်နေသော မျက်စိဖက်ခြမ်းတွင် အမြင်အာရုံတဖြေးဖြေးလျော့လာခြင်း
  • ခွဲစိတ်ပြီးနောက်တွင် မျက်လုံးပိုနာလာခြင်း
  • မျက်လုံးနီခြင်း
  • မျက်ခွံများရောင်ခြင်း
  • နောက်ကျမှသိရသော လက္ခဏာများမှာ မပြင်းထန်ပါ။
  • မျက်စိအမြင်ဝါးခြင်း
  • အလင်းရောင်မခံနိုင်ခြင်း နှင့်
  • မျက်လုံး အနည်းငယ်နာခြင်းတို့ဖြစ်သည်။

မျက်စိဒဏ်ရာရသောကြောင့် မျက်စိအတွင်းပိုင်းရောင်ရမ်းခြင်း

မျက်စိကို တခုခု ထိုးမိခြင်းကြောင့် ဖြစ်လျှင်

  • ခိုက်မိသော မျက်စိဖက်ခြမ်းတွင် အမြင်အာရုံတဖြေးဖြေးလျော့လာခြင်း
  • မျက်လုံးပိုနာလာခြင်း
  • မျက်လုံးနီခြင်း
  • မျက်ခွံများရောင်ခြင်း တို့ခံစားရနိုင်ပါသည်။

သွေးထဲတွင်ရောဂါပိုးများ ပြန့်နှံ့ခြင်းကြောင့် မျက်လုံးပိုးဝင်ခြင်း

သွေးထဲတွင်ရောဂါပိုးများ ပြန့်နှံ့ခြင်းကြောင့် မျက်လုံးပိုးဝင်ပြီး ရောင်ရမ်းခြင်းဖြစ်သည်။ ရောဂါ လက္ခဏာများသည် ဖြေးဖြေးချင်းဖြစ်ပြီး မပြင်းထန်ပါ။

  • ရက်သတ္တပတ် အတန်ကြာ အတွင်း အမြင်အာရုံတဖြေးဖြေးလျော့သွားခြင်း
  • မျက်စိမြင်ကွင်းထဲတွင် မသဲကွဲသော အရာများကို မြငိရခြင်း

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

မျက်စိအတွင်းပိုင်းရောင်ရမ်းခြင်းသည် ရောဂါကို စောသိပြီး ကုသမှု မခံယူပါက မျက်စိလုံးဝကွယ်သွားနိုင်ပါသည်။ ထို့ကြောင့်သိသိခြင်း ဆရာဝန်ထံသွားကာ အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုခံယူရပါမည်။

ရောဂါကို စောစီးစွာသိရပြီး ကုသနိုင်ပါက ရောဂါပိုမဆိုးလာစေရန် နှင့် အရေးပေါ်ကျန်းမာရေးပြသနာများ မကြုံလာစေရန် ကူညီပေးပါသည်။

အထက်တွင်ဖော်ပြထားသော လက္ခဏာများအပြင် ပိုသိလိုသော် ဆရာဝန်နှင့်တိုင်ပင်သင့်သည်။ သင့်တွင်

  • မျက်စိခွဲစိတ်ဖူးခြင်း
  • မျက်စိကို ဒဏ်ရာရဖူးခြင်း
  • ကိုယ်ခံအားကျဆင်းနေသည့် အခြေအနေနှင့် ကြုံနေရခြင်း စသည်တို့ဖြစ်နေပါက ပို အရေးကြီးပါသည်။

လူတယောက်နှင့် တယောက် ရောဂါ၏တုံပြန်ပုံခြင်းမတူညီသည့်အတွက် မိမိ၏အခြေအနေကို သိရှိကာထိရောက်စွာကုသနိုင်ရန် ဆရာဝန်နှင့်တိုင်ပင်သင့်သည်။

အကြောင်းရင်းများ

Endophthalmitis (မျက်စိအတွင်းပိုင်းရောင်ရမ်းခြင်း) ကိုဘာတွေကဖြစ်စေသလဲ

မျက်စိအတွင်းပိုင်းရောင်ရမ်းခြင်းကိုဖြစ်စေသော အကြောင်းများစွာရှိသည်။

  • ဘက်တီးရီးယားများ
  1. meningitidis, Staphylococcus aureus, S. epidermidis, S. pneumoniae, other streptococcal spp., Propionibacterium acnes, Pseudomonas aeruginosa, gram negative organisms
  • ဗိုင်းရပ်စ်များ

Herpes simplex virus

  • မှိုများ

Candida spp. Fusarium

  • ကပ်ပါးကောင်များ

Toxoplasma gondii, Toxocara

နောက်ကျမှသိရသော မျက်စိအတွင်းပိုင်းရောင်ရမ်းခြင်းများသည် Proprionobacterium acne အကောင်ကြောင့်အများဆုံးဖြစ်သည်။ ပိုးကောင်များကြောင့်မဟုတ်သော ရောင်ရမ်းမှုများသည် မျက်လုံးတိမ်ခွဲစိတ်မှုများအပြီး၊ သို့မဟုတ် မျက်လုံးထဲသို့ ဆေးထိုးသွင်းပြီးကုသရသော ကုသမှုများအပြီး တွင် ဖြစ်လေ့ရှိပါသည်။

ဖြစ်နိုင်ခြေများ

Endophthalmitis (မျက်စိအတွင်းပိုင်းရောင်ရမ်းခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

မျက်စိအတွင်းပိုင်းရောင်ရမ်းခြင်း ကို ဖြစ်နိုင်ချေများစေသော အကြောင်းများစွာမှာ အောက်ပါတို့ဖြစ်သည်။

  • မျက်စိခွဲစိတ်ဖူးခြင်း
  • မျက်စိကို ဒဏ်ရာရခြင်း
  • မျက်လုံးထဲသိုဆေးထိုးရသော ကုသမှုများ
  • သွေးထဲမှပြန့်သော ရောဂါပိုးများမျက်လုံးသို့ကူးစက်ခြင်း

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Endophthalmitis (မျက်စိအတွင်းပိုင်းရောင်ရမ်းခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

မျက်စိအတွင်းပိုင်းရောင်ရမ်းခြင်းသည် ပြင်းထန်ပြီး မျက်စိကွယ်သွားနိုင်သည့်အတွက် မျက်စိဆရာဝန်နှင့် ပြသပြီး ကုသမှုခံယူရပါမည်။

ဆရာဝန်က သင့်ရောဂါလက္ခဏာများ၊ သင့်မျက်လုံးကိုထိခိုက်မှု၊ ခွဲစိတ်မှု ရှိမရှိ မေးမြန်းပြီး မျက်လုံးကို စစ်ဆေးမှုများပြုလုပ်ပါလိမ့်မည်။ မျက်လုံး နှစ်ဖက်လုံးကို စစ်ဆေးပါမည်။

ထို့နောက် မျက်လုံးအတွင်းပိုင်းအထိမြင်ရသော မှန်ဘွလူးဖြင့်ကြည့်ပြီး စစ်ဆေးပါသည်။ အသံလှိုင်းဓါတ်မှန်ရိုက်ခြင်းဖြင့် မျက်လုံးအလယ်တွင် အစအနများရှိမရှိ သိနိုင်ပါသည်။

မျက်စိအတွင်းပိုင်းရှိ အရည်ကိုထုံးဆေးသုံးကာ အပ်ဖြင့် စုပ်ယူခြင်း ဖြင့် ဘက်တီးရီးယားနှင့် အခြား ပိုးကောင်များရှိမရှိ ဓါတ်ခွဲစစ်ဆေးနိုင်ပါသည်။

Endophthalmitis (မျက်စိအတွင်းပိုင်းရောင်ရမ်းခြင်း) ကို ဘယ်လိုကုသပါသလဲ

ကုသမှုများသည်

  • ဖြစ်စေသော အကြောင်းရင်းနှင့်
  • ဖြစ်နေသော မျက်လုံးဖက်တွင် အမြင်အာရုံထိခိုက်မှုများ

အပေါ်မူတည်ပြီး ကွာခြားပါသည်။

မျက်စိရောင်ခြင်းသည် ဘက်တီးရီးယားကြောင့် ဖြစ်ပါက အောက်ပါနည်းများဖြင့်ကုသရမည်။

  • ပိုးသတ်ဆေးအရည်ကို မျက်လုံးအတွင်းပိုင်းအရည်ရှိရာသို့ ထိုးသွင်းခြင်း

ပိုးသတ်ဆေးအရည်ကို မျက်လုံးအတွင်းပိုင်းအရည်ရှိရာသို့ ထိုးသွင်းခြင်း သည် များသောအားဖြင့် မျက်လုံးအတွင်းပိုင်းအရည်များကို စုပ်ထုပ်ပြီးမှ ပိုးသတ်ဆေး ထိုးလေ့ရှိသည်။

  • စတီးရွိုက်အရောင်ကျဆေး

မျက်စိဆရာဝန်သည် စတီးရွိုက်အရောင်ကျဆေးများကို မျက်လုံးထဲသို့ ထိုးသွင်းခြင်းဖြင့် အရောင်ကျစေကာ အနာကျက်မြန်စေမည်ဖြစ်သည်။

  • ပိုးသတ်ဆေးထိုခြင်း
  • ရောဂါပြင်းသော လူနာများတွင် ပိုးသတ်ဆေးအရည်ကို သွေးပြန်ကြောထဲသို့ထိုးသွင်းပြီး ကုသခြင်းဖြစ်သည်။

    • ပိုးသတ်ဆေးလိမ်းခြင်း

    မျက်လုံးအတွင်းပိုင်းရောင်ခြင်း အပြင် မျက်လုံးအပြင်ဘက်တွင် ရောင်ရမ်းမှုများ ဒဏ်ရာများရှိပါက ပိုးသတ်ဆေးလိမ်းရသည်။

    • မျက်လုံးအတွင်းပိုင်းအရည်ကို ဖယ်ရှားခြင်း

    မျက်လုံးအတွင်းပိုင်းတွင် ရှိသော ပိုးဝင်နေသည့်အရည်များကို ဖယ်ရှားပြီး ဆားရည်သို့မဟုတ် အခြားသင့်တော်သော ဆေးရည်တမျိုးမျိုးကို ပြန်အစားထိုးခြင်းဖြစ်သည်။ ထိုကုသမှုကို အမြင်အာရုံဆုံးရှုံးလုနီးပါးဖြစ်နေသောသူများ နှင့် ရောဂါပြင်းထန်သောသူများတွင် သုံးပါသည်။

    မျက်စိရောင်ခြင်းသည် မှိုကြောင့်ဖြစ်ပါက ဖြစ်နေသော မျက်လုံးထဲသို့ မှိုသတ်ဆေးထိုးသွင်းခြင်း၊ သွေးပြန်ကြောထဲသို့ ထိုးခြင်း နှင့် မှိုသတ်ဆေးသောက်ခြင်းတို့ဖြင့်ကုသနိုင်ပါသည်။

    မျက်စိဆရာဝန်သည် သင့်ကိုကုသနေစဉ်အတွင်း သင့်အခြေအနေ တိုးတက်မှုနှင့် သင့်အမြင်အာရုံတိုးတက်မှု ရှိမရှိကို စောင့်ကြည့်နေရမည် ဖြစ်သောကြောင့် သင့်အနေဖြင့် ဆေးခန်းသို့ ရက်ချိန်း မှန်မှန်လာပြရန် အရေးကြီးပါသည်။

    နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများ

    နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများကိုပြုလုပ်ခြင်းဖြင့် မျက်စိအတွင်းပိုင်းရောင်ရမ်းခြင်း

    သူများအတွက် ဘယ်လိုသက်ရောက်မှုရှိနိုင်သလဲ။

    အောက်ပါနေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများသည် သင့်အတွက်အကူအညီဖြစ်နိုင်ပါသည်။

    • သင်သည် မျက်စိတိမ်ခွဲထားလျှင် မျက်စိဆရာဝန်၏ ညွှန်ကြားချက်များကို လိုက်နာပြီး သင့်ကိုယ်သင်ဂရုစိုက်ခြင်း၊ ရက်ချိန်းမှန်မှန်သွားပြခြင်းတို့ ပြုလုပ်သင့်ပါသည်။
    • မျက်လုံးကို ထိခိုက်မိခြင်းမှကာကွယ်ရန် အလုပ်ခွင်နှင့် အားကစားလုပ်ချိန်များတွင် မျက်မှန်တပ်သင့်ပါသည်။ စက်ရုံအလုပ်ရုံများတွင် အလုပ်လုပ်နေရလျှင် အမှုန်အစများ သင့်မျက်လုံးကို ထိခိုက်လာနိုင်ချေကို လျှော့ချရန် မှန်ကာ မျက်နှာဖုံးများ မျက်လုံးအကာများကို စနစ်တကျတပ်ဆင်သင့်ပါသည်။

    သင်သိလိုသည်များရှိသော် ဆရာဝန်နှင့်တိုင်ပင်ကာ ပိုမိုကောင်းမွန်သော အကြံဉာဏ်များရယူနိုင်ပါသည်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. Kaung Thar မှ ရေးသားသည်။ · 18/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement