Endometriosis (သားအိမ်အတွင်းရှိ တစ်ရှူးများ သားအိမ်ပြင်ပသို့ရောက်ခြင်း) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe.

အဓိပ္ပါယ်ဖွင့်ဆိုချက်

Endometriosis (သားအိမ်အတွင်းရှိ တစ်ရှူးများ သားအိမ်ပြင်ပသို့ရောက်ခြင်း) ကဘာလဲ။

သားအိမ်အတွင်းရှိတစ်ရှူးများ သားအိမ် ပြင်ပသို့ရောက်ခြင်းဟာ ကလေးမွေးနိုင်တဲ့ အသက်အရွယ်မှာ ဖြစ်တတ်တဲ့ရောဂါတစ်မျိုး ဖြစ်ပါတယ်။ သင့်မှာ ဒီရောဂါရှိလျှင် သင့်သားအိမ်အတွင်းနံရံ တစ်ရှူးတွေဟာ သင့်ရဲ့သားဥပြွန်ထဲ ရောက်နေနိုင်ပါတယ်။

ဒီလိုနေရာလွဲနေတဲ့ တစ်ရှူးတွေက သားအိမ်အတွင်းမှာကဲ့သို့ ရာသီလာချိန်တွင် ကွာကျပြီး သွေးထွက်ခြင်းကို ဖြစ်ပေါ်စေတယ်။
သို့သော် အဲဒီသွေးတွေက သားအိမ်ပြင်ပမှာ ဖြစ်ပေါ်တဲ့အတွက် ခန္ဓာကိုယ်ပြင်ပကို မစီးနိုင်ဘဲ အတွင်းမှာပိတ်မိနေတတ်တယ်။

ထိုအခါ ကိုယ်တွင်းသွေးယိုစိမ့်ခြင်း၊ ရောင်ရမ်းခြင်းဖြစ်စေပြီး တခြားရောဂါလက္ခဏာအများအပြားကို ဖြစ်စေနိုင်ပါတယ်။
သားအိမ်အတွင်းတစ်ရှူးတွေရောက်လေ့ရှိသော သားအိမ်ပြင်ပနေရာများမှာ သားဥပြွန်၊ မမျိုးဥအိမ် ၊အူမကြီးနှင့် တင်ပါးဆုံပိုင်းတွင်းရှိ တစ်ရှူး နေရာတို့ ဖြစ်ကြတယ်။

ဒါ့ပြင် ဘေးနားမှာရှိတဲ့ တစ်ရှူးတွေကို သွားလှုံ့ဆော်တဲ့အတွက် နာကျင်ခြင်း၊ အမာရွတ်များထင်ခြင်း၊ ရေအိတ်ဖြစ်ခြင်းတို့ကို ကြုံရနိုင်ပြီး ကလေးရဖို့ခက်တဲ့ အခြေအနေထိ ဖြစ်သွားတတ်တယ်။

Endometriosis (သားအိမ်အတွင်းရှိ တစ်ရှူးများ သားအိမ်ပြင်ပသို့ရောက်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

ဒီရောဂါဟာ အသက် ၃၀-၄၀နှစ်ကြား အမျိုးသမီးတွေမှာ တွေ့ရများတတ်တယ်။ အသက်အရွယ်မရွေးလည်း ဖြစ်နိုင်တယ်။ ဖြစ်စေနိုင်တဲ့ အချက်တွေကို လျှော့ချခြင်းဖြင့် ရောဂါကို ကာကွယ်နိုင်ပါတယ်။ ထပ်မံသိလိုသော အချက်များရှိပါက ဆရာဝန်နှင့် ဆွေးနွေးနိုင်ပါတယ်။

လက္ခဏာများ

Endometriosis (သားအိမ်အတွင်းရှိ တစ်ရှူးများ သားအိမ်ပြင်ပသို့ရောက်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

ရောဂါရဲ့ အဖြစ်များတဲ့ လက္ခဏာတွေကတော့
• တင်ပါးဆုံအောက်ပိုင်းကိုက်ခဲခြင်း။ ဒီ နာကျင်ကိုက်ခဲမှုအခြေအနေဟာ ပုံမှန်ဖြစ်နေကျထက် ပိုဆိုးလာနိုင်ပြီး ကိုက်ခဲချိန်လည်း ပိုကြာလာနိုင်ပါတယ်။
• ခါး နှင့် ဗိုက် အောင့်ခြင်း
• လိင်ဆက်ဆံပြီးတဲ့နောက် နာကျင်နေခြင်း
• ရာသီလာချိန်အတွင်း ဆီး၊ ၀မ်းများသွားချိန်တွင် နာကျင်ခြင်း
• သွေးဆင်းများခြင်း။ ရာသီလာချိန်တွင် သွေးဆင်းများခြင်း သို့မဟုတ် ရာသီစက်ဝန်း၂ခုကြား သွေးဆင်းခြင်း
• ဆီး၊၀မ်းသွားရာတွင် သွေးပါခြင်း
• လိင်ဆက်ဆံပြီးနောက် မိန်းမကိုယ်မှ သွေးဆင်းခြင်း
• ရာသီလာချိန်တွင် မောပန်းခြင်း၊ ၀မ်းပျက်ခြင်း၊ ၀မ်းချုပ်ခြင်း၊ ဗိုက်ဖောခြင်း သို့် ပျို့အန်ခြင်း
• ရာသီလာစဉ် ဆီးစပ်များကိုက်ခြင်း
• ရာသီမလာမီ နှင့်လာနေစဉ် နာကျင်ခြင်း
• လိင်ဆက်ဆံစဉ်နာကျင်ခြင်း
• ကလေးမရခြင်း(မြုံ ခြင်း)
• မောပန်းခြင်း
• အူလမ်းကြောင်းနှင့်ဆိုင်သော ပြဿနာများ (၀မ်းလျောခြင်း၊ ၀မ်းချုပ်ခြင်း၊ ပျို့အန်ခြင်း)
ဒီထဲတွင် မပါသောတခြား လက္ခဏာများလည်းရှိပါတယ်။ ရောဂါလက္ခဏာအကြောင်းပိုသိလိုလျှင် ဆရာဝန်နှင့်ဆွေးနွေးနိုင်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

ဒီအချက်တွေထဲမှ တစ်ခုခုဖြစ်နေလျှင် ဆရာဝန်နှင့် ပြသသင့်ပါတယ်။
• အရင်ကဖြစ်ဖူးခြင်းမရှိဘဲ ယခုအခါ ရာသီလာစဉ်တွင် နာကျင်ခြင်း
• နာကျင်မှုကြောင့် နေ့စဉ်လုပ်နေကျ အလုပ်တွေကို ထိခိုက်ခြင်း
• လိင်ဆက်ဆံစဉ် နာကျင်ခြင်း
• ဆီးသွားလျှင်နာကျင်ခြင်း၊ ဆီးထဲသွေးပါခြင်းနှင့် ဆီးသွားရာတွင်မထိန်းထားနိုင်ခြင်း
• ၁၂လတိုင်အောင် ကြိုးစားပြီးတဲ့အထိ ကလေးမရခြင်း

အကြောင်းရင်းများ

Endometriosis (သားအိမ်အတွင်းရှိ တစ်ရှူးများ သားအိမ်ပြင်ပသို့ရောက်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

ဖြစ်စေတဲ့ အကြောင်းရင်းတွေကတော့ မသိရသေးပါဘူး၊ ဒါပေမယ့် ရောဂါကိုပိုဆိုးစေတဲ့အချက်တွေ ရှိတယ်လို့ သိပ္ပံပညာရှင်တွေက ယုံကြည်ကြတယ်။

ပထမဆုံးဖြစ်စေတဲ့အကြောင်းကတော့ ရာသီသွေးပြောင်းပြန်ဆင်းခြင်းဖြစ်ပြီး အဖြစ်အများဆုံးအကြောင်းလည်း ဖြစ်တယ်။ သင့်ခန္ဓာကိုယ်ပြင်ပသို့ ထွက်မယ့်အစား သားအိမ်တစ်ရှူးဆဲလ်များပါသော ရာသီသွေးတွေက သားဥပြွန်မှတစ်ဆင့် တင်ပါးဆုံအတွင်းပိုင်းထဲသို့ စီးဆင်းကာ သားအိမ်တစ်ရှူးဆဲလ်တွေကို ဆီးခုံရိုးနဲ့ တင်ပါးဆုံအတွင်းပိုင်းအဂါင်္များကို ကပ်စေနိုင်ပါတယ်။

သန္ဓေသားဆဲလ်များကြီးထွားခြင်းသည် နောက်ထပ်အကြောင်းရင်းတစ်ခုဖြစ်သည်။ သန္ဓေသားဆဲလ်များသည် ၀မ်းခေါင်း နှင့် တင်ပါးဆုံအတွင်းပိုင်းတို့၏ နံရံဆဲလ်များကို ဖန်တီးပေးသည်။ ထိုဆဲလ်များတစ်ခု (သို့) တစ်ခုထက်ပို၍ သားအိမ်တွင်းတစ်ရှူးပုံစံများအဖြစ်သို့ ပြောင်းလဲသွားသော အခါတွင် သားအိမ်တွင်းတစ်ရှူး သားအိမ်ပြင်ပရောက်သောရောဂါ ဖြစ်ပွားနိုင်သည်။သားအိမ်အတွင်းရှိ တစ်ရှူးပုံစံပြောင်းသွားခဲ့လျှင် သင်ဟာ သားအိမ်တွင်းတစ်ရှူးများပြင်ပသို့ရောက်တဲ့ ရောဂါခံစားရနိုင်ပါတယ်။

သင်ဟာ သားအိမ်ထုတ်ခြင်း သို့မဟုတ် ဗိုက်ခွဲမွေးခြင်းတို့လို ခွဲစိတ်မှုခံယူထားရလျှင် အမာရွတ်ဖြစ်ပြီး သားအိမ်တွင်းရှိဆဲလ်များ ကပ်သောကြောင့် ရောဂါဖြစ်ပွားနိုင်တယ်။ သားအိမ်တွင်းရှိဆဲလ်များက သွေးကြော သို့မဟုတ် ပြန်ရည်ကြောမှတစ်ဆင့် ပြန့်သွားခဲ့လျှင်လည်း သားအိမ်တွင်းတစ်ရှူးများပြင်ပသို့ရောက်တဲ့ ရောဂါခံစားရနိုင်ပါတယ်။

နောက်ထပ် အကြောင်းတစ်ခုကတော့ ကိုယ်ခံအားစနစ် ကမောက်ကမဖြစ်ခြင်းကြောင့်ဖြစ်တယ်။ သင့်ကိုယ်ခံအားစနစ် ကမောက်ကမဖြစ်သောအခါ သင့်ခန္ဓာကိုယ်ဟာ သားအိမ်ပြင်ပရောက်နေသော သားအိမ်တစ်ရှူးများကို မမှတ်ထားနိုင်၊ မဖျက်ဆီးနိုင်သောကြောင့် ရောဂါဖြစ်တတ်တယ်။

ဒါ့အပြင် ၀မ်းဗိုက်နှင့် တင်ပါးဆုံအတွင်းပိုင်းရှိ ဆဲလ်များက သားအိမ်တစ်ရှူး ဆဲလ်ပုံစံအဖြစ် ပြောင်းသွားသောအခါ သို့မဟုတ် သန္ဓေသားဘ၀တွင် သားအိမ်တစ်ရှူးဆဲလ်များ သားအိမ်ပြင်ပရောက်နေသောအခါ ဤရောဂါဖြစ်စေတယ်။

Risk factors

Endometriosis (သားအိမ်အတွင်းရှိ တစ်ရှူးများ သားအိမ်ပြင်ပသို့ရောက်ခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

ရောဂါဖြစ်ပွားနိုင်ချေ မြင့်မားစေတဲ့အကြောင်းများစွာ ရှိပါတယ်။ ဥပမာ
• ကလေးတစ်ခါမှ မမွေးဖူးခြင်း
• ဆွေမျိုးထဲရှိ တစ်ဦး သို့ တစ်ဦးထက်ပိုသောသူများ( အမေ၊ အမ၊ အဒေါ်) တို့က ဒီရောဂါကိုခံစားနေရခြင်း
• ပုံမှန် ရာသီသွေးဆင်းသောလမ်းကြောင်းသည် ရောဂါအခြေအနေတစ်ခုခုကြောင့် တားဆီးပိတ်မိနေခြင်း
• ဆီးခုံတွင်း ရောဂါပိုးကူးစက်ခံထားဖူးခြင်း
• သားအိမ်ပုံစံ မမှန်ခြင်း
• အသက် ၁၂နှစ် မတိုင်မီ ရာသီလာခြင်း
သားအိမ်၊ သားအိမ်ခေါင်း နှင့် မိန်းမကိုယ်တို့တွင် ပုံစံမမှန်မှုများရှိနေသောအခါ ရာသီသွေးဆင်းခြင်းကို နှေးကွေးစေခြင်း (သို့) ပိတ်ဆို့ထားခြင်းများဖြစ်စေနိုင်သည်

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Endometriosis (သားအိမ်အတွင်းရှိ တစ်ရှူးများ သားအိမ်ပြင်ပသို့ရောက်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

သင့်ရဲ့ ရောဂါလက္ခဏာတွေကိုပြောပြခြင်း အထူးသဖြင့် နာတဲ့နေရာတွေကို သေချာပြသခြင်းဖြင့် ဆရာဝန်မှသင့်ကို ရောဂါရှာဖွေပေးနိုင်ပါတယ်။ တချို့သော အခြေအနေများတွင် သင်ဟာရောဂါဖြစ်ကြောင်း သက်သေပြနိုင်တဲ့ စမ်းသပ်မှုတွေ လုပ်ရပါမယ်။

ဝမ်းဗိုက်အောက်ပိုင်း စမ်းသပ်ခြင်း၊ အာထရာဆောင်း(ultrasound)ရိုက်ခြင်း နှင့် မှန်ပြောင်းကြည့်ခြင်းတို့ကို လုပ်ဆောင်နိုင်ပါတယ်။
ဝမ်းဗိုက်အောက်ပိုင်းစမ်းသပ်မှုတွင် ဆရာဝန်မှ ၀မ်းဗိုက်အောက်ပိုင်းရှိ ပုံမမှန်မှုတွေ (မျိုးပွားအဂါင်္ရှိ အရည်အိတ်၊ သားအိမ်နောက်ရှိ အမာရွတ်) ကို စမ်းသပ်ပေးနိုင်ပါတယ်။

အာထရာဆောင်း(ultrasound)သည် ကြိမ်နှုန်းမြင့် အသံလှိုင်းတွေလွှတ်ပြီး သင့်ခန္ဓာကိုယ်ထဲရှိ ပုံရိပ်တွေကို ဖမ်းယူပေးနိုင်ပါတယ်။ အာထရာဆောင်းမှတစ်ဆင့် တိကျသေချာတဲ့အဖြေကို မရသော်လည်း သားအိမ်တွင်းတစ်ရှူးများပြင်ပသို့ရောက်တဲ့ ရောဂါကြောင့်နှင့် ဆက်စပ်နေတဲ့ အရည်အိတ်တွေကို ရှာဖွေပေးနိုင်ပါတယ်။

ဆေးဖြင့်ကုသခြင်းတစ်မျိုးထဲဖြင့် သင့်မှာရောဂါရှိ၊ မရှိသေချာမပြောနိုင်ပါဘူး။ ဝမ်းဗိုက်တွင်းမှန်ပြောင်းကြည့်သကဲ့သို့ ခွဲစိတ်လုပ်ငန်းစဉ် ပြုလုပ်ပြီး ခွဲစိတ်ဆရာဝန်က သင့်ဗိုက်တွင်းကို ကြည့်ပြီးမှ ရောဂါရှိ၊ မရှိပြောနိုင်ပါလိမ့်မယ်။ ၀မ်းဗိုက်တွင်းကြည့်တဲ့ မှန်ပြောင်းအကူအညီဖြင့် သင့်သားအိမ်တစ်ရှူးတွယ်နေတဲ့ နေရာ၊ အရွယ်အစား နှင့် ပျံ့ နှံ့မှုတို့ကို သိနိုင်ပြီး လိုအပ်တဲ့ကုသမှုကို ကောင်းစွာရွေးချယ်နိုင်ပါတယ်။

Endometriosis (သားအိမ်အတွင်းရှိ တစ်ရှူးများ သားအိမ်ပြင်ပသို့ရောက်ခြင်း) ကို ဘယ်လိုကုသပါသလဲ

ဒီရောဂါကို အရှင်းကုသလို့မရသေးပါဘူး။ ဒါပေမယ့် နာကျင်ခြင်းနှင့် မြုံ ခြင်းတို့ကို ကုသနိုင်ပါတယ်။ သင်ဟာ ကိုယ်ဝန်ဆောင်လိုပါက သင့်ရောဂါလက္ခဏာပေါ်မူတည်ပြီး သင့်တော်သောကုထုံးကို ရွေးချယ်နိုင်ပါတယ်။

သင့်မှာရှိတဲ့ အီစထရိုဂျင်ပမာဏကို လျှော့ချတဲ့ ဟော်မုန်းကုထုံးခံယူခြင်းဖြင့် သင့်ရဲ့  သားအိမ်ပြင်ပတွင်ကပ်နေသည့် သားအိမ်တစ်ရှူးပမာဏ လျော့ချပြီး နာကျင်မှုသက်သာစေနိုင်ပါတယ်။ နာကျင်ခြင်းဟာ သင့်ရဲ့ တစ်ခုတည်းသော ပြဿနာ ဖြစ်တယ်။

တကယ်လို့ သင်ဟာ အနည်းငယ်သာ နာကျင်ပြီး နောက်ထပ်လည်း ကိုယ်ဝန်ဆောင်ဖို့ အစီအစဉ်မရှိလျှင် (သို့) သွေးဆုံးခါနီးဖြစ်လျှင် ကုသမှုကို မခံယူလို့ရပါတယ်။

ဆေးများသောက်သုံးခြင်းဟာ နာကျင်ခြင်းနှင့် သွေးဆင်းများခြင်းတို့အတွက် ကောင်းသောကုသနည်းဖြစ်ပေမယ့် ကလေးရရှိရန် မလုပ်ဆောင်ပေးနိုင်ပါ။ သန္ဓေတားဆေးကဒ်တွေက ရောဂါကိပိုမဆိုးလာအောင်ကာကွယ်ပေးပြီး အရောင်ကျဆေးတွေက သင့်ရဲ့နာကျင်မှု ကိုသက်သာစေနိုင်ပါတယ်။

တကယ်လို့ သင့်ရောဂါက ပိုဆိုးလာပြီး သန္ဓေတားဟော်မုန်းဆေးများ နှင့် အကိုက်အခဲပျောက်ဆေးတို့ဖြင့် မသက်သာပါက ပိုပြင်းတဲ့ ဟော်မုန်းကုသမှုခံယူရနိုင်ပါတယ်။
ပိုပြင်းတဲ့ ဟော်မုန်းကုသမှုနှင့်မသက်သာပါဘဲ တခြားကိုယ်တွင်းအဂါင်္များကိုပါ ပျံ့ နှံ့နေပါက ခွဲစိတ်မှုကို ခံယူရနိုင်ပါတယ်။ သားအိမ်တွင်းတစ်ရှူးများနှင့် အမာရွတ်တို့ကို ခွဲစိတ်ဖယ်ရှားနိုင်ပါတယ်။

ဗိုက်တွင်အပေါက် တစ်ပေါက် သို့မဟုတ် တစ်ပေါက်ထပ်ပိုသောအပေါက်မှတစ်ဆင့် ၀မ်းဗိုက်ကြည့်မှန်ပြောင်း သုံးပြီးခွဲစိတ်နိုင်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

တည်းဖြတ်သည့်နေ့ စကျတငျဘာ 29, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း စကျတငျဘာ 29, 2017

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ