Empty Sella ရောဂါစုဆိုတာ sella turcica ခေါ် ဦးခေါင်းခွံအောက်ခြေ sphenoid အရိုးထဲက ပီကျူထရီဂလင်းတည်ရှိရာ မြင်းကုန်းနှီးသဏ္ဍာန် အချိုင့်ရာတစ်ခု ပုံမှန်ထက်အရွယ်အစားကြီးနေတဲ့ ဒါမှမဟုတ် ပုံသဏ္ဍာန်မမှန်တဲ့ ရှားပါးရောဂါစုတစ်မျိုး ဖြစ်ပါတယ်။
ဒီရောဂါရှိသူအချို့ရဲ့ sella turcica ထဲမှာ cerebrospinal fluid (CSF) ခေါ် ဦးနှောက်အာရုံကြောအရည်ကြည်တွေ ရှိနေပြီး အောက်ခြေကြမ်းပြင်မှာ အလွန်သေးငယ်တဲ့ ပီကျူထရီဂလင်းကို တွေ့မြင်နိုင်ပါတယ်။ အချို့လူတွေမှာတော့ sella turcica တစ်ခုလုံး CSF တွေပြည့်နေပြီး ပီကျူထရီဂလင်းကို လုံးဝမြင်ရမှာမဟုတ်ပါဘူး။
အကြောင်းအရင်းမရှိဘဲ သူ့အလိုလိုဖြစ်ပေါ်လာတဲ့ empty sella ရောဂါစုကို primary empty sella ရောဂါစုလို့ခေါ်ပြီး အကြောင်းအရင်းတစ်ခုခုကြောင့် ဖြစ်ပေါ်လာတဲ့ အမျိုးအစားကိုတော့ secondary empty sella ရောဂါစုလို့ ခေါ်ပါတယ်။
Primary empty sella ရောဂါစုဟာ အမျိုးသားတွေထက်စာရင် အမျိုးသမီးတွေမှာ ဖြစ်ပွားမှုနှုန်း ၄ဆ ပိုများပါတယ်။ အဝလွန်ပြီး သွေးတိုးရောဂါရှိတဲ့ လူလတ်ပိုင်းအမျိုးသမီးတွေမှာ ပိုအတွေ့ရများပါတယ်။
အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
ဒီရောဂါစုမှာ သိသာထင်ရှားတဲ့ လက္ခဏာတစ်စုံတစ်ရာ မရှိပေမယ့် secondary empty sella ရောဂါစု ဖြစ်ပွားတဲ့သူတွေမှာတော့ နဂိုရှိပြီးသား ကျန်းမာရေးပြဿနာရဲ့ လက္ခဏာတွေ တွေ့ရတတ်ပါတယ်။
Empty sella ရောဂါရှိသူ လူနာအများစုဟာ နာတာရှည်ခေါင်းကိုက်ဝေဒနာကို ခံစားရလေ့ရှိပြီး Empthy sella ရောဂါစုကြောင့်ပဲ ခေါင်းကိုက်ရသလား၊ နဂိုရောဂါအခံဖြစ်တဲ့ သွေးတိုးရောဂါကြောင့် ခေါင်းကိုက်ရသလားဆိုတာကို သေသေချာချာ မရှင်းပြနိုင်သေးပါဘူး။
ရှားရှားပါးပါဆိုသလို ဒီရောဂါရှိသူတွေမှာ ဦးခွံတွင်းဖိအားမြင့်တက်ပြီး
အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။
Primary Empty Sella ရောဂါစု
Primary Empty Sella ရောဂါစုဖြစ်ပေါ်စေတဲ့ အကြောင်းအရင်းကို တိတိကျကျမသိရသေးဘဲ sella turcica ကိုဖုံးအုပ်ထားတဲ့အမှေးပါး (diaphragma sellae) မွေးရာပါချို့ယွင်းမှုကြောင့်ဖြစ်ရတယ်လို့ ပညာရှင်တွေက ယူဆထားပါတယ်။ အချို့လူတွေရဲ့ diaphragma sellae အမှေးပါးမှာ မွေးကတည်းက ကွဲကြောင်းငယ်တစ်ခု ပါလာတဲ့အတွက် sella turcica ထဲ CSF တွေ စိမ့်ဝင်နိုင်ပါတယ်။ ဒါပေမယ့် ဒီအကြောင်းအချက်က empty sella ရောဂါဖြစ်စေတဲ့ အဓိကအကြောင်းရင်းလား ရောဂါဖြစ်နိုင်ချေကိုမြင့်စေတဲ့ အကြောင်းရင်း သက်သက်ပဲလားဆိုတာကို သေသေချာချာ မပြောနိုင်သေးပါဘူး။
National Organization for Rare Disorders (နိုင်ငံလုံးဆိုင်ရာရှားပါးရောဂါစုများအဖွဲ့အစည်း)ရဲ့ ထုတ်ပြန်ချက်အရ ဒီရောဂါစုဟာ အမျိုးသားတွေထက်စာရင် အမျိုးသမီးတွေမှာ ဖြစ်ပွားမှုနှုန်း ၄ဆ ပိုများပြီး အဝလွန်တဲ့၊ သွေးတိုးရောဂါရှိတဲ့ သက်လတ်ပိုင်းအမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။ ဒါပေမယ့် ဒီရောဂါရဲ့ သဘောသဘာဝအရ ရောဂါလက္ခဏာ ထူးထူးခြားခြားပြလေ့မရှိတဲ့အတွက် ရောဂါဖြစ်လို့ဖြစ်နေမှန်း မသိသူတွေလည်း ရှိနေနိုင်ပါတယ်။ ဒါကြောင့် လိင်၊ အဝလွန်ခြင်း၊ အသက်အရွယ်၊ သွေးဖိအား စတဲ့အကြောင်းအချက်တွေကို ရောဂါဖြစ်ပွားနိုင်ချေမြင့်စေတဲ့ အကြောင်းရင်းတွေအဖြစ် သတ်မှတ်ဖို့ ခဲယဉ်းပါတယ်။
Secondary Empty Sella ရောဂါစု
Secondary Empty Sella ရောဂါစု ဖြစ်ပွားစေတဲ့ အကြောင်းအရင်းတွေကတော့
အသေးစိတ်သိရှိလိုပါက သင့်ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ပါ။
ယခုဖော်ပြထားသည့် အချက်အလက်များမှာ ဆေးပညာဆိုင်ရာကျွမ်းကျင်သူ၏ အကြံပေးချက်များနေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက်သိရှိလိုသောအချက်အလက်များအတွက် သင့်ရဲ့ဆရာဝန်နဲ့ အမြဲတိုင်ပင်ဆွေးနွေးပါ။
အထက်မှာပြောခဲ့သလိုပဲ Empty Sella ရောဂါစုဟာ အများအားဖြင့် ဘာရောဂါလက္ခဏာမှ မဖြစ်ပေါ်စေတဲ့အတွက် ရောဂါရှိနေမှန်း သိဖို့ခက်ပါတယ်။ အကယ်၍ သင့်ဆရာဝန်က သင့်မှာဒီရောဂါရှိနေတယ်လို့ သံသယရှိခဲ့ရင် ခန္ဓါကိုယ်စမ်းသပ်စစ်ဆေးမှုပြုလုပ်ပြီး သင့်ကျန်းမာရေးရာဇဝင်ကို ပြန်လှန်စစ်ဆေးမှာဖြစ်ပါတယ်။ ကွန်ပျူတာဓါတ်မှန် (CT scan) နဲ့ သံလိုက်ဓါတ်မှန် (MRI scan) ရိုက်ဖို့လည်း အကြံပြုနိုင်ပါတယ်။
CT နဲ့ MRI အဖြေကိုကြည့်ပြီး သင့်ဆရာဝန်က သင့်မှာ partial empty sella ရောဂါစု သို့မဟုတ် total empty sella ရောဂါစုရှိမရှိ စဉ်းစားဆုံးဖြတ်မှာ ဖြစ်ပါတယ်။ Partial empty sella ရောဂါစုဆိုတာက sella တစ်ဝက်နည်းပါး CSF နဲ့ပြည့်နေပြီး ပီကျူထရီဂလင်းအထူ ၃မီလီမီတာကနေ ၇မီလီမီတာရှိတဲ့ အခြေအနေကို ဆိုလိုတာဖြစ်ပြီး Total empty sella ရောဂါစုဆိုတာကတော့ sella တစ်ဝက်ကျော်ကျော်ဟာ CSF တွေနဲ့ပြည့်နေပြီး ပီကျူထရီဂလင်းအထူ ၂မီလီမီတာအောက်နည်းတဲ့ အခြေအနေကို ဆိုလိုတာဖြစ်ပါတယ်။
Empty Sella ရောဂါ ရှိသူတွေအနေနဲ့ ရောဂါလက္ခဏာမပြမချင်း အထူးတလည် ကုသမှုခံယူစရာ မလိုပါဘူး။
အခြေအနေအရ လိုအပ်နိုင်တဲ့ ကုသမှုတွေကတော့
နှာခေါင်းထဲမှာ CSF လျှံထွက်ခြင်းကို ခွဲစိတ်ပြုပြင်ခြင်း
ခေါင်းကိုက်သက်သာစေရန် Ibuprofen (Advil, Motrin) ကဲ့သို့ ဆေးဝါးများသောက်သုံးခြင်းတို့ပဲ ဖြစ်ပါတယ်။
အကယ်၍သင့်မှာ ကျန်းမာရေးပြဿနာတစ်ခုခုကြောင့် secondary empty sella ရောဂါစု ဖြစ်လာခဲ့ရင် သင့်ဆရာဝန်အနေနဲ့ ၎င်းပြဿနာကိုကုသဖို့ ဒါမှမဟုတ် ၎င်းရဲ့လက္ခဏာတွေ သက်သာပျောက်ကင်းစေဖို့ အဓိကဦးစားပေးသွားမှာ ဖြစ်ပါတယ်။
အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။