Dysmenorrhea (ရာသီလာစဉ်ကိုက်ခဲခြင်း) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe.

အဓိပ္ပါယ်ဖွင့်ဆိုချက်

Dysmenorrhea (ရာသီလာစဉ်ကိုက်ခဲခြင်း) ကဘာလဲ။

Dysmenorrhea ဆိုတာရာသီမလာခင်နဲ့ လာနေစဉ်မှာ ဝမ်းဗိုက် နာကျင်ကိုက်ခဲခြင်းကို ခေါ်ပါတယ်။ဆိုလိုတာကတော့ ဝမ်းဗိုက်အောက်ပိုင်းမှာ ဆွဲညှစ်ထားသလို နာကျင်မှုဖြစ်ပေါ်ခြင်းကို ခေါ်ပါတယ်။

အမျိုးသမီးအများစုဟာ ရာသီမပေါ်ခင်နှင့် ရာသီလာနေချိန် မှာနာကျင်ခြင်း ဝေဒနာကို ပိုပြီးခံစားရပါတယ်။ ဒီလို စိတ်ရှုပ်ထွေးစရာ နာကျင်မှုဟာ သက်သောင့်သက်သာ မဖြစ်စေပဲ သင့်ရဲ့နေစဉ် လုပ်ငန်းဆောင်တာတွေကိုပါ ထိခိုက်လာနိုင်ပါတယ်။

Dysmenorrhea (ရာသီလာစဉ်ကိုက်ခဲခြင်း) က ဘယ်လောက်အဖြစ်များသလဲ

ဒီရောဂါဟာ အမျိုးသမီးများ ရာသီလာချိန်တစ်ဝိုက် မှာ အဖြစ်များပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Dysmenorrhea (ရာသီလာစဉ်ကိုက်ခဲခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

ရာသီစက်ဝန်းအတွင်း နာကျင်ကိုက်ခဲတဲ့အခါ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့-

• ဝမ်းဗိုက်အောက်ပိုင်း နာကျင်ခြင်း (တစ်ခါတစ်ရံတွင် အလွန်အမင်းနာကျင်ခြင်း)၊
• ဝမ်းဗိုက်ကို ဖိထားသကဲ့သို့ နာကျင်ခြင်း၊
• တင်ပါးဆုံပိုင်း၊ ခါးနှင့်ပေါင်အတွင်းပိုင်းများတွင် နာကျင်ခြင်း၊
• ပျို့ခြင်း၊
• ဝမ်းပျော့ပျော့သွားခြင်း၊
• ခေါင်းကိုက်ခြင်း၊
• မူးဝေနုန်းချိခြင်း
စတဲ့လက္ခဏာတွေ ခံစားရနိုင်ပါတယ်။
အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အကယ်၍ သင်ဟာ အသက် ၂၅နှစ် ထက်ကြီးပြီး အလွန်နာကျင်တဲ့ ခံစားမှုမျိုး လတိုင်း ရာသီလာတဲ့အခါ ခံစားရရင် သို့မဟုတ် အထက်မှာ ဖော်ပြထားတဲ့ လက္ခဏာတွေထဲကမှ ပိုပြီးဆိုးလာလျှင် သင့်ဆရာဝန်နှင့် ပြသသင့်ပါတယ်။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Dysmenorrhea (ရာသီလာစဉ်ကိုက်ခဲခြင်း) ကိုဘာတွေကဖြစ်စေသလဲ

Endometriosis ရောဂါ-

၎င်းရောဂါတွင် သားအိမ်အတွင်းလွှာရှိ တစ်ရှူးများကို သားအိမ်အပြင်ဘက် ခန္ဓာကိုယ်ရဲ့ အခြားနေရာများ၌ တွေ့ရတတ်ပါတယ်။ များသောအားဖြင့် သားအိမ်ပြွန်များ၊ သားဥများ သို့မဟုတ် တင်ပါးဆုံပိုင်းတွင်းမှာ တွေ့ရတတ်ပါတယ်။

သားအိမ်တွင် အသားလုံးဖြစ်သောရောဂါ-
Adenomyosis ရောဂါ- ဒီရောဂါမှာ သားအိမ်ရဲ့ ဂလင်းတစ်ရှူးတွေဟာ သားအိမ်ကြွက်သားနံရံတွေထဲကို ထိုးဖောက် ဝင်ရောက်သွားပြီး နာကျင်မှုကို ခံစားရတာဖြစ်ပါတယ်။

သားအိမ်၊ သားအိမ်ပြွန်နှင့် မမျိုးအိမ်များ ရောင်ရမ်းခြင်း ရောဂါ-

လိင်မှတစ်ဆင့် ကူးစက်လာသော ဘတ်တီးရီးယားပိုးများက အမျိုးသမီးများရဲ့ မျိုးပွားအဂါင်္ကို ပိုးဝင်စေခြင်းကြောင့် ဖြစ်ပါတယ်။

သားအိမ်လည်တန် ကျဉ်းမြောင်းခြင်း၊ သားအိမ်လည်တန်အပေါက်ဟာ အရမ်းသေးငယ်နေမယ်ဆိုရင် ရာသီသွေးဆင်းတဲ့အခါ ထိခိုက်စေပြီး နာကျင်မှုကိုခံစားရကာ သားအိမ်ပေါ်ကိုလည်း ဖိအားများစေပါတယ်။ ဒီအခြေအနေတွေအားလုံးဟာ ရာသီလာစဉ် နာကျင်ခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။

Risk factors

Dysmenorrhea (ရာသီလာစဉ်ကိုက်ခဲခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

ရာသီစက်ဝန်းအတွင်း နာကျင် ကိုက်ခဲခြင်း ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်
• သင်ဟာ အသက်၃၀ အောက်အမျိုးသမီး ဖြစ်ခြင်း၊
• သင်ဟာအသက် ၁၁ နှစ်တွင် ရာသီစပေါ်ခြင်း၊ သို့မဟုတ် ငယ်ငယ်ရွယ်ရွယ်တွင် ရာသီသွေးစပေါ်ခြင်း၊
• ရာသီလာချိန်မှာ ပုံမှန်မဟုတ်ပဲ သွေးဆင်းခြင်း သို့မဟုတ် သွေးအများကြီးဆင်းခြင်း၊
• ကလေးတစ်ခါမှ မမွေးဖူးခြင်း၊
• မိသားစုတွင် ၎င်းရောဂါ ရာဇာဝင်ရှိခြင်း၊
• ဆေးလိပ်သောက်ခြင်း စတာတွေက ရာသီလာစဉ်နာကျင်မှုကို ဖြစ်နိုင်ခြေ ပိုပြီး များနိုင်ပါတယ်

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Dysmenorrhea (ရာသီလာစဉ်ကိုက်ခဲခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

သင့်ဆရာဝန်ဟာ သင့်ရဲ့ ရောဂါရာဇဝင်များကို မေးမြန်းပါလိမ့်မယ်။ ဒါ့အပြင် မျိုးပွားအဂါင်္များ ပိုးဝင်ခြင်းရှိမရှိ၊ ပုံမှန်ဟုတ်မဟုတ်ကို စမ်းသပ်စစ်ဆေးပါလိမ့်မယ်။

တကယ်လို့သင့်ရဲ့ ရာသီလာစဉ်နာကျင်ခြင်းဟာ အခြား အခြေခံအကြောင်းအရင်း တစ်ခုခုကြောင့် ဖြစ်မည်ဟု ဆရာဝန်ကယူဆလျှင် အောက်ပါစမ်းသပ် စစ်ဆေးမှု များကို ပြုလုပ်ပါလိမ့်မယ်။
• အာထရာစောင်း ရောက်ပြီး ၎င်းရဲ့ အသံလှိုင်းများမှ တစ်ဆင့် သင့်ရဲ့ သားအိမ်၊ သားအိမ်လည်တန်၊ သားအိမ်ပြွန်နှင့် သားဥအိမ်များကို စစ်ဆေးခြင်း၊
• သင့်ရဲ့ကလီစာများ၊ အရိုးများနှင့်အသားစ တစ်ရှူး များအကြောင်းကို ပို၍ အသေးစိတ်သိရှိရန် CT သို့်မဟုတ် MRI ရိုက်ပြီး အဖြေရှာအတည်ပြုပါလိမ့်မယ်။ ဝမ်းဗိုက်အတွင်း အဂါင်္အစိတ်အပိုင်းများအား ကိရိယာ သုံး၍ကြည့်ရှုစစ်ဆေးခြင်း- ၎င်းစစ်ဆေးမှုမှာသင့်ရဲ့ နာကျင်ခြင်း ဖြစ်စေရတဲ့ အကြောင်းအရင်းများကိုရှာဖွေရာမှာ ကူညီပါလိမ့်မယ်။

Dysmenorrhea (ရာသီလာစဉ်ကိုက်ခဲခြင်း) ကို ဘယ်လိုကုသပါသလဲ

ဆေးသောက်ခြင်း-

သင်ဟာ ရာသီမလာခင်မှာ အကိုက်အခဲပျောက်ဆေးတစ်ချို့ကို သောက်ထားပေးဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် ရောဂါသက်သာပြီး ၁ရက် သို့မဟုတ် ၂ရက်ထိ ဆက်သောက်ပေးသင့်ပါတယ်။

ဟိုမုန်းပါသောဆေးများသုံး၍ ကိုယ်ဝန်တားခြင်း-

သင်ဟာ သားဥကြွေခြင်းကို တားဆီးဖို့နှင့် ရာသီလာချိန် နာကျင်ခြင်းကို လျော့ကျ စေဖို့အတွက် ဆေးများသောက်နိုင်ပါတယ်။ ၎င်းဆေးများဟာ ထိုးဆေး၊ အရေပြားကပ်ခွာ၊ အရေပြားအောက်တွင် ထည့်၍မြှုပ်သော ကိုယ်ဝန်တားပစ္စည်း သို့မဟုတ် သင့်ရဲ့ မိန်းမကိုယ်ထဲကို ထည့်သွင်းနိုင်သောကွင်း သို့မဟုတ် သားအိမ်တွင်းထည့်ပစ္စည်း အားဖြင့်လည်း ရနိုင်ပါတယ်။

ခွဲစိတ်ကုသခြင်း-

တကယ်လို့ သင့်ရဲ့ရာသီလာချိန် နာကျင်ခြင်းဟာ အခြားကျန်းမာရေး ပြသနာကြောင့်ဖြစ်မယ်ဆိုလျှင် သင့်ဆရာဝန်က ခွဲစိတ်ကုသမှု ပြုလုပ်ပြီး ပြသနာကိုဖြေရှင်းရန် အကြံပေးပါလိမ့်မယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

တည်းဖြတ်သည့်နေ့ စကျတငျဘာ 29, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း စကျတငျဘာ 29, 2017

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ