မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar
နှင်းခူစိုသည်လက်ဖဝါး ခြေဖဝါးများပေါ်တွင်အရည်ကြည်ဖုလေးများပေါက်သော အရေပြားရောင်ရမ်းမှုဖြစ်စဉ် တမျိုးဖြစ်ပါသည်။ ထိုအရည်ကြည်ဖုလေးများသည် ၁-၂ မီလီမီတာရှိပြီး ၃ပတ်အကြာတွင် အနာကျက်သွားပါသည်။
အနာကျက်ပြီးနောက်နီရဲနေခြင်းမျိုးမရှိသော်လည်း ပြန်ဖြစ်နိုင်ချေရှိပါသည်။ မကြာခဏ ပြန်ဖြစ်သောအခါ အရေပြားအက်ကွဲကြောင်းများဖြစ်ခြင်း၊ ထူပြင်းလာခြင်းတို့ဖြစ်နိုင်ပါသည်။
နှင်းခူစိုသည် လက်အရေပြားရောင်ရမ်းသော ရောဂါများတွင် တတိယအဖြစ်များဆုံးရောဂါဖြစ်ပြီး အမျိုးသမီးများသည် အမျိုးသားများထက် ၂ဆပို အဖြစ်များကြောင်းတွေ့ရသည်။
နှင်းခူစိုဖြစ်သော သူတဝက်ခန့်သည် အရေပြားဓါတ်မတည့်ခြင်းကြောင့် ယားယံခြင်းများနှင့် တွဲလေ့ရှိကြောင်းလည်းတွေ့ရသည်။၎င်းသည်လည်း အတွေ့ရများသော နှင်းခူမျိုးပင်ဖြစ်ပါသည်။
သို့သော်နှင်းခူသည် ဖြစ်စေသောအကြောင်းများကို သေချာစွာသိလျှင် ကာကွယ်နိုင်သောကြောင့် သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်သည်။
အချို့သော အရည်ကြည်ဖုများကို အောက်ပါအတိုင်းတွေ့ရသည်။
ရောဂါကို စောစီးစွာသိပါက ပိုမဆိုးလာအောင်ကာကွယ်နိုင်သည့်အတွက် နှင်းခူစိုဖြစ်လျှင်သိသိခြင်း ဆရာဝန်နှင့် ပြခြင်းသည် အကောင်းဆုံးဖြစ်သည်။
သင့်ထံတွင် အထက်ပါ ရောဂါလက္ခဏာများ နှင် မေးစရာမေးခွန်းများရှိပါက ဆရာဝန်နှင့်တိုင်ပင်ပါ။ လူတယောက်နှင့် တယောက် ရောဂါ၏တုံပြန်ပုံခြင်းမတူညီသည့်အတွက် မိမိ၏အခြေအနေကို သိရှိကာထိရောက်စွာကုသနိုင်ရန် ဆရာဝန်နှင့်တိုင်ပင်သင့်သည်။
နှင်းခူစို ကိုဖြစ်စေသော အကြောင်းကို ယခုထိမသိသေးပါ။၎င်းရောဂါသည် အရေပြားဓါတ်မတည့်ခြင်းကြောင့် ယားယံခြင်းများ၊ ဓါတ်မတည့်ခြင်းကြောင့် အသက်၇ှုကျပ်ခြင်းစသည်တို့နှင့်ဆက်စပ်နေနိုင်ပြီး ရာသီအလိုက် အသက်ရှုလမ်းကြောင်းဆိုင်ရာ ဓါတ်မတည့်ခြင်းဖြစ်သော လူနာများတွင်လည်း ဖြစ်နိုင်သည်။
နှင်းခူစိုသည် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ စိတ်ဖိအားများသောအခါများတွင် ဖြစ်လေ့ရှိသည်။
စက်ရုံသုံး သတ္တုများဖြစ်သော ကိုဘော့၊ နီကယ် တို့သည် နှင်းခူစိုဖြစ်စေသည်။
အချို့သော အရာဝတ္ထုများနှင့် ထိတွေ့ပြီးလျှင် အရေပြားနီရဲတတ်သောသူများသည် နှင်းခူစိုဖြစ်နိုင်ချေများသည်။
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
နှင်းခူစိုသည် ဆရာဝန်စစ်ဆေးပြီးသိရှိသော အရေပြားရောဂါဖြစ်သည်။ မည်သည့် ဓါတ်ခွဲစမ်းသပ်မှုမျိုးမှ လုပ်ရန်မလိုပါ။ သို့သော် သင့်ဆရာဝန်က အခြားသော အရေပြားပြသနာများနှင့် မမှားရလေအောင် သေချာစေရန် စစ်ဆေးမှုအချို့ပြုလုပ်နိုင်ပါသည်။
ဥပမာ – အားကစားသမားများ၏ ခြေထောက်တွင် ဖြစ်သော နှင်းခူမျိုးကို အရေပြားကိုခြစ်ကာ မှိုရောဂါဟုတ်မဟုတ်စမ်းသပ်ခြင်းမျိုးလုပ်နိုင်ပါသည်။
အရေပြားဓါတ်မတည့်မှုကြောင့်ဖြစ်သော ရောဂါဟုတ်မဟုတ် သိရှိရန် သင့်အရေပြားပေါ်ကို ပစ္စည်းတမျိုးဖြင့် ထိတွေ့စေပြီးစမ်းသပ်နိုင်ပါသည်။
သင့်ရောဂါ အတိမ်အနက်ပေါ်မူတည်ပြီး ကုသမှုများကွာခြားပါသည်။
အားပြင်းသော စတီးရွိုက်ဆေးများကိုလိမ်းခြင်းဖြင့် နှင်းခူစိုကို လျှင်မြန်စွာပျောက်ကင်းနိုင်ပါသည်။ ဆေးလိမ်းထားသောနေရာကို ပလတ်စတစ်နှင့် ပတ်ထားခြင်း၊ အစိုဓါတ်ရှိအောင်ထားခြင်း စသည်တိုကကလည်း အရည်များကို ခြောက်စေသည်။
ပိုဆိုးသော နှင်းခူနာများအတွက် prednisolone သောက်ဆေးများကို ဆရာဝန်က ညွှန်ကြားမည်ဖြစ်ပြီး ထိုဆေးများသည် ရေရှည်သောက်လျှင် ဘေးထွက်ဆိုးကျိုးများစွာရှိနိုင်ပါသည်။
Tacrolimus (Protopic) နှင့် Pimecrolimus (Elidel) ဆေးများသည် စတီးရွိုက်မသောက်ချင်သောသူများအတွက် ကုသခြင်းဖြစ်ပြီး ဘေးထွက်ဆိုးကျိုးအနေဖြင့် အရေပြားပိုးဝင်လွယ်ခြင်းတို့ဖြစ်နိုင်သည်။
ဆရာဝန်အချို့က ပိုဆိုးသော နှင်းခူနာများအတွက် Botulinum Toxin ထိုးဆေးကို သုံးကြသည်။
အအေးဖြင့်ကပ်ခြင်းက သင့်အရေပြားယားယံမှုကို လျှော့ချပေးနိုင်ပါသည်။ အအေးဖြင့် ကပ်ပြီးမှ လိမ်းဆေးလိမ်းရန် သင့်ဆရာဝန်က အကြံပေးလိမ့်မည်။ အစိုဓါတ်ထိန်းခရင်မ် လိမ်းပေးခြင်းဖြင့်လည်း အသားခြောက်ခြင်းကြောင့် ယားယံခြင်းကို လျော့နည်းစေသည်။
လိမ်းသင့်သော အစိုဓါတ်ထိန်းခရင်မ်များမှာ
သင့်နေထိုင်စားသောက်ပုံပြောင်းလဲခြင်းတို့ဖြင့်လည်း ထပ်မဖြစ်လာအောင် ကာကွယ်နိုင်သည်။ နီကယ်၊ ကိုဘော့ စသည်တို့နှင့် ထိတွေ့ခြင်းကို ရှောင်ရုံသာမက ၎င်းတို့ပါသော အစားအစာများကို ပါရှောင်သင့်သည်။ အချို့က ဗီတာမင်အေ ကြွယ်ဝစွာစားခြင်းသည် နှင်းခူစိုကို သက်သာစေသည်ဟုပြောသည်။ သို့သော် ဆရာဝန်နှင့် တိုင်ပင်ပြီးမှစားသုံးခြင်းသည် ပိုကောင်းပါသည်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Kaung Thar
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။