အဓိပ္ပါယ်ဖွင့်ဆိုချက်

Dyshidrosis (နှင်းခူစို) ကဘာလဲ။

နှင်းခူစိုသည်လက်ဖ၀ါး ခြေဖ၀ါးများပေါ်တွင်အရည်ကြည်ဖုလေးများပေါက်သော အရေပြားရောင်ရမ်းမှုဖြစ်စဉ် တမျိုးဖြစ်ပါသည်။ထိုအရည်ကြည်ဖုလေးများသည် ၁-၂ မီလီမီတာရှိပြီး ၃ပတ်အကြာတွင် အနာကျက်သွားပါသည်။

အနာကျက်ပြီးနောက်နီရဲနေခြင်းမျိုးမရှိသော်လည်း ပြန်ဖြစ်နိုင်ချေရှိပါသည်။ မကြာခဏ ပြန်ဖြစ်သောအခါ အရေပြားအက်ကွဲကြောင်းများဖြစ်ခြင်း၊ ထူပြင်းလာခြင်းတို့ဖြစ်နိုင်ပါသည်။

Dyshidrosis (နှင်းခူစို) က ဘယ်လောက်အဖြစ်များသလဲ

နှင်းခူစိုသည် လက်အရေပြားရောင်ရမ်းသော ရောဂါများတွင် တတိယအဖြစ်များဆုံးရောဂါဖြစ်ပြီး အမျိုးသမီးများသည် အမျိုးသားများထက် ၂ဆပို အဖြစ်များကြောင်းတွေ့ရသည်။

နှင်းခူစိုဖြစ်သော သူတ၀က်ခန့်သည် အရေပြားဓာတ်မတည့်ခြင်းကြောင့် ယားယံခြင်းများနှင့် တွဲလေ့ရှိကြောင်းလည်းတွေ့ရသည်။၎င်းသည်လည်း အတွေ့ရများသော နှင်းခူမျိုးပင်ဖြစ်ပါသည်။

သို့သော်နှင်းခူသည် ဖြစ်စေသောအကြောင်းများကို သေချာစွာသိလျှင် ကာကွယ်နိုင်သောကြောင့် သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်သည်။

လက္ခဏာများ

Dyshidrosis (နှင်းခူစို) ရဲ့လက္ခဏာတွေကဘာတွေလဲ

အချို့သော အရည်ကြည်ဖုများကို အောက်ပါအတိုင်းတွေ့ရသည်။

  • ၃မီလီမီတာထက်သေးသော အဖုများ သည်လက်ချောင်းခြေချောင်းများ၏ ထိပ်၊ ဘေး နှင့် လက်ဖ၀ါး၊ ခြေဖ၀ါးများတွင်တွေ့ရသည်။
  • အရည်နောက်ပြီး အရေပြားထဲနက်သော အဖုများ သည်အသားနှင့် တပြေးတည်း သိုကမဟုတ် အနည်းငယ်သာကြွတက်နေခြင်းကြောင့် အလွယ်တကူပေါက်သွားခြင်းမျိုးမရှိပေ။ အရည်ဖုငယ်လေးများစုလာရာမှ ထိုအဖုကြီးများဖြစ်လာရသည်။
  • အရည်ဖုများသည် ယားခြင်း၊နာကျင်ခြင်း သို့မဟုတ် မည်သည့်လက္ခဏာမှမခံစားရခြင်းတို့ဖြစ်နိုင်သည်။ ထိုအဖုများသည် ဆပ်ပြာနှင့်အခြားဓာတ်မတည့်ပစ္စည်းများနှင့်ထိလျှင် ပိုယားလာပြီး ပိုဆိုးလာတတ်သည်။
  • အရည်ဖုများကို ကုတ်လျှင် ပေါက်သွားသော အရည်များသည် အနာဖေးများအဖြစ်ကျန်ခဲ့ကာ တခါတရံတွင် အရေပြားကွဲကြောင်းများအထိဖြစ်နိုင်ပါသည်။ ထိုသို့ဖြစ်လာလျှင် အရေပြားသည် ခြောက်လာပြီး အဖတ်များဖြစ်လာကာ နာကျင်သည်။ အနာကျက်ရန်လည်း အပတ်များစွာမှ လအထိကြာမြင့်သွားနိုင်သည်။
  • အရည်ဖုများမှထွက်လာသောအရည်များသည် အရေပြားဆဲလ်များကြားတွင်စုနေသသော သွေးရည်ကြည်များသာဖြစ်သည်။ သင်ထင်ထားသလို ချွေးရည်များမဟုတ်ပါ။
  • အချို့သူများတွင် အရည်ကြည်အဖုများ သည် လက်ဖ၀ါး၊ ခြေဖ၀ါးများတွင်တွေ့ရပြီးအကြိတ်ဖုများပါတွဲတွေ့ရနိုင်သည်။ ထိုသို့ဖြစ်လျှင် လက်တလျှောက်လုံးထုံကျသ်လာပြီး ဂျိုင်းအောက်တွင် အဖုအကြိတ်များထွက်လာနိုင်သည်။
  • နှင်းခူစိုဖြစ်သော လက် ၊ခြေတို့ရှိ လက်သည်းခြေသည်းများသည်လည်း အချိုင့်များဖြစ်လာနိုင်ပါသည်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

ရောဂါကို စောစီးစွာသိပါက ပိုမဆိုးလာအောင်ကာကွယ်နိုင်သည့်အတွက် နှင်းခူစိုဖြစ်လျှင်သိသိခြင်း ဆရာဝန်နှင့် ပြခြင်းသည် အကောင်းဆုံးဖြစ်သည်။

သင့်ထံတွင် အထက်ပါ ရောဂါလက္ခဏာများ နှင် မေးစရာမေးခွန်းများ၇ှိပါက ဆရာဝန်နှင့်တိုင်ပင်ပါ။ လူတယောက်နှင့် တယောက် ရောဂါ၏တုံပြန်ပုံခြင်းမတူညီသည့်အတွက် မိမိ၏အခြေအနေကို သိရှိကာထိရောက်စွာကုသနိုင်ရန် ဆရာဝန်နှင့်တိုင်ပင်သင့်သည်။

အကြောင်းရင်းများ

Dyshidrosis (နှင်းခူစို) ကိုဘာတွေကဖြစ်စေသလဲ

နှင်းခူစို ကိုဖြစ်စေသော အကြောင်းကို ယခုထိမသိသေးပါ။၎င်းရောဂါသည် အရေပြားဓာတ်မတည့်ခြင်းကြောင့် ယားယံခြင်းများ၊ ဓာတ်မတည့်ခြင်းကြောင့် အသက်၇ှုကျပ်ခြင်းစသည်တို့နှင့်ဆက်စပ်နေနိုင်ပြီး ရာသီအလိုက် အသက်ရှုလမ်းကြောင်းဆိုင်ရာ ဓာတ်မတည့်ခြင်းဖြစ်သော လူနာများတွင်လည်း ဖြစ်နိုင်သည်။

ဖြစ်နိုင်ခြေများ

 Dyshidrosis (နှင်းခူစို) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

  • စိတ်ဖိစီးမှု

နှင်းခူစိုသည် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ စိတ်ဖိအားများသောအခါများတွင် ဖြစ်လေ့ရှိသည်။

  • အချို့သော သတ္တုများနှင့်ထိတွေ့ခြင်း

စက်ရုံသုံး သတ္တုများဖြစ်သော ကိုဘော့၊ နီကယ် တို့သည် နှင်းခူစိုဖြစ်စေသည်။

  • နုနယ်သော အရေပြား

အချို့သော အရာဝတ္ထုများနှင့် ထိတွေ့ပြီးလျှင် အရေပြားနီရဲတတ်သောသူများသည် နှင်းခူစိုဖြစ်နိုင်ချေများသည်။

  • ဓာတ်မတည့်ခြင်းကြောင့်နှင်းခူ ဖြစ်နေသူ အချို့တွင်လည်း နှင်းခူစိုဖြစ်နိုင်သည်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Dyshidrosis (နှင်းခူစို) ကို ဘယ်လိုအတည်ပြုပါသလဲ

နှင်းခူစိုသည် ဆရာဝန်စစ်ဆေးပြီးသိရှိသော အရေပြားရောဂါဖြစ်သည်။ မည်သည့် ဓာတ်ခွဲစမ်းသပ်မှုမျိုးမှ လုပ်ရန်မလိုပါ။ သို့သော် သင့်ဆရာဝန်က အခြားသော အရေပြားပြသနာများနှင့် မမှားရလေအောင် သေချာစေရန် စစ်ဆေးမှုအချို့ပြုလုပ်နိုင်ပါသည်။

ဥပမာ – အားကစားသမားများ၏ ခြေထောက်တွင် ဖြစ်သော နှင်းခူမျိုးကို အရေပြားကိုခြစ်ကာ မှိုရောဂါဟုတ်မဟုတ်စမ်းသပ်ခြင်းမျိုးလုပ်နိုင်ပါသည်။

အေ၇ပြားဓာတ်မတည့်မှုကြောင့်ဖြစ်သော ရောဂါဟုတ်မဟုတ် သိရှိရန် သင့်အရေပြားပေါ်ကို ပစ္စည်းတမျိုးဖြင့် ထိတွေ့စေပြီးစမ်းသပ်နိုင်ပါသည်။

Dyshidrosis (နှင်းခူစို) ကို ဘယ်လိုကုသပါသလဲ

သင့်ရောဂါ အတိမ်အနက်ပေါ်မူတည်ပြီး ကုသမှုများကွာခြားပါသည်။

  • စတီးရွိုက်ဆေးများ

အားပြင်းသော စတီးရွိုက်ဆေးများကိုလိမ်းခြင်းဖြင့် နှင်းခူစိုကို လျှင်မြန်စွာပျောက်ကင်းနိုင်ပါသည်။ ဆေးလိမ်းထားသောနေရာကို ပလတ်စတစ်နှင့် ပတ်ထားခြင်း၊ အစိုဓာတ်၇ှိအောင်ထားခြင်း စသည်တိုကကလည်း အရည်များကို ခြောက်စေသည်။

ပိုဆိုးသော နှင်းခူနာများအတွက် prednisolone သောက်ဆေးများကို ဆရာဝန်က ညွှန်ကြားမည်ဖြစ်ပြီး ထိုဆေးများသည် ရေရှည်သောက်လျှင် ဘေးထွက်ဆိုးကျိုးများစွာရှိနိုင်ပါသည်။

  • အလင်းရောင်ကုထုံး
  • အထက်ပါကုသမှုများနှင့် အဆင်မပြေလျှင် ဆရာဝန်က အလင်းရောင်ကုထုံးဖြင့်ကုသရန် အကြံပေးလိမ့်မည်။ အလင်းရောင်ကုထုံး သည် ခရမ်းလွန်ရောင်ခြည်ပြခြင်း နှင့် သောက်ဆေးများဖြင့် တွဲကုရခြင်းဖြစ်ပြီး ထိုနည်းလမ်းဖြင့် သင့်အရေပြား၏ အလင်းရောင်စုပ်ယူမှုအားကောင်းစေသည်။
  • အရေပြား၏ တွန်းလှန်အားစနစ်ကိုလျှော့ချပေးသော လိမ်းဆေးများ

Tacrolimus (Protopic) နှင့် Pimecrolimus (Elidel) ဆေးများသည် စတီးရွိုက်မသောက်ချင်သောသူများအတွက် ကုသခြင်းဖြစ်ပြီး ဘေးထွက်ဆိုးကျိုးအနေဖြင့် အရေပြားပိုးဝင်လွယ်ခြင်းတို့ဖြစ်နိုင်သည်။

  • Botulinum Toxin ထိုးဆေး

ဆရာဝန်အချို့က ပိုဆိုးသော နှင်းခူနာများအတွက် Botulinum Toxin ထိုးဆေးကို သုံးကြသည်။

အအေးဖြင့်ကပ်ခြင်းက သင့်အရေပြားယားယံမှုကို လျှော့ချပေးနိုင်ပါသည်။ အအေးဖြင့် ကပ်ပြီးမှ လိမ်းဆေးလိမ်းရန် သင့်ဆရာဝန်က အကြံပေးလိမ့်မည်။ အစိုဓာတ်ထိန်းခရင်မ် လိမ်းပေးခြင်းဖြင့်လည်း အသားခြောက်ခြင်းကြောင့် ယားယံခြင်းကို လျော့နည်းစေသည်။

လိမ်းသင့်သော အစိုဓာတ်ထိန်းခရင်မ်များမှာ

  • ရေနံဆီမှထုတ်သော Vaseline ဂျယ်လီဆီ
  • Lubridem , Eucerin ခရင်မ်များ
  • သတ္တုဓာတ်ကြွယ်ဝသော အဆီများ
  • ဖန်ရည်စိမ်ခြင်း တို့ဖြစ်သည်။
  • နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများကိုပြုလုပ်ခြင်းဖြင့် နှင်းခူစိုဖြစ် သူများအတွက် ဘယ်လိုသက်ရောက်မှုရှိနိုင်သလဲ။

သင့်နေထိုင်စားသောက်ပုံပြောင်းလဲခြင်းတို့ဖြင့်လည်း ထပ်မဖြစ်လာအောင် ကာကွယ်နိုင်သည်။ နီကယ်၊ ကိုဘော့ စသည်တို့နှင့် ထိတွေ့ခြင်းကို ရှောင်ရုံသာမက ၎င်းတို့ပါသော အစားအစာများကို ပါရှောင်သင့်သည်။ အချို့က ဗီတာမင်အေ ကြွယ်ဝစွာစားခြင်းသည် နှင်းခူစိုကို သက်သာစေသည်ဟုပြောသည်။ သို့သော် ဆရာဝန်နှင့် တိုင်ပင်ပြီးမှစားသုံးခြင်းသည် ပိုကောင်းပါသည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ စကျတငျဘာ 2, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း စကျတငျဘာ 2, 2017

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ