Dry eyes (မျက်လုံးခြောက်ခြင်း) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar.

အဓိပ္ပါယ်ဖွင့်ဆိုချက်

Dry eyes (မျက်လုံးခြောက်ခြင်း) ကဘာလဲ။

မျက်ရည်လုံလုံလောက်လောက်မထွက်ခြင်းကြောင့်မျက်လုံးချောဆီသိပ်မရှိတော့ခြင်းဖြစ်သည်။ မျက်ရည်မလုံလောက်ခြင်းမှာအကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်သည်။ဥပမာ မျက်ရည်မလုံလောက်ခြင်း ထုတ်သောမျက်ရည်အရေအသွေးမကောင်းခြင်းတို့မရှိပါက မျက်လုံးခြောက်ခြင်းမဖြစ်နိုင်ပေ။

မျက်လုံးခြောက်ခြင်းသည် နေထိုင်မကောင်းဖြစ်စေသည်။ မျက်လုံးခြောက်ခြင်းရှိပါက မျက်လုံးသည် မူနေလိမ့်မည်။ မျက်လုံးခြောက်ခြင်းကို အခြေအနေအချို့ ဥပမာ လေယဉ်ပေါ်တွင် လေအေးပေးစက်ရှိသောအခန်းတွှုး ၊ စက်ဘီးစီးနေသောအချိန် သို့မဟုတ် ကွန်ပြူတာကိုနာရီအတော်ကြာကြည့်ပြီးချိန်များတွင်ဖြစ်တတ်သည်။

မျက်လုံးခြောက်ခြင်းကုသမှုသည် သင့်အားသက်တောင့်သက်သာရှိစေသည်။ထိုကုသမှုများတွင် လူနေမှုပုံစံပြောင်းလဲခြင်း နှင့် မျက်ဆေးခတ်ခြင်းတို့ပါဝင်သည်။ မျက်လုံးခြောက်ခြင်းလက္ခဏာသက်သာစေရန် ကုသမှုလိုအပ်သည်ဟု သေချာမဆိုနိုင်ပါ။

Dry eyes (မျက်လုံးခြောက်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

ဒီရောဂါဟာအလွန်အဖြစ်များပါတယ်။ ။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Dry eyes (မျက်လုံးခြောက်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

မျက်လုံးခြောက်ခြင်းရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော-

  • မျက်လုံးအတွင်း စူးရှသော ပူလောင်သောခံစားချက်ရခြင်း
  • ကပ်သောအချွဲများမျက်လုံးပတ်ပတ်လည်ရှိခြင်း
  • အလင်းမခံနိုင်ခြင်း
  • မျက်လုံးနီခြင်း
  • မျက်လုံးအတွင်းတစ်ခုခုဝင်နေသည်ခံစားရခြင်း
  • မျက်ကပ်မှန်တပ်ရန်ခက်ခြင်း
  • ညဘက်ကားမောင်းရန်ခက်ခြင်း
  • မျက်ရည်တရွှဲရွှဲဖြစ်နေခြင်း။မျက်လုံးခြောက်ခြင်းကိုခန္ဓာကိုယ်မှတုံပြန်ခြင်း
  • မျက်လုံးဝါးခြင်း သို့မဟုတ်ကိုက်ခြင်း 

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

 

သင့်ဆီမှာအထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲကတစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓာကိုယ်တုံ့ပြန်မှုဟာမတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကိုသင့်ဆရာဝန်နဲ့ တိုင်ပင်တာကအကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Dry eyes (မျက်လုံးခြောက်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

တခါတရံ သင့်မျက်ရည်စီးဆင်းသောစနစ်တွင် ပြသာနာရှိနေခြင်းဖြစ်နိုင်သည်။ သို့မဟုတ် လေအေးပေးစက် အပူပေးစက်နှင့် အခြား သင့်မျက်လုံးကိုခြောက်စေသောအရာများရှိခြင်းကြောင့်ဖြစ်နိုင်သည်။အခြားဖြစ်စေသောအကြောင်းများမှာ-

  • အသက်ကြီးလာခြင်း များသောအားဖြင့် ရာသီသွေးဆုံးပြီးခြင်း
  • အချို့ဆေးများ ဥပမာ ဟစ်စတာမင်းဆန့်ကျင်သောဆေး ၏ဆိုးကျိုးများ
  • မျက်ရည်မထုတ်နိုင်သောရောဂါများ ဂျော်ဒန်ရော်ဂါ၊ ရူမတွိုက်အဆစ်ယောင်ခြင်း နှင့် သွေးကြောအမျှင်ရောဂါများ။
  • မျက်ခွံမပတ်နိုင်သောပြသာနာများ

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Dry eyes (မျက်လုံးခြောက်ခြင်း) ဖြစ်နိုင်ခြေကိုဘ်ာတွေက မြင့်တက်စေသလဲ

မျက်လုံးခြောက်ခြင်း ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

အသက်ငါးဆယ်ကျော်ခြင်း။အသက်ကြီးလာသည်နှင့် မျက်ရည်ထုတ်နိုင်မှုကိုကျစေသည်။အသက်ငါးဆယ်ကျော်တွင်ပိုဖြစ်နိုင်သည်။

မိန်းမဖြစ်ခြင်း။မျက်ရည်မရှိခြင်းသည် မိန်းမတွင်ပိုဖြစ်တတ်သည်။ များသောအားဖြင့် ကိုယ်ဝန်ဆောင်ချိန် သန္ဓေတားဆေးသုံးချိန် နှင့် သွေးဆုံးချိန်တွင် ဟောမှန်းပြောင်းလဲမှုများကြောင့်ဖြစ်နိုင်သည်။

ဗီတာမင်အေ နည်းသောအစာစားခြင်း။ ဗီတာမင်အေသည် အသဲ မှန်လာဥ ပန်းဂေါ်ဖီ များတွင်တွေ့နိုင်ပြီး အိုမီဂါ ၃ ဖက်တီင်္းအက်စစ် ( ငါး အသီးအရွက်အဆီ) များတွင်နည်းသည်။

မျက်ကပ်မှန်တပ်ခြင်း။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Dry eyes (မျက်လုံးခြောက်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

မျက်လုံးခြောက်ခြင်းဟုတ်မဟုတ်ကိုစမ်းသပ်မှုများတွင်အောက်ပါတို့ပါဝင်သည်။

မျက်လုံးစမ်းသက်ခြင်း။မျက်လုံးစမ်းသက်ခြင်းတွင် သင့်ကျန်းမာရေး နှင့်မျက်လုံးအကြောင်းကိုအတိအကျမေးလိမ့်မည်။ထိုသို့မေးခြင်းက မျက်လုံးခြောက်ခြင်း အကြောင်းအရင်းကိုသိနိုင်သည်။ရှမီရာစမ်းသက်ခြင်းဖြင့် ဆရာဝန်မှ မျက်ရည်မည်မျှထွက်သည်ကိုစမ်းသက်လိမ့်မည်။ထိုစမ်းသက်ချက်တွက် စက္ကူလေးကို အောက်မျက်ခွံအောက်တွင်ကပ်ထားလိုက်သည်။ ငါးမိနှစ်ကြာချိန်တွင် ထိုစက္ကူအပြား သင့်မျက်နှာရည်စွတ်စိုမှုကိုတိုင်းတာသည်။

မျက်ရည်၏အရည်အသွေးကိုတိုင်းတာခြင်း။ အချို့စမ်းသက်မှုများတွင် အထူးပြုလုပ်ထားသော အရောင်စိုးဆေးကို မျက်ခတ်ဆေးတွင်ထည့်ဖြင်းဖြင့် မျက်လုံးအပေါ်လွာအခြေအနေကိုသိနိုင်သည်။မျက်ကြည်လွာတွင် ပြောင်းလဲမှုရှိမရှိ မည်မျှကြာသည်ကိုကြည့်လိမ့်မည်။

Dry eyes (မျက်လုံးခြောက်ခြင်း) ကို ဘယ်လိုကုသပါသလဲ

လုပ်နိုင်သောနည်းလမ်းအများရှိပါသည်။ မျက်စိဆရာဝန်ကိုဘာလုပ်ရမလဲမေးပါ။ ကုသမှုများတွင်

မျက်ရည်တု နှင့် အဆီ။ အသုံးအများဆုံးကုသမှုဖြစ်သည်။များသောအားဖြင့် ဆေးကောင်တာတိုင်းတွင်ဝယ်နိုင်သည်။ ထုတ်ကုန်သည် လူတိုင်းအတွက်မဟုတ်သောကြောင့်သင်နှင့်သင့်တော်သော ဆေးကိုရှာပါ။သင့်တွင်နှာတာရှည်မျက်စိခြောက်ခြင်းရှိပါက သင့်မျက်လုံး ကောင်းနေသောအချိန် သို့မဟုတ် စိုစွတ်မှုမလုံလောက်သောအချိန်တွင်ပါသုံးသင့်သည်။ သင့်အိပ်နေချိန်တွင် မျက်လုံးခြောက်ပါက အရည်အထူ ကိုညတွင်သုံးသင့်သည်။လေလုံသောမျက်မှန်သုံးရန်တွေးမိတတ်သည်။ သူတို့သည် မျက်လုံးအတွက် စိုထိုင်းစထိန်းပေးသောအခန်းအဖြစ်လုပ်ဆောင်ပေးလိမ့်မည်။

ခဏပြွန်ကိုပိတ်ထားခြင်း။ဆရာဝန်မှ သင့်မျက်ရည်စိးသော ပြွန်ကိုပိတ်ထားလိမ့်မည်။ ခဏတာ အစို့ (ခဏတာအတွင်းပျောက်သွားမည်) နှင့်စလိမ့်မည်။အလုပ်လုပ်ပေါ်မူတည်၍ ထာဝရ အစို့တက်ခြင်းကကောင်းမကောင်းကိုသိလိမ့်မည်။

မပျောက်သွားသောအစို့ နှင့် ပြွန်ကို ပိတ်ရာတွင် မီးဖြင့် အထွက်ပေါက်ကိုဖျက်စီးပြစ်ခြင်းပါဝင်သည်။ အကယ်၍ ခဏတာ အစို့ကောင်းမွန်စွာအလုပ်လုပ်ပါက ဆရာဝန်မှ ကြာရှည်ခံသောအရာကိုပြောင်းပေးလိမ့်မည်။သို့မဟုတ်ပါက မီးကိုအသုံးပြုခြင်းလုပ်လိမ့်မည်။သင့်စိတ်သက်သာဆေးရန်ဆေးပေးပြီး အထူးကိရိယာဖြင့် အဖွင့်အပေါက်ကိုပိတ်လိမ့်မည်။ ထိုအမာရွတ်က ထာဝရအစို့ဖြစ်စေသည်။ထိုလုပ်ဆောင်ချက်များသည် စီးဆင်းစေသောပြွန်များ( များသောအားဖြင့် မျက်လုံးမှ နာခေါင်း) ကိုပိတ်ခြင်းဖြင့်မျက်ရည်ကိုများလာစေသည်။ထိုအစို့များသည် ထုတ်ရလွယ်ပြီး တခါတရံ သူဟာသူထွက်ကျလာတတ်သည်။သင့်မျက်လုံးကိုနေသာထိုင်သာရှိစေပြီး မျက်ရည်တုလိုခြင်းကိုလျော့ချပေးနိုင်သည်

ဆေးပညာဆိုင်ရာပစ္စည်းများ ကအပူနှင့် ဖိအားတို့ကိုသုံးပြီး သင့်မျက်ခွံအတွင်းပိတ်နေသော အရည်အိတ်များကိုပြန်ပွင့်စေသည်။ထိုအရည်အိတ်များက မျက်ရည်ကိုထုတ်သည်။ ထိုကြောင့်မျက်လုံးအားစိုစွတ်စေပြိး မျက်ရည်ခမ်းခြင်းကိုလည်းကာကွယ်ပေးနိုင်သည်။

တက်စတိုစတီရုန်း ခရင်။အသုံးမများသော်လည်း မျက်ခွံရှိ အဆီအိတ်များအတွင်း တက်စတိုစတီရုန်းမရှိခြင်းကြောင့်ဖြစ်နိုင်သည်။ ဆရာဝန်မှ မျက်ခွံကိုလိမ်းရန် တက်စတိုစတီရုန်းကိုပေးလိမ့်မည်။ အဆီအိတ်များအလုပ်လုပ်မှုကိုကူညီပေးနိုင်သည်။

စိုက်ကရိုစပိုရင်(ရက်စတယ်စစ်) ထိုညွှန်ကြားချက်လိုသည့်မျက်ဆေးများက မျက်ရည်ထွက်မှုကိုများစေသည်။

လီဖီတီဂတ်( ဇီဒရာ)ထိုမျက်ဆေးများက တနေ့နှစ်ကြိမ်လိုပြီး မျက်ရည်ကိုထွက်စေသည်။

အခြားသောဆေးများ နှင့် အာဟာရ။သင်သည် စတီးရွိုက်ပါသောမျက်ဆေးကို အချိန်အနည်းငယ်သုံးနိုင်သည်။ ငါးအဆီ နှင့် အိုမီဂါ ၃ ကလဲ အကူအညီဖြစ်နိုင်သည်။ 

 

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းကမျက်စိခြောက်ခြင်းကိုကုသရာမှာဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများကသင့်အနေဖြင့် မျက်စိခြောက်ခြင်းကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာအကူအညီပေးနိုင်ပါတယ်။

  • မျက်ရည်တု
  • လေတိုက်များသောနေရာကိုရှောင်ခြင်း
  • ဆောင်းရာသီတွင် အနွေးပေးစက်သုံးခြင်း
  • မျက်လုံးအနားပေးခြင်း
  • ဆေးလိပ်ငွေ့ရှောင်ခြင်း
  • ရေနွေးကပ်ခြင်းနှင့် မျက်ခွံဆေးခြင်း
  • အိုမီဂါ ၃ ပါသောဖြည့်စွက်စာသုံးခြင်း

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ မတျ 14, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း မတျ 14, 2018

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ