အဓိပ္ပါယ်ဖွင့်ဆိုချက်

Dislocation (အဆစ်လွဲခြင်း) ကဘာလဲ။

အရိုးတစ်ခုဟာ ၎င်းရဲ့အဆစ်ကနေ ချော်ထွက်သွားလျှင် ( သို့)၎င်းရဲ့ ပုံမှန်အနေအထားကနေ အပြင်သို့ချော်ထွက်သွားလျှင် အရိုးအဆစ် လွဲခြင်းလို့ခေါ်ပါတယ်။လွဲထားဖူးတဲ့ အဆစ်တွေဟာ နောက်ပိုင်းမှာလည်း ခဏ ခဏ ပြန်လွဲနိုင် ပါတယ်။

Dislocation (အဆစ်လွဲခြင်း) က ဘယ်လောက်အဖြစ်များသလဲ

အဆစ်လွဲ ခြင်းဟာ ပခုံးနဲ့ လက်ချောင်းတွေမှာ အဖြစ်အများဆုံး ဖြစ်ပါတယ်။ အဆစ်လွဲချင်းဖြစ်နိုင်တဲ့ အခြား အစိတ်အပိုင်းတွေကတော့ တံတောင်ဆစ် ဒူးခေါင်းနဲ့ တင်ပါးဆုံရိုးတွေပဲဖြစ်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့ အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များ ထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Dislocation (အဆစ်လွဲခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

အဆစ်လွဲခြင်း ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့
• အဆစ်နေရာလွဲခြင်းကို အပြင်မှ မြင်နိုင်ခြင်း
• ဖောင်းလာခြင်း ( သို့) အရောင်ပြောင်းလာခြင်း
• လှုပ်ရှားသောအခါနာကျင်ခြင်း
• အဆစ်လွဲသွားသောနေရာများ တစ်ဝိုက်တွင် ထုံကျဉ်ခြင်း၊
• မလှုပ်ရှားနိုင်တော့ခြင်း စတာတွေ ဖြစ်ပါတယ်။
အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာ တစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓာကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Dislocation (အဆစ်လွဲခြင်း) ကိုဘာတွေကဖြစ်စေသလဲ

အဆစ်လွဲခြင်းဆိုတာ အရိုးပေါ်ကို မမျှတတဲ့အားနဲ့ ဒဏ်ပိသွားတာကြောင့်ဖြစ်ပါတယ်။သင်ရုတ်တရက် ချော်လဲ ပြုတ်ကျတဲ့အခါ ၊ အရိုက်ခံရတဲ့အခါ (သို့) ထိခိုက်ဒဏ်ရာ ရတဲ့ အခါတွေမှာ ဖြစ်တတ် ပါတယ်။

Risk factors

ငါ့ဆီမှာ Dislocation (အဆစ်လွဲခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

အရိုးအဆစ်လွဲခြင်း ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်
သင်ဟာ မတော်တဆ ပြုတ်ကျတဲ့အခါ သင့်လက်မောင်း (သို့) တင်ပါး (သို့) ပခုံးတွေနဲ့ မြေပြင်ကို ထောက်ဖို့ ကြိုးစားပါတယ်။ ဒီလိုအခါမျိုးတွေမှာလည်း အဆစ်လွဲ ခြင်း ဖြစ်နိုင်ပါတယ်။
လူအချို့ဟာမွေးကတည်းက အရိုးအဆစ်၌ တွယ်နေသောအရွတ်များ ချောင်နေလေ့ ရှိပါတယ်။ ဒီလိုဖြစ်ခြင်းဟာမတော်တဆ ဖြစ်ပြီးနောက် အဆစ်လွဲ ခြင်းကိုပိုမို ဖြစ်စေပါတယ်။
ဘောလုံးကစားခြင်း၊ ဘတ်စကတ်ဘောကစားခြင်းနဲ့ ကိုယ်ကာယလေ့ကျင့်ခြင်းအစရှိတဲ့ လေ့ကျင့်ခန်းတွေ လုပ်ရမှာလည်း ထိခိုက် ဒဏ်ရာရနိုင်ပါတယ်။ထိုအခါမှာအဆစ်လွဲခြင်း ဖြစ်စေနိုင်ပါတယ်။
ယာဉ်တိုက်မှုများဖြစ်သောအခါမှာလည်း အဆစ်လွဲနိုင်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Dislocation (အဆစ်လွဲခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

အဆစ်လွဲ ခြင်းဟုတ်မဟုတ် အဖြေရှာအတည်ပြုရာမှာ အဆစ်လွဲတဲ့နေရာပေါ်မှာ မူတည်ပါတယ်။ သင့်ဆရာဝန်က အောက်ပါတို့ကို လုပ်ဆောင်ပါလိမ့်မယ်။အဆစ်လွဲသောနေရာနှင့် အခြားကျိုးပဲ့ပျက်စီးသော အပိုင်းများကို ဓာတ်မှန် ရိုက်ပါလိမ့်မယ်။ လွဲသွားသော အဆစ်ဝန်းကျင်မှ အသားများ ထိခိုက်မှုကိုလည်း သံလိုက်ဓါတ်မှန် MRI ရိုက်ပြီး စစ်ဆေးပါလိမ့်မယ်။

Dislocation (အဆစ်လွဲခြင်း) ကို ဘယ်လိုကုသပါသလဲ

အဆစ်လွဲခြင်းကို ကုသဖို့ရာ RICE ဟု အတိုကောက်ခေါ်သော အနားပေးခြင်း၊ ရေခဲကပ်ခြင်း၊ ကျောက်ပတ်တီးစည်းခြင်းကဲ့သို့ကျပ်စည်းခြင်းနှင့် ၎င်းအပိုင်းကို ကြိုးနဲ့ မတင်ထားခြင်း စတာတွေကို ပြုလုပ်နိုင်ပါတယ်။ အချို့လူနာတွေမှာ RICE ဟာလွဲနေတဲ့ အဆစ်တွေကိုပုံမှန်နေရာကိုပြန်ရောက်အောင်ကူညီပေးနိုင်ပါတယ်။
သင့်ဆရာဝန်က လွဲနေတဲ့အဆစ်ကိုထိန်းရန် ကျပ်စည်းပစ္စည်းနဲ့ အ၀တ်ကိုသုံးပြီး အဆစ်ကိုမလှုပ်ရှားနိုင်အောင်လုပ်ကာ ရက်သတ္တပတ် အနည်းငယ်ထားပါလိမ့်မယ်။အကယ်၍ လွဲနေတဲ့အရိုးဆစ်တွေကို ပုံမှန်အနေအထားတိုင်းရောက်အောင် ပြန်မပြုပြင်နိုင်လျှင် ခွဲစိတ်ကုသမှုခံယူရန် လိုအပ်လာနိုင်ပါတယ်။
ကျောက်ပတ်တီးလိုမျိုး ကျပ် စည်းပစ္စည်းတွေနဲ့ အဝတ်ကိုဖယ်ပြီးတဲ့အခါမှာလည်း သင့်အဆစ်တွေရဲ့ လှုပ်ရှားမှုကို ချောမွေ့အောင် လေ့ကျင့်ခန်းလုပ်ခြင်းကဲ့သို့ ပြန်လည်သန်စွမ်းလာအောင်လည်း လုပ်ဆောင်ပေးရပါမယ်။

တည်းဖြတ်သည့်နေ့ ဇူလိုငျ 18, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း ဇူလိုငျ 18, 2017

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ
ပုံစံတူသောဆောင်းပါးများ
သရက်ရွက်ကလည်း ဆေးဖက်ဝင်ပါတယ်
သရက်ရွက်ကလည်း ဆေးဖက်ဝင်ပါတယ်