အဓိပ္ပါယ်ဖွင့်ဆိုချက်

Diarrhea (ဝမ်းပျက်ဝမ်းလျှောခြင်း) ကဘာလဲ။

ဝမ်းပျက်ဝမ်းလျှောခြင်းဆိုတာ ဝမ်းအရည်ကျဲကျဲတွေ ခဏခဏသွားခြင်းကို ခေါ်ပါတယ်။ ဒီလိုဖြစ်တာ ကြာတဲ့အပေါ်မူတည်ပြီး ဝမ်းပျက်ဝမ်းလျှောခြင်းကို (၃)မျိုး ခွဲခြားနိုင်ပါတယ်။
• ရုတ်တရက် ဝမ်းလျှောခြင်း(ရက်ပိုင်းအနည်းငယ်ကနေ တစ်ပတ်လောက်ထိ ကြာနိုင်ပါတယ်)
• အချိန်အတော်ကြာ ဝမ်းလျှောခြင်း (သုံးပတ်ဝန်းကျင် လောက်ထိ ကြာနိုင်ပါတယ်)
• နာတာရှည် ဝမ်းလျှောခြင်း (လေးပတ်ထက် ပိုပြီးကြာနိုင်ပါတယ်)

Diarrhea (ဝမ်းပျက်ဝမ်းလျှောခြင်း) က ဘယ်လောက်အဖြစ်များသလဲ

ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ ပျမ်းမျှအားဖြင့် အရွယ်ရောက်ပြီးသူတိုင်းဟာ တစ်နှစ်ကို လေးကြိမ်လောက် ဝမ်းပျက်ဝမ်းလျှော ဖြစ်လေ့ရှိကြပါတယ်။ အမျိုးသား အမျိုးသမီးမရွေး၊ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။
ဒီဝမ်းပျက်ဝမ်းလျှော ဖြစ်ခြင်းဟာ ခဏတာ ဖြစ်တဲ့ အပျော့စားမျိုးရှိသလို အသက်အန္တရာယ်ထိခိုက် တဲ့အထိ ဖြစ်လာနိုင်တဲ့အတွက် လူအများဟာ အကြံဥာဏ်အချို့ကို ရှာဖွေလိုအပ် လျက်ရှိပါတယ်။ ဝမ်းပျက်ဝမ်းလျှောခြင်းကို မကုသပဲ အချိန်အကြာကြီး ဖြစ်စေမယ်ဆိုရင် အူလမ်းကြောင်း ရောင်ရမ်းသည့်ရောဂါ (သို့) အူကိုလှုံ့ဆွမှုများခြင်းကြောင့် ဖြစ်သော ရောဂါ စတဲ့ ဆိုးဆိုးဝါးဝါး ရောဂါလက္ခဏာတွေကို ခံစားရနိုင်ပါတယ်။

လက္ခဏာများ

Diarrhea (ဝမ်းပျက်ဝမ်းလျှောခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

ဝမ်းပျက်ဝမ်းလျှောခြင်း ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့
• ဝမ်းအရည်ကျဲကျဲသွားခြင်း
• အစာအိမ်အောင့်၊ဗိုက်အောင့်ခြင်း
• အစာအိမ်ကျုံ့ညှစ်၍ နာကျင်ခြင်း
• ပျို့အန်ခြင်း
• ခေါင်းကိုက်ခြင်း
•အစားအသောက်ပျက်ခြင်း
• အမြဲလိုလို ရေငတ်နေခြင်း
• ဖျားခြင်း
• ရေဓာတ်ခမ်းခြောက်ခြင်း
• သွေးဝမ်းသွားခြင်း
• ဝမ်းအများကြီး သွားခြင်း
• အိမ်သာသို့ အမြဲလိုလို ပြေးနေရခြင်း စတာတွေ ဖြစ်ပါတယ်။
အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

 

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

နုနယ်သော ရင်ခွင်ပိုက်အရွယ် ကလေးငယ်များနဲ့ ခုန်ပေါက် ဆော့ကစားသောအရွယ် ကလေးများတွင် ဝမ်းပျက်ဝမ်းလျှောဖြစ်ခြင်း

ဝမ်းပျက်ဝမ်းလျှောခြင်းဟာ သင့်ရဲ့ ကလေးငယ်များအတွက်တော့ ဆိုးဝါးတဲ့ ဖျားနာမှုပဲဖြစ်ပါတယ်။ ဝမ်းပျက်ဝမ်းလျှော ဖြစ်လာရင် ကလေးမှာ ရေဓာတ်ဆိုးဆိုးဝါးဝါး ချို့တဲ့စေပြီး အချိန်ခဏလေး အတွင်းမှာပဲ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေဖြစ်သွားတတ်ပါတယ်။ သင့်ကလေးမှာ အောက်ပါ လက္ခဏာတွေ တွေ့ရပြီဆိုရင် သင့်ဆရာဝန်နဲ့ ချက်ချင်း ပြသသင့်ပါတယ်။

• ဆီးနည်းသွားခြင်း
• ကလေးရဲ့ပါးစပ်ဝန်းကျင်နဲ့ အာခေါင်ခြောက်သွေ့လာခြင်း
• နုံးချိနေခြင်း
• ခေါင်းကိုက်ခြင်း
• အရေပြားတင်းရင်းမှုမရှိပဲ ခြောက်လာခြင်း
• မှိန်းနေခြင်းစတာတွေဖြစ်ပါတယ်။
အကယ်၍ သင့်ကလေးမှာ အောက်ပါလက္ခဏာများမှ ဘာကိုပဲတွေ့ရသည် ဖြစ်စေ ချက်ချင်း ဆေးကုသမှုခံယူဖို့ ပြေး
ရမှာဖြစ်ပါတယ်။
• ရေဓာတ်ချို့တဲ့ခြင်းရဲ့ လက္ခဏာတွေဖြစ်တဲ့ ခြေဖျားလက်ဖျားတွေ အေးစက်လာခြင်း၊ အရေပြားအရောင်ဖျော့လာခြင်း၊ ဆီးသွားနည်းလာခြင်း၊ ဂနာမငြိမ်ဖြစ်လာခြင်း (သို့) မှိန်းသွားခြင်း
• အဖျားကြီးခြင်း
• ဝမ်းတွင် သွေးနဲ့ အချွဲများပါလာခြင်း
• ကတ်တရာစီးကဲ့သို့ ဝမ်းမည်းမည်းသွားခြင်း စတာတွေ ဖြစ်ပါတယ်။

 

လူကြီးများတွင် ဝမ်းပျက်ဝမ်းလျှောဖြစ်ခြင်း

သင့်မှာ အောက်ဖော်ပြပါအချက်အလက်တွေထဲက တစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။
• သင့်ဝမ်းထဲမှာ သွေးပါတယ်လို့ဆိုနိုင်တဲ့ ဝမ်းမည်းမည်း သွားခြင်း
• ပျို့အန့်ခြင်း
• အိပ်မရခြင်း
• ရေဓာတ်အလွန်အကျွံ ချို့တဲ့ခြင်း
• ကိုယ်အလေးချိန်ကျသွားခြင်း စတာတွေ ဖြစ်ပါတယ်။
သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓာကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Diarrhea (ဝမ်းပျက်ဝမ်းလျှောခြင်း) ကိုဘာတွေကဖြစ်စေသလဲ

ဝမ်းပျက်ဝမ်းလျှောခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေ အများကြီးရှိပါတယ်။ ဖြစ်နိုင်တဲ့ အရာတွေကတော့
• အစားအသောက်တွင် ပါသောဓာတ်တစ်ခုကို ချေဖျက်ရန် အင်ဇိုင်းမရှိသည့်အတွက် ဝမ်းလျှောရခြင်း (ဥပမာ- အချို့ကလေးများတွင် မိခင်နို့၌ပါသော lactose သကြားဓာတ်ကို ချေဖျက်ရန် အင်ဇိုင်းမထုတ်နိုင်သောကြောင့် ဝမ်းလျှောခြင်း)
• မတည့်သော အစာစားမိခြင်း
• အချို့ဆေးများ၏ ဘေးထွက်ဆိုးကျိုးကြောင့် ဝမ်းလျှောခြင်း
• အူလမ်းကြောင်းဆိုင်ရာ ရောဂါများရှိခြင်း စတာတွေ ဖြစ်ပါတယ်။

Risk factors

ငါ့ဆီမှာ Diarrhea (ဝမ်းပျက်ဝမ်းလျှောခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

အချို့ ရောဂါများကလည်း ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့ အပြင် နေ့စဉ်စားသောက်နေထိုင်တဲ့ အလေ့အထ အချို့ကလည်း ဝမ်းပျက်ဝမ်းလျှောခြင်းကိုဖြစ်နိုင်ပါတယ်။ ဥပမာအားဖြင့်
• အိမ်သာတက်ပြီးတိုင်း လက်ကို ပုံမှန်မဆေးခြင်း
• အစားအသောက်များ ပြင်ဆင်ချက်ပြုတ်ရာနဲ့ သိမ်းဆည်းရာတွင် သန့်ရှင်းလုံခြုံမှုမရှိခြင်း
• မီးဖိုချောင် နဲ့ အိမ်သာကို ပုံမှန်သန့်ရှင်းရေး မလုပ်ခြင်း
• သောက်ရေ သုံးရေမသန့်ရှင်းခြင်း
• အေးနေသော အစားအသောက်အကျန်များကို မနွေးပဲ စားသောက်ခြင်း
• လက်ကို ဆပ်ပြာနဲ့ မဆေးခြင်း စတာတွေကြောင့် လည်း ဖြစ်နိုင်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

 

Diarrhea (ဝမ်းပျက်ဝမ်းလျှောခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

သင် ဝမ်းပျက်ဝမ်းလျှောရခြင်းရဲ့ အကြောင်းရင်းကို အဖြေရှာ ဖို့ ဆရာဝန်က သင့်ရဲ့ ယခင် ကျန်းမာရေးဆိုင်ရာ ပြသနာတွေနဲ့ ရုပ်ပိုင်းဆိုင်ရာ စမ်းသပ်မှုတွေကို ပြုလုပ်ပါလိမ့်မယ်။ သင့်ဆရာဝန်က အောက်ပါ မေးခွန်းတွေကို မေးနိုင်ပါတယ်။
• သင်ခု ဘယ်လိုခံစားနေရလဲ?
• အိမ်သာ ဘယ်နှစ်ကြိမ်လောက်သွားနေရလဲ?
• ဝမ်းမပျက်ခင်လေးတင်က ဘာစားမိလိုက်လဲ?
• လတ်တလော ဘာဆေးတွေ သောက်ထားသေးလဲ?
• သင်တခြား ဘာလက္ခဏာတွေ ခံစားနေရသေးလဲ? စတဲ့ မေးခွန်းတွေပဲ ဖြစ်ပါတယ်။
အချို့အခြေအနေတွေမှာ သင့်ရောဂါ ကို ပိုသိနိုင်အောင် စစ်ဆေးမှုတွေ ထပ်လုပ်ဖို့ သင့်ကို တောင်းဆိုပါလိမ့်မယ်။ ဒီစစ်ဆေးမှုတွေကတော့
• သွေးစစ်ခြင်း
• ဆီးနဲ့ ဝမ်းစစ်ခြင်း
• စအိုကို စမ်းသပ်စစ်ဆေးခြင်း စတာတွေ ဖြစ်ပါတယ်။

 

Diarrhea (ဝမ်းပျက်ဝမ်းလျှောခြင်း) ကို ဘယ်လိုကုသပါသလဲ

ဝမ်းလျှောခြင်းဟာ အရမ်းမဆိုးဘူးဆိုရင် ဆုံးရှုံးသွားတဲ့ အရည်ပမာဏကို ပြန်ဖြည့်ပေးရုံနဲ့ ကုသနိုင်ပါတယ်။ ဆိုလိုတာကတော့ သင်ဟာ ရေနဲ့ ဓာတ်ဆားကို ပိုပြီး သောက်ပေးဖို့ ဖြစ်ပါတယ်။ ဝမ်းလျှောတာဆိုးတယ် ဆိုရင်တော့ သင့်သွေးကြောမှတစ်ဆင့် လိုအပ်တဲ့ အရည်ကို သွင်းပြီး ကုသရမှာ ဖြစ်ပါတယ်။ တကယ်လို့ ဘတ်တီးရီးယားပိုးကြောင့် ဖြစ်တဲ့ ဝမ်းလျှောခြင်းဆိုရင် သင့်ဆရာဝန်က ပဋိဇီဝပိုးသတ်ဆေးသောက်ဖို့ ညွှန်ကြားမှာ ဖြစ်ပါတယ်။
သင့်ဆရာဝန်(သို့) ဆေးဝါးကျွမ်းကျင် ပညာရှင်က (ဝမ်းလျှောရာမှာ ရေဓာတ်ဆုံးရှုံးထားမှုအတွက် ပြန်လည်ဖြည့်တင်းရန်/ ကာကွယ်ရန် ပါးစပ်ကသောက်ရသော) ဓာတ်ဆားရည် သောက်ဖို့ အကြံပေးပါလိမ့်မယ်။ ဒီဓာတ်ဆားရည်ဟာ သင်ဝမ်းလျှောတဲ့အခါ ဆုံးရှုံးသွားတဲ့ ဂလူးကို့စ်၊ ဆားနဲ့ အခြားအရေးကြီးတဲ့ သတ္တုဓာတ်တွေ သင့်ကို အစားပြန်ပေးနိုင်ပါတယ်။ ဓာတ်ဆားထုပ် ကို ဆရာဝန်ညွှန်ကြားချက်မပါပဲလည်း ဆေးဆိုင်တွေမှာ ဝယ်နိုင်ပြီး ဓာတ်ဆားရည်ဟာ ကလေးတွေအတွက်ရော လူကြီးတွေ အတွက်ပါ သင့်တော်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

ရင်းမြစ်များ

တည်းဖြတ်သည့်နေ့ ဖေ‌ဖော်ဝါရီ 20, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း ဖေ‌ဖော်ဝါရီ 20, 2018

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ