Diabetes Mellitus Type 1 (အမျိုးအစား ၁ ဆီးချို ) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

အဓိပ္ပါယ်ဖွင့်ဆိုချက်

Diabetes Mellitus Type 1 (အမျိုးအစား ၁ ဆီးချို ) ကဘာလဲ။

ဆီးချိုဆိုသည်မှာ သွေးတွင်းသကြားဓာတ်များသော ဇီဝရုပ်ဖြစ်ပျက်ခြင်းဆိုင်ရာ ကမောက်ကမရောဂါအုပ်စုတွင် ပါဝင်သောရောဂါဖြစ်ပါသည်။ အမျိုးအစား ၁ ဆီးချို သို့မဟုတ် အင်ဆူလင်ပေါ်မှီခိုသောဆီးချိုမှာ ဘ၀တစ်သက်တာ ခံစားရမည့်ရောဂါဖြစ်ပြီး တခြားသော ဆီးချိုးအမျိုးအစားများနှင့် ကွာခြားသည့်အချက်များမှာ ၎င်းသည် အင်ဆူလင်ချို့တဲ့ခြင်း၊ ကီတိုးဆစ်ဖြစ်နိုင်ခြင်း စသည်တို့ဖြစ်၏။ အင်ဆူလင်သည် သွေးတွင်းမှ သကြားဓာတ်အားထိန်းချုပ်ရာတွင် အခရာကျပါသည်။ ဆီးချိုရှိသူများတွင် သွေးတွင်၌သကြားဓာတ် များပြားနေသော်လည်း ဆဲလ်များအတွင်းသို့ သကြားဓာတ်မပို့နိုင်ဖြစ်လာရာမှ နှလုံး၊ မျက်လုံး၊ ကျောက်ကပ်၊ အာရုံကြောစနစ်၊ သွားဖုံးနှင့် သွားများဆီတွင် ပြင်းထန်သော နောက်ဆက်တွဲပြဿနာများကို ခံစားလာရနိုင်သည်။ အမျိုးအစား ၁ ဆီးချိုအား ကလေးဘ၀တွင်စတင်သာဆီးချိုအဖြစ် ညွှန်းဆိုကြသည်။ အဘယ်ကြောင့်ဆိုသော် အဖြစ်အများဆုံးမှာ ကလေးများနှင့် မြီးကောင်ပေါက်အရွယ်များတင် စတင်လေ့ရှိသောကြောင့်ဖြစ်သည်။

Diabetes Mellitus Type 1 (အမျိုးအစား ၁ ဆီးချို ) က ဘယ်လောက်အဖြစ်များသလဲ

အမျိုးအစား ၁ မှာ ၂လောက်အဖြစ်မများပါ။ အ အမျိုးသမီးများထက် အမျိုးသားများတွင် ပိုအဖြစ်များပြီး အထူးသဖြင့် မုန့်ချိုအိတ်ပြဿနာရှိသူများ၊ အမျိုးအစား ၁ မျိုးရိုးရှိသူများတွင် ပိုဖြစ်လေ့ရှိပါသည်။။ ကလေးငယ်များနှင့် မြီးကောင်ပေါက်အရွယ်များတွင် အတွေ့ရများပြီး အသက် ၄ – ၇ နှစ်နှင့် ၁၀ – ၁၄ နှစ်ကြားတွင် အတွေ့ရများ၏။ အရွယ်ရောက်လာသည်နှင့်အမျှ ၁၄ နှစ်နောက်ပိုင်း၌ ဖြစ်ပွားနှုန်းလျော့ကျသွားပါသည်။

လက္ခဏာများ

Diabetes Mellitus Type 1 (အမျိုးအစား ၁ ဆီးချို ) ရဲ့လက္ခဏာတွေကဘာတွေလဲ

အမျိုးအစား ၁ ဆီးချို  ၏ အဖြစ်အများဆုံး ရောဂါလက္ခဏာများမှာမြန်မြန်ကြီး ဖြစ်ပွားလာနိုင်ပါသည်။

  • အမြင်ေ၀၀ါးခြင်း
  • မကြာခဏဆီးသွားခြင်း
  • ရေအလွန်ငတ်ခြင်းနှင့် ဗိုက်အလွန်ဆာခြင်း
  • မကြာခဏ ပိုးဝင်ခြင်း
  • အချိန်တိုင်းလိုလို မောပန်းနေခြင်း
  • အနာကျက်နှေးခြင်း
  • ခြေထောက်များတွင် ထုံခြင်း ကျင်ခြင်း

ဘာကြောင့်မှန်းမသိ ကိုယ်အလေးချိန်ကျခြင်း

အထက်တွင်ဖော်ပြထားသည့်အထဲမှာမပါဝင်သေးသော အခြားလက္ခဏာများလည်း ရှိနိုင်ပါသေးသည်။ အကယ်၍ကိုယ့်ဆီ၌ ရောဂါလက္ခဏာတစ်ခုခုများ ရှိနေမလားဆိုပြီး စိုးရိမ်နေမည်ဆိုပါက ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲမှ တစ်ခုခုများရှိနေမည်ဆိုလျှင် သို့မဟုတ် မေးခွန်းတစ်ခုခုရှိနေမည်ဆိုပါက ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။ လူတိုင်း၏ခန္ဓာကိုယ်တုံ့ပြန်မှုသည် မတူညီနိုင်ပါ။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နှင့် တိုင်ပင်ခြင်းက အကောင်းဆုံးပင်။

အကြောင်းရင်းများ

Diabetes Mellitus Type 1 (အမျိုးအစား ၁ ဆီးချို ) ကိုဘာတွေကဖြစ်စေသလဲ

အမျိုးအစား ၁ ဆီးချိုမှာ မုန့်ချိုအိတ်ရှိ ဘီတာဆဲလ်များကို ကိုယ်ခံအားမှပြန်တိုက်ဖျက်စီးကြောင့် ဖြစ်လာရခြင်းဖြစ်ပြီး အင်ဆူလင်ကို လုံလုံလောက်လောက် မထုတ်လုပ်နိုင်တော့ခြင်းကြောင့် ဖြစ်ရပါသည်။ တစ်နည်းဆိုရလျှင် သွေးထဲမှ ဂလူးကို့စ်များကို စွမ်းအင်ထိန်းသိမ်းရန်အတွက် ဆဲလ်အတွင်းသို့စုပ်ယူရာတွင် ကူညီသော အင်ဆူလင် လုံလောက်စွာမရှိရမှာ သွေးတွင်းသကြားဓာတ် မြင့်မားလာခြင်းဖြစ်သည်။ တခြားသော အကြောင်းရင်းများမှ မုန့်ချိုအိတ်ကိုထိသော Cystic fibrosis နှင့် မုန့်ချိုအိတ်ရောင်ခြင်းကြောင့် ခွဲစိတ်ဖယ်ရှားလိုက်ရခြင်းတို့ကြောင့်လည်း ဖြစ်နိုင်ပါသည်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Diabetes Mellitus Type 1 (အမျိုးအစား ၁ ဆီးချို ) ဖြစ်နိုင်ခြေကိုဘ်ာတွေက မြင့်တက်စေသလဲ

အမျိုးအစား ၁ ဆီးချို  ဖြစ်ပွားနိုင်ချေကိုမြင့်စေသော အကြောင်းရင်းတစ်ချို့မှာ –

  • မျိုးရိုးရှိခြင်း – အမျိုးအစားတစ်ရှိသော မိဘ သို့မဟုတ် မောင်နှမရှိထားလျှင် ဖြစ်နိုင်ချေ အနည်းငယ်မြင့်နိုင်ပါသည်။
  • ဗီဇ – တစ်ချို့သောဗီဇများ ပါလာခြင်းက အမျိုးအစား ၁ ဆီးချိုဖြစ်နိုင်ချေကို တိုးစေပါသည်။
  • နေထိုင်ရာဒေသ – အမျိုးအစား ၁ ဆီးချို ဖြစ်ပွားနှုန်းမှာ ကွဲပြားခြားနားပါသည်။ ယေဘုယျအားဖြင့် မြောက်ပိုင်းဥရောပက တောင်ပိုင်းထက်ပိုအဖြစ်များ၏။ ရာသီဥတုသည်လည်း အပါအ၀င်ဖြစ်သော်လည်း မြေထဲပင်လယ်ဒေသမှ ဆာဒီနီးယားတွင် သီအိုဋ္ဌရီနှင့်ဆန့်ကျင်ပြီး ဖြစ်ပွားနှုန်းများနေပါသည်။ ဖင်လန်နှင့် ဆာဒီနီးယားတွင်နေသူများမှာ အမျိုးအစား ၁ ဆီးချိုဖြစ်နိုင်ချေ အများဆုံးဖြစ်ပြီး ယူအက်စ်ထက် သုံးပုံနှစ်ပုံပိုများ၏။ ဗင်နီဇွဲလားထက် အဆ ၄၀၀ ပိုအဖြစ်များ၏။ မကြာခင်နှစ်များက ယူအက်စ်နှင့် ဥရောပတွင် အမျိုးအစား ၁ ဆီးချိုဖြစ်ပွားနှုန်း မြင့်တက်လာကြောင့်တွေ့ရှိရသည်။
  • အသက် – အမျိုးအစား ၁ ဆီးချိုမှာ အသက်အရွယ်မရွေး ဖြစ်ပွားနိုင်သော်လည်း အဖြစ်များဆုံး အသက်နှစ်ခုရှိ၏။ ပထမတစ်ခုမှ အသက် ၄ နှစ်နှင့် ၇ နှစ်ကြားဖြစ်ပြီး ဒုတိယမှာ ၁၀ နှစ်နှင့် ၁၄ နှစ်ကြားတွင်ဖြစ်သည်။

အမျိုးအစား ၁ ဆီးချိုဖြစ်နိုင်သည့် တခြားသော အန္တရာယ်များကို စူးစမ်းလေ့လာထားသော်လည်း သက်သေမပြရသေးပါ။ ထိုအချက်များမှာ –

  • Epstein-Barr virus, Coxsackie virus, mumps virus and cytomegalovirus တို့လို ဗိုင်းရပ်စ်များနှင့် ထိတွေ့မိခြင်း
  • နွားနို့နှင့်အသက်ငယ်ငယ်တွင် စထိတွေ့မိခြင်း
  • ဗီတာမင်ဒီလယ်ဗယ်နည်းခြင်း
  • နိုက်ထရိုက်ပါသောရေကိုသောက်ရခြင်း
  • အစောဆုံး ၄ လ မတိုင်ခင် သို့မဟုတ် အနောက်ကျဆုံး ၇ လနောက်တွင် နှံစားသီးနှံများ ဂလူတင်များ ကလေးကိုထည့်ကျွေးခြင်း
  • ကိုယ်ဝန်ဆောင်စဉ် ကိုယ်ဝန်ဆိပ်တက်သော မိခင်မှမွေးသည့်ကလေး
  • အသားဝါနှင့်မွေးလာသောကလေး

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Diabetes Mellitus Type 1 (အမျိုးအစား ၁ ဆီးချို ) ကို ဘယ်လိုအတည်ပြုပါသလဲ

အောက်ပါအချက်များနှင့်တိုက်ဆိုင်လျှင် သင့်၌ဆီးချိုရှိကြောင်း အတည်ပြုနိုင်ပြီဖြစ်သည်။

  • အစားမစားပဲဂလူးကို့စ်စစ်ခြင်း – ≥ 7.0 mmol/L (≥ 126 mg/dL)
  • ဆီးချိုလက္ခဏာများနှင့် ကျပန်းဂလူးကိုစ်လယ်ဗယ်စစ်ခြင်း – ≥ 11.1 mmol/L (≥ 200 mg/dL)
  • အစာစားပြီး ၂ နာရီခြားဂလလူးကို့စ်လယ်ဗယ် – an oral glucose tolerance test လုပ်ရာတွင် ≥ 11.1 mmol/L (≥ 200 mg/dL)
  • Hemoglobin A1c >6.5% (HbA1c test)

သင့်၌ အမျိုးအစား ၁ ဆီးချိုကို အတည်ပြုပြီးပါက ဆရာဝန်နှင့်လစဉ်ပြသရမည်။ ထိုမှသာအောက်ပါတို့ကို လုပ်နိုင်မည်ဖြစ်သည်။

  • ထုံကျင်ခြင်းရှိမရှိ ခြေ လက် အရိုး အရေ များတွင် စစ်နိုင်ပုံအားသိနိုင်ခြင်း (ဆီးချိုကြောင့် အာရုံကြောထိခြင်း)။ နေ့စဉ်စစ်ဆေးရန်လိုကြောင်း လမ်းညွှန်ထား၏။
  • သွေးပေါင်ကိုစစ်ဆေးနိုင်မည်။
  • မျက်လုံးနောက်ဖက်အား အလင်းပါကိရိယာတစ်မျိုးဖြင့် စစ်ဆေးနိုင်ခြင်း
  • HbA1C အားစစ်နိုင်ခြင်း (ဆီးချိုထိန်းနိုင်ခြင်းရှိမရှိ ၆ လတစ်ကြိမ်စစ်ဆေးရမည်)

အောက်ပါစစ်ဆေးမှုများက သင့်ဆီးချိုရောဂါကို စောင့်ကြည့်ခြင်းနှင့် နောက်ဆက်တွဲများအား ကာကွယ်ခြင်းတို့အတွက် ဆရာဝန်အား အထောက်အကူပြုပါသည်။ ထို့အပြင် အောက်ပါတို့ကို တစ်နှစ်တစ်ကြိမ်စစ်ဆေးသင့်၏။

  • ကိုလက်စ်ထရောနှင့် ထရိုင်ဂလစ်စရိုက်လယ်ဗယ် စစ်ဆေးခြင်း
  • ကျောက်ကပ်လုပ်ငန်းစဉ်အား ကောင်းကောင်းလုပ်မလုပ် တစ်နှစ်တစ်ခါ စစ်ဆေးခြင်း (Glomerular filtration rate – eGFR, blood urea nitrogen – BUN, microalbuminuria and serum creatinine)
  • သွားသန့်ရှင်းရန် စစ်ဆေးရန်အတွက် ၆ လတစ်ကြိမ် သွားဆရာဝန်နှင့်ပြသခြင်း။ ထိုဆရာများကိုလည်း သင့်တွင်ဆီးချိုရှိကြောင်း ပြောပြထားရမည်။

Diabetes Mellitus Type 1 (အမျိုးအစား ၁ ဆီးချို ) ကို ဘယ်လိုကုသပါသလဲ

အမျိုးအစား ၁ ဆီးချိုမှာ မြန်မြန်ဆန်ဆန်စတင်တာကြောင့် လက္ခဏာများကလည်း ပြင်းထန်နိုင်သည်။ လတ်တလောမှ ရောဂါကိုအတည်ပြုထားသည်ဆိုလျှင် ဆေးရုံတက်သင့်၏။ အကယ်၍သင့်အား အမျိုးအစား ၁ရှိနေကြောင်း အတည်ပြုနိုင်ပါက သွေးတွင်းသကြားဓာတ်အား ကောင်းကောင်းမထိန်းနိုင်မချင်း တစ်ပတ်တစ်ခါ ပြသသင့်ပါသည်။

အမျိုးအစား ၁ ဆီးချိုအတွက် ကုထုံးများ

အင်ဆူလင်:

ယခုလက်ရှိတွင် အမျိုးအစား ၁ ဆီးချိုအား အရှင်းပျောက်အောင် မကုသနိုင်ပါ။ ထို့ကြောင့် အင်ဆူလင်မှာ သွေးတွင်းသကြားဓာတ်အားထိန်းရန် အကောင်းဆုံးသာဖြစ်သည်။ အိမ်မှာပင် အင်ဆူလင်ကို တစ်ရက် ၂-၃ ကြိမ် ထိုးနိုင်ပါသည်။ သွေးတွင်းသကြားဓာတ်နှင့်တိုက်ပြီး အင်ဆူလင်ပမာဏကိုချိန်ညှိရန် ဆရာဝန်နှင့်တိုင်ပင်ပါ။ အင်ဆူလင်များသွားလျှင် သွေးတွင်းသကြားဓာတ် ကျသွားနိုင်ပြီး အန္တရာယ်ရှိပါသည်။ အင်ဆူလင်အား အမျိုးမျိုးရရှိနိုင်ပါသည်။ (အာနိသင် အမြန်သက်ရောက်ခြင်း၊ အချိန်ကြာကြီးသက်ရောက်ခြင်း၊ နှစ်ခုအရော) သင့်အခြေအနေနှင့်ကိုက်ညီသည်ကို ဆရာဝန်မှ ညွှန်ကြားပါလိမ့်မည်။

ကျန်းမာသောအစားအသောက်:

ကျန်းမာသောအစားအသောက်မှာ ဂလူဒကို့စ်လယ်ဗယ်ကို ထိန်းရာတွင်အကူအညီရ၏။ နေ့စဉ် သကြားနှင့် ကစီဓာတ်စားသောက်မှုအား လိုအပ်သည့်ပမာဏအတိုင်း ထိန်းချုပ်ခြင်းမှာ အရေးပါပါသည်။ အစားအသောက်ပညာရှင်များက အစားအသောက်နှင့် ပါတ်သတ်ပြီး စီစဉ်ပေးပါလိမ့်မည်။

လေ့ကျင့်ခန်း:

လေ့ကျင့်ခန်းလုပ်ခြင်းက သွေးတွင်းသကြားဓာတ်ကို ထိန်းရာတွင်အကူအညီဖြစ်ပါသည်။ ထို့အပြင် နောက်ဆက်တွဲပြဿနာများအား ကာကွယ်နိုင်ရန် ခြေထောက်နှင့် မျက်လုံးအား ဂရုစိုက်သင့်ပါသည်။

တခြားဆေးများ:

Pramlintide (Symlin) သည် အမိုင်လင်ပုံစံတူထိုးဆေးတစ်မျိုးဖြစ်ပြီး အမျိုးအစား ၁ နှင့် ၂ တွင်အသုံးပြုနိုင်ပါသည်။ ၎င်းသည် အစာအိမ်မှအစာများ အူအတွင်းသို့အရောက်နှေးစေပြီး အစားစားပြီးစတွင်ဖြစ်တတ်သော သွေးတွင်းသကြားဓာတ်ထိုးတက်မှုကို နှေးသွားစေပါသည်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက အမျိုးအစား ၁ ဆီးချို  ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနှင့်အိမ်သုံးကုထုံးများက သင့်အနေဖြင့် အမျိုးအစား ၁ ဆီးချို  ကိုကုသသည့်နေရာနှင့် လိုက်လျောညီထွေဖြစ်အောင် လုပ်ရာတွင် အကူအညီပေးနိုင်ပါသည်။

  • သင့်အတွက်လုပ်ထားသော Diet အတိုင်း စားပါ။ အစားအသောက်များကို နေ့စဉ် တူညီသောအချိန်တွင်သာစားပါ။
  • လေ့ကျင့်ခန်းကောင်းကောင်းလုပ်ပြီး အိမ်ရေး၀၀အိပ်ပါ။
  • သွေးတွင်းသကြားဓာတ်လယ်ဗယ်ကို မှန်မှန်စစ်ပါ။ တစ်ရက်လျှင် ၄ – ၈ ကြိမ်ထိ စစ်ရန် လိုချင်လည်း လိုနိုင်ပါသည်။ သင့်၌ဖျားလျှင် အန်လျှင် ပျို့လျှင် အရည်အဖက်များမျိုမရလျှင် ဆရာဝန်နှင့်ပြသပါ။
  • သွေးတွင်းသကြားဓာတ်များ များပြားစွာပြောင်းလဲမှုဖြစ်သွားလျှင် ဆရာဝန်ကိုပြပါ။
  • တက်လျှင်၊ သို့မဟုတ် မနိုးလာလျှင် သတိမေ့သွားလျှင် ဆေးရုံကိုတန်းပို့ပါ
  • ခြေထောက်မှပုံမှန်မဟုတ်သည်များကို နေ့စဉ်လိုလိုစစ်ဆေးပါ။
  • ဆရာဝန်ညွှန်ကြားမှုကို ကောင်းကောင်းလိုက်နာပါ။

အကယ်၍သင့်၌ မေးခွန်းများရှိသည်ဆိုပါက သင့်အတွက်သင့်တော်သော အဖြေရှာဖွေနိုင်ဖို့ရာ ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

ရင်းမြစ်များ

တည်းဖြတ်သည့်နေ့ ဖေ‌ဖော်ဝါရီ 19, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း ဖေ‌ဖော်ဝါရီ 19, 2018

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ