backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Deviated Nasal Septum (နှာနုရိုးနေရာလွဲခြင်း )

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 02/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Deviated Nasal Septum (နှာနုရိုးနေရာလွဲခြင်း ) ကဘာလဲ။

နှာနုရိုးသည် နှာခေါင်းအတွင်းအား အခန်းနှစ်ခုအဖြစ် အညီအမျှပိုင်းခြားပေးသော နံရံတစ်ခုဖြစ်သည်။ ဖြစ်သင့်သည့် နှာနုရိုးသည် အလယ်တည့်တည့်တွင် ရှိရမည်ဖြစ်ပြီး နှာခေါင်းလေဝင်ပေါက်ကို ဘယ်နှင့်ညာ ညီတူမျှတူ ပိုင်းခြားနေရမည်ဖြစ်သည်။

သို့သော် ၈၀ % သော နှာနုရိုးများသည် အလယ်တွင်မဟုတ်ပါ။ ထိုအခြေအနေအား နှာနုရိုးနေရာလွဲခြင်းဟု ခေါ်၏။

နှာခေါင်းအတွင်းပိုင်းပုံစံကြောင့် လေအိတ်များတွင် နာတာရှည်ပိုးကူးစက်မှုကို အလွယ်တကူဖြစ်စေနိုင်သည်။ ရောဂါလက္ခဏာများသည် များသောအားဖြင့် တစ်ဖက်တည်းတွင်သာ အဖြစ်များသည်။ တစ်ခါတစ်ရံတွင် တစ်ကယ်ဖြစ်နေသည့်ဖက်ကမဟုတ်ပဲ တခြားတစ်ဖက်မှာသွားဖြစ်နေတာမျိုးလဲ ရှိသည်။

ဖြစ်ရပ်တစ်ချို့တွင် ကောက်နေသော နှာနုရိုးသည် လေအိတ်များမှ အရည်များစီးဆင်းမှုကို နှောက်ယှက်နိုင်ပြီး လေအိတ်ပိုးဝင်ခြင်း ခဏခဏဖြစ်တတ်ပါသည်။

Deviated Nasal Septum (နှာနုရိုးနေရာလွဲခြင်း ) က ဘယ်လောက်အဖြစ်များသလဲ

နှာနုရိုးနေရာလွဲခြင်းသည် ကမ္ဘာအနှံ့အဖြစ်များသော အကျိတ် (အမီလိုဘလက်စတိုးမားအကျိတ်)ပြီးနောက် ဒုတိယအဖြစ်များဆုံး ရောဂါဖြစ်သည်။

သို့သော် ရောဂါဖြစ်ပွားနိုင်သောအချက်အလက်များကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါသည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။

လက္ခဏာများ

Deviated Nasal Septum (နှာနုရိုးနေရာလွဲခြင်း ) ရဲ့လက္ခဏာတွေကဘာတွေလဲ

နှာနုရိုးနေရာလွဲခြင်းအများစုသည် ရောဂါလက္ခဏာမရှိပါ။ သင် နှာနုရိုးနေရာလွဲနေတာကို သိချင်မှတောင် သိပါလိမ့်မည်။ သို့သော် တစ်ချို့သော နှာနုရိုးပုံစံ မူမမှန်ခြင်းများသည် အောက်ပါတို့ကို ဖြစ်ပွားစေနိုင်ပါသည်။

နှာပေါက်တစ်ဖက် သို့ နှစ်ဖက်လုံးပိတ်ခြင်း

ထိုသို့ပိတ်လျှင် နှာပေါက်မှ အသက်ရှူရန်ခက်ခဲသည်။ အထူသဖြင့် အအေးမိသည့်အခါ (လေပြွန်အထက်ပိုင်း ပိုးဝင်ခြင်း) သို့မဟုတ် အလက်ဂျီထလျှင် ပိုခက်၏။

နှာခေါင်းသွေးယိုခြင်း – နှာနုမျက်နှာပြင် ခြောက်သွေ့လာသည့်အခါတွင် နှာခေါင်းသွေးထွက်နိုင်ပါသည်။

မျက်နှာနာကျင်ခြင်း – မျက်နှာနာကျင်ခြင်းကို ဖြစ်စေသော နှာနုအကြောင်းရင်းကို ငြင်းခုန်နေဆဲဖြစ်သော်လည်း ပြင်းထန်စွာ နှာနုရိုးနေရာလွဲခြင်းသည် နှာနုအတွင်းနံရံကို ထိခိုက်စေပြီး တစ်ခါတစ်ရုံ မျက်နှာတစ်ခြမ်း နာကျင်မှုကို ဖြစ်ပေါ်စေနိုင်ပါသည်။

အိပ်ပျော်နေစဉ်အသက်ရှုသံညံနေခြင်း – နှာနုရိုးနေရာလွဲခြင်းဖြစ်နေသော သို့မဟုတ် နှာခေါင်းအတွင်းသားများ ရောင်ရမ်းနေသော မွေးကင်းစမှတစ်နှစ်သားများနှင့် ကလေးငယ်များတွင် အဖြစ်များ၏။

နှာခေါင်းပိတ်သည့်စက်ဝိုင်းကို သတိပြုပါ – တစ်ဖက်ပိတ်ပြီးနောက် တစ်ခြားဖက်ပိတ်ခြင်း တစ်လှည့်စီသည် ပုံမှန်ဖြစ်သည်။ ဤသည်ကို နှာခေါင်းပိတ်စက်ဝိုင်းဟုခေါ်၏။ နှာခေါင်းပိတ်စက်ဝိုင်းသည် သဘာဝအဖြစ်အပျက် ဖြစ်သော်လည်း ၎င်းပုံမှန်မဟုတ်ခြင်းကို သတိထားမိပါက ပုံမှန်မဟုတ်သည့် နှာခေါင်းပိတ်ခြင်းမျိုး ဖြစ်နေကြောင်းကို သိနိုင်ပါသည်။

တစ်ဖက်တည်းသို့သာလှည့်အိပ်လိုခြင်း – တစ်ချို့လူများသည် ညအခါတွင် နှာခေါင်းမှ အသက်ရှူရလွယ်ကူစေရန် တစ်ဖက်တည်းသို့သာ စောင်းအိပ်တတ်ကြသည်။ နှာနုရိုးနေရာလွဲခြင်းကြောင့် နှာပေါက်တစ်ဖက် ကျဉ်းနေသည့်အတွက် ထိုသို့အိပ်ရခြင်း ဖြစ်နိုင်ပါသည်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

စောလျင်စွာ သိရှိကုသခြင်းဖြင့် အခြေအနေများ ပိုဆိုးမလာအောင် နောက်ထပ် အရေးပေါ်အခြေအနေများမဖြစ်အောင် တာဆီးနိုင်ပါသည်။ ထို့ကြောင့် ပြင်းထန်သည့်အခြေအနေကို ကာကွယ်ရန် စောနိုင်သမျှ စောအောင် ဆရာဝန်နှင့် ဆွေးနွေးပါ။

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲမှ တစ်ခုခုများရှိနေမယ်ဆိုလျှင် သို့မဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုလျှင် ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။

လူတိုင်း၏ခန္ဓါကိုယ်တုံ့ပြန်မှုသည် မတူညီနိုင်ပါ။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နှင့် တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Deviated Nasal Septum (နှာနုရိုးနေရာလွဲခြင်း ) ကိုဘာတွေကဖြစ်စေသလဲ

နှာနုရိုးနေရာလွဲခြင်းကို အောက်ပါတို့ကြောင့် ဖြစ်စေနိုင်ပါသည်။

မွေးရာပါအခြေအနေ – တစ်ချို့ဖြစ်ရပ်များတွင် နှာနုရိုးနေရာလွဲခြင်းသည် သန္ဓေသား ဖွံဖြိုးစတွင် ဖြစ်လာပြီး မွေးဖွားစဉ် ပိုသိသာတာမျိုးဖြစ်သည်။

နှာခေါင်းထိခိုက်မိခြင်း – နှာနုရိုးနေရာလွဲခြင်းသည် နှာနုရိုးနေရာလွဲလောက်အောင် ထိခိုက်မိခြင်းကြောင့်လည်း ဖြစ်နိုင်ပါသည်။

ဖြစ်နိုင်ခြေများ

Deviated Nasal Septum (နှာနုရိုးနေရာလွဲခြင်း ) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

နှာနုရိုးနေရာလွဲခြင်း ဖြစ်ပွားနိုင်ချေကိုမြင့်စေသော အကြောင်းရင်းများစွာရှိပါသည်။

ဥပမာအားဖြင့်-

အများနှင့်ကစားရသော အားကစားများ

စက်တပ်ယာဉ်စီးလျှင် ထိုင်ခုံခါးပတ်မပတ်ခြင်း

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Deviated Nasal Septum (နှာနုရိုးနေရာလွဲခြင်း ) ကို ဘယ်လိုအတည်ပြုပါသလဲ

ဆေးခန်းလာပြစဉ် ဆရာဝန်မှ သင်ခံစားနေရသည့် လက္ခဏာများကို အရင်မေးပါလိမ့်မည်။ နှာခေါင်းအတွင်းသို့ စစ်ဆေးကြည့်ရန်အတွက် ဆရာဝန်မှ အလင်းစူးစူးကိုအသုံးပြုကာ တစ်ခါတစ်ရံ Nasal speculum ခေါ်သော နှာခေါင်းပေါက် ချဲ့ကိရိယာနှင့် စစ်ဆေးပါလိမ့်မည်။

တစ်ခါတစ်ရံတွင် ဆရာဝန်မှ ကင်မရာနှင့် အလင်းတပ်ထားသော ပြွန်သေးသေးလေးကိုသုံးကာ နှာခေါင်းနောက်ထဲထိ ကြည့်ရှု့စစ်ဆေးနိုင်ပါသည်။

နှာပိတ်ခြင်းကိုသက်သာစေသည့် စပရေး မဖြန်းခင်နှင့် ဖြန်းပြီးနောက် နှာခေါင်းတစ်ရှူးများကို လေ့လာကြည့်ပြီး နှာခေါင်းအတွင်း၌ နှာပိတ်စေသည့် အကြောင်းရင်းရှိမရှိ ကြည့်ပါလိမ့်မည်။

ထိုစမ်းသပ်မှုကိုမူတည်ကာ နှာနုရိုးနေရာလွဲခြင်းနှင့် သင့်အခြေအနေ ဘယ်လောက်ဆိုးသည်ကို ဆုံးဖြတ်ပေးပါမည်။ ဆရာဝန်သည် နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုမဟုတ်ပါပဲ ကုသရန်လဲ လိုအပ်နေသည်ဆိုပါက သင့်အား ဆက်လက်ကုသရန် အထူးကုဆီသို့ လွှဲပေးနိုင်ပါသည်။

Deviated Nasal Septum (နှာနုရိုးနေရာလွဲခြင်း ) ကို ဘယ်လိုကုသပါသလဲ

ဒုက္ခရောက်လောက်အောင် နှာခေါင်းသွေးထွက်ခြင်း သို့မဟုတ် ခဏခဏနှာခေါင်းလေအိတ်များ ပိုးဝင်ခြင်း ဖြစ်နေပါက ခွဲစိတ်ကုသမှုကို လမ်းညွှန်ပါလိမ့်မည်။ တစ်ချို့အခြေအနေများတွင် အပိုဆောင်း စစ်ဆေးမှုများ လုပ်ရနိုင်ပါသည်။

Septoplasty ဆိုသည်မှာ နှာပေါက်တစ်လျှောက် ခွဲစိတ်ပြီး ပြင်ပလက္ခဏာများ သွေးခြေဥခြင်းများ မဖြစ်စေသော ခွဲစိတ်မှုြုဖစ်သည်။ ခွဲစိတ်နေစဉ် ဆိုးဝါးစွာ နေရာလွဲနေသော နှာနုရိုးအား အကုန် ဖယ်ရှားလိုက်ခြင်း သို့မဟုတ် ပြုပြင်ပြင်ဆင်ကာ နှာခေါင်းအတွင်း ပြန်ထည့်ခြင်းမျိုး ပြုလုပ်နိုင်ပါသည်။

နှာနုရိုးနေရာလွဲခြင်းသည် သင့်ဘဝအား နှောက်ယှက်မှု ဘာမှမရှိသော်လည်း သင့် အအေးမိ အလက်ဂျီထသည့်အခါတွင် သက်တောင့်သက်သာ မရှိပါက ဆရာဝန်မှ စီမံနိုင်မည့် နည်းလမ်းများကို ညွှန်ပါလိမ့်မည်။

Decogestants (နှာပိတ်သက်သာဆေးများ) – နှာပိတ်သက်သာဆေးများသည် နှာခေါင်းတစ်ရှူးများ ဖောင်းကြွခြင်းကို လျော့ချပေးပြီး နှာခေါင်းပေါက်နှစ်ခုလုံး လေဝင်ထွက်ကောင်းစေရန် အထောက်အကူပြုပါသည်။

Antihistamines – Antihistamine များသည် အလက်ဂျီလက္ခဏာများဖြစ်သည့် နှာပိတ်ခြင်း နှာရည်ယိုခြင်းများကို ကာကွယ်ပေးပါသည်။

နှာခေါင်းစတီးရွိက်စပရေးများ – နှာခေါင်းစတီးရွိက် စပရေးများသည် နှာခေါင်းလမ်းကြောင်းအတွင်းမှ ရောင်ရမ်းမှုကိုကျစေပြီး ပိတ်ခြင်း နှာရည်ယိုခြင်းများအတွက် အထောက်အကူပေးပါသည်။

ဆေးများသည် ဖောင်းကြွနေသော အကျိချွဲအမြှေးပါးအား သက်သာစေရုံသာဖြစ်ပြီး နှာနုရိုးနေရာလွဲခြင်းကို ကုသပေးသည်မဟုတ်ပါ။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက နှာနုရိုးနေရာလွဲခြင်း ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ပါသတိပေးချက်များကို လိုက်နာခြင်းဖြင့် နှာနုရိုးနေရာလွဲခြင်းကို ဖြစ်စေနိုင်သည့် နှာခေါင်းထိခိုက်မိခြင်းများကို ကာကွယ်နိုင်မည်ဖြစ်သည်။

လူအများနှင့်ကစားရသည့် ဘောလုံး၊ ဘောလီဘော ကစားရာတွင် အကာကွယ်ရသည့် ဦးထုပ်များ မျက်နှာကာများကို သုံးပါ။

စက်တပ်ယာဉ်များစီးလျှင် ထိုင်ခုံခါးပတ်ပတ်ပါ။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုလျှင် သင့်အတွက်သင့်တော်သော အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 02/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement