backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Cystic Fibrosis (မျိုးရိုးဗီဇဆိုင်ရာ အဆီ၊အချွဲ၊ ချွေး၊ တံတွေး၊ အရည်များထုတ်သော ဂလန်းများ ပျက်စီးသော ရောဂါ )


Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 11/07/2017 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Cystic Fibrosis (မျိုးရိုးဗီဇဆိုင်ရာ အဆီ၊အချွဲ၊ ချွေး၊ တံတွေး၊ အရည်များထုတ်သော ဂလန်းများ ပျက်စီးသော ရောဂါ ) ကဘာလဲ။

Cystic fibrosis (CF) ဆိုသည်မှာ ချွေးနှင့် အချွဲအကျိများ ထွက်သောဆဲလ်များကို ထိခိုက်စေသော ဘဝတစ်လျှောက် လုံးဖြစ် သော ရောဂါတစ်မျိုး ဖြစ်ပါသည်။ အချွဲအကျိသည် အမြှေးပါးများကို ချောမွတ်ပြီး ကာကွယ်ပေးသော ချောသော အတော်အတင့် စေးကပ်သော အရည်တစ်မျိုး ဖြစ်ပါသည်။ CF အချွဲအကျိသည် ပုံမှန်မဟုတ်စွာ ထူပြီး စေးကပ်ပါသည်။ အဆုတ်အား ပိတ်ဆို့စေပြီး အဆုတ် ရောဂါပိုးကူးစက်မှုကို ဖြစ်စေပါသည်။

CF သည် ကို လည်း ထိခိုက်စေကာ အစာခြေရန် လိုအပ်သော အင်ဇိုင်းဟုခေါ်သည့် အထူးဓါတု ပစ္စည်းများ ထုတ်လုပ်မှုကို ခက်ခဲစေပါသည်။ အင်ဇိုင်းများ မရှိပါက အစာမှ အာဟာရများ မစုပ်ယူနိုင်ပါ။

Cystic Fibrosis (မျိုးရိုးဗီဇဆိုင်ရာ အဆီ၊အချွဲ၊ ချွေး၊ တံတွေး၊ အရည်များထုတ်သော ဂလန်းများ ပျက်စီးသော ရောဂါ ) က ဘယ်လောက်အဖြစ်များသလဲ

CF သည် မြောက်ဥရောပတွင် အဖြစ်များသော မျိုးဗီဇ ရောဂါ ဖြစ်ပါသည်။ CF ဖြစ်သောလူများသည် ဘဝ သက်တမ်း တိုပါသည်။ သို့သော် ခေတ်မီသော ကုသမှုများ ဖြင့် CF ဖြစ်သောသူများသည် အသက် အလယ်အလတ် သို့ မဟုတ် အသက်ကြီးသည်အထိ နေထိုင်သွားနိုင်ပါသည်။

လက္ခဏာများ

Cystic Fibrosis (မျိုးရိုးဗီဇဆိုင်ရာ အဆီ၊အချွဲ၊ ချွေး၊ တံတွေး၊ အရည်များထုတ်သော ဂလန်းများ ပျက်စီးသော ရောဂါ ) ရဲ့လက္ခဏာတွေကဘာတွေလဲ

Cystic fibrosis ၏ ရောဂါလက္ခဏာများသည် ရောဂါ၏ ဆိုးရွားမှုအပေါ် မူတည်၍ ကွဲပြားပါသည်။

အထက်တွင် ဖော်ပြ မထားသော အခြားလက္ခဏာ များလည်းရှိနိုင်ပါသည်။ အကယ်၍ သင့်ဆီတွင် ရောဂါ လက္ခဏာ တစ်ခုခုများ ရှိနေသည်ဟု စိုးရိမ်မိပါက ဆရာဝန်နဲ့ ဆွေးနွေး တိုင်ပင် သင့်ပါသည်။ cystic fibrosis ဖြစ်သော သူများသည် ချွေးအတွင်းတွင် သာမန်ပမာဏထက် ဆားပို ၍ ပါဝင်နေပါသည်။ မိဘများသည် ကလေးအား နမ်းခြင်းဖြင့် ဆား အရသာကို ခံနိုင်ပါသည်။

အခြား ရောဂါလက္ခဏာ များမှာ

အသက်ရှူလမ်းကြောင်းဆိုင်ရာ လက္ခဏာများ

CF ရှိသောသူများသည် အသက်ရှူလမ်းကြောင်းအား ပိတ် ဆို့စေသော ထူ၍ စေးကပ်သော အချွဲအကျိများ ရှိပါသည်။ ထိုသို့ အချွဲအကျိ စုပုံခြင်းသည် ဘတ်တီးရီးယားများ ကြီး ထွားစေရန်နှင့် ရောဂါပိုးဝင်ရန် လွယ်ကူစေပါသည်။ ရောဂါ ပိုးဝင်ခြင်းသည် အသက်ရှူလမ်းကြောင်းကို ပိတ်နိုင်ပြီး မကြာခဏ ချောင်းဆိုးခြင်းကို ဖြစ်စေသည်။ သလိပ်ထူများ ကို ထွက်စေပြီး တစ်ခါတစ်ရံ သွေးပါတတ်ပါသည်။

CF ရှိသောသူများသည် ထိပ်ခတ်နာဖြစ်ခြင်း၊ အဆုတ် ရောင်ခြင်း နှင့် အဆုတ်ရောဂါ များကို ဖြစ်စေပြီး စံသတ်မှတ် ထားသော ပဋိဇီဝဆေးများကို တုံ့ပြန်ခြင်း မရှိတော့ပါ။ CF သည် ပိုဆိုးလာပါက အဆုတ်ကို ကာထားသည့် အမြှေးပါး အတွင်း လေဝင်ခြင်း၊ လည်ချောင်းရှိ အသက်ရှူပြွန် ဆန့် ကားခြင်း စသော ဆိုးရွားသော ပြဿနာများ ဖြစ်ပေါ်စေပါ သည်။

အစာခြေလမ်းကြောင်းဆိုင်ရာ လက္ခဏာများ

CF တွင် အချွဲအကျိများသည် သရက်ရွက်ရှိ ပြွန်များ ကို ပိတ်စေပါသည်။ ထိုပိတ်ဆို့မှုကြောင့် အင်ဇိုင်းများသည် အူသို့ မရောက်ရှိတော့ပါ။

ရလဒ်အနေဖြင့် အူသည် အဆီနှင့် ပရိုတိန်းများကို ကောင်းစွာ မစုပ်ယူနိုင်တော့ပါ။ ဆက်တိုက် ဝမ်းလျှောခြင်း၊ အရွယ်ကြီးသော အနံ့ဆိုးသော ဝမ်းများသွားခြင်း တို့ကို ဖြစ် စေပါသည်။ အူတွင် ပိတ်ဆို့ခြင်းလည်း ဖြစ်ပွားနိုင်ပြီး အထူး သဖြင့် မွေးကင်းစ ကလေးများတွင် ဖြစ်ပွားပါသည်။ အူ တွင်းတွင် လေများခြင်း၊ ဆိုးရွားစွာ ဝမ်းချုပ်ခြင်း သည် အစာ အိမ်နာခြင်းကို ဖြစ်စေပြီး မသက်မသာ ဖြစ်စေပါသည်။

CF သည် ပိုဆိုးလာပါက အောက်ပါ လက္ခဏာများ လည်း ဖြစ်ပေါ်နိုင်ပါသည်။

  • သရက်ရွက် ရောင်ခြင်း။ သရက်ရွက် ရောင်သော အခြေအနေတစ်ခုဖြစ်ပြီး နာကျင်စေပါသည်။
  • အူအစွန်ပိုင်း လျောကျခြင်း။ မကြာခဏ ချောင်းဆိုး ခြင်း သို့မဟုတ် ဝမ်းသွားရာတွင် ခက်ခဲခြင်းသည် အူ အစွန်ပိုင်း တစ်ရှူးများအတွင်းမှ အပြင်သို့ ထွက် ခြင်းကို ဖြစ်စေနိုင်ပါသည်။
  • သည်းခြေပြွန်များ ပိတ်ခြင်း ရောင်ခြင်းကြောင့် ဖြစ် သော အသည်းရောဂါ
  • ဆီးချိုသွေးချို
  • သည်းခြေကျောက်တည်ခြင်း

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင်နှင့် သင့်ကလေးတွင် cystic fibrosis ၏ လက္ခဏာ များရှိပါက သို့မဟုတ် သင့်မိသားစုမှ တစ်ယောက်ယောက် တွင် cystic fibrosis ရှိပါက ရောဂါကို စစ်ဆေးရန် ဆရာဝန် နှင့် တိုင်ပင်ဆွေးနွေးပါ။ သင် သို့မဟုတ် သင့်ကလေးတွင် အသက်ရှူ ခက်ပါက အမြန် ဆေးကုသမှု ခံယူပါ။ လူတိုင်း၏ ခန္ဓါကိုယ်တုံ့ပြန်မှု သည် မတူညီနိုင်ပါ။ ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးခြင်း သည် သင်၏အခြေအနေကောင်းမွန်ရန် အတွက် အကောင်း ဆုံး ဖြစ်ပါသည်။

အကြောင်းရင်းများ

Cystic Fibrosis (မျိုးရိုးဗီဇဆိုင်ရာ အဆီ၊အချွဲ၊ ချွေး၊ တံတွေး၊ အရည်များထုတ်သော ဂလန်းများ ပျက်စီးသော ရောဂါ ) ကိုဘာတွေကဖြစ်စေသလဲ

CFR မျိုးဗီဇ တွင် ချို့ယွင်းမှုဖြစ်ခြင်းသည် cystic fibrosis ကိုဖြစ်စေပါသည်။ ထို မျိုးဗီဇသည် သင့်ခန္ဓါကိုယ် ဆဲလ်များ ၏ ဆားနှင့် ရေ အဝင်အထွက်ကို ထွန်းချုပ်ပေးသော ပရို တိန်းတစ်မျိုးကို ထုတ်လုပ်ပါသည်။ CF ဖြစ်သောသူတွင် မျိုး ဗီဇမှ ပြုလုပ်သော ပရိုတိန်းသည် အလုပ်ကောင်းစွာ မလုပ် နိုင်ပါ။ ထိုအခါ ထူသော စေးကပ်သော အချွဲအကျိနှင့် အလွန်ငန်သော ချွေး များကို ဖြစ်ပေါ်စေပါသည်။

ကလေးများသည် မိဘတစ်ပါးဆီမှ မျိုးဗီဇ ပုံတူတစ်ခုစီ အမွေဆက်ခံကာ ရောဂါရရှိပါသည်။ ကလေးသည် ပုံတူ တစ်ခုသာ ဆက်ခံရရှိပါက cystic fibrosis မဖြစ်ပွားပါ။ သို့ သော် သယ်ဆောင်သူများဖြစ်ပြီး သူတို့၏ သားသမီးများတွင် ပြန်လည် ဖြစ်ပွားနိုင်ပါသည်။

Risk factors

ငါ့ဆီမှာ Cystic Fibrosis (မျိုးရိုးဗီဇဆိုင်ရာ အဆီ၊အချွဲ၊ ချွေး၊ တံတွေး၊ အရည်များထုတ်သော ဂလန်းများ ပျက်စီးသော ရောဂါ ) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

CF ဖြစ်နိုင်ချေကို မြင့်စေသော အချက်များမှာ

  • မိသားစုမှတ်တမ်းရှိခြင်း။ cystic fibrosis သည် မျိုး ရိုးလိုက်သော ရောဂါတစ်မျိုး ဖြစ်သောကြောင့် မိသားစုတွင်းတွင် ဖြစ်ပွားနိုင်ပါသည်။
  • လူမျိုး။ cystic fibrosis သည် လူမျိုးပေါင်းစုံတွင် ဖြစ်ပွားနိုင်သော်လည်း မြောက်ဥရောပ လူဖြူများ တွင် အဖြစ်အများဆုံး ဖြစ်ပသည်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Cystic Fibrosis (မျိုးရိုးဗီဇဆိုင်ရာ အဆီ၊အချွဲ၊ ချွေး၊ တံတွေး၊ အရည်များထုတ်သော ဂလန်းများ ပျက်စီးသော ရောဂါ ) ကို ဘယ်လိုအတည်ပြုပါသလဲ

ဆရာဝန်သည် အောက်ပါ အမျိုးမျိုးသော စစ်ဆေးမှုများ၏ ရလဒ် အပေါ် မူတည်၍ cystic fibrosis (CF) ကို အတည်ပြုနိုင်ပါ သည်။

  • ချွေးစစ်ခြင်း။ ချွေးထွက်စေသော ဓါတုပစ္စည်းကို အရေပြား တစ်နေရာကို သုတ်လိမ်းပါ။ ရရှိသော ချွေးတွင် ပုံမှန်ထက် ဆားပိုပါသလား စစ်ဆေးပါ။
  • မျိုးဗီဇ စစ်ဆေးခြင်း။ သွေးမှ DNA နမူနာများယူကာ cystic fibrosis ဖြစ်စေသော မျိုးဗီဇ ချို့ယွင်းချက် ကို စစ်ဆေးနိုင်ပါသည်။
  • ဝမ်းသွားမှု နှင့် သွေးစစ်ခြင်း။ သရက်ရွက်အပေါ် သက်ရောက်မှုကို စစ်ဆေးခြင်းဖြစ်သည်။
  • အဆုတ်ကို စစ်ဆေးရန် ရင်ဘတ်အား ဓါတ်မှန် ရိုက်ခြင်းနှင့် အသက်ရှူမှု စစ်ဆေးခြင်း
  • CF ကို မမွေးခင်စစ်ဆေးမှု ဖြင့်လည်း အဖြေရှာ နိုင် ပါသည်။

Cystic Fibrosis (မျိုးရိုးဗီဇဆိုင်ရာ အဆီ၊အချွဲ၊ ချွေး၊ တံတွေး၊ အရည်များထုတ်သော ဂလန်းများ ပျက်စီးသော ရောဂါ ) ကို ဘယ်လိုကုသပါသလဲ

Cystic fibrosis အတွက် ပျောက်ကင်းအောင် ကုသမှု မရှိသော်လည်း ကုသမှု သည် ရောဂါလက္ခဏာများ နှင့် ဆိုး ကျိုးများကို လျော့ချနိုင်ပါသည်။

  • ဆေးများသည် အချွဲအကျိများကို ကျဲစေပြီး အဆုတ် တွင် ပိတ်ဆို့ခြင်းကို ကာကွယ်နိုင်ပါသည်။
  • ရောဂါပိုးကူးစက်မှုများအတွက် ပဋိဇီဝဆေးများကို သောက်နိုင်ပါသည်။
  • အင်ဇိုင်းထောက်ပံ့မှုဖြင့် ဆုံးရှုံးသွားသော သရက် ရွက် အင်ဇိုင်းများကို ထောက်ပံ့နိုင်ပါသည်။ အထူးပြုလုပ်ထားသော ပရိုတိန်းများပြီး အဆီနည်း သောအစာများသည်လည်း အာဟာရကို တိုးတက် စေပါသည်။
  • အသက်ရှူကုထုံးသည် ခြေထောက်ထက် ခေါင်းကို အောက်ဘတ်တွင် ထား၍ လဲလျောင်းရင်း ရင်ဘတ် ကို ခေါက်ခြင်းဖြင့် အဆုတ်မှ အချွဲအကျိ များကို ရှင်းလင်းစေပါသည်။
  • နှာခေါင်းအတက်ထွက်ခြင်းကို ဖယ်ရှားခြင်း။ ဆရာ ဝန်သည် အသက်ရှူခြင်းကို ပိတ်ဆို့စေသော နှာ ခေါင်းအတက်ကို ဖယ်ရှားရန် ခွဲစိတ်ကုသမှု ပြုလုပ် ရန် အကြံပေးပါမည်။
  • သင့်တွင် ဆိုးရွားသော အသက်ရှူ ပြဿနာများ၊ အသက် အန္တရာယ်စိုးရိမ်ရသော အဆုတ်ရောဂါ များ သို့မဟုတ် အဆုတ် ရောဂါပိုးကူးစက် ခြင်းကို ကုသသော ပဋိဇီဝဆေးများကို ခံနိုင်ရည် မြင့်တက် လာပါက အဆုတ် အစားထိုးခြင်းကို ရွေးချယ် နိုင်ပါ သည်။

လူနေမှုပုံစံ ပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးများ အသုံးပြုခြင်း သည် Cystic fibrosis ကို ကုသရာတွင် ဘယ်လို အထောက် အကူပြုနိုင်မလဲ။

Epididymitis သည် အတော်အတန် နာကျင်မှုကို ဖြစ် စေပါသည်။ သက်သာစေရန်-

  • ဆရာဝန် ညွှန်ကြားချက်များကို လိုက်နာပါ။ ညွှန် ကြားထားသည့်အတိုင်း ဆေးသောက်ပါ။ ကုသမှု ခံယူပါ။ သင့်ကလေးကို တစ်နှစ်တွင် အနည်းဆုံး သုံးကြိမ်မှ လေးကြိမ်အထိ ဆရာဝန် နှင့်ပြသပါ။
  • အသက်ရှူ လမ်းကြောင်း ရောဂါပိုးကူးစက်ခံရသူ များနှင့် ထိတွေ့ခြင်း ကို ရှောင်ကြဉ်ပါ။
  • သင့်ကလေးကို နှစ်စဉ် တုပ်ကွေး ကာကွယ်ဆေး ထိုးပါ။
  • သင့်ကလေးကို အရည်များများ တိုက်ပါ။
  • သင့်ကလေးကို အခိုးအငွေ့များ၊ မီးခိုးများအား ရှောင်ကြဉ်ခိုင်းပါ။ ထိုအရာများကို အဆုတ်အား ထိ ခိုက်စေပြီး CF ကိုပိုဆိုးစေပါသည်။
  • ပုံမှန် လေ့ကျင့်ခန်း ပြုလုပ်ပါ။
  • အင်ဇိုင်းထောက်ပံ့မှုများကို ပြုလုပ်ပါ။ အထူးပြုလုပ် ထားသော ပရိုတိန်းများပြီး အဆီနည်းသော အစာ များသည်လည်း အာဟာရကို တိုးတက် စေပါသည်။

အကယ်၍ သင့်တွင် မေးခွန်းများ ရှိပါက သင့်အတွက် သင့်တော်သော အဖြေရှာဖွေနိုင်ရန် ဆရာဝန် နှင့် ဆွေးနွေး တိုင်ပင် သင့်ပါသည်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 11/07/2017 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement