backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Cyanide poisoning (ဆိုင်ရာနိုက် အဆိပ်သင့်ခြင်း)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Phyo Wai Yan မှ ရေးသားသည်။ · 23/02/2018 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Cyanide poisoning (ဆိုင်ရာနိုက် အဆိပ်သင့်ခြင်း) ကဘာလဲ။

ဆိုင်ရာနိုက်ဟာ ရှားပါးပြီး သေစေနိုင်သောအဆိပ် ဖြစ်တယ်။ ဒီအဆိပ်က ကိုယ်ခန္ဓါထဲတွက်လိုအပ်တဲ့ အောက်စီဂျင်ကို သုံးလို့မရအောင် လုပ်နိုင်ပါတယ်။ ဆိုက်ရာနိုက်တွေကို ဟိုက်ဒရိုဂျင်ဆိုင်ရာနိုက်ဓါတ်ငွေ့၊ အခဲ၊ ပိုတက်စီယမ်ဆိုင်ရာနိုက်နဲ့ ဆိုဒီယမ်ဆိုင်ယာနိုက်တွေမှာ တွေ့နိုင်ပါတယ်။

Cyanide poisoning (ဆိုင်ရာနိုက် အဆိပ်သင့်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

ပြည့်စုံသောသတင်းအချက်အလက်ရရန် ဆရာဝန်နှင့်ဆွေးနွေးပါ။

လက္ခဏာများ

Cyanide poisoning (ဆိုင်ရာနိုက် အဆိပ်သင့်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

အဆိပ်မိခြင်းဧ။် လက္ခဏာများ

ဆိုင်ရာနိုက်အဆိပ်သင့်ခြင်းရဲ့ လက္ခဏာတွေက ဘာတွေလဲ။

ဆိုင်ရာနိုက်အဆိပ်မိတာကို သိဖို့ကခက်ပါတယ်။ ဆိုင်ရာနိုက်အဆိပ်ကိုစားမိတာက အစာတွေက အသက်ရှူလမ်းကြောင်းပိတ်ပြီး အစာနင်တာနဲ့ ပုံစံတူပါတယ်။ ဆိုင်ရာနိုက်အဆိပ်က ဆဲလ်တွေရှင်သန်ဖို့ လိုအပ်တဲ့အောက်စီဂျင်ကို ဆဲလ်တွေဆီမရောက်အောင် လုပ်ပါတယ်။

ဆိုင်ရာနိုက်အဆိပ်မိတဲ့ပုံစံက သင်တောင်တက်ပြီးနောက်၊ သို့မဟုတ် အမြင့်တနေရာကိုတက်ပြီးနောက် ဖြစ်ပေါ်လာတဲ့အခြေအနေနဲ့ ပုံစံတူပါတယ်း ဒါ့အပြင်-

တကိုယ်လုံး အားနည်းခြင်း

အာရုံထွေပြားခြင်း

အလွန်အမင်းအိပ်ခြင်း

သတိလစ်မေ့မျောခြင်း

မောပန်းခြင်း

ခေါင်းကိုက်ခြင်း

မူးဝေခြင်း

အန်ခြင်း

ဗိုက်အောင့်ခြင်း

တက်ခြင်း

တို့ကိုလည်း ဖြစ်စေနိုင်ပါတယ်။

ပုံမှန်အားဖြင့် ဆိုင်ရာနိုက်အဆိပ်ကို စားမိတဲ့အခါ ၊ အလွန်လျှင်မြန်ပြီး ချက်ချင်းဆိုသလို နှလုံးကိုထိခိုက်စေပြီး ရုတ်တရက်လဲကျသွားတတ်ပါတယ်။ အဆိပ်က ဦးနှောက်ကိုလည်း ထိခိုက်စေပြီး တက်တာနဲ့ သတိလစ်မေ့မျောတာလည်း ဖြစ်စေနိုင်ပါတယ်။

ပတ်ဝန်းကျင်ကနေ သို့မဟုတ် စားမိတာကနေကြောင့် ဖြစ်တဲ့ ဆိုင်ရာနိုက်အဆိပ်ကြာရှည်စွာမိနေတဲ့အခါ တဖြည်းဖြည်းခြင်း လက္ခဏာတွေပြလာပါတယ်။ ဒါတွေကတော့-

ခေါင်းကိုက်ခြင်း

အရသာခံနိုင်မှု ပြောင်းလဲခြင်း

အန်ခြင်း

ရင်ဘက်အောင့်ခြင်း

ဗိုက်အောင့်ခြင်း

စိုးရိမ်ပူပန်မှုများခြင်းတို့ ဖြစ်တတ်ပါတယ်။

ဆိုင်ရာနိုက်အဆိပ်မိထားသူရဲ့ အရေပြားအရောင်က ပန်းရောင် သို့မဟုတ် ချယ်ရီပန်းအနီရောင် ဖြစ်နေတတ်ပါတယ်။ ဒီလိုဖြစ်တာဟာ အောက်ဆီဂျင်တွေက သွေးထဲမှာပဲရှိပြီး ဆဲလ်ထဲကို မရောက်လို့ ဖြစ်ပါတယ်။ အဆိပ်မိတဲ့လူက အသက်ကို အမြန်ရှူနေပြီး နှလုံးခုန်နှုန်းက နှေးနေတာ၊ သို့မဟုတ် မြန်နေတာမျိုးလည်း ဖြစ်တတ်ပါတယ်။

တခါတစ်ရံမှာ အဆိပ်မိထားတဲ့လူရဲ့ အသက်ရှူထုတ်လိုက်တဲ့လေဆီကနေ သစ်ကြားစေ့အနံကို ရနိုင်ပါတယ်။ ဒါပေမယ့် သိဖို့ခက်ပါတယ်။

ရောဂါလက္ခဏာထက်စာရင် ပတ်ဝန်းကျင်ကို လေ့လာဖို့က ပိုအရေးကြီးပါတယ်။

ဓါတ်ခွဲခန်းနဲ့ ပလပ်စတစ်စက်ရုံတွေမှာ အလုပ်လုပ်တဲ့ လူတွေက ဆိုင်ရာနိုက်အဆိပ်မိဖို့ ပိုလွယ်ပါတယ်။

အိမ်၊ RV၊ လှေနဲ့ အဆောက်အဦးတွေ မီးလောင်တဲ့အခါ ဆိုင်ရာနိုက်အဆိပ်ထွက်တတ်တာကို သတိထားဖို့ လိုပါတယ်။

တကယ်လို့ လူတစ်ယောက်ဟာ စိတ်ဓါတ်ကျနေမယ်။ သို့မဟုတ် အရာဝတ္ထုတွေကို မမှန်မကန်သုံးတတ်ပြီး သူ့မှာ ဆိုင်ရာနိုက်အဆိပ်မိတာရဲ့ ရောဂါလက္ခဏာတွေရှိရင် ကိုယ့်ကိုယ်ကို သတ်သေတာမျိုး ဖြစ်တတ်ပါတယ်။ ဒီလူက ဆိုင်ရာနိုက်အဆိပ်ကို သုံးဖူးတယ်ဆိုရင် ဒီသံသယက ပိုသေချာပါတယ်။

ဒီအပေါ်မှာမပါတဲ့ လက္ခဏာတွေလည်း ရှိနိုင်ပါသေးတယ်။ သင်က ရောဂါလက္ခဏာအကြောင်းသိလိုပါက ဆရာဝန်နဲ့ ဆွေးနွေးပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

တကယ်လို့ သင် ဒါမှမဟုတ် တစုံတယောက်က ဆိုင်ရာနိုက်အဆိပ်ကို စားမိတယ်၊ ရှူမိတယ်၊ ထိတွေ့မိတယ်ဆိုရင် သို့မဟုတ် အဆိပ်မိခြင်းရဲ့ လက္ခဏာတွေဖြစ်တဲ့ အားနည်းတာ၊ မူးဝေတာ၊ အသက်ရှူရခက်တာ၊ အာရုံတွေပြားတာ၊ တက်တာတွေဖြစ်ပါက ဆေးရုံတင်ကားချက်ချင်းခေါ်ပါ။ နီးစပ်ရာ အရေးပေါ်ဌာနသို့ ဆက်သွယ်ပါ။

အကြောင်းရင်းများ

Cyanide poisoning (ဆိုင်ရာနိုက် အဆိပ်သင့်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

ဆိုင်ရာနိုက်အဆိပ်ကို ဖြစ်စေနိုင်တဲ့အရာတွေကတော့-

ရာဘာ၊ ပလတ်စတစ်၊နှင့် ပိုးသားတွေကို မီးလောင်ရာမှထွက်ပေါ်လာသော မီးခိုးများတွေကို ရှူမိရာမှ ဆိုင်ရာနိုက်အဆိပ်သင့်ခြင်း ဖြစ်စေနိုင်ပါတယ်။

ဓါတ်ပုံရိုက်ရာခြင်း၊ ဓါတုပစ္စည်းတွေကို စမ်းသပ်ခြင်း၊ ပလတ်စတစ်နဲ့ ဖိုင်ဘာတွေကို ထုတ်လုပ်ခြင်း၊ သတ္တုပြုလုပ်ခြင်း၊ ပိုးသတ်ဆေးနှင့် ပေါင်းသတ်ဆေးများ၊ မိုင်းခွဲခြင်းနှင့် ဂဟေဆော်ခြင်း၊ ဟိုက်ဒရိုဂျင်ဆိုင်ရာနိုက်ကို သုံးသော အလုပ်ရုံများတွင် ဆိုက်ရာနိုက်အဆိပ်သင့်ခြင်း ဖြစ်စေနိုင်ပါတယ်။ ပိုတက်စီယမ်ဆိုင်ရာနိုက်ကို ရွှေနှင့် ငွေထုတ်ယူတဲ့ လုပ်ငန်းများ၊ ဓါတုပစ္စည်းများ ထုတ်လုပ်ခြင်း၊ ဓါတုပစ္စည်းတွေနဲ့ ပိုးသတ်ဆေးတွေမှာလည်း ဆိုင်ရာနိုက်အဆိပ်သင့်နိုင်ပါတယ်။

Rosaceaeမျိုးစိတ်အပင်များ၊ တရုတ်ဆီးသီးအစေ့၊ သစ်ကြားစေ့၊ ချယ်ရီသ်ီး၊ ဆီးသီး၊ မက်မန်းသီး၊ သစ်တော်သီးနဲ့ ပန်းသီးတွေမှာ ဆိုင်ရာနိုက်ပါဝင်ပါတယ်။ Cassava လို့ခေါ်တဲ့ အာလူးတစ်မျိုးမှာ ဆိုင်ရာနိုက် ပါဝင်ပါတယ်။ တချို့အပင်တွေနှင့် အသီးတွေကို အများအပြားစားမိတဲ့အခါ ဆိုင်ရာနိုက်အဆိပ် သင့်တတ်ပါတယ်။

ကင်ဆာကုထုံးအတွက်သုံးတဲ့ အချို့အသီးတွေ၊ အစေ့အဆံတွေနဲ့ အပင်တွေမှာ Laetrile ဆိုတဲ့ ဓါတ်တစ်မျိုးပါဝင်ပါတယ်။ Laetrile ရဲ့ ဘေးထွက်ဆိုးကျိုးတစ်ခုက ဆိုင်ရာနိုက်အဆိပ် သင့်စေပါတယ်။ အစားအသောက်နဲ့ ဆေးဝါးကွပ်ကပ်မှုအသင်း (FDA)ရဲ့ အဆိုအရ Laetrile ဓါတ်က အမေရိကန်မှာ ကင်ဆာကုသနည်းအဖြစ် ထောက်ခံထားခြင်း မရှိပါဘူး။ ဒီဆေးကို မက်ဆီကိုနိုင်ငံမှာတော့ Laetrile/amygdalin အမည်နဲ့ ကင်ဆာကုသမှုအတွက် သုံးပါတယ်။

တစ်ချို့သောဓါတုပစ္စည်းတွေကို စားမိတဲ့အခါ ကိုယ်ခန္ဓါအတွင်းမှာ ဆိုင်ရာနိုက်အဆိပ်အဖြစ် ကူးပြောင်းသွားပါတယ်။ ဒီလိုဖြစ်စေတဲ့ပစ္စည်းတွေကို ဈေးကွက်ကနေဖယ်ရှားထားပေမယ့် တချို့လက်သည်းဖျက်ဆေးများ၊ အခဲများနဲ့ ပလတ်စတစ်လုပ်တဲ့ အရည်တွေမှာ ဆိုင်ရာနိုက်ဖြစ်စေတဲ့ဓါတ်တွေ ပါဝင်ပါတယ်။

ဆေးလိပ်မီးခိုးတွေက ဆိုင်ရာနိုက်အဆိပ်သင့်စေတဲ့ အဖြစ်အများဆုံးအကြောင်းဖြစ်ပါတယ်။ ဆိုင်ရာနိုက်ကို ဆေးရွက်ကြီးမှာ သဘာဝအတိုင်းတွေ့ရပြီး ဆေးလိပ်သောက်သူတွေက မသောက်တဲ့လူတွေထက် (၂.၅)ဆ ပိုပြီး ဆိုင်ရာနိုက်ပါဝင်နိုင်ပေမယ့် အဆိပ်သင့်ရလောက်အောင်တော့ မများပါဘူး။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ

Cyanide poisoning (ဆိုင်ရာနိုက် အဆိပ်သင့်ခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

ဆိုင်ရာနိုက်အဆိပ်သင့်မှုကို အဖြစ်များစေသော အကြောင်းတွေက ဘာတွေလဲ။

ဆိုင်ရာနိုက်အဆိပ်သင့်မှုကို အဖြစ်များစေသော အကြောင်းတွေအများကြီးရှိပါတယ်။ ဥပမာ-

ဓါတုပစ္စည်းတွေကို သုံးတဲ့စက်ရုံတွေက အလုပ်သမားတွေနဲ့ ကိုယ့်ကိုကိုယ်သတ်သေတဲ့ လူတွေမှာ အတွေ့ရများပါတယ်။

ဆိုင်ရာနိုက်ဆေးပြားတွေကို သောက်ပြီး သတ်သေဖို့ ကြိုးစားတဲ့လူတွေက ဒါဟာ နာကျင်မှုကင်းမဲ့ပြီး အလျှင်အမြန် အသတ်ထွက်စေနိုင်တယ်လို့ ထင်ကြတယ်။ ဒါပေမယ့် ဆိုင်ရာနိုက်အဆိပ်က အစာအိမ်ကို လောင်ကျွမ်းစေပြီး ကိုယ်ခန္ဓါအတွက် လိုအပ်တဲ့ အောက်စီဂျင်ကို မရစေတဲ့အတွက် နာကျင်မှုကို ခံစားရပြီး သေစေနိုင်ပါတယ်။

လူတော်တော်များများက အပေါ်မှာဖော်ပြထားတဲ့ အရာဝတ္ထုတွေ မီးလောင်ရာမှ ထွက်ပေါ်လာတဲ့ မီးခိုးတွေကို ရှူမိလို့ ဆိုင်ရာနိုက်အဆိပ်သင့်ခြင်း ဖြစ်စေနိုင်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Cyanide poisoning (ဆိုင်ရာနိုက် အဆိပ်သင့်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ဒီထဲမှာဖော်ပြထားတဲ့အချက်တွေကို ဆေးပညာအကြံပေးချက်များအဖြစ် သုံးလို့မရပါဘူး။ ပြည့်စုံတဲ့ သတင်းအချက်အလက်ရဖို့ ဆရာဝန်နှင့် ဆွေးနွေးပါ။

ဆိုင်ရာနိုက်အဆိပ်မိတာကို ဘယ်လိုသိရှိနိုင်သလဲ။

ဆိုင်ရာနိုက်အဆိပ်မိတာကို သိသိခြင်း အလျှင်အမြန် ကုသမှုခံယူပါက ကုသလို့ ရနိုင်ပါတယ်။ လူတော်တော်များများက အဆိပ်မိတာကို မသိတာနဲ့ စောစီးစွာကုသမှုမခံယူနိုင်တဲ့အတွက် သေဆုံးနေကြပါတယ်။ ဆိုင်ရာနိုက်အဆိပ်က ရှားပါးပါတယ်။ ဒါ့ကြောင့် ဆေးကုသရာတွင် ဖြစ်နိုင်ခြေအားလုံးကို စဉ်းစားသင့်ပါတယ်။

ဒါက သတ်သေတဲ့လူကို သင်ကူညီနိုင်မယ့် အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။

တကယ်လို့ သက်သာသွားပြီဆိုပါက သင်ကအဆိပ်သောက်တဲ့လူကို ဖြစ်ပျက်ခဲ့တာတွေကို မေးမြန်းလို့ ရပါတယ်။ တကယ်လို့ သူ့ဘေးမှာ ဆေးပုလင်းခွံတွေ့လျှင်၊ တကယ်လို့သူက ကျန်းမာရေး သို့ စိတ်ရောဂါတစ်ခုခုရှိလျှင် အသေးစိတ်မေးမြန်းပါ။ တည်တည်ငြိမ်ငြိမ်နဲ့ မေးခွန်းတွေကို ဖြေကြားပါ။ ဒါက ထိခိုက်မိသူအတွက် လိုအပ်တဲ့ သတင်းအချက်အလက်တွေ ရစေနိုင်ပါတယ်။

သွေးစစ်မှု၊ ဓါတ်မှန်တွေနဲ့ တခြားစစ်ဆေးမှုတွေက ဘယ်လောက်ဆိုးတဲ့ ဆိုင်ရာနိုက်အဆိပ်ဖြစ်ဖြစ်၊ တခြားအဆိပ်မိတာကြိုဖစ်ဖြစ် သိဖို့ သုံးနိုင်ပါတယ်။

ဆိုင်ရာနိုက်အဆိပ်ကို သိဖို့လုပ်တဲ့ ရောဂါရှာဖွေတဲ့နည်းတွေက နာရီပေါင်းများစွာ၊ ရက်ပေါင်းများစွာ ကြာစေနိုင်ပါတယ်။ ဒါကြောင့်ဆရာဝန်တွေက သင်ပြောပြတာတွေနဲ့ အဆိပ်မိတဲ့လူရဲ့ လက္ခဏာတွေနဲ့ ရောဂါရှာဖွေနည်းအဖြေတွေနဲ့ ပေါင်းပြီး ဆိုင်ရာနိုက်အဆိပ်မိတာကို ဖော်ထုတ်နိုင်ပါတယ်။

Cyanide poisoning (ဆိုင်ရာနိုက် အဆိပ်သင့်ခြင်း) ကို ဘယ်လိုကုသပါသလဲ

လူနာက အခြေအနေဘယ်လောက် ဆိုးရွားလဲပေါ်မူတည်ပြီး ကုသနည်းက ကွာခြားပါတယ်။

လူနာက လုံးဝသတိလစ်မေ့မျောနေလျှင် လူနာကို ကယ်ဆယ်ဖို့အတွက် နည်းတွေလုပ်ရပါမယ်.။

စစ်ဆေးနည်းပေါင်းစုံနဲ့ လူနာကို သေချာစောင့်ကြည့်ပြီး ကုသဖို့အရေးကြီးပါတယ်။

လူနာအခြေအနေက တိုးတက်မလာလျှင် ရောဂါရှာဖွေစမ်းသပ်နည်းတွေကို သုံးဖို့လိုအပ်ပါတယ်။ ပုံမှန်အားဖြင့် ဆိုင်ရာနိုက်အဆိပ်တွေက လူနာအဝတ်အစားပေါ်မှာ ကျန်ရှိနေနိုင်တဲ့အတွက် အဝတ်အစားတွေကို အရင်ဖယ်ထုတ်ပြီး ကုသဖို့ လိုပါတယ်။

ဆိုင်ရာနိုက်အဆိပ်ခြေဆေး သို့မဟုတ် Hydroxycobalamin (Cyanokit) ကို ဆိုင်ရာနိုက်အဆိပ်မိတာ သေချာတယ်ဆိုလျှင် သုံးလို့ရပါတယ်။၁၀၀ရာခိုင်နှုန်း ကုသနိုင်တဲ့နည်း မဟုတ်ပေမယ့် ဒီအဆိပ်ဖြေဆေးက လူနာကို ထပ်ပြီးအဆိပ်တွေပြန့်နှံ့ခြင်းကနေ ကာကွယ်ပေးပါတယ်။

Dicobalt edetateကို အကြောထဲထိုးပြီး ဆိုင်ရာနိုက်အဆိပ်ကို ကိုယ်ခန္ဓါက ဖယ်ဖို့အတွက် အင်္ဂလန်နိုင်ငံမှာ သုံးပါတယ်။ ဒါက တက်ခြင်း၊ ဆေးဓါတ်မတည့်ခြင်း၊ သွေးပေါင်ကျခြင်း၊ နှလုံးခုန်မမှန်ခြင်းစတဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် ဆိုင်ရာနိုက်အဆိပ်ဖြစ်တာ သေချာသလောက်ဖြစ်နေတဲ့ အခြေအနေမှာမှ ကုသနည်းတစ်ခုအဖြစ် သုံးပါတယ်။

တကယ်လို့ လူနာက ကာဗွန်မိုနောက်ဆိုဒ်အဆိပ်ပါ မိနေတယ်ဆိုလျှင် အောက်စီဂျင်ပေးဖို့လိုပါတယ်။ လူနာကို အထူးပြုလုပ်ထားတဲ့ အခန်းထဲထည့်ပြီး အောက်စီဂျင်တွေ အများကြီးပေးရပါမယ်။

နီးစပ်ရာ အဆိပ်ကုထုံးစင်တာတွေနဲ့ အဆိပ်မိတာကို ကုသတဲ့ ကျွမ်းကျင်ပညာရှင်တွေက အဆိပ်မိသူတွေကို စောင့်ကြည့်ပြီး လိုအပ်တဲ့အကူအညီပေးဖို့ လိုပါတယ်။

ဆိုင်ရာနိုက်အဆိပ်မိတာက ပမာဏအရမ်းနည်းတယ်ဆိုရင် လူနာကို အချိန်အတော်ကြာ စောင့်ကြည့်ဖို့လိုပါတယ်။ လူနာက ကောင်းမွန်လာပြီဆိုရင် ရောဂါရဲ့ လက္ခဏာတွေကို ပြောပြပြီး၊ တခုခုဖြစ်လျှင် ဆေးရုံကို ချက်ချင်းပြန်လာရန်ပြောပြီး အိမ်ကိုပြန်လွှတ်လို့ ရပါတယ်။

တကယ်လို့လူနာက ဆိုင်ရာနိုက်အဆိပ်မိတာ သေချာလျှင်၊ ရောဂါအခံတစ်ခုခုရှိလျှင်၊ သို့မဟုတ် ရောဂါမသေချာလျှင်၊ အိမ်ကိုပြန်လွှတ်ရအောင် နေမကောင်းဘူးထင်လျှင် ဆေးရုံတက်ပြီး စောင့်ကြည့်ုကုသမှုခံယူဖို့ လိုပါတယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

ဆိုင်ရာနိုက်အဆိပ်မိခြင်းအတွက် အိမ်တွင်းကုထုံးတွေက ဘာတွေလဲ။

ဆိုင်ရာနိုက်အဆိပ်မိတာကို အိမ်မှာကုသလို့မရပါဘူး။

ဆေးကုသမှု ချက်ချင်းခံယူဖို့ လိုပါတယ်။

တကယိလို့ သိလိုတာရှိပါက ဆရာဝန်နှင့် တိုင်ပင်ပြီး သင့်အတွက် အကောင်းဆုံးအဖြေကို ရယူနိုင်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Phyo Wai Yan မှ ရေးသားသည်။ · 23/02/2018 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement