Costochondritis (နံရိုးထိပ်ရှိအရိုးနုရောင်ခြင်း) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar.

အဓိပ္ပါယ်ဖွင့်ဆိုချက်

Costochondritis (နံရိုးထိပ်ရှိအရိုးနုရောင်ခြင်း) ကဘာလဲ။

ရင်ဘက်ရိုးနဲ့နံရိုး ဆက်တွယ်ပေးထားတဲ့ အရိုးနုရောင်ရမ်းခြင်းဖြစ်တယ်။ ထိုရောင်ရမ်းခြင်းကြောင့်ရတဲ့ နာကျင်မှုက နှလုံးဖောက်ခြင်း ဒါမှမဟုတ် တခြားနှလုံးရောဂါတွေနဲ့ဆင်တူနိုင်ပါတယ်။

နာကျင်မှုက သာမန်လောက်ကနေ ပြင်းပြင်းထန်ထန်ထိ ဖြစ်နိုင်တယ်။ သာမန်အခြေအနေမှာဆိုရင် ရင်ဘတ်ကို ထိမိ၊ ခိုက်မိမှ နာကျင်သွားတာမျိုးဖြစ်ပြီး ပြင်းထန်တဲ့နာကျင်မှုကတော့ လက်တွေ၊ ခြေတွေထိ ပျံ့ဆင်းသွားတဲ့နာကျင်မှုမျိုး၊ နေ့စဉ်ဘ၀ကိုတောင် အနှောင့်အယှက်ဖြစ်တဲ့ မခံနိုင်လောက်တဲ့ နာကျင်မှုမျိုးဖြစ်တယ်။

ထိုအရိုးနုရောင်ခြင်းက သူ့အလိုလိုပျောက်သွားတတ်ပါတယ်။ ပျောက်ဖို့ကတော့ ရက်သတ္တပတ်အနည်းငယ် ဒါမှမဟုတ် ပိုပြီးကြာနိုင်တယ်။ ကုသမှုက နာကျင်မှုကိုသက်သာဖို့ပဲ ဦးတည်ပါတယ်။

Costochondritis (နံရိုးထိပ်ရှိအရိုးနုရောင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

အလွန်ဖြစ်လေ့ရှိတယ်။ အမျိုးသမီးတွေနဲ့ အသက် ၄၀ ကျော်သူတွေမှာ ပိုပြီးတွေ့ရတတ်တယ်။ ရောဂါဖြစ်စေတဲ့ အချက်တွေကို လျှော့ချခြင်းအားဖြင့် အခြေအနေကို ထိန်းသိမ်းနိုင်ပါလိမ့်မယ်။ အသေးစိတ်အချက်အလက်တွေအတွက် ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ပါ။

လက္ခဏာများ

Costochondritis (နံရိုးထိပ်ရှိအရိုးနုရောင်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

နာကျင်ခြင်းအကြောင်း-

  • ရင်ညွှန့်ရိုးဘယ်ဘက်တွင်ဖြစ်တယ်။
  • စူးရှပြီး တစ်ဆစ်ဆစ်နာခြင်း ဒါမှမဟုတ် တင်းကြပ်စွာ ဖိအားတစ်ခုခုဖိထားသလိုနာခြင်းဖြစ်တယ်။
  • နံရိုးတစ်ချောင်းထက်ပိုနိုင်တယ်။
  • အသက်ပြင်းပြင်းရှူတဲ့အခါ ဒါမှမဟုတ် ချောင်းဆိုးတဲ့အခါ ပိုဆိုးတတ်ပါတယ်။

တခြားသောလက္ခဏာတွေလည်းရှိနိုင်တာကြောင့် စိတ်ပူသည်များရှိပါက ဆရာဝန်နဲ့တိုင်ပင်ပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

  • အသက်ရှူရခက်တဲ့အခါ
  • အဖျားတက်တဲ့အခါ
  • ရောဂါပိုးဝင်ခြင်းလကဏာတွေဖြစ်တဲ့ နံရိုးအဆစ်များမှာ နီရဲခြင်း၊ ပြည်တည်ခြင်း၊ ရောင်ရမ်းခြင်းတွေဖြစ်လာပါက
  • ဆေးသောက်နေသော်လည်းနာကျင်မှုမသက်သာပါက
  • ပျို့ပါက
  • ချွေးထွက်များပါက ဆရာဝန်နဲ့ပြသင့်တယ။်
  • တကယ်လို့ ဖော်ပြပါလက္ခဏာတွေရှိမယ်ဆိုရင်၊ သိလိုသည်များရှိမယ်ဆိုရင် ဆရာဝန်နဲ့တိုင်ပင်သင့်တယ်။ လူတိုင်းခန္ဓာကိုယ်ကတစ်ယောက်နဲ့တစ်ယောက်မတူတာကြောင့် ဆရာဝန်နဲ့ဆွေးနွေးကြည့်တာအကောင်းဆုံးဖြစ်နိုင်ပါတယ်။

အကြောင်းရင်းများ

Costochondritis (နံရိုးထိပ်ရှိအရိုးနုရောင်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

အကြောင်းအရင်းအတိအကျမရှိပါဘူး။ ဒါပေမယ့် များသောအားဖြင့်တော့ အောက်ပါအကြောင်းတွေကြောင့် ဖြစ်တတ်တယ် –

  • ထိခိုက်ခြင်း – ဥပမာ- ရင်ဘတ်ကိုထိုးမိခြင်း။
  • ရုပ်ပိုင်းဆိုင်ရာဒဏ်များ – အလေးပင်မခြင်း၊ ပြင်းထန်သောလှုပ်ရှားမှုများ၊ ဆိုးရွားသောချောင်းဆိုးခြင်းများ။
  • အရိုးရောင်ခြင်း – အရိုးအဆစ်ရောင်ခြင်း၊ လေးဘက်နာ စသည်တို့နဲ့လည်းဆက်နွယ်နေနိုင်တယ်။
  • အဆစ်ရောဂါပိုးဝင်ခြင်း – TB, ကာလသားရောဂါပိုး၊ aspergillosis စသည်တို့ကဲ့သို့ ဗိုင်းရပ်စ်ပိုးများ၊ ဘတ်တီးရီုးယား၊ မှိုများ။
  • အကျိတ် – ကင်ဆာဖြစ်စေ၊ ကင်ဆာမဟုတ်သည်ဖြစ်စေ အရိုးနုရောင်စေနိုင်တယ်။ ခန္ဓာကိုယ်ရဲ့တခြားနေရာတွေ၊ ရင်သား၊ သိုင်းရွိုက်ဂလင်း၊ အဆုတ် တို့ဆီ ပျံ့သွားနိုင်တယ်။

ဖြစ်နိုင်ခြေများ

Costochondritis (နံရိုးထိပ်ရှိအရိုးနုရောင်ခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

အချက်တွေအများအပြားရှိနိုင်တယ်။

  • ပြင်းပြင်းထန်ထန်လှုပ်ရှားခြင်း။
  • အလုပ်ကြမ်းလုပ်ရခြင်း
  • ဓာတ်မတည့်ခြင်းများရှိခြင်း
  • လေးဘက်နာအဆစ်ရောင်ခြင်း
  • ကျောရိုးဆစ်များရောင်တတ်ခြင်း
  • Reiter ရောဂါ – တုံ့ပြန်မှုများအဆစ်ရောင်ခြင်းရောဂါ။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Costochondritis (နံရိုးထိပ်ရှိအရိုးနုရောင်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

  • ရုပ်ပိုင်းဆိုင်ရာစမ်းသပ်မှုများ၊ ရောဂါရာဇ၀င်၊ မိသားစုတွင်းရောဂါရာဇ၀င်များပြောရ၊ လုပ်ရပါလိမ့်မယ်။ စမ်းသပ်မှုကတော့ နံရိုးများကို စမ်းသပ်ပြီး နာကျင်မှုအတိုင်းအတာကို ဆုံးဖြတ်ပါလိမ့်မယ်။ ရောဂါပိုးဝင်ခြင်းရှိမရှိလည်း ရှာဖွေပါလိမ့်မယ်။
  • အရိုးနုရောင်ခြင်းကြောင့်ရတဲ့နာကျင်မှုဟာ နှလုံးရောဂါ၊ အဆုတ်ရောဂါ၊ အစာအိမ်အူရောဂါ၊ အရိုးအဆစ်ရောင်ခြင်းကြောင့်ရတဲ့ နာကျင်မှုနဲ့ မှားနိုင်ပါတယ်။
  • ရုပ်ပုံရိုက်ကူးစစ်ဆေးခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်းများ အတိအကျမရှိပေမယ့် တခြားဖြစ်နိုင်ချေတွေကို ပယ်ထုတ်ဖို့အတွက် ဓာတ်မှန်၊ စီတီစကမ်၊ သံလိုက်ဓာတ်မှန်တွေရိုက်ခိုင်းပါလိမ့်မယ်။

Costochondritis (နံရိုးထိပ်ရှိအရိုးနုရောင်ခြင်း) ကို ဘယ်လိုကုသပါသလဲ

  • Ibuprofen, naproxen sodium စသည်ကဲ့သို့ သာမန်အလွယ်တကူဝယ်ယူနိုင်သော ဆေးဝါးများအပြင် ဆရာဝန်က ပိုပြင်းတဲ့ စတီးရွိုက်မပါသောအရောင်ကျဆေးညွှန်းနိုင်ပါတယ်။ အစာအိမ်နံရံ နဲ့ ကျောက်ကပ်ကိုတော့ အနည်းငယ်ထိုခိုက်နိုင်ချေရှိပါတယ်။
  • Narcotics – နာကျင်မှုကဆိုးရင်တော့ ကိုဒင်းတချို့ပါတဲ့ဆေးမျိုး ညွှန်းပါလိမ့်မယ်။
  • စိတ်ဓာတ်ကျခြင်းအတွက်ဆေးများ – ညဘက်နာကျင်မှုကြောင့်လန့်နိုးတဲ့အခါ နာကျင်မှုကိုသက်သာစေပါလိမ့်မယ်။
  • အတက်ကျဆေး – gabapentin (Neurontin) ဟာ နာတာရှည်နာကျင်ခြင်းတွေအတွက် သက်သာစေပါတယ်။

ကုသထုံး

  • အကြောလျှော့ခြင်းလေ့ကျင့်ခန်း – ရင်ဘတ်ကြွက်သားများကို ဖြေလျှော့ခြင်းဖြင့် အကူအညီဖြစ်နိုင်ပါတယ်။
  • အာရုံကြောလှုံ့ဆော်မှုများ – လျှပ်စီးဓာတ်ဖြင့် အာရုံကြောလှုံ့ဆော်ခြင်းနည်းတစ်နည်းဖြစ်တယ်။ နာကျင်တဲ့နေရာဝိုက်က အရေပြားပေါ်မှာ ကပ်ခွာလေးများဖြင့် လျှပ်စီးဓာတ်ပို့လွှတ်ပြီး ထိုဓာတ်က နာကျင်မှုအာရုံ ဦးနှောက်သို့ရောက်ခြင်းကိုတားပေးတာဖြစ်တယ်။

ခွဲစိတ်ခြင်းနှင့်အခြားနည်းလမ်းများ

တခြားနည်းလမ်းများအဆင်မပြေပါက နာကျင်သော အဆစ်တ၀ိုက်သို့ စတီးရွိုက်တိုက်ရိုက်ထိုးသွင်းကုသပါလိမ့်မယ်။

 

နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့်အိမ်တွင်းကုထုံးများ

အကူအညီဖြစ်စေမယ့် နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့်အိမ်တွင်းကုထုံးများကတော့-

  • အလွယ်တကူဝယ်ယူရရှိနိုင်သော စတီးရွိုက်မပါသည့် အရောင်ကျဆေး၊ အကိုက်အခဲပျောက်ဆေး၊ စသည်။
  • ရေနွေးကပ်ခြင်း သို့ ရေခဲကပ်ခြင်း – နာကျင်ကိုက်ခဲသည့်နေရာကို ရေနွေးအိတ် သို့ ရေခဲအိတ်ကပ်ပေးခြင်းကလည်း အကူအညီဖြစ်စေပါတယ်။
  • မလိုအပ်သောလှုပ်ရှားမှုများ၊ လေ့ကျင့်ခန်းများရှောင်ရှားခြင်း – လက္ခဏာများမသက်သာသည်ထိအားကစားများ မလိုအပ်သောလှုပ်၇ှားမှုများရှောင်ပါ။ ထို့နောက်မှာလည်း ခံနိုင်ရည်ရှိသလောက်သာ ပြန်လည်လှုပ်ရှားပါ။
  • အကြောဖြေလျှော့သည့်လေ့ကျင့်ခန်းများလုပ်ပါ။

တခြားသိလိုသည်များရှိပါက သင့်အတွက်အကောင်းဆုံးအဖြေရဖို့ ဆရာဝန်နဲ့တိုင်ပင်ကြည့်သင့်ပါတယ။်

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ ဖေ‌ဖော်ဝါရီ 13, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း ဖေ‌ဖော်ဝါရီ 13, 2018

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ