Contact dermatitis (ဓါတ်မတည့်ခြင်းကြောင့် အရေပြားရောင်ရမ်းခြင်း) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar.

အဓိပ္ပါယ်ဖွင့်ဆိုချက်

Contact dermatitis (ဓါတ်မတည့်ခြင်းကြောင့် အရေပြားရောင်ရမ်းခြင်း) ကဘာလဲ။

ဓါတ်မတည့်ခြင်းကြောင့် အရေပြားရောင်ရမ်းခြင်းဆိုတာ

သင့်အသားအရေနှင့် ထိတွေ့မိသော အရာဝတ္တုတစ်ခုကြောင့် အရေပြားတွင် ယားယံသော အနီပြင်ထလာခြင်းဖြစ်သည်။ ၄င်းသည် မကူးစက်တတ်ပါ၊ အသက်အန္တရာယ်လည်း မရှိနိုင်ပါ။ သို့သော်သင်.ကို အလွန်စိတ်အနှောင့်အယှက်ပေးနိုင်သည်။

ဆပ်ပြာ ၊အလှကုန်ပစ္စည်း၊ အမွှေးနံ့သာများ၊ လက်ဝတ်ရတနာများ၊ အဆိပ်ရှိနွယ်ပင်များနှင့် ထိတွေ့မိရာမှ ဖြစ်နိုင်သည်။ အချို့လူများတွင် လုပ်ငန်းခွင်ရှိ အရာဝတ္တုများကြောင့်လည်း ဓါတ်မတည့်အရေပြားရောင်ရမ်းခြင်း ဖြစ်နိုင်သည်။

Contact dermatitis (ဓါတ်မတည့်ခြင်းကြောင့် အရေပြားရောင်ရမ်းခြင်း) က ဘယ်လောက်အဖြစ်များသလဲ

ဓါတ်မတည့်ခြင်းကြောင့် အရေပြားရောင်ရမ်းခြင်းသည် အလွန်အဖြစ်များ၍ အသက်အရွယ်မရွေးဖြစ်နိုင်သည်။ ရောဂါဖြစ်ပွားနှုန်းမြင့်မားစေသော အချက်များကို ရှောင်ကြဉ်ခြင်းဖြင့် ကာကွယ်နိုင်သည်။ သိလိုသည်များရှိပါက ဆရာဝန်နှင့်တိုင်ပင်ပါ။

လက္ခဏာများ

Contact dermatitis (ဓါတ်မတည့်ခြင်းကြောင့် အရေပြားရောင်ရမ်းခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

ဓါတ်မတည့်ခြင်းကြောင့် အရေပြားရောင်ရမ်းခြင်း၏လက္ခဏာများ

အဖြစ်များသော လက္ခဏာများမှာ

  • အနီပြင် သို့မဟုတ် အဖုများထခြင်း
  • ပြင်းထန်စွာယားယံခြင်း
  • ကြာရှည်ဖြစ်လာပါက အရေပြား ခြောက်သွေ့အက်ကွဲပြီး အဖတ်များကွာခြင်း
  • ရောဂါပြင်းထန်ပါက အရည်ကြည်ဖုဖြစ်ခြင်း အရည်ထွက်ခြင်း အဖတ်ကွာခြင်း
  • ရောင်ရမ်းခြင်း၊ ပူလောင်ခြင်း၊ နာကျင်ခြင်း တို့ဖြစ်သည်။

ရောဂါပြင်းထန်မှု အခြေအနေသည် အောက်ပါအချက်များအပေါ် မူတည်သည်။

  • ဓါတ်မတည့်သော အရာနှင့် ထိတွေ့မှုကြာချိန်
  • ဓါတ်မတည့်သော အရာ၏ ပြင်းအား
  • ပတ်ဝန်းကျင်အခြေအနေများ ဥပမာ လက်အိပ်ဝတ်ထားခဲ့လျှင် အပူချိန်၊ လေဝင်လေထွက်နှင့် ချွေးထွက်ခြင်းများ
  • အချို့ဓါတ်မတည့်သော အရာများအပေါ် သင့်ခန္ဓာကိုယ်၏ တုန့်ပြန်မှုကို ထိန်းချုပ်သည့်မျိုးဗီဇ

အထက်တွင်ဖေါ်ပြခဲ့သည်နှင့် မတူသော ရောဂါလက္ခဏာများလည်းရှိနိုင်သည်။ ရောဂါလက္ခဏာများနှင့်ပတ်သတ်၍ သံသယရှိပါက ဆရာဝန်နှင့် တိုင်ပင်ပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

  • ဓါတ်မတည့်သောနေရာမှ အိပ်မရသည်အထိ နေ့စဉ်လုပ်ငန်းဆောင်တာများ မလုပ်နိုင်သည်အထိ စိတ်အနှာင့်အယှက်ပေးလာလျှင်
  • အနီပြင်နေရာမှ ဘေးသို့ပြန့်နှံ့ခြင်း အလွန်နာကျင်ခြင်းဖြစ်လျှင်
  • သင့်အရေပြားပေါ်ရှိ ထိုအနီပြင်ကြောင့် အရှက်ရနေရလျှင်
  • ရက်သတ္တပါတ်အနည်းငယ်အတွင်း မသက်သာလာလျှင်
  • အနီပြင်သည် မျက်နှာ သို့မဟုတ် မျိုးပွားအင်္ဂါများတွင် ရှိနေလျှင် ဆရာဝန်နှင့် တိုင်ပင်ပါ။

အောက်ပါအခြေအနေများတွင် ဆေးရုံဆေးခန်းသို့ ချက်ခြင်းသွားသင့်သည်။

  • သင့်အရေပြားတွင် ရောဂါပိုးဝင်နေသည်ဟုထင်ရလျှင် (အဖျားတက်ခြင်း၊ အရည်ကြည်ဖုမှ ပြည်များထွက်ခြင်းကို သတိပြုပါ)
  • ဓါတ်မတည့်သော အရာကို ရှူမိသောကြောင့် မျက်လုံး၊ နှာခေါင်းနှင့် အဆုတ်လမ်းကြောင်း တလျှောက် ရောင်ရမ်းနာကြင်လျှင်
  • သင့်ခံတွင်းနှင့် အစာလမ်းကြောင်းတလျှောက် အနီပြင်များ ပြန့်ပွားနေပြီဟု ထင်လျှင်

အကြောင်းရင်းများ

Contact dermatitis (ဓါတ်မတည့်ခြင်းကြောင့် အရေပြားရောင်ရမ်းခြင်း) ကိုဘာတွေကဖြစ်စေသလဲ

ဓါတ်မတည့်အရေပြားရောင်ရမ်းခြင်းသည် သင့်အရေပြားကို အနှောင့်အယှက်ပေးသော ဓါတ်မတည့်မှုဖြစ်စေသည့် အရာဝတ္တုတစ်ခုနှင့် ထိတွေ့မိခြင်းကြောင့်ဖြစ်သည်။ ဓါတ်မတည့်မှုဖြစ်စေသည့် အရာဝတ္တုပေါင်း ထောင်နှင့်ချီ၍ ရှိသည်။ အချို့မှာ ဓါတ်မတည့်ခြင်းရော နာကျင်ကျိန်းစပ်ခြင်းပါ ဖြစ်စေသည်။

နာကျင်ကျိန်းစပ်စေသည့် အရေပြားရောင်၇မ်းခြင်းသည် အဖြစ်အများဆုံးဖြစ်သည်။ ဓါတ်မတည့်မှုမဟုတ်သော ထိုရောင်ရမ်းခြင်းသည် သင့်အရေပြားကို ကာကွယ်ထားသော အပြင်ဘက်အလွှာကို ပျက်စီးစေသောအရာများကြောင့် ဖြစ်ပွားနိုင်သည်။ အချို့လူများတွင် အားပြင်းသောအရာများနှင့် တစ်ခါမျှထိမိရုံဖြင့် ပြင်းထန်စွာခံစားရသည်။ အချို့ အားပျော့သောအရာများသည် ထပ်ကာထပ်ကာထိတွေ့မိမှသာ လက္ခဏာပေါ်သည်။ အချို့လူများတွင် အချိန်ကြာလာသည်နှင့်အမျှ ထိုရောင်ရမ်းစေသောအရာကို ယဉ်ပါးသွားလေ့ရှိသည်။ နာကျင်ကျိန်းစပ်စေသည့် အရေပြားရောင်၇မ်းခြင်းကို ဖြစ်စေသောအရာများမှာ

  • ပျော်ရည်များ
  • အရက်ပြန်
  • အစွန်းချွတ်ဆေး
  • ဆပ်ပြာ၊ ချွေးနံ့ပျောက်ဆေး၊ အလှကုန်တို့ကဲ့သို့ တကိုယ်ရည်သုံးပစ္စည်းများ
  • လေထဲတွင် ပါလာသော လွှစာမှုန့်၊ သားမွေးတို့ကဲ့သို့အမှုန်ငယ်များ
  • ဆေးမြီးတိုအဖြစ်သုံးသော ဘကမိသခု အပင် တို့ဖြစ်သည်။

ဓါတ်မတည့်အရေပြားရောင်ရမ်းခြင်းသည် ဓါတ်မတည့်မှုဖြစ်စေသည့် အရာဝတ္တုတစ်ခုကို သင့်အရေပြားပေါ်တွင် တုန့်ပြန်မှုဖြစ်ပေါ်စေခြင်း ဖြစ်သည်။ ထိုအရာဝတ္တုနှင့် ထိတွေ့မိသောနေရာတွင်သာ ဖြစ်ပွားသည်။ သို့သော် အစားအစာ၊ ဆေးဝါးနှင့် သွားနှင့်ခံတွင်းကုသမှုတို့မှတဆင့်လည်း သင့်ခန္ဓာကိုယ်ထဲသို့ဝင်ရောက်ပြီး ပြန့်နှံ့ဓါတ်မတည့်အရေပြားရောင်ရမ်းခြင်း ဖြစ်နိုင်သည်။

အဆိပ်သင့်နွယ်ပင်ကဲ့သို့ အားပြင်းသောအရာနှင့်ထိတွေ့မိပါက သင့်ခန္ဓာကိုယ်မှ တစ်ကြိမ်တည်းဖြင့်မှတ်မိပြီးတုန့်ပြန်နိုင်သည်။ အားပျော့သောအရာများနှင့် ဓါတ်မတည့်မှုဖြစ်ရန် နှစ်အတန်ကြာအောင် ကြိမ်ဖန်များစွာ ထိတွေ့ဖို့လိုအပ်သည်။ ဓါတ်မတည့်မှုဖြစ်ပြီဆိုပါက အနည်းငယ်သောပမာဏကိုပင် သင့်ခန္ဓာကိုယ်မှ တုန့်ပြန်နိုင်သည်။ ဓါတ်မတည့်မှုဖြစ်စေသည့် အရာဝတ္တုများမှာ

  • ခါးပတ်၊ လက်ဝတ်ရတနာနှင့် အခြားအဆင်တန်ဆာများတွင်သုံးသော နီကယ်သတ္တု
  • ပဋိဇီဝလိမ်းဆေးနှင့် အခြားညေအင့ငျအောငညနသောက်ဆေးများ
  • ရေမွှေး၊ အလှကုန်၊ ခံတွင်းသန့်ဆေးရည်နှင့် အရသာအဖြစ်သုံးသော ပီရူးသစ်မွှေးဆီ
  • ကော်၊ ပျော်ရည်နှင့် အခြားနေရာများတွင်သုံးသော်သမာေိုန့ပိန
  • ချွေးနံ့ပျောက်ဆေး၊ ဆံပင်ဆိုးဆေး၊ ရေချိုးဆပ်ပြာ။ အလှကုန်၊ လက်သည်းနီတို့ကဲ့သို့ တကိုယ်ရည်သုံး ပစ္စည်းများနှင့် ယူကလစ်၊ ပရုတ်၊ မသျနာမေပ တို့ပါဝင်သော လိမ်းဆေးများ
  • အရေပြားတွင် တက်တူးထိုးခြင်းနှင့် အနက်ရောင်ဒန်းဆိုးခြင်း
  • ကမကျ့ငသူ ကဲ့သို့ဓါတ်မတည့်မှုဖြစ်စေသည့်အရာ ပါဝင်သည့် အဆိပ်ရှိနွယ်ပင်နှင့် သရက်ပင်များ
  • ရနံ့ကုထုံး၊ ပိုးသတ်ဆေးငွေ့တို့ကဲ့သို့ လေထဲမှအရာများ
  • နေရောင်ခြည်နှင့် ထိတွေ့မှ ဓါတ်မတည့်မှုဖြစ်စေသည့် အရာများ ဥပမာ နေလောင်ခံလိမ်းဆေးနှင့် သောက်ဆေးအချို့ တို့ဖြစ်သည်။

ကလေးများတွင် ဓါတ်မတည့်အရေပြားရောင်ရမ်းခြင်း ဖြစ်ပွားမှုနှုန်းမှာ လူကြီးများနှင့် အတူတူပင်ဖြစ်သည်။ ဖြစ်နေကျအရာများအပြင် ကားထိုင်ခုံများ၊ အိမ်သာခုံရှိ ပလက်စတစ်များနှင့် ကလေးအနှီးချိတ်များကို ထိမိခြင်းကြောင့်လည်း ဖြစ်တတ်သည်။

လုပ်ငန်းခွင်မှ ဓါတ်မတည့်မှုဖြစ်စေသည့် အချို့အရာများကို ထိတွေ့မိခြင်းဖြင့်လည်း ဓါတ်မတည့်အရေပြားရောင်ရမ်းခြင်းဖြစ်နိုင်သည်။ အချို့ အလုပ်အကိုင်နှင့် ဝါသနာများက သင့်ကို ထိုရောဂါဖြစ်ပွားမှုနှုန်းမြင့်မားစေသည်။ ဥပမာဆိုရလျှင်

  • ကျန်းမာရေးဝန်ထမ်းများ၊ ဆေးဝါးစက်ရုံ အလုပ်သမားများ
  • သတ္တုအလုပ်သမားများ
  • ဆောက်လုပ်ရေးလုပ်သားများ
  • ဆံပင်ညှပ်သူ အလှဖန်တီးရှင်များ
  • စားပွဲထိုးများ
  • (မျက်နှာဖုံးနှင့် ရေငုတ်မျက်မှန်တို့မှရာဘာကြောင့်) ရေကူး၊ ရေငုတ်သူများ
  • သန့်ရှင်းရေးအလုပ်သမားများ
  • ဥယျာဉ်မှူးနှင့် တောင်သူလယ်သမားများ
  • စားဖိုမှူးနှင့် အစားအသောက်နှင့် အလုပ်လုပ်သူများ တို့ဖြစ်သည်။

 

 

 

ဖြစ်နိုင်ခြေများ

Contact dermatitis (ဓါတ်မတည့်ခြင်းကြောင့် အရေပြားရောင်ရမ်းခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

ဓါတ်မတည့်အရေပြားရောင်ရမ်းခြင်းသည် ရောဂါဖြစ်စေသော အရာနှင့် အကာအကွယ်မဲ့သော အရေပြားတို့ တိုက်ရိုက်ထိတွေ့ရာမှ ဖြစ်လာခြင်းဖြစ်သည်။ ထို့ကြောင့် အဓိကအကြောင်းအရင်းမှာ ထိုထိတွေ့မှုဖြစ်သည်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Contact dermatitis (ဓါတ်မတည့်ခြင်းကြောင့် အရေပြားရောင်ရမ်းခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ဆရာဝန်များမှ အောက်ပါအချက်များအရ အကြောင်းအရင်းကို ရှာဖွေဆုံးဖြတ်သည်။

         နှံ့စပ်သော ရောဂါရာဇဝင်ယူခြင်းနှင့် စမ်းသပ်စစ်ဆေးခြင်း

သင်၏ရောဂါလက္ခဏာအကြောင်း မေးမြန်းပြီး အကြောင်းရင်းကို ရှာဖွေခြင်းနှင့် သင့်အရေပြားရောင်ရမ်းမှုပုံစံနှင့် ပမာဏကိုကြည့်ရှုစစ်ဆေးခြင်း

         ကပ်ခွာစစ်ဆေးမှု

တစုံတခုနှင့် ဓါတ်မတည့်အရေပြားရောင်ရမ်းခြင်း ရှိမရှိစစ်ဆေးရန် ဆရာဝန်မှ ထိုစစ်ဆေးမှုကို ဆောင်ရွက်သည်။ သင့်အရေပြားရောင်ရမ်းသည့် အကြောင်းရင်းကို မသိလျှင် သို့မဟုတ် ထပ်ကာတလဲလဲ ရောင်ရမ်းမှုများဖြစ်နေလျှင် စစ်ဆေးသည်။ ဆေးအချို့၊ နေရောင်ခြည်နှင့်ထိတွေ့ခြင်းကို စစ်ဆေးမှုမပြုမီ တစ်ပတ်နှစ်ပတ်ကြို၍ ရှောင်ကြဉ်ပါ။ စစ်ဆေးနေစဉ် ဓါတ်မတည့်မှုဖြစ်နိုင်ခြေရှိသည့် အရာများကို အနည်းငယ်စီ ကပ်ခွာတိပ်ဖြင့် အရေပြားပေါ်တွင်ကပ်ရမည်။ ကပ်ခွာများကို အရေပြားပေါ်တွင် နှစ်ရက်ခန့် ရေမစိုအောင် ထားရန်လိုသည်။ ဆရာဝန်က ကပ်ခွာအောက်မှ အရေပြားတုန့်ပြန်မှုကို ကြည့်ပြီး ထပ်မံစမ်းသပ်ရန် လိုမလိုဆုံးဖြတ်သည်။ လူအများစုက တစ်ခုထက်ပိုသောအရာများကို တုန့်ပြန်ကြသည်။

Contact dermatitis (ဓါတ်မတည့်ခြင်းကြောင့် အရေပြားရောင်ရမ်းခြင်း) ကို ဘယ်လိုကုသပါသလဲ

         ဓါတ်မတည့်မှုဖြစ်စေသော အရာများကို ရှောင်ကြဉ်ပါ။ သင့်ကို ဓါတ်မတည့်မှုဖြစ်စေသော အရာများကို သိရှိခြင်းနှင့် ရှောင်ရှားခြင်းသည် အဓိကဖြစ်သည်။ သင်နှင့်မတည့်သောအရာများ စာရင်းကို ဆရာဝန်မှ ထုတ်ပေးလိမ့်မည်။

         ဆရာဝန်ပေးသော စတီးရွိုက်ဆေး လိမ်းပါ။ သင့်ကိုယ်ပိုင်နည်းလမ်းများနှင့် ရောင်ရမ်းခြင်းမသက်သာလျှင် ဆရာဝန်မှ စတီးရွိုက်လိမ်းဆေးပေးလိမ့်မည်။

         အရေပြားပြန်လည်ပြုပြင်သောဆေးများသုံးခြင်း၊ ခုခံအားစနစ်အပေါ်သက်ရောက်သည့် ခေူခငညနကမငည ဆန့်ကျင်ဆေးများဖြစ်သည့် အခေမသူငာကျ သို့မဟုတ် စငာနခမသူငာကျ လိမ်းဆေးများသည် အရေပြားကို ပြုပြင်ပေးပြီး နောက်ထပ်ဖြစ်ခြင်းမှလည်း ကာကွယ်ပေးသည်။ သို့၇ာတွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာနမှ ထိုဆေးများနှင့် ပြန်ရည်ကျိတ်ကင်ဆာ အရေပြားကင်ဆာတို့ ဆက်စပ်မှုရှိနိုင်ကြောင်း သတိပေးထုတ်ပြန်ထားသည်။

         ဆေးသောက်ခြင်း၊ ဗရာဂါပြင်းထန်ပါက ဆရာဝန်မှ အရောင်ကျရန် စတီးရွိုက်ဆေးများ၊ အယားသက်သာရန် ညေအင့ငျအောငညန ဆေးများ နှင့် ဘက်တီးရီးယားပိုးဝင်ခြင်းအတွက် ပဋိဇီဝဆေးများ ပေးနိုင်သည်။

 

နေထိုင်မှုပုံစံနှင့် အိမ်တွင်းကုထုံးများ

  • ဓါတ်ပြုစေသောအရာနှင့် အရေပြားထိတွေ့မှုမှရှောင်ကြဉ်ပါ။ လက်ဝတ်ရတနာကြောင့်ဖြစ်လျှင်အရေပြားနှင့် ထိုပစ္စည်းကြားတခုခု ခံ၍ဝတ်နိုင်သည်။ ဥပမာ လက်ကောက်၏ အတွင်းပိုင်းကို တိပ်အကြည်ဖြင့် ကပ်ထားခြင်း သို့မဟုတ် လက်သည်းဆိုးဆေး အကြည်ဖြင့်သုတ်လိမ်းထားခြင်း
  • အယားပျောက်ဆေး၊ ဃေူောငညနူသအငသည လိမ်းခြင်း၊ ဆေးဆိုင်မှဝယ်ယူနိုင်သော့ ပိမသခသမအငျသညန အနည်းဆုံး ၁% ပါဝင်သည့် လိမ်းဆေးသည် ယားယံခြင်းကို ယာယီသက်သာစေသည်။
  • အယားပျောက်ဆေးသောက်ခြင်း၊ ဆေးဆိုင်တွင်ဝယ်ယူနိုင်သေိာငစ့နည့ပိမောငညန စသည့်ဆေးများကို အလွန်ယားယံလာပါက ဝယ်သောက်နိုင်သည်။
  • ရေအေးဝတ်ကပ်ပါ။ အရေပြားယားယံမှု သက်သာစေရန် ၁၅ မိနစ်မှ ၃၀မိနစ်အထိ တစ်နေ့ သုံးလေးကြိမ် ကပ်နိုင်သည်။
  • အရေပြားကိုမကုတ်ရ၊ လက်သည်းများညှပ်ထားပါ။ ယားသည့်နေရာကို မကုတ်ဘဲမနေနိုင်ပါက ပတ်တီးစည်း၍ ကာကွယ်ထားပါ။
  • သက်တောင့်သက်သာရှိရုံ ရေအေးတွင်စိမ်ပါ။ မုန့်ဖုတ်ဆိုဒါ၊ ကောက်နှံတို့မှ ပြုလုပ်ထားသော ရေချိုးဆပ်ပြာေ၇ဖြင့် ဖြန်းပေးပါ။
  • အမွှေးနံ့အရောင်ဆိုးဆေးများမပါသော ဆပ်ပြာအပျော့စားကို သုံးပါ။ ရေဖြင့်စင်အောင်ဆေး၍ အရေပြားကို ပုတ်ပေးပြီး အခြောက်ခံပါ။ ာသင်အကမငဖနမ သံုးပါ။
  • အရေပြားကို မထိခိုက်စေသော ချည်ချောသားအထည်များကို ဝတ်ဆင်ပါ။
  • လက်များကိုာသငျအကမငဖနမ လိမ်း၍ လက်အိပ်ဝတ်ပြီးကာကွယ်ပါ။ာသငျအကမငဖနမ ကို လိုသလိုထပ်လိမ်းပေးပါ။ လက်များကို ကာကွယ်ရန်သင့်တော်သောလက်အိပ် အမျိုးအစားရွေးချယ်ပါ။ ဥပမာ ရေမကြာခဏ စိုခြင်းမှကာကွယ်ရန် ချည်သားအနားကွပ်နှင့် ပလက်စတစ်လက်အိပ်ကို သုံးသင့်သည်။

သိလိုသည်များရှိပါက သင့်အတွက် အကောင်းဆုံးအဖြေကို ရရှိနိုင်ရန် ဆရာဝန်နှင့်တိုင်ပင်ပါ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ ဖေ‌ဖော်ဝါရီ 9, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း ဖေ‌ဖော်ဝါရီ 9, 2018

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ