Congestive Heart Failure (နှလုံးစွမ်းဆောင်ရည်ကျဆင်းခြင်း ) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

အဓိပ္ပါယ်ဖွင့်ဆိုချက်

Congestive Heart Failure (နှလုံးစွမ်းဆောင်ရည်ကျဆင်းခြင်း ) ကဘာလဲ။

နှလုံးညှစ်နိုင်စွမ်းအားလျော့နည်းခြင်းရောဂါသည် နှ လုံး ကြွက်သားများကညစ်အားကျသောအခြေအနေတစ်ခု ဖြစ်ပါသည်။ အန္တရာယ်ရှိသောအောက်ပါအကျိုးဆက်များကို ဖြစ်ပေါ် စေပါသည်။

  • နှလုံးသည် ခန္ဓာကိုယ်မှလိုအပ်သောသွေးပမာဏကိုညစ်မထုတ်နိုင်တော့ပါ။
  • သွေးသည် နှလုံးထဲတွင် ပိတ်ဆို့လာပြီး နှလုံးနံရံများကိုဖိအားပိုများစေပါသည်။
  • နှလုံးသည် သွေးများများဝင်ရန် ဆန့်ကားလာပါသည်
  • ကျောက်ကပ်သည် ခန္ဓာကိုယ်မှ အရည်နှင့်ဆားများကိုထိန်းသိမ်းစေပြီးအင်္ဂါအချို့ ဖော်ရောင်ခြင်းကို ဖြစ်စေပါသည်။ တဖြည်းဖြည်းနှင့် ခန္ဓာကိုယ်တစ်ခုလုံးရောင်လာပါသည်။

နှလုံးညှစ်နိုင်စွမ်းအားလျော့နည်းခြင်းသည် နှလုံး၏ တစ်ဖက်ဖက်တွင်သာ ဖြစ် ပွားပါသည်။ အများအားဖြင့် ဘယ်ဘက်တွင် စတင်ပြီးသင့် တော်စွာမကုသပါကညာဘက်သို့ ကူးပြောင်းနိုင်ပါသည်။ နှလုံးရောဂါသည် အသက်အန္တရာယ်ရှိပါသည်။

Congestive Heart Failure (နှလုံးစွမ်းဆောင်ရည်ကျဆင်းခြင်း ) က ဘယ်လောက်အဖြစ်များသလဲ

နှလုံးရောဂါသည် အသက်ကြီးသူများတွင် အများဆုံး ဖြစ်ပွားသော်လည်းမည်သည့်အရွယ်တွင်မဆို ဖြစ်ပွားနိုင်ပါ သည်။ မွေးရာပါ နှလုံးချို့ယွင်းချက်ရှိသောကလေးများသည် နှလုံးညှစ်နိုင်စွမ်းအားလျော့နည်းခြင်း ဖြစ်နိုင်ချေမြင့်ပါသည်။

လက္ခဏာများ

Congestive Heart Failure (နှလုံးစွမ်းဆောင်ရည်ကျဆင်းခြင်း ) ရဲ့လက္ခဏာတွေကဘာတွေလဲ

နှလုံးညှစ်နိုင်စွမ်းအားလျော့နည်းခြင်းသည် နာတာရှည်ရောဂါတစ်မျိုး ဖြစ်ပြီးရုတ်တရက် ပြုပြင်ပြောင်းလဲခြင်းမပြုနိုင်ပါ။ အဖြစ်များသောရောဂါလက္ခဏာများမှာ-

  • နှလုံးခုန်သံမမှန်ခြင်း
  • မောပန်းနွမ်းနယ်ခြင်း
  • ချောင်းဆိုးသွေးပါခြင်း၊ အသံမြည်အောင် အသက် ရှူခြင်း
  • အစာစားချိန်စိတ် ပျောက်ဆုံးခြင်း
  • မအီမသာဖြစ်ခြင်း
  • အသက်ရှူမြန်ခြင်း
  • ညဘက်တွင် အလျင်စလိုဆီးသွားလိုခြင်း
  • ရှင်းပြ၍မရဘဲကိုယ်အလေးချိန်တက်ခြင်း
  • ရင်ဘတ်နာခြင်း
  • ဝမ်းဗိုက်၊ ခြေထောက်၊ ခြေကျင်းဝတ်နှင့် ခြေတို့တွင် ဖောရောင်ခြင်း

အထက်တွင် ဖော်ပြ မထားသောအခြားလက္ခဏာများလည်းရှိနိုင်ပါသည်။အကယ်၍ သင့်ဆီတွင် ရောဂါလက္ခဏာတစ်ခုခုများရှိနေသည်ဟုစိုးရိမ်မိပါက ဆရာဝန်နဲ့ ဆွေးနွေး တိုင်ပင် သင့်ပါသည်။

 

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

ရောဂါလက္ခဏာများပေါ်လာပါကဆရာဝန်နှင့် အမြန် ပြသပါ။ ရောဂါ၏ အစောပိုင်းလက္ခဏာများမှာရင်ဘတ် နာခြင်း၊ အသက်ရှူမြန်ခြင်း၊ ချောင်းဆိုးသွေးပါခြင်း နှင့် အားနည်းခြင်းတို့ ဖြစ်ပါသည်။ ကုသမှုအပြီးဆိုးကျိုးများခံစားရပါကသို့မဟုတ် ရောဂါလက္ခဏာများပိုဆိုးလာပါကဆရာဝန် နှင့် ပြသပါ။

အကြောင်းရင်းများ

Congestive Heart Failure (နှလုံးစွမ်းဆောင်ရည်ကျဆင်းခြင်း ) ကိုဘာတွေကဖြစ်စေသလဲ

နှလုံးညှစ်အားကျဆင်းခြင်းသည် နှလုံးကြွက်သားများကိုထိခိုက်စေသော နှလုံးနှင့် သွေးကြောရောဂါအချို့၏ ဆိုးကျိုးတစ်ခု ဖြစ် ပါသည်။ ထိုရောဂါများမှာသွေးတိုးခြင်း၊ နှလုံးကြွက်သားများပုပ်ခြင်း၊ နှလုံးကြီးခြင်း နှင့် နှလုံးအဆို့ရှင် ရောဂါ၊ ရောဂါ ပိုးကူးစက်ခြင်း၊ နှလုံးခုန်သံစည်းချက်မမှန်ခြင်း၊ သွေးအားနည်းခြင်း၊ သိုင်းရွိုက်ရောဂါ၊ အဆုတ်ရောဂါ နှင့် ခန္ဓာကိုယ် တွင်းအရည်အလွန်များခြင်းတို့ဖြစ်ပါသည်။

Risk factors

Congestive Heart Failure (နှလုံးစွမ်းဆောင်ရည်ကျဆင်းခြင်း ) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

နှလုံးရောဂါကိုပိုဆိုးစေသောအချက်များစွာရှိပါသည်။ ၎င်းတို့မှာ-

  • သွေးတိုးခြင်း
  • နှလုံးကိုထောက်ပံ့ပေးသောသွေးကြောရောဂါ။ သွေးကြောကျဉ်းခြင်းသည် အောက်စီဂျင် ပြည့်ဝ သောသွေးများ နှလုံးသို့ ထောက်ပံ့ခြင်းကိုဟန့်တားကာ နှလုံးကြွက်သားများကိုအားနည်းစေပါသည်။
  • နှလုံးကြွက်သားများပုပ်ခြင်း။ နှလုံးကြွက်သားများထိခိုက်သွားသောအခါ နှလုံးသည် ပုံမှန်ကဲ့သို့ အလုပ် မလုပ်နိုင်တော့ပါ။
  • ဆီးချိုသွေးချို။ ဆီးချိုသွေးချိုသည် သွေးတိုးခြင်းနှင့် နှလုံးကိုထောက်ပံ့သောသွေးကြောရောဂါကို ဖြစ်စေပါသည်။
  • အချို့ဆီးချိုဆေးများသောက်ခြင်း။ Rosiglitazone (Aandia) နှင့် Pioglitazone (Actos) စသောဆေးများသည် အချို့လူများတွင် နှလုံးရောဂါဖြစ်နိုင်ချေ ကို မြင့်တက်စေပါသည်။ သို့သော် သောက်သုံးနေသောဆေးများကိုမရပ်တန့်သင့်ပါ။ ဆေးများဆက်သောက်ရပါကအခြားအစားထိုးရန် ဆေးများရှိသလားကိုဆရာဝန်အားမေးပါ။
  • အိပ်နေစဉ် အသက်ရှူရပ်ခြင်း။ အိပ်စက်စဉ် ပုံမှန် အသက်မရှူနိုင်ပါကသွေးတွင်းအောက်စီဂျင် ပမာဏနည်းပြီး နှလုံးခုန်သံစည်းချက်မညီ ဖြစ်စေပါသည်။ ထိုပြဿနာများသည် နှလုံးကိုအားနည်းစေပါသည်။
  • မွေးရာပါ နှလုံးချို့ယွင်းမှု
  • နှလုံးအဆို့ရှင် ရောဂါ
  • ရောဂါပိုးကူးစက်မှု။ ဗိုင်းရပ်စ်ကူးစက်မှုသည် နှလုံး ကြွက်သားများထိခိုက်မှုကို ဖြစ်စေပါသည်။
  • အရက်သေစာသောက်စားခြင်း။ အရက် အလွန် သောက်ခြင်းသည် နှလုံးအလုပ်လုပ်နိုင်စွမ်းကိုထိခိုက်စေပြီး နှလုံးရောဂါကို ဖြစ်စေပါသည်။
  • ဆေးလိပ်သောက်ခြင်း။ ဆေးလိပ်သောက်ခြင်းသည် နှလုံးရောဂါ ဖြစ်နိုင်ချေကို မြင့်တက်စေပါသည်။
  • အဝလွန်ခြင်း။ အဝလွန်သူများသည် နှလုံးနှင့် သွေးကြောရောဂါများ ဖြစ်နိုင်ချေ မြင့်ပါသည်။
  • နှလုံးခုန်သံစည်းချက်မမှန်ခြင်း။ အထူးသဖြင့် နှလုံးအမြန်ခုန်ချိန်တွင် စည်းချက်မမှန်ခြင်းသည် နှလုံး ကြွက်သားများကိုအားနည်းစေပြီး နှလုံးရောဂါ ဖြစ် စေပါသည်။

 

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Congestive Heart Failure (နှလုံးစွမ်းဆောင်ရည်ကျဆင်းခြင်း ) ကို ဘယ်လိုအတည်ပြုပါသလဲ

ခန္ဓာကိုယ်အားစစ်ဆေးမှုများသည် ခြေထောက်များဖောရောင်ခြင်း၊ အဆုတ်တွင် အရည်များစုပြုံ၍ အသက်ပြင်းပြင်း ရှူရခြင်းစသောပုံမှန်မဟုတ်ခြင်းများကိုဖော်ထုတ်နိုင် ပါသည်။

ထို့အပြင် ဆရာဝန်သည် ရင်ဘတ်အားဓာတ်မှန်ရိုက်ခြင်းကိုလည်း ပြုလုပ်ရန်ညွှန်ကြားနိုင်ပါသည်။ ဓာတ်မှန်သည် နှလုံးနှင့် အဆုတ်တွင် ရှိသောပြဿနာများကိုဖော်ထုတ် ပေးနိုင်ပါသည်။ Echocardiogram ( အသံလှိုင်းများအသုံးပြု ၍ နှလုံးလှုပ်ရှားမှုကိုကြည့်သောစစ်ဆေးမှု) သည် နှလုံး၏ အရွယ်အစားနှင့် နှလုံးကြွက်သား၊ အဆို့ရှင် တို့၏ ပြဿနာများကို ပြသနိုင်ပါသည်။

 

Congestive Heart Failure (နှလုံးစွမ်းဆောင်ရည်ကျဆင်းခြင်း ) ကို ဘယ်လိုကုသပါသလဲ

သင့်ကျန်းမာရေးနှင့် သင့်အခြေအနေဘယ်လောက်တိုးတက်သလဲအပေါ်မူတည်၍ ကုသမှုအမျိုးမျိုးကိုစဉ်းစားနိုင် ပါသည်။

 

  • ဆေးပေးခြင်း

နှလုံးညှစ်အားလျော့ခြင်းတွင် အသုံးပြုနိုင်သောဆေးများစွာရှိပါသည်။

  • Angiotensin-converting enzyme inhibitorsn (ACE inhibitors) သည် ကျဉ်းသောသွေးကြောများကိုပွင့်စေပြီးသွေးစီးကြောင်းကိုတိုးတက်စေပါသည်။ ACE inhibitors များမခံနိုင်ပါက vasodilators များရွေးချယ်နိုင်သည်။
  • Beta-blockers သည် သွေးဖိအားကိုကျစေပြီး မြန် နေသော နှလုံးခုန်သံစည်းချက်ကို နှေးစေပါသည်။
  • ဆီးဆေးများသည် ခန္ဓာကိုယ်၏ အရည် ပမာဏကိုလျော့ကျစေပါသည်။ နှလုံးညှစ်အားလျော့ခြင်းသည် ခန္ဓာကိုယ်တွင် အရည်များကိုသာမန်ထက် ပို၍ ထိန်းသိမ်းစေသောကြောင့် ဖြစ်သည်။

 

  • ခွဲစိတ်ကုသခြင်းများ

ဆေးသောက်ခြင်းဖြင့် မသက်သာပါကခွဲစိတ်ကုသခြင်းနည်းလမ်းများလိုအပ်ပါသည်။ Angioplasty ဟုခေါ်သောပိတ်နေသောသွေးကြောများကိုပွင့်အောင်ခွဲသောနည်းကိုရွေးချယ်အသုံးပြုနိုင်သည်။ နှလုံးအထူးကုဆရာဝန်သည် သင်၏ နှလုံးအဆို့ရှင်များကောင်းစွာပွင့်နိုင် ပိတ်နိုင်အောင် ကူညီနိုင်သော နှလုံးအဆို့ရှင် ပြင်ဆင်ခွဲစိတ်မှုကိုလည်းလုပ်ဆောင်နိုင်ပါသည်။

 

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးများအသုံးပြုခြင်းသည် နှလုံးညှစ်အားကျဆင်းခြင်းကိုကုသရာတွင် ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ပါ လူနေမှုပုံစံများ နှင့် အိမ်သုံးကုထုံးများသည် နှလုံးရောင်ခြင်းကိုကာကွယ်ရန် သို့မဟုတ် ပိုမဆိုးစေရန်  ကူညီနိုင်ပါသည်။

  • ရောဂါစဖြစ်ဖြစ်ချင်းသိရှိစေရန် ပုံမှန်စစ်ဆေးမှုများ ပြုလုပ်သင့်ပါသည်။
  • ဆေးလိပ်သောက်ခြင်းကိုရပ်ပါ။ ဆေးလိပ်သောက် ခြင်းသည် အထူးသဖြင့် နှလုံးရောဂါကဲ့သို့သောကျန်းမာရေး ပြဿနာများစွာကို ဖြစ်စေသောအဓိကအကြောင်းရင်းဖြစ်ပါသည်။
  • ကျန်းမာသောအာဟာရများစားသုံးပါ။ သစ်သီးများဟင်းသီးဟင်းရွက်များ၊ အစေ့များ နှင့် အဆီမပါသောနည်းသောနို့ထွက်ပစ္စည်းများပရိုတိန်းများပါဝင်သောအစားအစာများကိုစားသောက်ပါ။ ထို့ အပြင် ဟင်းလျာများတွင် ဆားအများကြီးမထည့်ပါ နှင့်။ ဆိုဒီယမ်သည် နှလုံးအားအလုပ်ပိုလုပ်စေ၍ အသက်ရှူမြန်ခြင်း၊ ခြေထောက်၊ ခြေကျင်းဝတ် နှင့် ခြေဖဝါးတို့တွင် ဖောရောင်ခြင်းများကို ဖြစ်စေပါသည်။
  • ကာကွယ်ဆေးထိုးရန် စဉ်းစားပါ။ နှလုံးရောဂါရှိပါကတုပ်ကွေးနှင့် အဆုတ်ရောင်ရောဂါ ကာကွယ်ဆေးများထိုးသင့်ပါသည်။ ထိုဆေးများအကြောင်းဆရာဝန် နှင့်တိုင်ပင်မေးမြန်းပါ။
  • အရက်သေစာသောက်စားမှုကိုကန့်သတ်ပါ။အရက်သည် ဆေးများနှင့် ဓာတ်ပြုခြင်း၊ နှလုံး ကြွက် သားများကိုအားနည်းစေခြင်း နှင့် နှလုံးခုန်သံစည်းချက် မညီခြင်းတို့ကို ဖြစ်စေသောကြောင့် ဆရာဝန် သည် အရက်သောက်ခြင်းကိုထောက်ခံမည် မဟုတ် ပါ။
  • နှလုံးရောဂါဆိုးရွားပါကဆရာဝန်သည် သင်သောက် သောအရည်ပမာဏကိုပါ ကန့်သတ်ရန် အကြံပြု မည်ဖြစ်သည်။
  • စိတ်ဖိစီးမှုများကိုလျော့ချပါ။ စိုးရိမ်ပူပန်ခြင်း၊ ဝမ်းနည်းခြင်းတို့ဖြစ်ပါက နှလုံးခုန်သံမြန်လာပြီးအသက် ပြင်းပြင်းရှူကာသွေးပေါင်ချိန် တက်လာပါသည်။ ထိုသို့ဖြစ်ခြင်းသည် နှလုံးရောဂါကိုပိုဆိုးစေပါသည်။ နှလုံးသည် အရင်ကတည်းက ခန္ဓာကိုယ်လိုအပ် ချက်ကိုပေးရန် ခက်ခဲနေသောကြောင့်ဖြစ်သည်။
  • စိတ်ဖိစီးမှု လျော့ကျစေသောနည်းများကိုရှာပါ။ နှလုံးကိုအနားပေးရန် ခဏအိပ်စက်ခြင်း၊ ခြေထောက်အားအဆင်ပြေသောနေရာတွင်ထားခြင်းတို့ကို ပြုလုပ်ပါ။ အပေါင်းအသင်းကောင်းရန် သူငယ်ချင်းများမိသားစုများ နှင့် အချိန်ပေးပါ။
  • သက်တောင့်သက်သာအိပ်ပါ။ အထူးသဖြင့် ညပိုင်းတွင် အသက်ရှူမြန်လာပါကဦးခေါင်းကိုခေါင်းအုံး ဖြင့် ခံ၍အိပ်ပါ။ ဟောင်ခြင်းနှင့် အခြားအိပ်စက်ခြင်း ပြဿနာများရှိပါကအိပ်ပျော်စဉ် အသက်ရှူမရသောရောဂါအတွက် စစ်ဆေးမှုများ ပြုလုပ်သင့်ပါသည်။

အကယ်၍ သင့်တွင် မေးခွန်းများရှိပါကသင့်အတွက် သင့်တော်သောအဖြေရှာဖွေနိုင်ရန် ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင် သင့်ပါသည်။

Hello Health Group  သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေ အတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ

တည်းဖြတ်သည့်နေ့ စကျတငျဘာ 28, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း စကျတငျဘာ 28, 2017

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ