Congenital Heart Disease (မွေးရာပါနှလုံးရောဂါ) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar.

အဓိပ္ပါယ်ဖွင့်ဆိုချက်

Congenital Heart Disease (မွေးရာပါနှလုံးရောဂါ) ကဘာလဲ။

မွေးရာပါနှလုံးရောဂါဆိုသည်မှာ နှလုံးဖွဲ့စည်းပုံတွင် ပြဿနာဖြစ်နေခြင်းဖြစ်သည်။ မွေးကတည်းက ပါလာခြင်းပင်။ မွေးရာပါနှလုံးရောဂါအား နှလုံးကိုသက်ရောက်စေသည် ပြဿနာအမျိုးမျိုးကို ဖော်ပြခြင်းဖြစ်သည်။ မွေးရာပါချို့ယွင်းမှုများတွင် အဖြစ်များဆုံးပင်။ မွေးရာပါနှလုံးရောဂါသည် တခြားမွေးရာပါချို့ယွင်းမှုများတွင် ပထမနှစ်အတွင်း သေဆုံးမှုအများဖြစ်သည်။

ဒီအခြေအနေများသည် ပြင်းထန်သောအခြေအနေများ ဖြစ်သော်လည်း ခွဲစိတ်ခြင်းဖြင့် ကုသနိုင်သည်။ တစ်ချို့ဖြစ်ရပ်များတွင် ဒီိလိုချို့ယွင်းမှုများအား ကိုယ်ဝန်ဆောင်စဉ်ကတည်းကပင် ဆရာဝန်များမှ တွေ့ရှိနိုင်ကြ၏။ တစ်ခါတစ်ရံ အရွယ်ရောက်သည်အထိ လက္ခဏာမပြတတ်သလို့ လုံးဝမပြတတ်သည်လည်း ရှိပါသည်။

Congenital Heart Disease (မွေးရာပါနှလုံးရောဂါ) က ဘယ်လောက်အဖြစ်များသလဲ

မွေးရာပါနှလုံးရောဂါသည် အသက်အရွယ်မရွေး ထိခိုက်နိုင်သည်။  ရောဂါဖြစ်ပွားနိုင်သော အချက်အလက်များကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါသည်။ အချက်အလက်များ ထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။

လက္ခဏာများ

Congenital Heart Disease (မွေးရာပါနှလုံးရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ

မွေးရာပါနှလုံးရောဂါအား မကြာခဏဆိုသလို ကိုယ်ဝန်ဆောင် တီဗီဓာတ်မှန်ဖြင့် တွေ့ရှိရနိုင်သည်။ ဥပမာအားဖြင့် ဆရာဝန်မှ မူမမှန်သည့် နှလုံးခုန်နှုန်းကို ကြားရသည့်အခါမျိုးတွင် တစ်ချို့သောစစ်ဆေးမှုများကို ပြုလုပ်ပြီး နောက်ထပ်စူးစမ်းပါလိမ့်မည်။

ထိုစစ်ဆေးချက်များတွင် ပဲ့တင်သံဖြင့်နှလုံးပုံရိပ်ဖော်ခြင်း၊ ရင်ဘတ်ဓာတ်မှန် သို့မဟုတ် အမ်အာအိုင်စကန် (သံလိုက်လှိုင်းဖြင့် ပုံရိပ်ဖော်ခြင်း) တို့ပါဝင်သည်။ ရောဂါရှိကြောင်း သတ်မှတ်နိုင်ပါက မီးဖွားစဉ် သင့်တော်သော် အထူးကုများနှင့် မွေးဖွားပေးပါလိမ့်မည်။

တစ်ချို့သောဖြစ်ရပ်များတွင် မွေးရာပါနှလုံးရောဂါလက္ခဏာများသည် မွေးဖွားပြီးနောက်တိုင်အောင် ပေါ်လာမည်မဟုတ်ပါ။ မွေးရာပါနှလုံးရောဂါရှိသော မွေးကင်းစများတွင် တွေ့ရသောလက္ခဏာများမှာ –

  • နှုတ်ခမ်း၊ အရေပြား၊ လက်ချောင်းခြေချောင်းများ ပြာခြင်း
  • အသက်ရှူရခက်ခြင်း သို့မဟုတ် အသက်ရှူမရခြင်း
  • အစာကျွေးရခက်ခြင်း
  • ပေါင်မပြည့်ခြင်း
  • ရင်ဘတ်အောင့်ခြင်း
  • ကြီးထွားမှုနှေးခြင်း

တစ်ချို့ဖြစ်ရပ်များတွင် မွေးရာပါနှလုံးရောဂါလက္ခဏာများသည် မွေးဖွားပြီးနောက် နှစ်များကြာသည့်တိုင် ပေါ်လာမည် မဟုတ်ပါ။ လက္ခဏာများပေါ်လာသည့်အခါ အောက်ပါတို့ဖြစ်နိုင်ပါသည်။

  • နှလုံးစည်းချက်မမှန်ခြင်း
  • မူးဝေခြင်း
  • အသက်ရှူရခက်ခြင်း
  • မူးမေ့လဲခြင်း
  • ရောင်ခြင်း
  • မောပန်းလွယ်ခြင်း

အထက်တွင်ဖော်ပြထားသည့်အထဲမှာမပါဝင်သေးသော အခြားလက္ခဏာများလည်း ရှိနိုင်ပါသေးသည်။ အကယ်၍ကိုယ့်ဆီ၌ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုပါက ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အကယ်၍ ကလေးတွင် အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲမှ တစ်ခုခုများရှိနေမယ်ဆိုပါက သို့မဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုလျှင် ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။

လူတိုင်း၏ခန္ဓာကိုယ်တုံ့ပြန်မှုသည် မတူညီနိုင်ပါ။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နှင့် တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Congenital Heart Disease (မွေးရာပါနှလုံးရောဂါ) ကိုဘာတွေကဖြစ်စေသလဲ

မွေးရာပါနှလုံးရောဂါသည် နှလုံးဖွဲ့စည်းမှု စတင်ခါစတွင် ဖြစ်ပွားသော ပြဿနာများ၏ ရလဒ်ဖြစ်သည်။ ချို့ယွင်းမှုသည် ပုံမှန်အားဖြင့် နှလုံးကိုဖြတ်ပြီး သွေးစီးဆင်းမှုအား နှောက်ယှက်တတ်ပြီး ထိုမှ အသက်ရှူခြင်းအား ထိခိုက်စေခြင်းဖြစ်သည်။

သုသေတီများသည် နှလုံးဘာကြောင့် ကောင်းကောင်းဖြစ်တည်မလာရသလဲဆိုသည်ကို သေချာမသိကြသေးပါ။ သို့သော် မိသားစုများမှ သတိထားပေးနိုင်သော အန္တရာယ်ရှိအချက်အလက်များ ရှိပါသည်။

ဖြစ်နိုင်ခြေများ

 Congenital Heart Disease (မွေးရာပါနှလုံးရောဂါ) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

မွေးရာပါနှလုံးရောဂါ ဖြစ်ပွားနိုင်ချေကိုမြင့်စေသော အကြောင်းရင်းများစွာရှိပါသည်။ ဥပမာအားဖြင့်

မိသားစုတွင်းတွင် နှလုံးချို့ယွင်းမှု ရာဇ၀င်ရှိခြင်း

ကလေးငယ်တွင် ဗီဇနှင့် ခရိုမိုဇုမ်းများ ပြဿနာဖြစ်ခြင်း ဥပမာ ဒေါင်းရောဂါ

ကိုယ်ဝန်ဆောင်နေစဉ် တစ်ချို့သော ဆေးများသောက်ခြင်းသည် ကလေးငယ်အား နှလုံးချို့ယွင်းမှုအန္တရာယ်ကို မြင့်သွားစေနိုင်သည်။

ကိုယ်ဝန်ဆောင်စဉ် အရက်နှင့် တရားမ၀င်ဆေးများ သုံးခြင်းသည်လည်း ကလေးနှလုံးချို့ယွင်းမှုကို ဖြစ်စေနိုင်သည်။

ကိုယ်ဝန်ဆောင်ခါစအချိန်၌ မိခင်တွင် ဗိုင်းရပ်စ်ပိုး ကူးစက်ခံရပါက နှလုံးချို့ယွင်းသောကလေး မွေးဖွားနိုင်ချေ မြင့်မားပါသည်။

သွေးတွင်းသကြားဓာတ်များခြင်း ဥပမာ ဆီးချိုသည် ကလေးဖွံထွားမှုအား သက်ရောက်နိုင်သည်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Congenital Heart Disease (မွေးရာပါနှလုံးရောဂါ) ကို ဘယ်လိုအတည်ပြုပါသလဲ

ကလေးမမွေးခင်ကပင် တစ်ချို့ပြဿနာများကို ဆရာဝန်များမှ သိနိုင်သည်။ တခြားပြဿနာများကိုတော့ မွေးကင်း ကလေးအရွယ် သို့ အရွယ်ရောက်ခါမှ တွေ့ရှိနိုင်ပါသည်။ ဆရာဝန်သည် သင့်နှလုံးခုန်နှုန်းကို နားထောင်ပြီး သင့်ကျန်းမာရေးကို စစ်ဆေးပေးနိုင်သည်။ ပုံမှန်မဟုတ်သည့် အသံများ သို့ နှလုံးမကောင်းသံများကြားလျှင် တခြားသောစစ်ဆေးမှုများလုပ်ရန် လမ်းညွှန်ပါလိမ့်မည်။

ပဲ့တင်သံဖြင့်နှလုံးပုံရိပ်ဖော်ခြင်း – တီဗီဓာတ်မှန်တစ်မျိုးဖြစ်ပြီး သင့်နှလုံးပုံရိပ်အား ဖော်ပြပေးနိုင်သည်။ အမျိုးမျိုးရှိသောကြောင့် ဆရာဝန်အား မိမိတွင်ဘာဖြစ်နိုင်သည်ကို မေးပါ

Cardiac Catheterization – ဆရာဝန်မှ သေးငယ်ပြီး ကွေးဆန့်လွယ်သောပြွန်အား လက်မောင်း သို့ ခြေထောက်သွေးကြောများမှ နှလုံးဆီရောက်အောင် ထိုးပါလိမ့်မည်။ ထိုပြွန်မှ ဆိုးဆေးများထိုးထည့်ပြီး သင့်နှလုံးအတွင်းမှပုံရိပ်ကို ဓာတ်မှန်တီဗီဖြင့် ကြည့်မည်ဖြစ်သည်။

ရင်ဘတ်ဓာတ်မှန် – နှလုံးကောင်းကောင်းအလုပ်မလုပ်တော့ခြင်း၏ လက္ခဏာများကို မြင်နိုင်ပါသည်။

အီးစီဂျီ – နှလုံး၏လျှပ်စစ် လှုပ်ရှားမှုအား တိုင်းတာခြင်းဖြစ်သည်။

အမ်အာအိုင် – နှလုံးဖွဲ့စည်းပုံအား ဆရာဝန်များမှ မြင်နိုင်သော စကန်တစ်မျိုးဖြစ်သည်။

Congenital Heart Disease (မွေးရာပါနှလုံးရောဂါ) ကို ဘယ်လိုကုသပါသလဲ

မွေးရာပါနှလုံးရောဂါကုသခြင်းသည် ချို့ယွင်းမှုအမျိုးအစားနှင့် ပြင်းထန်မှုအပေါ်မူတည်ပါသည်။ တစ်ချို့ကလေးများတွင် မွေးရာပါနှလုံးရောဂါ ခပ်ပျော့ပျော့သာ ဖြစ်ပွားပြီး အချိန်တန်လျှင် အလိုလိပျောက်သွားနိုင်သည်။ တခြားကလေးများတွင် ကြပ်မတ်ကုသမှုလိုအပ်သည့် ပြင်းထန်သောချို့ယွင်းမှုများ ပါလာနိုင်သည်။

ဒီဖြစ်ရပ်များတွင် အောက်ပါတို့ဖြင့် ကုသနိုင်သည်။

ဆေးများ – နှလုံးအလုပ် ကောင်းကောင်းလုပ်နိုင်ရန် အကူအညီပေးသော ဆေးအမျိုးမျိုး ရှိပါသည်။ တစ်ချို့ဆေးများသည် သွေးခဲများဖြစ်ပေါ်ခြင်းကို ကာကွယ်ပေးပြီး မညီညာသည့် နှလုံးခုန်ခြင်းအား ထိန်းချုပ်ပေးနိုင်သည်။

နှလုံးစက်ကိရိယာများထည့်ခြင်း – မွေးရာပါနှလုံးရောဂါ၏ နောက်ဆက်တွဲပြဿနာအချို့အား စက်ကိရိယာများ သုံးခြင်းဖြင့် ကာကွယ်နိုင်သည်။

ဥပမာ Pacemaker များ နှင့် ထည့်သွားအသုံးပြုရသော Cardioverter defibrillators (ICDs)။ Pacemaker သည် မူမမှန်သည့် နှလုံးခုန်နှုန်းကို ထိန်းညှိပေးနိုင်ပြီး ICD သည် အသက်အန္တရာယ်ဖြစ်စေသည့် နှလုံးခုန်မူမမှန်ခြင်းအား ပြုပြင်ပေးနိုင်သည်။

ပြွန်သွင်းကုသခြင်းများ – ပြွန်သွင်းသောနည်လမ်းသည် ရင်ဘတ်နှင့် နှလုံးကို ဖွင့်စရာမလိုပဲ တစ်ချို့သော နှလုံးချို့ယွင်းမှုများအား ပြုပြင်နိုင်သည်။ ဒီကုသမှုများတွင် ဆရာဝန်သည် ခြေထောက်မှ သွေးပြန်ကြောများအတွင်းသို့ ပြွန်အားထည့်ကာ နှလုံးဆီသို့ ရောက်စေမည်ဖြစ်သည်။

မှန်ကန်သည့်နေရာသို့ ပြွန်ရောက်ပြီဆိုပါက ဆရာဝန်သည် သေးငယ်သော ပစ္စည်းလေးများအား ပြွန်တစ်လျှောက်ထည့်ပြီး ချို့ယွင်းမှုများအား ပြုပြင်ပါလိမ့်မည်။

နှလုံးကိုဖွင့်ကုသော ခွဲစိတ်ခြင်း – နှလုံးပြွန်သွင်းပြုပြင်းခြင်းဖြင့် မလုံလောက်နိုင်သော နှလုံးချို့ယွင်းမှုရှိလျှင် ဒီလိုခွဲစိတ်ကုသရန် လိုအပ်ပါသည်။ ခွဲစိတ်ဆရာဝန်သည် နှလုံးဖွင့်ခွဲစိတ်ခြင်းအား ပြုလုပ်ပြီး နှလုံးအပေါက်များပိတ်ခြင်း၊ နှလုံးအစို့ရှင်များအား ပြင်ခြင်း သို့မဟုတ် သွေးကြောချဲ့ခြင်းများ ပြုလုပ်နိုင်ပါသည်။

နှလုံးအစားထိုးခြင်း – ရှားပါးသောဖြစ်ရပ်များတွင် မွေးရာပါနှလုံးချို့ယွင်းမှုသည် ပြုပြင်မရလောက်အောင် ရှုပ်ထွေးနေတတ်သောအခါ နှလုံးအစားထိုးကုသရန် လိုအပ်ပါသည်။ ဒီကုသမှုအား လုပ်နေစဉ်တွင် ကလေးနှလုံးအား တခြားသော နှလုံးကောင်းလျက် တခြားရောဂါနှင့် သေသွားသူ အလှုရှင်မှနှလုံးနှင့် အစားထိုးမည်ဖြစ်ပါသည်။

 

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက မွေးရာပါနှလုံးရောဂါ ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနှင့်အိမ်သုံးကုထုံးများက သင့်အနေဖြင့် မွေးရာပါနှလုံးရောဂါ ကိုကုသတဲ့နေရာနှင့် လိုက်လျောညီထွေဖြစ်အောင်နေသောနေရာများတွင် အကူအညီပေးနိုင်ပါသည်။

ကိုယ်ဝန်ဆောင်ရန် အစီအစဉ်ရှိပါက သင်သောက်နေသည့် ဆရာဝန်ညွှန်သောဆေးများ ကောင်တာတွင် အလွယ်တကူဝယ်နိုင်သည့် ဆေးများအကြောင်း ဆရာဝန်နှင့်သေချာ ဆွေးနွေးပါ။

သင့်၌ဆီးချိုရှိလျှင် ကိုယ်ဝန်မဆောင်ခင်ကတည်းက သွေးတွင်းသကြားဓာတ်ကို ပုံမှန်လယ်ဗယ်ဖြစ်အောင် ထိန်းပါ။

ရူဘဲလား ဗိုင်းရပ်ကာကွယ်ဆေး မထိုးရသေလျှင် သို့ ဂျာမန်ဝက်သက်ကားကွယ်ဆေးမထိုးရသေးလျှင် ရောဂါမဖြစ်စေရန် ရှောင်ကြဉ်ရမည်များကို ဆရာဝန်နှင့် သေချာဆွေးနွေးပါ။

မွေးရာပါနှလုံးရောဂါသည် မိသားစုရာဇ၀င်ရှိပါက Genetic Screening လုပ်ရန် ဆရာဝန်နှင့် ဆွေးနွေးပါ။ တစ်ချို့ ဗီဇများသည် နှလုံးဖွံဖြိုးမှု ပုံမှန်မဟုတ်အောင် ပြုလုပ်နိုင်ပါသည်။

ကိုယ်ဝန်ဆောင်စဉ် အရက်နှင့်တရားမ၀င်ဆေးများသုံးခြင်းကို ရှောင်ပါ။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုလျှင် သင့်အတွက်သင့်တော်သော အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

ရင်းမြစ်များ

တည်းဖြတ်သည့်နေ့ အောကျတိုဘာ 8, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း အောကျတိုဘာ 8, 2017

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ