Congenital Biliary Atresia (မွေးရာပါသည်းခြေရည်ပြွန်ပိတ်ခြင်း) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar.

အဓိပ္ပါယ်ဖွင့်ဆိုချက်

Congenital Biliary Atresia (မွေးရာပါသည်းခြေရည်ပြွန်ပိတ်ခြင်း) ကဘာလဲ။

မွေးကင်းစကလေးငယ်တွေမှာတွေ့ရတဲ့ မွေးရာပါရောဂါတစ်မျိုးဖြစ်တယ်။ သည်းခြေရည်ဟာ အသည်းကနေထုတ်ပေးတဲ့ အစာခြေအရည်တစ်မျိုးဖြစ်ပြီး သည်းခြေရည်ပြွန်မှတဆင့် အူသိမ်ကိုသွားကာ အဆီများခြေဖျက်ရာမှာ ကူညီပေးပါတယ်။

သည်းခြေရည်ပြွန်ပိတ်နေတဲ့ကလေးတွေမှာ မွေးဖွားပြီးနောက်ပိုင်းမှာ ထိုပြွန်များရောင်ရမ်းကာ ပိတ်သွားခြင်းဖြစ်တယ်။ ဒါကြောင့် သည်းခြေရည်များ အသည်းတွင်း၌သာ ပုံသွားပြီး အသည်းဆဲလ်များကိုဖျက်ဆီးကာ အသည်းခြောက်ခြင်း၊ အသည်းအမာရွတ်များဖြစ်ခြင်း ဖြစ်စေပါတော့တယ်။

သည်းခြေပြွန်ပိတ်မှုကို ပိတ်တဲ့နေရာပေါ်မူတည်ပြီး အမျိုးအစားခွဲနိုင်တယ်။

ပထမတစ်မျိုး – စုပေါင်းသည်းခြေပြွန်မကြီးသာပိတ်ခြင်း။

ဒုတိယတစ်မျိုး – စုပေါင်းသည်းခြေပြွန်မကြီးပိတ်ကာ အသည်းဆဲလ်များအရည်အိတ်ဖြစ်ပေါ်ပျက်စီးခြင်း။

တတိယတစ်မျိုး – အသည်းမှာရှိတဲ့ အမြှောင်းတစ်ခုအနားရှိ အသည်းပြွန်ဘယ်နှင့်ညာနှစ်ခုစလုံးပိတ်ခြင်း (တွေ့ရအများဆုံးဖြစ်တယ်)

Congenital Biliary Atresia (မွေးရာပါသည်းခြေရည်ပြွန်ပိတ်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

ရှားပါးသောရောဂါတစ်မျိုးဖြစ်တယ်။ အသေးစိတ်အတွက် ဆရာဝန်နဲ့တိုင်ပင်နိုငိပါတယ်။

လက္ခဏာများ

Congenital Biliary Atresia (မွေးရာပါသည်းခြေရည်ပြွန်ပိတ်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

သည်းခြေပြွန်ပိတ်တဲ့ ကလေးငယ်လေးတွေ၊ မွေးကင်းစကလေးတွေမှာ တဖြေးဖြေးနဲ့ Cholestasis ရနိုင်ပါတယ်။ Cholestasis ဆိုတာ သည်းခြေရည်များ အသည်းမှမခွာနိုင်ဘဲ ပုံနေခြင်းဖြစ်တယ်။ ထိုအခါ Bilirubin လို့ခေါ်တဲ့ပစ္စည်းတွေပုံလာပြီးေ၇ာဂါလက္ခဏာတွေဖြစ်လာပါတော့တယ်။

မွေးကင်းစ ၂ ပတ်နဲ့ ၆ ပတ်သားကြားဖြစ်တတ်တဲ့ လက္ခဏာတွေကတော့ –

  • အသားဝါခြင်း
  • ယားယံခြင်း
  • အာဟာရဓာတ်များမစုတ်ယူနိုင်ခြင်း
  • ၀မ်းအရောင်ဖျော့ခြင်း၊ ဆီးအရောင်ရင့်ခြင်း၊ ဗိုက်ဖောင်းနေခြင်း၊
  • တဖြေးဖြေးနဲ့ အသည်းခြောက်လာခြင်း၊ အသည်းသွေးတိုးခြင်း
  • မကုသပါက – အသည်းပျက်စီးခြင်းထိဖြစ်နိုင်ပါတယ်။

ဒီမှာရတဲ့ အသားဝါခြင်းဟာ တခြားအသားဝါခြင်းတွေနဲ့မတူဘဲ Bilirubin ဦးနှောက်ရောက်ပြီး ရူးသွပ်ခြင်းတစ်မျိုးဖြစ်တဲ့ Kerniterus တော့မရပါဘူး။ အသည်းထဲမှာပုံနေတဲ့ Bilirubin တွေကို အသည်းက ခွဲခြမ်းပုံပြောင်းပေးတာကြောင့် ထိုအပြောင်းခံပြီးသား bilirubin တွေက ဦးနှောက်ဆီမဖြတ်သွားနိုင်တော့ပါဘူး။

တခြားသောလက္ခဏာတွေလည်းရှိနိုင်တာကြောင့် စိတ်ပူသည်များရှိပါက ဆရာဝန်နဲ့တိုင်ပင်ပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

တကယ်လို့ ဖော်ပြပါလက္ခဏာတွေရှိမယ်ဆိုရင်၊ သိလိုသည်များရှိမယ်ဆိုရင် ဆရာဝန်နဲ့တိုင်ပင်သင့်တယ်။ လူတိုင်းခန္ဓာကိုယ်ကတစ်ယောက်နဲ့တစ်ယောက်မတူတာကြောင့် ဆရာဝန်နဲ့ဆွေးနွေးကြည့်တာအကောင်းဆုံးဖြစ်နိုင်ပါတယ်။

အကြောင်းရင်းများ

Congenital Biliary Atresia (မွေးရာပါသည်းခြေရည်ပြွန်ပိတ်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

အတိအကျမသိရသေးပါဘူး။ မွေးကင်းစကလေးတွေအတွက်တော့ ဒီအခြေအနေဟာ မွေးရာပါဖြစ်တယ်။ အကြောင်းအမျိုးမျိုးဖြစ်နိုင်သည့်အနက် –

  • သနြေ္ဓသားဘ၀ သည်းခြေပြွန်ဖွံ့ဖြိုးမှုတွင် လိုအပ်သွားခြင်း။
  • သနြေ္ဓသားဘ၀တွင် တခြားသော အသည်းဗိုင်းရပ်စ်ပိုးများ၊ သို့ ခန္ဓာကိုယ်မှလွန်ကဲတုံ့ပြန်ခြင်းများကြောင့်ဖြစ်နိုင်ခြင်း
  • ဒါပေမယ့် ထိုအချက်တွေကို အတည်ပြုဖို့ကတော့ တခြားလေ့လာစမ်းသပ်စရာတွေကျန်ပါသေးတယ်။

ဖြစ်နိုင်ခြေများ

Congenital Biliary Atresia (မွေးရာပါသည်းခြေရည်ပြွန်ပိတ်ခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

အများအပြားရှိုနိုင်ပါတယ် –

နိုင်ငံဆိုင်ရာ အာရှနိုင်ငံသားတွေမှာအများဆုံးဖြစ်တယ်။ ဂျပန်ကလေးငယ်တွေနဲ့ယှဉ်ရင် တရုတ်ကလေးငယ်တွေမှာ ပိုဖြစ်နိုင်ပါတယ်။

လိင် အမျိုးသမီးတွေမှာပိုဖြစ်တတ်တယ်။

အသက်အရွယ် မွေးကင်းစကလေးတွေမှာတွေ့ရတတ်တယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Congenital Biliary Atresia (မွေးရာပါသည်းခြေရည်ပြွန်ပိတ်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

လက္ခဏာချင်းတူနေတဲ့ တခြားရောဂါတွေလည်းရှိတာကြောင့် အတိအကျရောဂါသတ်မှတ်ဖို့အတွက် ဆရာဝန်က အောက်ပါစမ်းသပ်မှုများပြုလုပ်ပါလိမ့်မယ်။ –

  • သွေးစစ်ခြင်း၊ အသည်းစစ်ခြင်း
  • အယ်လ်ထရာဆောင်းရိုက်ခြင်း
  • ဓာတ်မှန်ရိုက်ခြင်း
  • အသည်းအသားစစစ်ခြင်း – တစ်သျှူးစလေးယူကာ ဓာတ်ခွဲခန်းတွင်စစ်ခြင်းဖြစ်တယ်။

Congenital Biliary Atresia (မွေးရာပါသည်းခြေရည်ပြွန်ပိတ်ခြင်း) ကို ဘယ်လိုကုသပါသလဲ

  • ကံမကောင်းစွာနဲ့ပဲ ကုသနည်းမရှိပါဘူး။ ခွဲစိတ်ခြင်းကပဲ အဓိကကုနည်းဖြစ်လိမ့်မယ်။ ခွဲစိတ်ပြီး အသည်းအပြင်ဘက်မှာရှိတဲ့ ပိတ်နေသော သည်းခြေပြွန်ကို ကလေးငယ်ရဲ့ အူနဲ့အစားထိုးခြင်းဖြစ်တယ်။ ဂျပန်လူမျိုး ဆရာဝန်တစ်ဦးဖြစ်တဲ့ ဒေါက်တာ မိုရီအို ကာဆအီ (Morio Kasai) ထွင်ခဲ့သော ကာဆအီ(Kasai) နည်းလို့ခေါ်ပါတယ်။
  • ထိုနည်းရဲ့ဦးတည်ချက်ကတော့ အသည်းမှ သည်းခြေရည်များကို အူတွင်းသို့ လမ်းအသစ်ကနေ စီးစေခြင်းဖြစ်တယ်။ တကယ်လို့ ထိုခွဲစိတ်မှုကို အသက် ၃ လမတိုင်ခင်ပြုလုပ်ပါက လုံးဝ သို့ တစိတ်တပိုင်းအောင်မြင်နိုင်ချေ ၈၀ ရာခိုင်နှုန်းလောက်ရှိပါတယ်။ အောင်မြင်သောကလေးတွေမှာ ရက်သတ္တပတ်အနည်းငယ်အတွင်းမှာပင် အသားဝါခြင်းနှင့် တခြားလက္ခဏာများပျောက်သွားတတ်ပါတယ်။ ဒါ့အပြင် ၃ လထက်ငယ်သောကလေးတွေမှာ ပိုအောင်မြင်နိုင်တာကြောင့် စောစီးစွာရောဂါရှာတွေ့ခြင်းဟာ ကလေးအသက်ကိုကယ်နိုင်မှာပါ။
  • ထိုနည်းလမ်းမအောင်မြင်ပါက တခြားတစ်နည်းမှာ အသည်းအစားထိုးခြင်းဖြစ်တယ်။ ဒါပေမယ့် သည်းခြေရည်များကြောင့် အသည်းမပျက်စီးသွားခင်မှာ သင့်တော်တဲ့ အသည်းအလှူရှင်စောစီးစွာရှာတွေ့ဖို့လိုပါတယ်။

 

နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့်အိမ်တွင်းကုထုံးများ

အကူအညီဖြစ်စေမယ့် နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့်အိမ်တွင်းကုထုံးများ ကတော့ –

  • မွေးရာပါရောဂါတစ်မျိုးဖြစ်ပေမယ့် မျိုးရိုးလိုက်တဲ့ရောဂါတစ်မျိုးတော့မဟုတ်ပါဘူး။ ကူးစက်နိုင်တာလည်းမဟုတ်တာကြောင့် ကာကွယ်လို့မရပါဘူး။ မိခင်မှ တစ်ခုခုလုပ်ခြင်း၊ မလုပ်ခြင်းကြောင့်ရသော ရောဂါလည်းမဟုတ်ပါဘူး။
  • မခွဲစိတ်ပါက အသက် ၄ နှစ်ထိအသက်ရှင်နိုင်ချေ ၁ ရာနှုန်းလောက်သာရှိတယ်။ ခွဲစိတ်ခြင်းက ကလေးငယ်အတွက်ရော၊ မိသားစုအတွက်ပါ ကြီးမားတဲ့သက်ရောက်မှုရှိတာတော့အမှန်ပါပဲ။ ပထမနှစ်တွေမှာ မကြာခဏဆေးရုံတက်ခြင်း၊ နောက်ဆက်တွဲရှုပ်ထွေးသောပြနာများရှိပါက ပြန်ခွဲစိတ်ရခြင်းတွေရှိနိုင်ပါတယ်။
  • ကလေးကြီးပြင်းတဲ့အခါမှ ပြည့်စုံတဲ့ထာဝရပျောက်ကင်းမှုအတွက် အသည်းအစားထိုးခြင်းပြုဖို့ Kasai ခွဲစိတ်ခြင်းနည်းဖြင့် ပထမထိန်းထားလို့ရတယ်လို့သတ်မှတ်ထားကြပါတယ်။

တခြားသိလိုသည်များရှိပါက သင့်အတွက်အကောင်းဆုံးအဖြေရဖို့ ဆရာဝန်နဲ့တိုင်ပင်ကြည့်သင့်ပါတယ။်

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

ရင်းမြစ်များ

တည်းဖြတ်သည့်နေ့ ဖေ‌ဖော်ဝါရီ 13, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း ဖေ‌ဖော်ဝါရီ 13, 2018

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ