Concussion (ဦးနှောက်ပြင်းထန်စွာထိခိုက်မိခြင်း) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar.

အဓိပ္ပါယ်ဖွင့်ဆိုချက်

Concussion (ဦးနှောက်ပြင်းထန်စွာထိခိုက်မိခြင်း) ကဘာလဲ။

ဦးခေါင်း ဒါမှမဟုတ် ခန္ဓာကိုယ် ပြင်းထန်စွာရိုက်မိခြင်း သို့ ဦးခေါင်းခွံအတွင်းမှ ဦးနှောက်အား လှုပ်ခါလိုက်မိသည့် ထိခိုက်မှု တစ်ခုခုကြောင့်ရတဲ့ ဦးနှောက်ထိခိုက်ဒဏ်ရာဖြစ်တယ်။ မျက်နှာမှာ ခေါင်းမှာ ပွန်းရာပဲ့ရာများရှိနိုင်ပေမယ့် ဦးနှောက်ထိခိုက်သွားတဲ့ သိသာတဲ့လက္ခဏာပြချင်မှပြမှာပါ။ မဖြစ်မနေ သတိလစ်သွားစရာမလိုပါဘူး။

တချို့မှာတော့ လက္ခဏာတွေရှိကောင်းရှိနိုင်တယ်။ သတိလစ်ခြင်း၊ ဒါမှမဟုတ် ဒဏ်ရာမရခင်မှာဖြစ်ပျက်သွားသည်များကိုမေ့ခြင်း တို့ဖြစ်တယ်။ အနားယူခြင်းဖြင့်အများစုပြန်ကောင်းပါတယ်။ တချို့ကနာရီအနည်းငယ်ကြာနိုင်ပြီး တချို့ကတော့ ရက်သတ္တပတ်အနည်းငယ်ကြာနိုင်တယ်။

Concussion (ဦးနှောက်ပြင်းထန်စွာထိခိုက်မိခြင်း) က ဘယ်လောက်အဖြစ်များသလဲ

လူတိုင်းပဲဒဏ်ရာရနိုင်ပါတယ်၊ ပြုတ်ကျတဲ့အခါ၊ ကားမတော်တဆမှု၊ နဲ့ တခြားနေ့စဉ်လှုပ်ရှားမှုတွေမှာ စသည်ဖြင့် အမျိုးမျိုးဖြစ်နိုင်တယ်။ တကယ်လို့ ဘောလုံးကစားခြင်း၊ လက်ဝှေ့ထိုးခြင်းတို့လို့ ပြင်းထန်တဲ့အားကစားလုပ်ရင်တော့ ထိခိုက်နိုင်ချေပိုများတာပေါ့။

ဘယ်လိုပဲဖြစ်ဖြစ်ဒဏ်ရာရနိုင်ချေတွေကိုလျှော့ချခြင်းဖြင့် အခြေအနေတွေကိုထိန်းသိမ်းနိုင်ပါတယ်။ အသေးစိတ်အတွက် ဆရာဝန်နဲ့တိုင်ပင်ပါ။

လက္ခဏာများ

Concussion (ဦးနှောက်ပြင်းထန်စွာထိခိုက်မိခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

လက္ခဏာတွေကတော့ ဒဏ်ရာပြင်းထန်မှု၊ ဒဏ်ရာရတဲ့လူပေါ် မူတည်ပြီး အမျိုးမျိုးဖြစ်နိုင်တယ်။ အမြဲသတိမမေ့ပါဘူး။ တချို့တွေတော့ သတိလစ်ကောင်းလစ်သွားနိုင်ပေမယ့် လူတိုင်းမဟုတ်ပါဘူး။

လက္ခဏာတွေက ချက်ခြင်းစဖြစ်တာလည်းရှိမယ်၊ နာရီ နေ့ရက် ရက်သတ္တပတ်တွေကြာပြီးမှ ဖြစ်တာလည်းရှိနိုင်ပါတယ်၊ တခါတလေ လပေါင်းများစွာတောင်ကြာတတ်တယ်။

တွေ့ရနိုင်တဲ့လက္ခဏာတွေကတော့-

  • ထိခိုက်အပြီးသတိမေ့ခြင်း
  • မှတ်ဥာဏ်ဆိုင်ရာပြနာများ
  •ေ၀၀ါးခြင်း
  • ရီဝေခြင်း၊ ထိုင်းမှိုင်းခြင်း
  • မူးခြင်း
  • အမြင်ဝါးခြင်း သို့ နှစ်ထပ်မြင်ခြင်း
  • ခေါင်းကိုက်ခြင်း
  • ပျို့ခြင်း အန်ခြင်း
  • အလင်း၊ အသံတို့ကိုမခံနိုင်ခြင်း
  • ဟန်ချက်မညီခြင်း
  • လှုံ့ဆော်ခြင်းသို့တုံ့ပြန်မှုနှေးခြင်း

ပြန်ကောင်းနေတဲ့အချိန်မှာတော့အောက်ပါတို့ကိုတွေ့ရပါလိမ့်မယ်-

  • အာရုံစိုက်ရခက်ခြင်း
  • ဆတ်ဆတ်ထိမခံဖြစ်ခြင်း
  • အလင်း အသံတို့ကို မခံနိုင်ခြင်း
  • ခေါင်းကိုက်ခြင်း

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

စောစီးစွာရောဂါရှာတွေ့ခြင်းနဲ့ ကုသခြင်းတွေက အခြေအနေကို ပိုဆိုးမသွားအောင်တားဆီးပေးနိုင်တာကြောင့် ဖြစ်နိုင်သမျှချက်ခြင်း ဆရာဝန်နဲ့တိုင်ပင်ပါ။

တကယ်လို့ ဖော်ပြပါလက္ခဏာတွေရှိမယ်ဆိုရင်၊ သိလိုသည်များရှိမယ်ဆိုရင် ဆရာဝန်နဲ့တိုင်ပင်သင့်တယ်။ လူတိုင်းခန္ဓာကိုယ်ကတစ်ယောက်နဲ့တစ်ယောက်မတူတာကြောင့် ဆရာဝန်နဲ့ဆွေးနွေးကြည့်တာအကောင်းဆုံးဖြစ်နိုင်ပါတယ်။

အကြောင်းရင်းများ

Concussion (ဦးနှောက်ပြင်းထန်စွာထိခိုက်မိခြင်း) ကိုဘာတွေကဖြစ်စေသလဲ

နူးညံ့တဲ့ဦးနှောက်ကို ဦးခေါင်းခွံထဲမှာရှိတဲ့ အရည်တစ်မျိုးက နေ့စဉ်မတော်တဆထိမိ တိုက်မိခြင်းတွေကနေ ကာပေးထားပါတယ်။ ခေါင်း လည်ပင်း ခန္ဓာကိုယ်အပေါ်ကို ပြင်းပြင်းထန်ထန်ရိုက်ခြင်း၊ ထိုးခြင်းတွေဟာ ဦးနှောက်ကို ခါသွားစေပြီး ဦးခေါင်းခွံနံရံတွေနဲ့ ပြင်းပြင်းထန်ထန်တိုက်မိစေတယ်။

ကားတိုက်ခြင်း ဒါမှမဟုတ် အရှိန်နဲ့ဆွဲခါခံလိုက်ရခြင်းကဲ့သို့ ဖြစ်ရပ်တွေက ခေါင်းကိုရုတ်တရတ်ခါသွားစေတာ၊ ရပ်သွားစေတာကြောင့် ထိုဖြစ်ရပ်တွေကလည်း ဦးနှောက်ကိုထိခိုက်စေနိုင်တယ်။

ထိုကဲ့သို့ထိခိုက်မှုတွေဟာ ဦးနှောက်လုပ်ဆောင်ချက်ကို အချိန်ခဏလေးဖြစ်စေ လွှမ်းမိုးသွားပြီး လက္ခဏာတွေပေါ်လာရပါတော့တယ်။

ဦးနှောက်ထိခိုက်ခြင်းဟာ ဦးနှောက်ထဲမှာ ဒါမှမဟုတ် ဦးနှောက်တ၀ိုက် သွေးယိုစေနိုင်ပြီး အချိန်ကြာမူးဝေခြင်း၊ေ၀၀ါးခြင်းတွေဖြစ်စေနိုင်တယ်။

ထိုကဲ့သို့သွေးယိုခြင်းတွေက သေစေနိုင်ပါတယ်။ ဒါကြောင့် ဦးနှောက်ဒဏ်ရာရဖူးသူတွေက နာရီပိုင်းအတွင်း စစ်ဆေးဖို့လိုပြီး လက္ခဏာတွေပိုဆိုးလာပါက အရေးပေါ်ကုသမှုလိုအပ်ပါတယ်။

ဖြစ်နိုင်ခြေများ

 Concussion (ဦးနှောက်ပြင်းထန်စွာထိခိုက်မိခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

အောက်ပါရောဂါတွေက အခြေအနေကိုပိုဆိုးစေနိုင်တယ်-

  • ဘောလုံး၊ ဟော်ကီ၊ လက်ဝှေ့ထိုးခြင်း စသည့်အားကစားများ ၊ ပြည့်စုံသည့်ဘေးကင်းစေသောကိရိယာများနဲ့ အထောက်အပံ့မရှိပါက ပိုတောင်ဆိုးပါသေးတယ်။
  • ယာဉ်မတော်တဆမှုဖြစ်ခြင်း
  • တိုက်ခိုက်ရသည့်စစ်သားတစ်ယောက်ဖြစ်နေခြင်း
  • ရုပ်ပိုင်းဆိုင်ရာနှိပ်စက်ခံရခြင်း
  • လဲခြင်း – အထူးသဖြင့်သက်ကြီးရွယ်အိုများ၊ ကလေးငယ်များ
  • အရင်ဦးနှောက်ထိခိုက်ဖူးထားခြင်း။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Concussion (ဦးနှောက်ပြင်းထန်စွာထိခိုက်မိခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

သင့်မှာဦးနှောက်ထိခိုက်သွားတယ်လို့ ဆရာဝန်က သံသယရှိရင်တော့ ရုပ်ပိုင်းဆိုင်ရာစမ်းသပ်မှုတွေအပြင် တချို့သော စစ်ဆေးမှုများလည်း လုပ်ရနိုင်ပါတယ်။ အာရုံစိုက်မှု၊ မှတ်ဥာဏ်နဲ့ လေ့လာနိုင်စွမ်းနဲ့ဆိုင်တဲ့ မေးခွန်းတချို့လည်း မေးပါလိမ့်မယ်။ ပုစ္ဆာ၊ ပြဿနာတွေကို ဘယ်လောက်မြန်မြန်ဖြေရှင်းနိုင်လဲလည်း စမ်းသပ်နိုင်ပြီး၊ ပစ္စည်းများကိုမှတ်ထားစေပြီး ဖွက်လိုက်ကာ မည်သည့်ပစ္စည်းများဖြစ်သည်ကိုလည်းပြောခိုင်းနှိုင်ပ်ါတယ်။

အင်အားသုံးနိုင်စွမ်း၊ ဟန်ချက်ညီမှု၊ ခန္ဓာကိုယ်အစိတ်အပိုင်းများ စုပေါင်းလုပ်ဆောင်မှု၊ အလိုအလျောက်တုံ့ပြန်မှု နဲ့ အာရုံသိမှုတွေနဲ့ ပတ်သတ်လို့လည်း စမ်းသပ်ပါလိမ့်မယ်။ အာရုံကြောဆိုင်ရာစစ်ဆေးမှုတွေလည်းလုပ်နိုင်ပြီး ထိုစစ်ဆေးမှုဟာ ဦးနှောက်ထိခိုက်မှုအပြီး သင့်တွေးခေါ်မှုနဲ့ မှတ်ဥာဏ်ကိုစမ်းသပ်တဲ့ နည်းတစ်နည်းလည်းဖြစ်တယ်။

သင့်စိတ်ပိုင်းဆိုင်ရာနဲ့ ခံစားချက်ပိုင်းဆိုင်ရာာ ပြောင်းလဲသွားမှု ရှိမရှိလည်း ပြောပြပေးနိုင်ပါတယ်။ တခါတလေတော့ ဦးနှောက်သွေးယိုခြင်း၊ ထိရှခြင်းရှိမရှိသေချာရန် စီတီရိုက်ခြင်း၊ သံလိုက်ဓာတ်မှန်ရိုက်ခြင်းတို့လည်း လုပ်ရနိုင်ပါတယ်။

Concussion (ဦးနှောက်ပြင်းထန်စွာထိခိုက်မိခြင်း) ကို ဘယ်လိုကုသပါသလဲ

ကုသမှုကတော့ သင့်ရောဂါပြင်းထန်မှုပေါ်မူတည်တယ်။ ဦးနှောက်သွေးယိုမယ်၊ ရောင်ရမ်းမယ်၊ ပြင်းပြင်းထန်ထန်ဒဏ်ရာရသွားမယ်ဆိုရင်တော့ ခွဲစိတ်ဖို့လိုကောင်းလိုနိုင်ပါတယ်။ ဒါပေမယ့် ကံကောင်းစွာနဲ့ပဲ များသောအားဖြင့်တော့ ခွဲစိတ်စရာမလိုတဲ့အပြင် ကြီးကြီးမားမားကုသမှုတွေလည်းမလိုပါဘူး။

ထိခိုက်ပြီး ၂၄ နာရီအကြာမှာ ဆရာဝန်က တစ်ယောက်ယောက်ကို နှစ်နာရီခြားတခါ၊ သုံးနာရီခြားတခါ သင့်ကိုနှိုးခိုင်းပါလိမ့်မယ်။ ကိုမာမဖြစ်အောင်နဲ့ တခြားပုံမှန်မဟုတ်အပြုအမူတွေရှိမရှိ တခြားလူကို စစ်ကြည့်ခိုင်းတာလည်းဖြစ်တယ်။

ခေါင်းကိုက်နေပါက အလွယ်တကူဝယ်နိုင်သော အကိုက်အခဲပျောက်ဆေး Tylenol သို့ ပါရာစီတမော ကဲ့သို့ ဆေးများ ညွှန်းပါလိမ့်မယ်။ အပြည့်အ၀အနားယူပြီး ဒဏ်ရာပြင်းထန်မှုကိုမူတည်ကာ အားကစားကဲ့သို့ ပြင်းထန်လှုပ်ရှားမှုများလုပ်ခြင်း၊ စက်ဘီးစီးခြင်း၊ ကားမောင်းခြင်းကို ၂၄ နာရီမှ လအနည်းငယ်ထိ ရှောင်ဖို့လည်းပြောပါလိမ့်မယ်။

အရက်ဟာ ဒဏ်ရာသက်သာခြင်းကို အနှောင့်အယှက်ဖြစ်နိုင်တဲ့အတွက် ရှောင်သင့်သလား ဆရာဝန်ကိုမေးပါ၊ ရှောင်သင့်ပါက အချိန်မည်မျှကြာကြာရှောင်သင့်သလဲပါမေးပါ။

နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့်အိမ်တွင်းကုထုံးများ

အားကစားလုပ်ချိန်မှာ လိုအပ်သော အကာအကွယ်များ အပြည့်အစုံဝတ်ဆင်ပါ။ ခေါင်းဆောင်းဦးထုပ်အပါအ၀င် တခြားကိရိယာများ သေချာစွာတပ်ဆင်ထားသလား အမြဲစစ်ဆေးနေပါ။ ဘေးကင်းစွာကစားကို နည်းပြ သို့ အားကစားကျွမ်းကျင်သူနဲ့တိုင်ပင်ပြီး အကြံဥာဏ်ကိုသေချာလိုက်နာပါ။ တခြားသိလိုသည်များရှိပါက သင့်အတွက်အကောင်းဆုံးအဖြေရဖို့ ဆရာဝန်နဲ့တိုင်ပင်ကြည့်သင့်ပါတယ။်

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ ဖေ‌ဖော်ဝါရီ 13, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း ဖေ‌ဖော်ဝါရီ 13, 2018

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ