backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Coma (ကိုမာဝင်ခြင်း)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Phyo Wai Yan မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Coma (ကိုမာဝင်ခြင်း) ကဘာလဲ။

ကိုမာဆိုတာ အချိန်ကြာရှည် သတိလစ်မေ့မြော နေတာကို ခေါ်တာပါ။ ကိုမာ ဝင်နေတဲ့လူတွေဟာ အိပ်နေတာနဲ့ တူပါတယ်။ ဒါပေမဲ့ ဆူညံသံတွေ၊ အခြားလှုံ့ဆော်မှုတွေနဲ့ နာကျင်ခြင်း လိုဟာမျိုးတွေတောင် မတုံပြန်နိုင်တော့ပါဘူး။

အချိန်တွေ ကြာလာရင်တော့ တဖြည်းဖြည်းနဲ့ သတိပြန် ရလာနိုင်ပါတယ်။ ဒါပေမဲ့လည်း အချို့လူတွေဟာ မနိုးတစ်ဝက် နိုးတစ်ဝက်နဲ့ နေသွားကြရပါတယ်။

Coma (ကိုမာဝင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

ကိုမာဝင်တာက အဖြစ်များပါတယ်။ အသက်အရွယ်မရွေး ဖြစ်နိုင်ပါတယ်။ ဘေးဖြစ်စေသော အရာများကို ရှောင်ကြဉ်ခြင်းအားဖြင့် ဖြစ်နိုင်ချေကို လျော့ချနိုင်ပါတယ်။ နောက်ထပ်သိရှိလိုပါက ဆရာဝန်ဖြင့် ဆွေးနွေးနိုင်ပါတယ်။

လက္ခဏာများ

Coma (ကိုမာဝင်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

ကိုမာရဲ့ အဖြစ်များတဲ့ လက္ခဏာတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

• မျက်လုံးများ ပိတ်နေခြင်း

• တုံ့ပြန်နိုင်မှုများ မကောင်းတော့ခြင်း။ ဥပမာအားဖြင့် အလင်းနှင့် ဆူညံသံများကို မတုံ့ပြန်နိုင်တော့ခြင်း

• ခန္ဓါကိုယ်က မတုံပြန်နိုင်တော့ခြင်း (အလိုအလျောက် တုံ့ပြန်နိုင်စွမ်းတွေတော့ မပါပါဘူး)

• နာကျင်ခြင်းကိုမတုံ့ပြန်နိုင်တော့ခြင်း (အလိုအလျောက် တုံ့ပြန်နိုင်စွမ်းတွေတော့ မပါပါဘူး)

• အသက်ရှုမမှန်တော့ခြင်း

အထက်ဖော်ပြပါ လက္ခဏာများတွင် မပါသည်များလည်း ရှိပါသေးတယ်။ လက္ခဏာတစ်ခုခုပြနေမယ်ဆိုရင်တော့ ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ပေးပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အထက်ဖော်ပြပါ လက္ခဏာများထဲမှ တစ်ခုခု ဖြစ်နေမယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြသင့်ပါတယ်။ ကိုမာဆိုတာ အရေးပေါ်အခြေအနေတစ်မျိုးပါ။ ကျွမ်းကျင်သူတို့ရဲ့ အကူအညီ ချက်ချင်းတောင်းဖို့ လိုအပ်ပါတယ်။

အကြောင်းရင်းများ

Coma (ကိုမာဝင်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

ဦးခေါင်းကို ပြင်းပြင်းထန်ထန် ထိခိုက်ခြင်း။ ကားတိုက်ခြင်းများ အရိုက်ခံရခြင်းများကြောင့် ဦးနှောက်ကို ပြင်းပြင်းထန်ထန်ထိခိုက်ခြင်း။

လေဖြတ်ခြင်း။ သွေးကြောပိတ်ခြင်း၊ သွေးကြောပေါက်ခြင်းတို့ကြောင့် ဦးနှောက်ကို သွေးမရောက်တော့ခြင်း။

အကျိတ်ဖြစ်ခြင်း။ ဦးနှောက်တွင် အကျိတ်ဖြစ်ခြင်းက ကိုမာ ဖြစ်စေပါတယ်။

ဆီးချိုသွေးချို ဖြစ်ခြင်း။ ဆီးချိုသွေးချို ဖြစ်နေတဲ့ လူတွေရဲ့ သွေးတွင်း သကြားဓါတ်ဟာ တက်လိုက်ကျလိုက် ဖြစ်နေတတ်ပါတယ်။ အဲဒါက ကိုမာဖြစ်စေပါတယ်။

အောက်ဆီဂျင်ပြတ်လပ်ခြင်း။ အောက်ဆီဂျင် ကြာရှည်ပြတ်လပ် တာကလည်း ကိုမာဝင်စေပါတယ်။ (ဥပမာ- နှလုံး ရုတ်တရက်ဖောက်ခြင်းကို အရေးပေါ် ကယ်ဆယ်ထားရခြင်း)

ပိုးဝင်ခြင်းများ။ ဦးနှောက်၊ ကျောရိုးမကြီးနဲ့ ဦးနှောက် တစ်ရှုးတွေမှာ ပိုးဝင်ပြီး ရောင်ရမ်းလာပါက ကိုမာဝင်တတ်ပါတယ်။

အတက်ရောဂါ။ ဆက်တိုက် တက်နေတာက ကိုမာဝင်စေတတ်ပါတယ်။

အဆိပ်မိခြင်း။ အဆိပ်တွေက ဦးနှောက်ကို ပျက်စီးစေပြီး ကိုမာ ဖြစ်စေတတ်ပါတယ်။

ဆေးနှင့် အရက်များ။ ဆေးနှင့် အရက်များ အလွန်အကျွန် သောက်ခြင်းက ကိုမာဝင်စေတတ်ပါတယ်။

ဖြစ်နိုင်ခြေများ

Coma (ကိုမာဝင်ခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

ကိုမာဖြစ်နိုင်ချေကို မြင့်မားစေတဲ့ အရာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

• အပြင်းဖျားခြင်း

• ဆီးချိုသွေးချိုဖြစ်နေခြင်း

• အသည်း၊ ကျောက်ကပ်နဲ့ နှလုံးရောဂါများ ဖြစ်နေခြင်း

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Coma (ကိုမာဝင်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ကိုမာဝင်နေတဲ့လူတွေဟာ စကားမပြောနိုင်၊ မတုံ့ပြန်နိုင် တာကြောင့် ဆရာဝန်က မိသားစု၊ မိတ်ဆွေတွေနဲ့ မျက်မြင်သက်သေတွေဆီက အချက်အလက်တွေ စုစည်းရပါလိမ့်မယ်။ ဆေးမှတ်တမ်း၊ ဆေးဝါးမှတ်တမ်း၊ အရက်သောက်ခဲ့တဲ့ အကြောင်းတွေနဲ့ ကိုမာဝင်စေခဲ့တဲ့ အကြောင်းအရင်းတွေကို ဆရာဝန်က သိရပါလိမ့်မယ်။

မူမမှန်တဲ့ လက္ခဏာတွေကိုလည်း သိရပါလိမ့်မယ်။

ကိုယ်ကာယ စစ်ဆေးချက်မှာတော့ တုံ့ပြန်နိုင်စွမ်း၊ လှုပ်ရှားွ၊ နာကျင်မှုကို တုံ့ပြန်နိုင်စွမ်း၊ သူငယ်အိမ် အရွယ်အစား၊ မျက်လုံး လှုပ်ရှားမှု၊ အသက်ရှုပုံစံတွေကို စမ်းသပ်ပါလိမ့်မယ်။ ထိခိုက်မှုတွေကြောင့် အရေပြားမှာ ဒဏ်ရာတွေ ရှိလား စစ်ဆေးပါလိမ့်မယ်။

ဒါ့အပြင် ဆရာဝန်က အောက်ပါစစ်ဆေးချက်တွေထဲက အချို့ကို လုပ်ဆောင်ပါလိမ့်မယ်။

• သွေးစစ်ခြင်း။ အတွင်းအင်္ဂါ ပျက်စီးမှုရှိလား၊ ပိုးဝင်တာလား၊ အဆိပ်မိတာလား သိရအောင်လို့ပါ။

• ဆီးစစ်ခြင်း။ ဘယ်ဆေးတွေကို သုံးထားလဲ သိရအောင်လို့ပါ။

• ပုံရိပ်ဖော် စစ်ဆေးခြင်းများ။ ဦးနှောက်နဲ့ အတွင်းအင်္ဂါတွေကို အသေးစိတ်တွေ့နိုင်မယ့် X-rays၊ ကွန်ပျူတာဓါတ်မှန်၊ သံလိုက်ဓါတ်မှန် ကိုသုံးပါတယ်။

• Electroencephalogram (EEG) ။ ယင်းစစ်ဆေးချက်ကတော့ ဦးနှောက်မှာရှိတဲ့ လျှပ်စစ်စီးကြောင်းကို တိုင်းတာတာပါ။

• ကျောရိုးဖောက်၍ ဦးနှောက်ရည်ကြည် စစ်ဆေးခြင်း။ ယင်းစစ်ဆေးချက်ကတော့ ဦးနှောက်ရည်ကြည် (Cerebrospinal fluid) တွင်းရှိ ဖိအား၊ သွေးနဲ့ ပိုးဝင်မှုအခြေအနေ သိရအောင် ဦးနှောက်ရည်ကြည် အနည်းငယ်ကို ကျောရိုးမှ ဖောက်ထုတ် စစ်ဆေးတာပါ။

Coma (ကိုမာဝင်ခြင်း) ကို ဘယ်လိုကုသပါသလဲ

ကိုမာဆိုတာ အရေးပေါ်အခြေအနေပါ။ ကိုမာကို ဖြစ်စေတဲ့ အကြောင်းအရင်းပေါ် မူတည်ပြီး ကိုမာကုသနည်းက အမျိုးမျိုးရှိပါတယ်။ အကယ်၍ ကိုမာက ဆေးအလွန်အကျွံသောက်ခြင်းနဲ့ အတက်ရောဂါ တွေကြောင့်ဖြစ်ပါက ဆရာဝန်က ဆေးဝါးကုသနည်းဖြင့် ကုသပါမယ်။

အခြားကုသနည်းတွေကတော့ ဆီးချိုနဲ့ ကျောက်ကပ်ရောဂါတွေကဲ့သို့ ရောဂါရင်းမြစ်တွေကို အရင်ကုသပါတယ်။ လူနာအခြေအနေက စိတ်ချရပြီဆိုရင်တော့ ဆရာဝန်က လုံလောက်တဲ့ အာဟာရ၊ လူနာကို ပိုးမဝင်အောင်နဲ့ နာတာရှည် အိပ်ရာပေါ်မှာလှဲနေလို့ ဖြစ်တဲ့ အနာတွေ မဖြစ်ရအောင် ကာကွယ်ဖို့ အာရုံစိုက်ပါလိမ့်မယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Phyo Wai Yan မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement