Cold Hands And Feet (ခြေဖျားလက်ဖျားအေးခြင်း) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

အဓိပ္ပါယ်ဖွင့်ဆိုချက်

Cold Hands And Feet (ခြေဖျားလက်ဖျားအေးခြင်း) ကဘာလဲ။

အေးတဲ့ ပတ်ဝန်းကျင်မှာနေရင် ခြေဖျားလက်ဖျားအေးခြင်းဟာ အဖြစ်များပါတယ်။ ခြေဖျားလက်ဖျားအေးခြင်းဟာ ကိုယ်ခန္ဓါ အပူချိန်ကို ထိန်းညှိပေးတဲ့ ဖြစ်စဉ်တစ်ခုဖြစ်တာမို့ စိတ်မပူသင့်ပါဘူး။

တကယ်လို့ ခြေဖျားလက်ဖျားအေးခြင်းကို ဆက်တိုက်ဖြစ်နေပြီး အရောင်ပြောင်းလဲမှုတွေပါ ရှိတယ်ဆိုရင်တော့ ဒါဟာ သတိပေးလက္ခဏာ တစ်ခုဖြစ်နိုင်ပါတယ်။ ဥပမာ လက်အေးခြင်းဟာ အာရုံကြော၊ သွေးစီးဆင်းမှု ပြဿနာ (သို့) လက်၊ ခြေထောက်မှာရှိတဲ့ တစ်ရှူးပျက်စီးခြင်းကြောင့် ဖြစ်နိုင်ပါတယ်။

အပြင်ရာသီဥတုက အလွန်အေးပြီး သင့်မှာ ခြေဖျားလက်ဖျားအေးခြင်း ဖြစ်တယ်ဆိုရင် နှင်းကိုက်ခြင်းရဲ့ လက္ခဏာတွေကို စောင့်ကြည့်သင့်ပါတယ်။

Cold Hands And Feet (ခြေဖျားလက်ဖျားအေးခြင်း) က ဘယ်လောက်အဖြစ်များသလဲ

အိမ်မရှိသူ၊ အေးတဲ့အချိန် အပြင်မှ အလုပ်လုပ်ရသူ၊ တောင်တက်သူတွေမှာ အဖြစ်များပါတယ်။ အမြင့်မှာ အလုပ်လုပ်ရသူနဲ့ အရက်သောက်သူတွေမှာလည်း ဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Cold Hands And Feet (ခြေဖျားလက်ဖျားအေးခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

Cold Hands and Feet ဟာ ခြေဖျားလက်ဖျားအေးခြင်းကိုဖြစ်စေခြင်းဖြစ်ပါတယ်။ ကိုယ်ခန္ဓါရဲ့ သဘာဝအတိုင်း အပူချိန်တုန့်ပြန်ခြင်းကြောင့် ဖြစ်နိုင်သလို ကျန်းမာရေးပြဿနာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

သွေးလှည့်ပတ်မှုဆိုင်ရာ ပြဿနာများ၊ လက်အတွင်း သွေးကြောငယ်များမှ ပြဿနာများ၊ အခြားပြဿနာတွေက ခြေဖျားလက်ဖျားအေးခြင်းကို ဖြစ်စေနိုင်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

စောစီးစွာသိရှိခြင်းက ရောဂါပိုးဆိုးသွားခြင်းနဲ့ အရေးပေါ်အခြေအနေဖြစ်ခြင်းကို ရပ်တန့်ပေးတာကြောင့် ဒီအခြေအနေကို ကာကွယ်ဖို့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Cold Hands And Feet (ခြေဖျားလက်ဖျားအေးခြင်း) ကိုဘာတွေကဖြစ်စေသလဲ

လူတွေဟာ သွေးနွေးသတ္တဝါတွေဖြစ်ပါတယ်။ ပူတဲ့ရာသီဥတုကို နေသားကျနေကြပါတယ်။ အအေးနဲ့ထိတွေ့ရင် ကိုယ်ခန္ဓါက နွေးအောင်ကြိုးစားပါတယ်။

ဒီအခါ ကိုယ်ခန္ဓါ တစ်ခုလုံးကို နွေးထွေးစေဖို့ ခြေဖျား၊လက်ဖျားတွေကို သွားတဲ့ သွေးစီးဆင်းမှုကို လျှော့ချလိုက်ပါယတ်။ ရေခဲလောက်တဲ့ အပူချိန်မှာတော့ ဒီနေရာတွေမှာ ရေခဲဖြစ်လာပြီး သွေးလှည့်ပတ်မှု နည်းလာတတ်ပါတယ်။

  • ရေမခဲတဲ့ အေးတဲ့ဒဏ်ရာတွေကတော့ အရေပြား အေးခြင်းကြောင့် ဖြစ်ပေါ်တာဖြစ်ပါတယ်။ immersion injuries တွေမှာ အအေး၊ စိုစွတ်တဲ့နေရာ၊ ရေခဲနေတဲ့နေရာတွေနဲ့ ထိတွေ့ပြီးချိန်မှာ အာရုံကြောတွေ၊ သွေးကြောတွေဟာ ပျက်စီးနိုင်ပါတယ်။
  • Pernio ဟာ အေးခဲခြင်း၊ စိုစွတ်ခြင်းမရှိပဲ အေးတဲ့ ရာသီဥတုကို အချိန်အကြာကြီး ထိတွေ့ရခြင်းကြောင့် ဖြစ်ပါတယ်။
  • Raynaud’s phenomenon ကတော့ လက်ချောင်း၊ ခြေချောင်းတွေ အေးလာပြီး သွေးကြော ပုံမှန်အတိုင်းမဟုတ်ပဲ ကျဉ်းလာခြင်းကို ဆိုလိုပါတယ်။
  • Cryoglobulins တွေဟာ အေးခဲသွားတဲ့အခါ အခဲ၊ဂျယ်ဖြစ်လာတတ်တဲ့ သွေးထဲမှာ ပုံမှန်အတိုင်းပျော်ဝင်နေတဲ့ ပရိုတင်းတစ်မျိုးဖြစ်ပါတယ်။ Cryoglobulinemia ဟာ Cryoglobulins တွေ သွေးအတွင်းများတဲ့အခြေအနေတစ်ခုစြဖ်ပါတယ်။ အအေးကြောင့် ခြေချောင်း၊ လက်ချောင်းတွေ အပြာရောင်ပြောင်းလာခြင်း ဖြစ်ပါတယ်။
  • အအေးဓါတ်ကြောင့် အကွက်ထလာခြင်းကိုတော့ cold urticaria လို့ ခေါ်ပါတယ်။

ခြေဖျားလက်ဖျားအေးခြင်းကို ဖြစ်စေတဲ့ အခြေအနေတွေကတော့

  • နှင်းကိုက်ခြင်း
  • သွေးအားနည်းခြင်း
  • ဆီးချို
  • Lupus
  • Raynaud’s Disease
  • Scleroderma
  • Buerger”s Disease
  • Thyroid Disease
  • Poor circulation
  • အာရုံကြောရောဂါ တွေပဲဖြစ်ပါတယ်။

ဖြစ်နိုင်ခြေများ

Cold Hands And Feet (ခြေဖျားလက်ဖျားအေးခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

Cold Hands and Feet ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

  • လေတိုက်တဲ့ အခြေအနေတွေ
  • ကျပ်တဲ့ အဝတ်အစားတွေဝတ်ဆင်ခြင်း
  • ခြေ၊ လက် အမြဲစိုနေခြင်း

ဆေးလိပ်သောက်ခြင်း (ခြေ၊လက်ကို သွားတဲ့ သွေးလှည့်ပတ်မှုကို လျှော့ချပါတယ်)

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Cold Hands And Feet (ခြေဖျားလက်ဖျားအေးခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

နှင်းကိုက်ခြင်းဟာ ပုံစံကြည့်ခြင်းအားဖြင့် သိသာပါတယ်။ အအေးကြောင့် ဖြစ်တဲ့ အခြေအနေတွေအတွက် စစ်ဆေးမှုတွေမရှိပဲ cryoglobulin တစ်မျိုးသာ စစ်ဆေးနိုင်ပါတယ်။ နှင်းကိုက်ခြင်းနဲ့ အတူ အခြားဒဏ်ရာရမှုတွေ၊ အခြေအနေတွေကို ပါ စစ်ဆေးသင့်ပါတယ်။

တကယ်လို့ ကိုယ်ခန္ဓါ အပူချိန်နည်းစေတဲ့ အခြေအနေတွေ၊ အရိုးကျိုးခြင်းတွေရှိတယ်ဆိုရင်တော့ ဒဏ်ရာရရှိမှုတွေအတွက် စစ်ဆေးမှုတွေ လိုအပ်နိုင်ပါတယ်။

နှင်းကိုက်ခြင်းက ပြင်းထန်ရင် bone scan လိုအပ်နိုင်ပါတယ်။ ဒါဟာ ဆရာဝန်က ခြေ၊ လက်အတွင်း သွေးလျှောက်လားကို သိချင်လို့ ပြုလုပ်တာဖြစ်ပြီး နာကျင်မှု မရှိပါဘူး။

နှင်းကိုက်ခြင်းအတွက် ပြုလုပ်တဲ့ အခြားစစ်ဆေးမှုတွေကတော့ သွေးစစ်ဆေးမှု၊ သွေးခဲခြင်း စစ်ဆေးမှုနဲ့ X-rays တွေပဲဖြစ်ပါတယ်။

Cold Hands And Feet (ခြေဖျားလက်ဖျားအေးခြင်း) ကို ဘယ်လိုကုသပါသလဲ

သင်ဟာ အရေးပေါ်ဌာနကိုလာပြီး နှင်းကိုက်တဲ့ အကွက်တွေ ရှိနေဆဲဆိုရင် ဆရာဝန်က ကိုယ်ခန္ဓါ အပူချိန်ထက် အနည်းငယ်ပူနွေးတဲ့ ရေထဲမှာ နွေးစေခြင်း ပြုလုပ်ပေးမှာဖြစ်ပါတယ်။ ရေခဲနေတဲ့နေရာတွေဟာ ပန်းရောင်ဖြစ်လာပြီး အရည်ပျော်လာကာ သွေးစီးဆင်းမှု ပြန်ကောင်းလာမှာ ဖြစ်ပါတယ်။

တကယ်လို့ နွေးနေတဲ့နေရာက အနည်းငယ် နီနေခဲ့ရင် ဒီနေရာကို ဘယ်လိုကာကွယ်မလဲဆိုတဲ့ ညွှန်ကြားချက်တွေကို ပြောပြပြီး အိမ်ပြန်နိုင်မှာဖြစ်ပါတယ်။ တကယ်လို့ သင့်မှာ လက်ချောင်း၊ ခြေချောင်းတွေအစွန်းမှာ အရည်ကြည်ဖုထခြင်း၊ ရောင်ရမ်းခြင်း၊ နာကျင်ခြင်းတွေဖြစ်ခဲ့တယ်ဆိုရင်တော့ ညွှန်ကြားချက်ပေးပြီး အိမ်ပြန်စေမှာဖြစ်ပါတယ်။

အရောင်ရင့်တဲ့ အရည်ကြည်ဖုတွေဖြစ်ပြီး ရောင်ရမ်းခြင်းမရှိပဲ သွေးစီးဆင်းမှုပါ မရှိဘူးဆိုရင် ဆေးရုံတက်ရမှာဖြစ်ပါတယ်။

ဒီလိုအခြေအနေတွေမှာ aspirin သို့ ibuprofen သောက်ခိုင်းမှာ ဖြစ်ပြီး ဒီဆေးတွေဟာ ပျက်စီးနေတဲ့ဆဲလ်တွေက ထုတ်လိုက်တဲ့ အရာတွေကြောင့် ဒဏ်ရာထပ်ရစေခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ သွေးစီးဆင်းမှုကောင်းစေပြီး အာဟာရပြည့်စေတဲ့ အခြားဆေးတွေကိုလည်း ပေးနိုင်ပါတယ်။

တကယ်လို့ ဆေးရုံတင်ရရင်တော့ ဒဏ်ရာရတဲ့နေရာကို ပတ်ပြီး မြှင့်တင်ထားမှာဖြစ်ပါတယ်။ တစ်နေ့မှာ နှစ်ကြိမ် အပတ်ဖြေပြီး whirlpool ထဲကို အရေပြား မျက်နှာပြင်ပေါ်မှာဖြစ်လာတဲ့ ဆဲလ်အသေတွေ၊ ဘက်တီးရီးယားတွေကို ဖယ်ထုတ်ဖို့ ထည့်ရမှာဖြစ်ပါတယ်။

နှင်းကိုက်ခြင်းက ပြင်းထန်ခဲ့ရင်တော့ ဆဲလ်သေနေရာတွေကို ဖယ်ထုတ်ဖို့အတွက် ခြေထောက်၊ လက် ဖြတ်ထုတ်ရနိုင်ပါတယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက Cold Hands and Feet ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် Cold Hands and Feet ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

  • အနာဖြစ်တဲ့နေရာကို သန့်ရှင်းခြောက်သွေ့အောင် ထားပါ။
  • နေရာကို မြှင့်ထားပါ။
  • ပြန်ခဲခြင်းကို ရှောင်ကျဉ်ပါ။
  • နေရာကို ဖိအားပေးခြင်း၊ ပွတ်ခြင်းတွေ ပြုလုပ်ပါ။
  • ကိုယ်ခန္ဓါ အစိတ်အပိုင်းတွေဟာ ရေချိုးကန်၊ ဘေစင်ရဲ့ အောက်ခြေ၊ ဘေးဘက်တွေကို မထိသင့်ပါဘူး။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ ဩဂုတ် 20, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း စက်တင်ဘာ 4, 2017