Claudication (ခြေသလုံးကြွက်သားနာခြင်း)

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ hellosayarwon.

အဓိပ္ပါယ်ဖွင့်ဆိုချက်

Claudication (ခြေသလုံးကြွက်သားနာခြင်း) ကဘာလဲ။

သွေးလည်ပတ်မှုနည်းခြင်းကြောင့်ဖြစ်သော ခြေသလုံး ကြွက်သား နာကျင်ခြင်းဆိုသည်မှာ လေ့ကျင့်ခန်းလုပ်ပြီး နောက် ခြေထောက်တွင် ဆတ်ဆတ်တုန်၍ စူးရှစွာ နာခြင်း ဖြစ်သည်။ ပိုဆိုးလာပါက နာကျင်ခြင်းသည် အနားယူနေစဉ် တွင် ဖြစ်နိုင်သည်။

ခြေသလုံးကြွက်သားနာခြင်းသည် အဓိက မဟုတ်သော သွေးကြောများ ရောဂါ၏ ရောဂါလက္ခဏာ တစ်ခု ဖြစ်သည်။ ထိုရောဂါ သည် လက် နှင့်ခြေထောက်သို့ သွားသော သွေးကြောများ ကျဉ်းစေကာ ထိုနေရာများသို့ သွေး မရောက်ခြင်းကို ဖြစ်စေသည်။ ခြေသလုံးကြွက်သားသည် အထိခိုက်ခံရဆုံး ဖြစ်ပြီး ခြေ ထောက်၊ ပေါင် နှင့်တင်ပါးတွင်လည်း နာကျင်နိုင်ပါသည်။ နာကျင်ခြင်း သည် လေ့ကျင့်ခန်းလုပ်စဉ်နှင့် လုပ်အပြီးတွင် ဖြစ်လေ့ရှိပြီး အနားယူခြင်းနှင့် အတူ ပျောက်ကင်းသွားသည်။

Claudication (ခြေသလုံးကြွက်သားနာခြင်း) က ဘယ်လောက်အဖြစ်များသလဲ

ခြေသလုံးကြွက်သားနာခြင်းသည် အသက် ၇၀ကျော် လူ များတွင် အဖြစ်များပါသည်။ တစ်ခါတစ်ရံ အဝလွန်ခြင်း၊ ဆီး ချိုသွေးချို၊ ဆေးလိပ်သောက်ခြင်း စသည်တို့ရှိသော အသက် ၅၀ အရွယ် သက်လတ်ပိုင်းလူများတွင်လည်း ဖြစ် နိုင်ပါသည်။

လက္ခဏာများ

Claudication (ခြေသလုံးကြွက်သားနာခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

 

ရောဂါလက္ခဏာများမှာ ခြေသလုံး၊ ခြေထောက်၊ ပေါင်၊ တင်ပဆုံ နှင့် တင်ပါးတွင် နာကျင်ခြင်းဖြစ်သည်။ လေ့ကျင့် ခန်းလုပ်သည့် ပမာဏပေါ်မူတည်ပြီး နာကျင်မှုသည် ပြင်းထန် ခြင်း သို့မဟုတ် မပြင်းထန်ခြင်း ဖြစ်နိုင်ပါသည်။ အခြား ရောဂါ လက္ခဏာ အချို့မှာ 

.ပြည်တည်နာများ
.  အရေပြားအောက်တွင် ပူခြင်း၊ ယားယံခြင်း ခံစားရ ခြင်း
.  ညဘက်တွင် ခြေထောက်အေးခြင်း
 . ဆံပင်ကျွတ်ခြင်း
.  အရေပြား ပျက်ဆီးခြင်း

အထက်တွင် ဖော်ပြမထားသော အခြားလက္ခဏာများ လည်းရှိနိုင်ပါသည်။ အကယ်၍ သင့်ဆီတွင် ရောဂါ လက္ခဏာ တစ်ခုခုများ ရှိနေသည်ဟု စိုးရိမ်မိပါက ဆရာဝန်နဲ့ ဆွေးနွေး တိုင်ပင် သင့်ပါသည်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်ဆီတွင် အထက်ဖော်ပြပါ ရောဂါလက္ခဏာများထဲမှ တစ်ခုခုများရှိနေပါက သို့မဟုတ် မေးခွန်းတစ်ခုခုရှိနေပါက ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်း၏ ခန္ဓာကိုယ်တုံ့ပြန်မှု သည် မတူညီနိုင်ပါ။ ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးခြင်း သည် သင်၏အခြေအနေ ကောင်းမွန်ရန် အတွက် အကောင်းဆုံး ဖြစ်ပါသည်။

အကြောင်းရင်းများ

Claudication (ခြေသလုံးကြွက်သားနာခြင်း) ကိုဘာတွေကဖြစ်စေသလဲ

အဓိက ဖြစ်စေသော အကြောင်းရင်းမှာ အဓိကမဟုတ် သော သွေးကြောများ ရောဂါဖြစ်သည်။ ထိုရောဂါဖြစ်သူ များတွင် ခြေထောက် ကြွက်သားသို့သွားသော သွေးလွှတ် ကြောများသည် ကျဉ်းသွားပြီး ခြေထောက်သို့ သွေးစီးမှု နည်း စေပါသည်။ ၎င်းသည် သွေးလွှတ်ကြောများမာခြင်း၏ ရလဒ် တစ်ခု ဖြစ်ပါသည်။

သွေးတွင်းတွင် အဆီပမာဏ များပါက ထိုအဆီများ သည် သွေးလွှတ်ကြောများကို ပိတ်ကာ သွေးထောက်ပံ့မှုကို ရပ်စေပါသည်။ ခြေသလုံးကြွက်သားနာခြင်းကို ဖြစ်စေနိုင်သော အခြား ရောဂါအချို့မှာ ကျောရိုးမ ကျဉ်းခြင်း၊ အဓိက မဟုတ်သော အာရုံကြောများ ရောဂါ၊ ကြွက်သားနှင့် အရိုးရောဂါ၊ သွေးပြန် ကြောတွင် သွေးခဲပိတ်ခြင်း တို့ဖြစ်ပါသည်။

ဖြစ်နိုင်ခြေများ

Claudication (ခြေသလုံးကြွက်သားနာခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

ခြေသလုံးကြွက်သားနာခြင်းဖြစ်နိုင်ချေကို မြင့်စေသော အချက်များစွာ ရှိပါသည်။ ဥပမာ-

 .  ဆေးလိပ်သောက်ခြင်း
  . ကိုလက်စထရော ပမာဏများခြင်း
 .  သွေးပေါင်တက်ခြင်း
  . အဝလွန်ခြင်း
 .  အသက် ၇၀ကျော်ခြင်း
  . ဆီးချိုသွေးချို နှင့် ဆေးပြင်းလိပ်သောက်ခြင်း ရှိသော အသက် ၅၀ကျော်
  . မိသားစုတွင်းတွင် ဖြစ်ဖူးခြင်း

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Claudication (ခြေသလုံးကြွက်သားနာခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ဆရာဝန်သည် ရောဂါလက္ခဏာများကို စစ်ဆေးခြင်း နှင့် ခန္ဓာကိုယ်အား စစ်ဆေးခြင်းဖြင့် ရောဂါအဖြေရှာခြင်းကို ပြု လုပ်နိုင်ပါသည်။ ဆရာဝန်သည် သွေးစီးဆင်းမှုကို သိရှိရန် သွေးကြော စစ်ဆေးမှုများ (Doppler ultrasound) ကို လုပ် ဆောင်ခိုင်းနိုင်ပါသည်။ စစ်ဆေးမှုတွင် သွေးလည်ပတ်မှုနည်း ခြင်း တွေ့ရပါက ရောဂါဘယ်လောက် ဆိုးရွားသလဲသိရှိရန် ခွဲစိတ်ကုသမှုမပြုမီ angiography လုပ်ရပါမည်။ Angiography သည် ခြေထောက် သွေးလွှတ်ကြောတွင်းသို့ ပြွန်သေးတစ်ခုကို ထည့်ကာ ဆိုးဆေးထိုးသွင်းပြီး သွေးကြော ၏ ပုံရိပ်ကို ရယူခြင်းဖြစ်သည်။

Claudication (ခြေသလုံးကြွက်သားနာခြင်း) ကို ဘယ်လိုကုသပါသလဲ

ကုသမှု၏ ရည်ရွယ်ချက်သည် ရောဂါလက္ခဏာများကို သက်သာစေရန်နှင့် ရောဂါပိုဆိုးမလာအောင် တားဆီးရန် ဖြစ် ပါသည်။ လူနာအများစုကို နေထိုင်မှုပုံစံပြောင်းလဲရန် တိုက် တွန်းရပါသည်။ ဆေးပြင်းလိပ်သောက်ခြင်းကို ရှောင်ခြင်း (အ ကောင်းဆုံး ကုသမှု)၊ ကိုယ်အလေးချိန်ချခြင်း နှင့် ဆီးချို၊ သွေးတိုး နှင့် ကိုလက်စထရောများခြင်းကို ထိန်းချုပ်နိုင်သော အစာများ ပြောင်းလဲစားသောက်ခြင်းတို့ ပါဝင်ပါသည်။

ရောဂါ လက္ခဏာများ ကျန်ရှိနေပါက ဆရာဝန်သည် သွေးလည်ပတ် မှု အားကောင်းစေသော ဆေးများသောက်ရန် ညွှန်ကြားပါ လိမ့်မည်။ နေ့စဉ် aspirin ပမာဏ အနည်းငယ်လည်း လိုအပ် နိုင်ပါသည်။ ရောဂါကူးစက်မှုကို ကာကွယ်ရန် ခြေထောက် ကို ဂရုစိုက်ရန်လည်း အရေးကြီးပါသည်။

သွေးစီးမှုသည် အလွန်လျော့ကျသွားပါက angioplasty ဟုခေါ်သော အသေးစားခွဲစိတ်မှု ဖြင့် ပိတ်နေသော သွေးလွှတ်ကြောကို ဖွင့်နိုင်ပါသည်။ ပူဖေါင်းထိပ်တွင် ပါသော ပြွန်ငယ်ဖြင့် ကျဉ်းနေသော သွေးကြောတွင်းသို့ ထိုးသွင်းကာ လေမှုတ်သွင်း၍ သွေးကြောကို ကျယ်စေပါသည်။ angioplasty ပြုလုပ်ရာတွင် ပြွန်သေးကို သွေးကြောတွင်းသို့ ထည့်ရပါသည်။

တစ်ခါတစ်ရံ အထူးပြုလုပ်ထားသော ပြွန်ကို သွေးကြော ၏ ကျဉ်းသော နေရာ အပေါ်နှင့် အောက်တွင် ဆက်ပါသည်။ ၎င်းသည် သွေးများကို ကျဉ်းသော သွေးကြောအား မဖြတ်ဘဲ ထိုပြွန်မှ ဖြတ်သွားစေပါသည်။

လူနာများတွင် ပြန်လည် ကောင်းမွန်မလာသော ပြည်တည်နာများရှိပါက၊ ခြေထောက် သည် အေး၍ ပြာနေပါက၊ ခြေလက်များတွင် အသားပုပ်ခြင်း ရှိပါက သို့မဟုတ် အနားယူစဉ်တွင်ပင် ပြင်းထန်စွာ နာကျင် ပါက ခွဲစိတ်ကုသရန် လိုအပ်ပါသည်။
လူနေမှုပုံစံ ပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးများ အသုံးပြုခြင်း သည် ခြေသလုံးကြွက်သားနာခြင်း ကို ကုသရာတွင် ဘယ်လို အထောက် အကူပြုနိုင်မလဲ။

အောက်ပါ လူနေမှုပုံစံများ နှင့် အိမ်သုံး ကုထုံးများ သည် ခြေသလုံးကြွက်သားနာခြင်း ကို ထိန်းချုပ်နိုင် ပါသည်။
– ခြေထောက်နှင့် ခြေဖဝါးအား ဒဏ်ရာမရအောင် သတိထားပါ။
– သွေးကြောမာခြင်းဖြစ်နိုင်ချေကို မြင့်စေသော အချက် များကို ထိန်းချုပ်ပါ။ ( ဆီးချိုသွေးချို၊ ကိုလက်စထ ရောများခြင်း၊ သွေးပေါင်တက်ခြင်း၊ ဆေးလိပ် သောက်ခြင်း)
– ဆေးလိပ်သောက်ခြင်းကို ဖြတ်ပါ။
– လေ့ကျင့်ခန်းလုပ်ပါ။ အဝလွန်ခြင်းကို ထိန်းချုပ်ပါ၊ ဆေးလိပ်သောက်ခြင်းကို ရပ်ပါ။ နေ့စဉ် ခြေ ထောက် ကိုဂရုစိုက်မှု ပြုလုပ်ပါ။ သွေးပေါင်ချိန်ကို စစ်ဆေးပါ။ အဆီနည်းသော အစားအသောက်ကို စားပါ။
– Pseudoephedrine ပါသော အအေးမိပျောက်ဆေး များကို ရှောင်ပါ။
– ဆရာဝန် ချိန်းဆိုမှုများကို လိုက်နာဆောင်ရွက်ပါ။ အ ထူးသဖြင့် ပြည်တည်နာ ပြန်လည်ကောင်းမွန်မှု ကို စစ်ဆေးပါ။

အကယ်၍ သင့်တွင် မေးခွန်းများ ရှိပါက သင့်အတွက် သင့်တော်သော အဖြေရှာဖွေနိုင်ရန် ဆရာဝန် နှင့် ဆွေးနွေး တိုင်ပင် သင့်ပါသည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ စကျတငျဘာ 28, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း စကျတငျဘာ 28, 2017

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ