Chronic vulvar pain (Vulvodynia) (အမျိုးသမီးအပြင်လိင်အဂီါနာခြင်း။(နှာတာရှည် အမျိုးသမီးအပြင်လိင်အဂါင်္နာခြင်း)) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar.

အဓိပ္ပါယ်ဖွင့်ဆိုချက်

Chronic vulvar pain (Vulvodynia) (အမျိုးသမီးအပြင်လိင်အဂီါနာခြင်း။(နှာတာရှည် အမျိုးသမီးအပြင်လိင်အဂါင်္နာခြင်း)) ကဘာလဲ။

အမျိုးသမီးအပြင်လိင်အဂီါနာခြင်းသည် တောက်လျောက် ရှင်းပြ၍မရအောင် အမျိုးသမီးအပြင်အဂါင်္တွင်နာနေခြင်းဖြစ်သည်။(အမ်ိဳးသမီးအဂါၤီအ၀င္ရွိ အေရျပား)

အမျိုးသမီးအပြင်လိင်အဂီါနာခြင်းသည် နှာတာရှည်ဖြစ်နေနိုင်ပြီး နေရအဆင်မပြေဖြစ်တတ်သော်လည်း အနာသက်သာအောင်လုပ်ပါက အကူအညီဖြစ်နိုင်သည်။

 

Chronic vulvar pain (Vulvodynia) (အမျိုးသမီးအပြင်လိင်အဂီါနာခြင်း။(နှာတာရှည် အမျိုးသမီးအပြင်လိင်အဂါင်္နာခြင်း)) က ဘယ်လောက်အဖြစ်များသလဲ

အမျိုးသမီးအသက်အရွယ်တိုင်းတွင်ဖြစ်တတ်သည်။ တခါတရံ ကျန်းမာနေသောအမျိုးသမီးများတွင်လည်းဖြစ်တတ်သည်။

အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Chronic vulvar pain (Vulvodynia) (အမျိုးသမီးအပြင်လိင်အဂီါနာခြင်း။(နှာတာရှည် အမျိုးသမီးအပြင်လိင်အဂါင်္နာခြင်း)) ရဲ့လက္ခဏာတွေကဘာတွေလဲ

အမျိုးသမီးအပြင်လိင်အဂီါနာခြင်းရဲ့ အဓိကအများဆုံးရောဂါလက္ခဏာတွေကတော့ အမျိုးသမီးအပြင်အဂါင်္တွင်တောက်လျောက်နာနေခြင်းဖြစ်သည်။ ကြည့်ပါက ပုံမှန်ဖြစ်နိုင်သည်။

နာခြင်းသည်

ပူခြင်း  စူးခြင်ခံစားရခက်ခြင်း

ထိမိချိန်တွင်ပိုနာခြင်း ဥပမာ လိင်ဆက်ဆံချိန် သို့မဟုတ် တန်ပွန်ထည့်ချိန်

ထိုင်နေချိန်တွင်ပိုဆိုးနိုင်သည်။

အမျိုးသမီးအပြင်အဂါင်္တွင်သာဖြစ်သည်။

ပိုများသောနေရာ တခါတရံ တင်ပါးနှင့် ပေါင်အတွင်းပိုင်းတွင်လည်းဖြစ်တတ်သည်။

အချို့သောမိန်းမများတွင် ယောနိနံရံကြွက်သားများရုတ်တရက်ပြင်းထန်စွာညစ်သောပြသာနာများ၊ ဆီးအိတ်နာသောအခြေအနေများ၊ ရာသီလာချိန်နာခြင်းနှင့် အူတုံပြန်မှုများခြင်းများနဲ့လဲတွဲနေနိုင်သည်။

 

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်မှာအောက်ဖော်ပြပါအချက်အလက်တွေထဲကတစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။

သင့်ဆီမှာအထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲကတစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓာကိုယ်တုံ့ပြန်မှုဟာမတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကိုသင့်ဆရာဝန်နဲ့ တိုင်ပင်တာကအကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Chronic vulvar pain (Vulvodynia) (အမျိုးသမီးအပြင်လိင်အဂီါနာခြင်း။(နှာတာရှည် အမျိုးသမီးအပြင်လိင်အဂါင်္နာခြင်း)) ကိုဘာတွေကဖြစ်စေသလဲ

အမျိုးသမီးအပြင်လိင်အဂီါနာခြင်းပုံစံတော်တော်များများ ဘာကြောင့်ဖြစ်သည်ဆိုတာကိုမသိပေ။ ရောဂါပိုးဝင်ခြင်းလက္ခဏာများ ဥပမာ လိင်မှတစ်ဆင့်ကူးသောရောဂါအခြေအနေများလဲမရှိပေ။

လေ့လာသူများက ဖြစ်သောအကြောင်းအရင်းကိုရှာဖွေကြသည်။ထိုအရာများတွင်အောက်ပါတို့ပါဝင်နိုင်သည်။

အာရုံကြောထိခိုက်မိခြင်း

လိင်အဂါင်္ဆဲလ်များအတွင်းရောဂါပိုးသို့မဟုတ် ထိခိုက်ခြင်းအားတုံပြန်မှုမမှန်ခြင်း

မျိုးရိုးဗီဇပြသာနာများ(နှာတာရှည်ယောင်ခြင်းကို အမျိုးသမီးအပြင်အဂါင်္မှ ဆိုးဝါးစွာတုံပြန်ခြင်း)

မှိုရောဂါအားတုံပြန်မှုများခြင်း

ကြွက်သားများအကြောဆွဲခြင်း

ဓာတုပစ္စည်းသို့မဟုတ် အခြားအရာများကိုမတည့်ခြင်း

ဟော်မှန်းပြောင်းလဲခြင်း

လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်ခံရမှုရှိခဲ့ခြင်း

မကြာခဏ ပဋ္ဋိဇီဝပိုးသတ်ဆေးသုံးခြင်း

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Chronic vulvar pain (Vulvodynia) (အမျိုးသမီးအပြင်လိင်အဂီါနာခြင်း။(နှာတာရှည် အမျိုးသမီးအပြင်လိင်အဂါင်္နာခြင်း)) ဖြစ်နိုင်ခြေကိုဘ်ာတွေက မြင့်တက်စေသလဲ

အသေးစိတ်သိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးဖို့ လိုအပ်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Chronic vulvar pain (Vulvodynia) (အမျိုးသမီးအပြင်လိင်အဂီါနာခြင်း။(နှာတာရှည် အမျိုးသမီးအပြင်လိင်အဂါင်္နာခြင်း)) ကို ဘယ်လိုအတည်ပြုပါသလဲ

အမျိုးသမီးအပြင်လိင်အဂီါနာခြင်းဟုအတည်မပြုမီ ဆရာဝန်မှ ရောဂါသမိုင်းကြောင်း လိင်ဆက်ဆံခြင်း ခွဲစိတ်ခြင်းဆိုင်ရာသမိုင်းကြောင်းတို့ကို မေးလိမ့်မည်။ထို့ကြောင့် သင်ဖြစ်သောနေရာ အကြောင်းမည်မျှပြင်းထန်သည်တို့ကိုသိစေသည်။

ဆရာဝန်မှအောက်ပါတို့ကိုစမ်းသက်နိုင်သည်။

တင်ပါးဆုံရိုးကြားစမ်းသက်ခြင်း။အပြင်လိင်အဂါင်္ မိန်းမအဂါင်္တို့အား ရောဂါပိုးလက္ခဏာနှင့် အခြားလက္ခဏာများရှိမရှိကိုစမ်းလိမ့်မည်။ ရောဂါပိုးဝင်ခြင်း၏လက္ခဏာများမရှိသော်လည်း မအဂါင်္မှ နမူနာကိုယူပြီး ရောဂါပိုး ဥပမာ မှီုရောဂါ သို့မဟုတ် ဘက်တီးရီးယား ဗဂျိုင်နိုးစစ်ကိုရှာလိမ့်မည်။

ကော်တွန်ဖြင့်ယူပြီးစမ်းသက်ခြင်း။စိုထိုင်းနေသောကော်ကွန်ကိုယူပြီး အနာပြင်းသောနေရာတွင်ရှာဖွေမှုများလုပ်လိမ့်မည်။

Chronic vulvar pain (Vulvodynia) (အမျိုးသမီးအပြင်လိင်အဂီါနာခြင်း။(နှာတာရှည် အမျိုးသမီးအပြင်လိင်အဂါင်္နာခြင်း)) ကို ဘယ်လိုကုသပါသလဲ

အမျိုးသမီးအပြင်လိင်အဂီါနာခြင်းကိုကုသရာတွင် လက္ခဏာသက်သာရန် အဓိကထားသည်။ ကုထုံးတိုင်းသည် အမျိုးသမီးတိုင်းအတွက် ကူညီမှုမဖြစ်စေပါ။များသောအားဖြင့် ကုထုံးများပေါင်းပေးခြင်းကပိုကောင်းသည်။ မှန်ကန်သောကုထုံးကိုရှာရန်အချိန်လိုအပ်သည်။ကုသမှစလုပ်ချိန်မှ သက်သာရန် အချိန်ယူတတ်သည်။

 

ကုထုံးများတွင်

စတီးရွိုက်၊ ထရိုင်စိုက်ကလစ် စိတ်ဓာတ်ကြွဆေး သို့မဟုတ် အတက်ကျဆေးများက နှာတာရှည်နာခြင်းကိုသက်သာစေသည်။

ဟစ်စတာမင်းကိုဆန့်ကျင်သောဆေး။ယားခြင်းကိုသက်သာစေသည်။

သဘာဝကုထုံး။ပေါင်ခြံကြားကြွက်သားအားဖြေဖျော့ခြင်း နှင့်ရောဂါလက္ခဏာဖြစ်ပါက တုံပြန်ပုံကိုသိစေခြင်းဖြင့်အနာကိုသက်သာစေသည်။

ဖြစ်သောနေရာတွင် ခံစားမှုကိုပျောက်စေသောဆေး။ဆေးများ ဥပမာ လီဒိုကိန်း အဆီ က ခဏတာ လက္ခဏာများကိုသက်သာစေနိုင်သည်။ လိင်မဆက်ဆံမီ မိနစ်၃၀ ကြိုလိမ်းခြင်းဖြင့် နေမထိုင်သာဖြစ်ခြင်းကိုသက်သာစေနိုင်သည်။ လီဒိုကိန်း အဆီသည် သင့်လိင်ဆက်ဆံဖော်အား ခဏတာထုံခြင်းကို လိင်ဆက်ဆံပြီးချိန်တွင်ဖြစ်စေတတ်သည်။

အာရုံကြောပိတ်ခြင်း။အခြားကုထုံးများကိုမတုံပြန်သော နှာတာရှည်နာနေသူများတွင် ထိုသို့လုပ်ပါက အကျိုးရှိနိုင်သည်။

ပေါင်ခြံကြားကုထုံး။အမျိုးသမီးအပြင်လိင်အဂီါနာခြင်းရှိသောမိန်းမတော်တော်များများသည် ပေါင်ခြံကြွက်သားများ တင်းအားရှိနေတတ်သည်။ထိုကြွက်သားများက သားအိမ် ဆီးအိတ် နှင့် ၀မ်းအား ထောက်ပံ့ပေးထားသည်။ ထိုကြွက်သား အနားယူနိုင်ရန်လေ့ကျင့်ခန်းများက သက်သာစေနိုင်သည်။

နေရာတနေရာတွင်တာဖြစ်သော အမျိုးသမီးအပြင်လိင်အဂီါနာခြင်း ရှိပါက ဖြစ်သောနေရာကိုခွဲထုတ်လိုက်ခြင်းဖြင့် အချို့သောမိန်းမများတွင်သက်သာသွားတတ်သည်။

 

အခြားကုထုံးများ

စိတ်ဖိစီးမှုများကပိုဆိုးစေပြီး ဒီရောဂါရှိသူများကလည်း စိတ်ဖိစီးမှုများတတ်သည်။အပြင်ကုထုံးများက ထိရောက်မှုအနည်းငယ်သာရှိသော်လည်း အချို့မိန်းမများက ယောဂကစားခြင်း တရားထိုင်ခြင်း အနှိပ်ခံခ်ြငးနှင့် အခြားစိတ်ဖိစီးမှုလျော့ချသောအရာများကသက်သာစေသည်ဟုဆိုသည်။

 

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက အမျိုးသမီးအပြင်လိင်အဂီါနာခြင်းကိုကုသရာမှာဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများကသင့်အနေဖြင့် အမျိုးသမီးအပြင်လိင်အဂီါနာခြင်းကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာအကူအညီပေးနိုင်ပါတယ်။

အအေးကပ်ခြင်းသို့မဟုတ် အဆီပြစ်ကပ်ခြင်း။အပြင်လိင်အဂါင်္ပေါ်တွင်တိုက်ရိုက်ကပ်ခြင်းဖြင့် နာခြင်း ယားခြင်းကိုသက်သာစေသည်။

ရေချိုးဇလုံတွင်စိမ်ခြင်း။ တစ်နေ့နှစ်ကြိမ်သုံးကြိမ်ခန့် နေသာထိုင်သာရှိသော မပူပဲအေးနေသည့်ရေ တွင် အက်ဇွန်ဆပ်ပြာ သို့မဟုတ် ကိုလွုက်ထယ်အုတ်မီး ထည့်ကာ ငါးမိနှစ်မှ ဆယ်မိနစ်ထိစိမ်သင့်သည်။

ကြပ်သော နိုင်လွန်ကဲ့သို့ အောက်ခံဘောင်းဘီဝတ်ခြင်းရှောင်ပါ။ ကြပ်သောအ၀တ်များက လိင်အဂါင်္ဝန်းကျင်တွင် လေရရှိမှုနည်းစေပြီး အပူချိန်နှင့် စိုထိုင်းမှုကိုတက်စေပြီး ယားစေသည်။ အဖြူ ကော်တွန် အောက်ခံဘောင်းဘိများက လေ၀င်လေထွက်ကောင်းစေပြီး ခြောက်သွေ့မှုကိုများစေသည်။ ညအချိန်တွင် အောက်ခံမ၀တ်ပဲအိပ်ပါ။

ရေပူစိမ်ခြင်းမျိုးရှောင်ပါ။

ရေပူထဲတွင်နေခြင်းက သက်တောင့်သက်သာမရှိပဲ ယားခြင်းကိုဖြစ်စေတတ်သည်။

အနံအသက်ပျောက်စေသောဆေးပါသည့် တန်ပွန်သို့မဟုတ် အောက်ခံသုံးခြင်းရှောင်ပါ။ ထိုအရာများက ကသိကတောက်ဖြစ်စေသည်။ကော်တွန် ၁၀၀ရာခိုင်နှုန်းပါအောက်ခံသုံးပါ။

အမျိုးသမီးအပြင်အဂါင်္အား ဖိအားပေးသော လှုပ်ရှားမှုကိုရှောင်ပါ။ ဥပမာ စက်ဘီးစီးခြင်း သို့မဟုတ် မြင်းစီခြင်း

ဖြေးညှင်းစွာဆေးပါ။ဖြစ်သောနေရာကို ခဏခဏဆေးခြင်း အတင်းပွတ်ဆေးခြင်းတို့ကထိခိုက်စေတတ်သည်။ထိုအစား ရေအသန်းကို သင့်လက်တွင်ယူ၍ဆေးခြင်းနှင့် ခြောက်သွေ့စေခြင်းလုပ်ပေးပါ။ရေချိုးပြီးပါက နူးညံစေသောအရာများ ဥပမာ ပထိုးလီးယမ်းအဆီ လိမ်းပါ။

ချောဆီသုံးပါ။ လိင်ဆက်ဆံလိုပါက မဆက်ဆံမီ ချောဆီသုံးပါ။အရက် အနံရှိစေသော ပူစေအေးစေသောအရာများကိုရှောင်ပါ။

 

အကယ်၍သင့်မှာမေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

ရင်းမြစ်များ

တည်းဖြတ်သည့်နေ့ မတျ 14, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း မတျ 14, 2018

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ