Chronic Sore Throat (ကြာရှည်စွာ လည်ချောင်းနာခြင်း) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar.

အဓိပ္ပါယ်ဖွင့်ဆိုချက်

Chronic Sore Throat (ကြာရှည်စွာ လည်ချောင်းနာခြင်း) ကဘာလဲ။

လည်ချောင်းရောင်ခြင်းဖြစ်လျှင် လည်ချောင်းနာခြင်း၊ ယားခြင်းနှင့် တံတွေးမျိုလိုက်လျှင် ထိုလက္ခဏာများပို ဆိုးခြင်းတို့ဖြစ်နိုင်သည်။လည်ချောင်းရောင်ခြင်းသည် အအေးမိတုပ်ကွေးဖြစ်စေသော ဗိုင်းရပ်စ်ပိုးကြောင့်အဖြစ်များပြီး ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်သော လည်ချောင်းနာခြင်းသည် ဆေးသောက်စရာမလိုဘဲကောင်းသွားနိုင်သည်။

လည်ချောင်းနာခြင်းသည် ပုံမှန်အာဖြင့် ရက်အနည်းငယ်ကြာလျှင်ပျောက်သွားသော်လည်း ၃-၄ ပတ်အထိလည်း ကြာမြင့် နိုင်သည်။ အကယ် လည်ချောင်းနာခြင်းသည် ရက်ရှည်လာပြီး လက္ခဏာများပိုဆိုးလာပါက သင်သည် ပိုဆိုးသော ကျန်းမာရေးအခြေအနေနှင့် ကြုံလာရနိုင်ပါသည်။

Chronic Sore Throat (ကြာရှည်စွာ လည်ချောင်းနာခြင်း) က ဘယ်လောက်အဖြစ်များသလဲ

ကြာရှည်စွာ လည်ချောင်းနာခြင်း သည်အသက်အရွယ်မရွေးဖြစ်နိုင်သည်။

သို့သော် ကြာရှည်စွာ လည်ချောင်းနာခြင်း သည် ဖြစ်စေသောအကြောင်းများကို သေချာစွာသိလျှင် ကာကွယ်နိုင်သောကြောင့် သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်သည်။

လက္ခဏာများ

Chronic Sore Throat (ကြာရှည်စွာ လည်ချောင်းနာခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

ကြာရှည်စွာ လည်ချောင်းနာခြင်း ၃ ပတ်မှ ၄ပတ် အထိကြာမြင့်နိုင်ပြီး အောက်ပါ လက္ခဏာများနှင့် တွဲပြီးတွေ့နိုင်သည်။

  • အသံပြောင်းသွားခြင်း၊ သြလာခြင်း
  • အစာမျိုလျှင်နာခြင်း
  • အစာမျိုရခက်ခြင်း
  • ရက်ရှည်ချောင်းဆိုးခြင်း ၊ ချောင်းဟန့်နေရခြင်း

အထက်တွင်မဖော်ပြထားသော လက္ခဏာများကျန်နေနိုင်ပါသေးသည်။ပိုသိလိုသော် ဆရာဝန်နှင့်တိုင်ပင်သင့်သည်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အထက်တွင်မဖော်ပြထားသော လက္ခဏာများခံစားနေရပါက ဆရာဝန်နှင့်ပြသင့်သည်။

လူတယောက်နှင့် တယောက် ရောဂါ၏တုံပြန်ပုံခြင်းမတူညီသည့်အတွက် မိမိ၏အခြေအနေကို သိရှိကာထိရောက်စွာကုသနိုင်ရန် ဆရာဝန်နှင့်တိုင်ပင်သင့်သည်။

အကြောင်းရင်းများ

Chronic Sore Throat (ကြာရှည်စွာ လည်ချောင်းနာခြင်း) ကိုဘာတွေကဖြစ်စေသလဲ

ကြာရှည်စွာ လည်ချောင်းနာခြင်း ကိုဖြစ်စေသော အကြောင်းများအချို့မှာ

  • အာသီးပိုးဝင်ခြင်းကြောင့် အာသီးရောင်ခြင်း
  • Streptococcus အကောင်ကြောင့်လည်ချောင်းနာခြင်း
  • ဓာတ်မတည့်မှုများဖြစ်ခြင်း
  • လေထဲရှိ မသန့်သော အရာများရှုမိခြင်း
  • ဆေးလိပ်သောက်ခြင်း
  • တုပ်ကွေးဖြစ်ခြင်း
  • နှာခေါင်းနှင့် အသက်မရှုဘဲ ပါးစပ်နှင့် အသက်ရှုရသော အခြေအနေမျိုး တို့ဖြစ်ပါသည်။

ရာသီတုပ်ကွေးကြောင့်ဖြစ်လျှင် ကုသမှုမလိုဘဲ ပျောက်ကင်းနိုင်သော်လည်း Streptococcus အကောင်ကြောင့်လည်ချောင်းနာခြင်း၊ အာသီးရောင်ခြင်းကို မကုဘဲထားလျှင် ဆိုးကျိုးများရှိလာနိုင်ပါသည်။ ဆေးလိပ်သောက်နေလျှင်ဆေးလိပ်ဖြတ်ပါ။ လည်ချောင်းနာစေသော အကြောင်းများကို သင်လက်လှမ်းမှီသလောက်ရှောင်ကျဉ်နိုင်သော်လည်း အကြောင်းရင်းရေရေရာရာ မရှိဘဲ လည်ချောင်းနာနေလျှင် ဆရာဝန်နှင့် သွားပြသင့်သည်။

 

ဖြစ်နိုင်ခြေများ

Chronic Sore Throat (ကြာရှည်စွာ လည်ချောင်းနာခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

ဘယ်အရာတွေက  ကြာရှည်စွာ လည်ချောင်းနာခြင်း ကို ပိုဖြစ်စေသလဲ။

  • ဆေးလိပ်ငွေ့ရှုခြင်း နှင့် ဆေးလိပ်သောက်ခြင်း တို့သည် လည်ချောင်းကိုရောင်စေသည်။ ထို့ပြင် ဆေးရွက်ကြီးမှထုတ်သော ပစ္စည်းများသည် ခံတွင်း၊ လည်းချောင်းနှင့် အသံအိုးကင်ဆာတို့ဖြစ်စေနိုင်သည်။
  • ဓာတ်မတည့်ခြင်း

ရာသီအကူးအပြောင်းတွင် ဓာတ်မတည့်ခြင်း နှင့် ဖုန်မှုန့်နှင့် တိရိစ္ဆာန်များကို ဓာတ်မတည့်ခြင်း တို့ကလည်ချောင်းနာခြင်း ကို ပိုဖြစ်စေသည်။

  • ဓာတုဗေဒပစ္စည်းများနှင့် ထိတွေ့ခြင်း

လောင်စာဆီနှငိ့ အိမ်သုံးဓာတုဗေဒပစ္စည်းများမှထွက်သော အမှုန်များသည် လည်ချောင်းယားစေသည်။

  • နာတာရှည် / မကြာခဏ ထိပ်ကပ်နာဖြစ်ခြင်း

နှာရည်များသည် လည်ချောင်းထဲသို့ အဆက်မပြတ်စီးနေသောကြောင့် လည်ချောင်း ပိုးဝင်နိုင်သည်။

  • လူနေထူထပ်သော နေရာများ

ဘက်တီးရီးယားနှင့် ဗိုင်းရပ်စ်ပိုးများသည် ကလေးငယ်ထိန်းသိမ်းရေး စခန်းများ၊ ကျောင်း၊ ရုံး၊ လေယာဉ်ကွင်း စသည့် လူစုလူဝေးနေရာများတွင် လွယ်ကူစွာပျံ့နှံ့နိုင်သည်။

  • ကိုယ်ခံအားနည်းခြင်း

သင်သည် ကိုယ်ခံအားနည်းနေလျှင်

ရောဂါပိုဝင်နိုင်သည်။ကိုယ်ခံအားနည်းခြင်းကိုဖြစ်စေနိုင်သော အခြေအနေများမှာ HIV ရောဂါ၊ဆီးချိုရောဂါ၊ စတီးရွိုက်နှင့် ကင်ဆာဆေးများသောက်နေရခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း နှင့် အစားအသောက်မမှန်ခြင်း စသည်တို့ဖြစ်သည်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Chronic Sore Throat (ကြာရှည်စွာ လည်ချောင်းနာခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ရောဂါအမည်တပ်ရန် စစ်ဆေးမှုများကို ပြုလုပ်ရပါသည်။ ရောဂါလက္ခဏာများနှင့် လူနာ၏ရာဇ၀င်အပေါ်မူတည်ပြီး ရောဂါဖြစ်စေသော အကြောင်းရင်းများစွာရှိပါသည်။ လည်ပင်း ဒာတ်မှန်ရိုက်ခြင်း၊ CT ရိုက်ခြင်း၊ လည်ချောင်းတွင်းမှန်ပြောင်းကြည်ခြင်း စသည်တို့ဖြင့်လည်း စစ်ဆေးနိုင်ပါသည်။

Chronic Sore Throat (ကြာရှည်စွာ လည်ချောင်းနာခြင်း) ကို ဘယ်လိုကုသပါသလဲ

လည်ချောင်းနာစေသော အကြောင်းရင်းကို သိမှ ကုသနိုင်မည်ဖြစ်သည်။  လည်ချောင်းနာခြင်းသည် ဘက်တီးရီးယားပိုးကြောင့်ဖြစ်ရပြီး ပိုးသတ်ဆေးဖြင့်ကုသနိုင်သည်။ လည်ချောင်းနာခြင်းကို သေချာစွာမကုသပါက နှလုံးရောဂါဖြစ်ခြင်း၊ နှလုံးအဆို့ရှင်များ ထိခိုက်ခြင်း စသည့်ဆိုးကျိုးများဖြစ်လာနိုင်သည်။

ဗိုင်းရပ်စ်ကြောင့်ဖြစ်သော လည်ချောင်းနာခြင်း ကိုဗိုင်းရပ်စ်သတ်ဆေးများဖြင့် ကုနိုင်သလို ဆေးမလိုဘဲ အလိုလိုလည်းပျောက်သွားနိုင်သည်။

လည်ချောင်းနာခြင်းသည် ဓာတ်မတည့်ခြင်းကြောင့်ဖြစ်ပါက ထိုဓာတ်မတည့်ပစ္စည်းကိုရှောင်ကျဉ်ပါမှ သင့်ရောဂါလက္ခဏာများ သက်သာလာမည်ဖြစ်သည်။

နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများ

နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများကိုပြုလုပ်ခြင်းဖြင့် ကြာရှည်စွာ လည်ချောင်းနာသူများအတွက် ဘယ်လိုသက်ရောက်မှုရှိနိုင်သလဲ။

အောက်ပါနေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများသည် သင့်အတွက်အကူအညီဖြစ်နိုင်ပါသည်။

  • စုပ်လုံး ကဲ့သို့ တခုခုကို စုပ်စားခြင်းကသင့် လည်ချောင်းကို အရောင်ကျစေလိမ့်မည်။
  • သင့် အသံအားကို များစွာ အသုံးအပြုပါနှင့်။ အိပ်ရေး၀၀ အိပ်ပါ။
  • သင့်လည်ချောင်းမခြောက်စေရန် ရေနှင့် အရည်များများသောက်ပါ။ ရေနွေးကြမ်းနှင့် ပျားရည်သောက်ခြင်းသည် လည်ချောင်းနာခြင်းကို သက်သာစေသည်။
  • ရေခဲချောင်းကဲ့သို့ အေးသော အစာများက လည်ချောင်းကို အရောင်ကျစေလိမ့်မည်။
  • Ibuprofen,Naproxenစသည့် ဆေးဆိုင်တွင် ၀ယ်ယူနိုင်သော အနာပျောက်ဆေးများလည်း ၀ယ်သောက်နိုင်သည်။
  • လည်ချောင်းမခြောက်စေရန် သင့်အိမ်တွင် ရေငွေ့ပေးစက်တပ်ဆင်ပါ။ ရေနွေးဖြင့် ရေချိုးပါ။
  • လည်ချောင်းနာပျောက်စေသော ငုံဆေးများငုံပါ။ ၎င်းတို့သည် အသက်၎ နှစ်အောက်ကလေးများ စားမိလျှင် နင်နိုင်သည့်အတွက် သူတို့နှင့်ဝေးရာတွင်ထားပါ။
  • ဆေးလိပ်ဖြတ်ပါ။ ဆေးလိပ်သောက်နေသူကိုလည်း သင့် အခန်းထဲဝင်မလာပါစေနှင့်။ သင့်ကို လည်းချောင်းယားစေမည့် ဖုန်မှုန့်များကို သန့်ရှင်းခြင်းကို ရှောင်ကျဉ်ပါ။
  • ရေ ၈ အောင်စနှင့် ဆား ၁ဇွန်းရောပြီး နေ့တိုင်း အကြိမ်များစွာ အာလုပ်ကျင်းပါ။

သင်သိလိုသည်များရှိသော် ဆရာဝန်နှင့်တိုင်ပင်ကာ ပိုမိုကောင်းမွန်သော အကြံဥာဏ်များရယူနိုင်ပါသည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

ရင်းမြစ်များ

တည်းဖြတ်သည့်နေ့ စကျတငျဘာ 2, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း စကျတငျဘာ 2, 2017

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ