Chronic Sinusitis (နာတာရှည် လေအိတ်ခေါင်းများရောင်ခြင်း ) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar.

အဓိပ္ပါယ်ဖွင့်ဆိုချက်

Chronic Sinusitis (နာတာရှည် လေအိတ်ခေါင်းများရောင်ခြင်း ) ကဘာလဲ။

နာတာရှည် လေအိတ်ခေါင်းများရောင်ခြင်းသည် အဖြစ်များသောရောဂါဖြစ်ပြီး ၎င်းတွင် နှာခေါင်းလမ်းကြောင်းပတ်ပတ်လည်ရှိ လေအိတ်ခေါင်းများ ရောင်ရမ်း ထကြွခြင်းသည် ကုသမှုခံယူနေသော်လည်း ၁၂ ပတ်ထိ ဖြစ်ပွားနိုင်ပါသည်။

နာတာရှည် နှာစေးနှာပိတ်ခြင်းဟုလဲခေါ်ပြီး  နှာရည်စီဆင်းခြင်းကိုနှောက်ယှက်ကာ အကျိအချွဲများကို စုပုံစေနိုင်ပါသည်။ နှာခေါင်းပေါက်ဖြင့် အသက်ရှူရခက်နိုင်ပါသည်။ မျက်လုံးပတ်ပတ်လည်နှင့် မျက်နှာတစ်ဝိုက်တွင် ရောင်ခြင်းများ ခံစားရနိုင်ပြီး မျက်နှာနာကျင်ခြင်းများကိုလည်း ခံစားရနိုင်ပါသည်။

နာတာရှည် လေအိတ်ခေါင်းများရောင်ခြင်းသည် ပိုးကူးစက်ခြင်း၊ လေအိတ်ခေါင်းများမှ အသားပိုများ သို့မဟုတ် နှာနုရိုးနေရာလွဲခြင်းတို့ကြောင့် ဖြစ်နိုင်ပါသည်။ ဒီအခြေအနေကို လူငယ်များ သက်လတ်ပိုင်းများတွင် အတွေ့ရများသော်လည်း ကလေးငယ်များတွင်ပါ ဖြစ်တတ်ပါသည်။

Chronic Sinusitis (နာတာရှည် လေအိတ်ခေါင်းများရောင်ခြင်း ) က ဘယ်လောက်အဖြစ်များသလဲ

နာတာရှည် လေအိတ်ခေါင်းများရောင်ခြင်း အသက်အရွယ်မရွေးဖြစ်နိုင်သည်။ ရောဂါဖြစ်ပွားနိုင်သောအချက်အလက်များကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါသည်။ အချက်အလက်များ ထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။

လက္ခဏာများ

Chronic Sinusitis (နာတာရှည် လေအိတ်ခေါင်းများရောင်ခြင်း ) ရဲ့လက္ခဏာတွေကဘာတွေလဲ

နာတာရှည် လေအိတ်ခေါင်းများရောင်ခြင်း၏ အဓိကလက္ခဏာလေးခုမှ အနည်းဆုံးနှစ်ခုရှိပြီး နှာခေါင်းရောင်နေကြောင်းအတည်ပြုမှ ဒီအခြေအနေအား ရောဂါအမည်တပ်နိုင်မည်ဖြစ်သည်။

၎င်းတို့မှာ –

အရောင်မဲ့သော ပျစ်ချွဲချွဲအရည်များ နှာခေါင်းမှထွက်ခြင်း သို့မဟုတ် လည်းချောင်းအတွင်းသို့ စီးကျခြင်း (နှာခေါင်းနောက်ဖက်မှစီးခြင်း)

နှာခေါင်းပိတ်ခြင်း သို့မဟုတ် အရည်များဖြင့်ပြည့်ကြပ်ခြင်း – ၎င်းသည် နှာခေါင်းပေါက်မှ အသက်ရှူရခက်စေသည်။

မျက်လုံးတစ်ဝိုက်၊ ပါး၊ နှာခေါင်း သို့မဟုတ် နှာဖူးတို့တွင် နာခြင်း၊ ရောင်ရမ်းခြင်း

အရွယ်ရောက်ပြီးသူများတွင် အနံ့နှင့်အရသာ ကောင်းကောင်းမခံနိုင်ခြင်း သို့မဟုတ် ကလေးများတွင် ချောင်းဆိုးခြင်း

တခြားသောလက္ခဏာများမှာ –

နားနာခြင်း

အပေါ်မေးရိုးနှင့်သွားများ ကိုက်ခြင်း

ညအခါတွင် ချောင်းပိုဆိုးခြင်း

လည်ချောင်းနာခြင်း

ခံတွင်းနံ့ဆိုးခြင်း

မောပန်းလွယ်ခြင်း သို့ စိတ်တိုလွယ်ခြင်း

ပျို့ခြင်း

နာတာရှည် လေအိတ်ခေါင်းများရောင်ခြင်းနှင့် ရုတ်တရတ်ပြင်းထန်သော လေအိတ်ခေါင်းများရောင်ခြင်းတို့တွင် လက္ခဏာများ တူညီ၏။ သို့သော် ရုတ်တရတ်ပြင်းထန်ရောဂါတွင် လေအိတ်ခေါင်းများ ခဏတာပိုးဝင်ခြင်းကြောင့်ဖြစ်ပြီး အအေးမိခြင်းနှင့် ဆက်နွယ်ပါသည်။

နာတာရှည် လေအိတ်ခေါင်းများရောင်ခြင်း၏ လက္ခဏာများက ပိုမိုကြာရှည်နိုင်ပြီး ပိုပြီး မောပန်းလွယ်ပါသည်။ ဖျားခြင်းသည် နာတာရှည် လေအိတ်ခေါင်းများရောင်ခြင်း၏ အဖြစ်များသောလက္ခဏာမဟုတ်ပဲ ရုတ်တရတ်ပြင်းထန် လေအိတ်ခေါင်းရောင်ခြင်းတွင်လဲ ဖြစ်ပွားနိုင်ပါသည်။

အထက်တွင်ဖော်ပြထားသည့်အထဲမှာမပါဝင်သေးသော အခြားလက္ခဏာများလည်း ရှိနိုင်ပါသေးသည်။ အကယ်၍ကိုယ့်ဆီ၌ ရောဂါလက္ခဏာ တစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုပါက ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်၌ အောက်ဖော်ပြပါအချက်အလက်များထဲမှ တစ်ခုခုရှိခဲ့လျှင် သင့်ဆရာဝန်နှင့် ဆက်သွယ်သင့်သည်။

သင့်၌လေအိတ်ခေါင်းရောင်ခြင်း ခဏခဏဖြစ်တတ်ပြီး ကုသမှုအား တုန့်ပြန်မှုမရှိလျှင်

လေအိတ်ခေါင်းရောင်ခြင်းလက္ခဏာများ ၇ ရက်ထက်ပိုကြာနေလျှင်

ဆရာဝန်ပြန်ပြီးတာတောင်မှ လက္ခဏာများ မသက်သာလာလျှင်

အောက်ပါတို့မှ တစ်ခုခုရှိလျှင် ဆရာဝန်ဆီချက်ချင်းသွားပါ။၎င်းတို့သည် ပြင်းထန်သည့် ပိုကူးစက်မှုဖြစ်နေကြောင်း ပြသနေခြင့်း ဖြစ်နိုင်ပါသည်။

  • အပြင်းဖျားခြင်း
  • မျက်လုံးတစ်ဝိုက် ရောင်ခြင်း နီခြင်း
  • ခေါင်းပြင်းထန်စွာကိုက်ခြင်း
  • ကယောင်ကတမ်းဖြစ်ခြင်း
  • နှစ်ရိပ်နှစ်ထပ်မြင်ခြင်း သို့မဟုတ် အမြင်အာရုံပြောင်းခြင်း
  • လည်ပင်းတောင့်ခြင်း

အကြောင်းရင်းများ

Chronic Sinusitis (နာတာရှည် လေအိတ်ခေါင်းများရောင်ခြင်း ) ကိုဘာတွေကဖြစ်စေသလဲ

နာတာရှည် လေအိတ်ခေါင်းများရောင်ခြင်း၏ အဖြစ်များသောလက္ခဏာများမှာ-

နှာခေါင်းအသားပို – ထိုအသားပိုများသည် နှာခေါင်းနှင့် လေအိတ်ခေါင်းများကို ပိတ်စေနိုင်ပါသည်။

နှာနုရိုးနေရာလွဲခြင်း – ကောက်နေသော နှာနုရိုးသည် လေအိတ်များကို ပိတ်ခြင်း သို့မဟုတ် ကျဉ်းခြင်း ဖြစ်စေနိုင်ပါသည်။

တခြားသောကျန်းမာရေးအခြေအနေများ – cystic fibrosis၊ အစာအိမ်မှအစာနှင့်အက်စစ်များ အစာရေမျိုပြွန်သို့ ပြန်တက်ခြင်း သို့မဟုတ် HIV နှင့် တခြားသော ကိုယ်ခံအားနှင့်ဆက်ဆိုင်သည့်ရောဂါများ စသည်တို့၏ နောက်ဆက်တွဲပြဿနာများသည် နှာခေါင်းပိတ်ခြင်းကို ဖြစ်စေနိုင်ပါသည်။

အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်း – များသောအားဖြင့် အအေးမိခြင်းတို့လို့ အသက်ရှူလမ်းကြောင်းတွင်း ပိုးဝင်ခြင်းသည် လေအိတ်ခေါင်းအမြှေးပါးများအား ရောင်ရမ်းထူထပ်သွားစေပြီး အကျိအချွဲများစီးဆင်းမှုကို ပိတ်စေနိုင်ပါသည်။ ထိုပိုးဝင်ခြင်းများသည် ဗိုင်းရပ်စ်၊ ဘက်တီးရီးယား သို့မဟုတ် မှိုတို့ဖြစ်နိုင်ပါသည်။

နှားစေးဖျာနာခြင်းတို့လို အလက်ဂျီများ – အလက်ဂျီကြောင့်ဖြစ်သော ရောင်ရမ်းမှုများသည် လေအိတ်ခေါင်းများကို ပိတ်စေနိုင်ပါသည်။

ဖြစ်နိုင်ခြေများ

 Chronic Sinusitis (နာတာရှည် လေအိတ်ခေါင်းများရောင်ခြင်း ) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

နာတာရှည် လေအိတ်ခေါင်းများရောင်ခြင်း  ဖြစ်ပွားနိုင်ချေကိုမြင့်စေသော အကြောင်းရင်းများစွာရှိပါသည်။

ဥပမာအားဖြင့်-

နှာခေါင်းလမ်းကြောင်းပုံမှန်မဟုတ်ခြင်း– နှာနုရိုးနေရာလွဲခြင်း သို့မဟုတ် နှာခေါင်းတွင်းအသားပို

ပန်းနာရင်ကြပ် – ၎င်းသည် နာတာရှည် လေအိတ်ခေါင်းများရောင်ခြင်းနှင့် ဆက်စပ်မှုရှိပါသည်။

အက်စ်ပရင်နှင့်မတည့်ခြင်းသည်လည်း အသက်ရှူလမ်းကြောင်းဆိုင်ရာလက္ခဏာများကို ဖြစ်စေနိုင်ပါသည်။

ကိုယ်ခံအားစနစ်ရောဂါများ – HIV/AIDS သို့မဟုတ် cystic fibrosis

နှာစေးဖျားနာခြင်း သို့မဟုတ် တခြားသောအလက်ဂျီများသည် လေအိတ်ခေါင်းများကို သက်ရောက်စေနိုင်ပါသည်။

စီးကရက်သောက်ခြင်းလို ညစ်ညမ်းပစ္စည်းများနှင့် ပုံမှန်ထိတွေ့ခြင်း

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Chronic Sinusitis (နာတာရှည် လေအိတ်ခေါင်းများရောင်ခြင်း ) ကို ဘယ်လိုအတည်ပြုပါသလဲ

ဆရာဝန်သည် သင့် နှာခေါင်းနှင့်မျက်နှာတွင် နာကျင်မှုရှိမရှိ စမ်းကြည့်ကာ နှာခေါင်းအတွင်းပိုင်းကိုလဲ စစ်ဆေးပါလိမ့်မည်။

နာတာရှည် လေအိတ်ခေါင်းများရောင်ခြင်းအတွက် အတည်ပြုနိုင်သော တခြားနည်းလမ်းများမှာ –

နှာခေါင်းတွင်းမှန်ပြောင်း – သေးငယ် ပျော့ပြောင်းသော အလင်းပါပြွန်လေးအား နှာခေါင်းအတွင်းသို့ထည့်ကာ လေအိတ်ခေါင်းများကို ဆရာဝန်မှတိုက်ရိုက်ကြည့်နိုင်ပါသည်။ ၎င်းကို rhinoscopy ဟုလည်းခေါ်သည်။

ပုံရိပ်ဖော်လေ့လာခြင်းများ – ကွန်ပျုတာ သို့ သံလိုက်ဓာတ်မှန်များသည် နှာခေါင်းနှင့် လေအိတ်များကို အသေးစိတ်ပြသနိုင်ပါသည်။ ထိုမှ အတွင်းပိုင်းရောင်ခြင်း သို့ မှန်ပြောင်းနှင့်မမြင်နိုင်သည့် ပိတ်နေခြင်းများကို သေချာမြင်ရနိုင်၏။

နှာခေါင်းနှင့်လေအိတ်များမှ ပိုးမွေးခြင်း – ပိုးမွေးခြင်းသည် နာတာရှည် လေအိတ်ခေါင်းများရောင်ခြင်းအား အမည်တပ်နိုင်ရန်အတွက် မလုပ်မဖြစ် လုပ်ရမည်မဟုတ်ပါ။ သို့သော် အခြေအနေသည် ကူသမှုအား မတုန့်ပြန်သည့်အခါ သို့ ပိုဆိုးလာသည့်အခါတွင် တစ်ရှူးပိုးမွေးခြင်းသည် ဘက်တီးရီးယားလား မှိုလား ခွဲခြားသိနိုင်မည်ဖြစ်သည်။

အလက်ဂျီစစ်ဆေးခြင်း – ဆရာဝန်မှ သင့်အခြေအနေသည် အလက်ဂျီကြောင့်ဟု သံသယရှိပါက အလက်ဂျီအရေးပြားစစ်ဆေးမှုအား ပြုလုပ်ရန်လမ်းညွှန်ပါလိမ့်မည်။ အရေးပြာစစ်ဆေးမှုသည် အန္တရာယ်မရှိပဲ မြန်ဆန်ကာ သင့်နှာခေါင်းလက္ခဏာကိုကြွလာစေသည့် အလာဂျင်ကို သိရှိနိုင်ပါသည်။

Chronic Sinusitis (နာတာရှည် လေအိတ်ခေါင်းများရောင်ခြင်း ) ကို ဘယ်လိုကုသပါသလဲ

နာတာရှည် လေအိတ်ခေါင်းများရောင်ခြင်းကို ကုသရသည့်အဓိကအချက်သည်-

လေအိတ်ခေါင်းရောင်ခြင်းအား လျော့ချရန်

နှာခေါင်းလမ်းကြောင်းတွင် အရည်များကောင်းကောင်းစီးစေရန်

အောက်ခံအကြောင်းရင်းကို ပျောက်စေရန်

လေအိတ်ခေါင်းရောင်ခြင်း ကြွတက်လာခြင်းပမာဏကို လျော့ချရန်

လက္ခဏာများကို သက်သာစေသည့် ကုသမှုများမှာ –

ဆလိုင်းရှူခြင်းအား နှာခေါင်းဖြန်ဆေး သို့ ပျော်ရည်များဖြင့် ကုသကာ နှာရည်များကို ကောင်းကောင်းစီးစေပြီး ဖြစ်စေသည့်အရာများနှင့် အလက်ဂျီများကို ဆေးပြီးသာဖြစ်စေပါသည်။

နှာခေါင်းကော်တီကိုစတီးရွိက်များ – နှာခေါင်းဖြန်းဆေးများသည် ရောင်ရမ်းခြင်းကို ကာကွယ်ကုသနိုင်သည်။ fluticasone (Flonase, Veramyst), triamcinolone (Nasacort 24), budesonide (Rhinocort), mometasone (Nasonex) နှင့် beclomethasone (Beconase AQ, Qnasl, အခြား) ဆေးများကိုသုံးနိုင်သည်။

နှာခေါင်းဖြန်းဆေးများနှင့် မသက်သာလျှင် ဆလိုင်းရည်အား budesonide (Pulmicort Respules) တို့နှင့် ရောစပ်ပြီး နှာခေါင်းအတွင်းဆေးရန် ဆရာဝန်မှ လမ်းညွှန်ပါလိမ့်မည်။

ကော်တီကိုစတီးရွိက် ထိုးဆေးသောက်ဆေးများ – ဒီဆေးများကို လေအိတ်ခေါင်းရောင်းခြင်းအား သက်သာစေရန်သုံးပြီး အထူးသဖြင့် နှာခေါင်းတွင်း အသားပိုများတွင် ပိုသုံး၏။ ကော်တီကိုစတီးရွိက်သောက်ဆေးများကို ကြာရှည်သောက်သုံးပါက ပြင်းထန်သည့် ဘေးထွက်ဆိုးကျိုးများကိုဖြစ်စေနိုင်သောကြောင့် ပြင်းထန်သည့်အခြေအနေများတွင်သာ အသုံးပြုသင့်ပါသည်။

Aspirin desensitization treatment – အက်စ်ပရင်ကို တုန့်ပြန်ရာမှ လေအိတ်ခေါင်းရောင်ခြင်းတွင် သုံးသည်။ ဆေးပညာအရ စောင့်ကြည့်နေပြီး အက်စ်ပရင်ပမာဏကို တဖြည်းဖြည်းတိုးသွားက ခံနိုင်ရည်ကို မြှင့်ပေးခြင်းဖြစ်သည်။

လေအိတ်ခေါင်းရောင်ခြင်းသည် ဘက်တီးရီးယားကြောင့်ဆိုပါက ပဋိဇီဝဆေးများကို တစ်ခါတစ်ရံ လိုအပ်နိုင်ပါသည်။ ဆရာဝန်မှ ပိုးကူးစက်သည့်အောက်ခံအကြောင်းရင်းကို မဆုံးဖြတ်နိုင်ပါက ပဋိဇီဝဆေးများကို တစ်ခါတစ်ရံ တခြားဆေးများနှင့် တွဲပေးနိုင်ပါသည်။

ကုသမှုအား မတုံ့ပြန်လျှင် မှန်ပြောင်းဖြင့်ခွဲစိတ်ခြင်းကို ရွေးချယ်နိုင်သည်။ ခွဲစိတ်မှုတွင် ဆရာဝန်သည် သေးငယ်ပျော့ပြောင်းသည့် အလင်းပါပြွန်ကိုသုံးကာ လေအိတ်ခေါင်းလမ်းကြောင်းများကို ကြည့်မည်ဖြစ်သည်။

ပိတ်နေသည့်အရာပေါ် မူတည်ကာ တစ်ရှူး သို့ အသားပိုများကို ဖယ်ရှားရန် ကိရိယာများအမျိုးမျိုးကို သုံးမည်ဖြစ်သည်။ ကျဉ်းနေသော လေအိတ်ခေါင်းအား ချဲ့ပေးခြင်းသည် စီးဆင်းမှုကောင်းစေနိုင်မည့် ရွေးချယ်စရာတစ်ခုပင် ဖြစ်သည်။

 

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက နာတာရှည် လေအိတ်ခေါင်းများရောင်ခြင်း  ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနှင့်အိမ်သုံးကုထုံးများက သင့်အနေဖြင့် နာတာရှည် လေအိတ်ခေါင်းများရောင်ခြင်း  ကိုကုသတဲ့နေရာနှင့် လိုက်လျောညီထွေဖြစ်အောင်နေသောနေရာများတွင် အကူအညီပေးနိုင်ပါသည်။

အရေများများသောက်ပါ၊ ရေနှင့်ဖျောရည်များကို သောက်ပါ။ ထိုသို့ဖြင့် ပျစ်နေသည့်အကျိအချွဲများအား ပျော့သွားစေပြီး စီးဆင်းမှုကို ကောင်းစေနိုင်ပါသည်။

ကဖိန်းနှင့် အရက်ပါသည့် သောက်စရာများကိုရှောင်ပါ။ ၎င်းတို့သည် ရေဓာတ်ကိုခမ်းခြောက်စေနိုင်ပါသည်။ အရက်သောက်ခြင်းသည် နှာခေါင်းနှင့်လေအိတ်ခေါင်း နံရံများကို ကြွစေပြီး ပိုဆိုးစေနိုင်ပါသည်။

လေအိတ်ခေါင်းများအား အစိုဓာတ်ပေးပါ။ နဖူးတွင် မျက်နှာသုတ်ပုဝါစည်းထားက ရေနွေးနွေးမှအငွေ့ကို ရှူပါ။ အငွေ့များကို မျက်နှာဆီ လာရိုက်နေပါစေ။ သို့မဟုတ် ရေနွေးနွေးနှင့် ရေချိုးပြီး  စိုစွတ်ပူနွေးသော လေကိုရှူကာ နာကျင်မှုနှင့် နှာရည်စီးဆင်းမှုကို အထောက်အကူပြုနိုင်ပါသည်။

မျက်နှာပေါ်သို့ နွေးသောအရာနှင့် ဖိနှိပ်ပေးပါ။ မူးနွေးသော မျက်နှာသုတ်ပုဝါကို နှာခေါင်း ပါးနှင့် မျက်လုံးတို့တွင် အုပ်ပေးခြင်းဖြင့် မျက်နှာနာကျင်မှုကို သက်သာစေနိုင်ပါသည်။

နှာခေါင်းပေါက်များကို ဆေးပစ်ပါ။ အထူးပြုလုပ်ထားသည့် ညှစ်ဗူးများ (နှာခေါင်းဆေးညှဏ်ဗူး)၊ ဆလိုင်း canister သို့ neti pot များသုံးပြီး နှာခေါင်းကိုဆေးပါ။ နှာခေါင်းရှင်းဆေးဆိုသည့် အိမ်သုံးကုထုံးသည်လည်း လေအိတ်ခေါင်းများကို ရှင်းလင်းပေးနိုင်ပါသည်။

သင်ကိုယ်တိုင်လုပ်မည်ဆိုပါက ရေကို ပိုများမရှိစေရန် ပေါင်းခံသန့်စင်ထားသော ကျိုပြီးအအေးခံထားသော သို့မဟုတ် ၁ မိုက်ခရွန်ထက်သေးသည့် ရေစစ်နှင့် စစ်ထားသောရေကိုသုံးကာ နှာခေါင်းဖြန်ဆေးအဖြစ်ပြုလုပ်နိုင်ပါသည်။

ဖြန့်သည့်ပစ္စည်းကိုလဲ သုံးပြီးတိုင်း ပိုးမပါသည့်ရေနှင့်ဆေးကာ လေတွင်ဒီတိုင်းအခြောက်ခံဖို့ မမေ့ပါနှင့်။ ခေါင်းကိုမြင့်မြင့်ထားအိပ်။ ထိုသို့ဖြင့် လေအိတ်ခေါင်းများ စီးဆင်းမှုကို အားပေးပြီး အရည်များစုခြင်းကို လျော့ချပေးနိုင်ပါသည်။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုလျှင် သင့်အတွက်သင့်တော်သော အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

ရင်းမြစ်များ

တည်းဖြတ်သည့်နေ့ အောကျတိုဘာ 11, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း အောကျတိုဘာ 11, 2017

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ