Chronic Respiratory Distress (အသက်၇ှူလမ်းကြောင်း ဝေဒနာ) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar.

အဓိပ္ပါယ်ဖွင့်ဆိုချက်

Chronic Respiratory Distress (အသက်၇ှူလမ်းကြောင်း ဝေဒနာ) ကဘာလဲ။

အသက်ရှူစနစ်ဆိုတာ အောက်ဆီဂျင်ယူဆောင်ပေးဖို့နဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ဆွေဖယ်ရှားပစ်ဖို့ လုပ်ဆောင်ပေးတဲ့အစိတ်အပိုင်းများ အဖွဲ့အစည်းဖြစ်ပါတယ်။ အသက်ရှူလိုက်တဲ့အခါမှာ အောက်ဆီဂျင်ပါဝင်တဲ့လေကို ရှူကြရပါတယ်။ အောက်ဆီဂျင်က သွေးလည်စီးမှုတစ်လျှောက်ပါလာပြိး ခန္ဓာကိုယ်ရဲ့တစ်ရှူးတွေဆဲလ်တွေဆီကို ပို့ဆောင်ပေးပါတယ်။ အောက်ဆီရဂျင်က ကျွပ်န်ုပ်တို့ခန္ဓာကိုယ်ရဲ့အရေးကြီးတဲ့လုပ်ဆောင်ချက်တွေကို ထိန်းသမိမ်းရာမှာအရေးကြီးပါတယ်။ အသက်ရှူထုတ်လိုက်တဲ့အခါမှာ ကာဗွန်ဒိုင်အောက်ဆိုဒ်ကိုစွန့်ထုတ်လိုက်ပါတယ်။

ကာဗွန်ဒိုင်အောက်ဆိုဒ်က ဆဲလ်တွေ ကျွန်ုပါတို့စားလိုက်တဲ့အစားမှာပါတဲ့သကြားဓာတ်ကို ဖြိုခွဲလိုက်ခြင်းဖြင့် ထွက်လာတဲ့အညစ်အကြေးတစ်ခုဖြစ်ပါတယ်။ ခန္ဓာကိုယ်ကနေကာဗွန်ဒိုင်အောက်ဆိုဒ်ကို ဖယ်ထုတ်ဖို့အရေးကြိးပါတယ်။  အရမ်းများနေခြင်းက အစိတ်အပိုင်းတွေကို ပျက်စီးစေနိုင်ပါတယ်။ အသက်ရှူလမ်းကြောင်းရောဂါက အသက်ရှူစနစ်က သွေးထဲက ကာဗွန်ဒိုင်အောက်ဆိုဒ်တွေကို မဖယ်ရှားနိုင်တော့ဘဲ စုပုံလာတဲ့အခါမှာ ဖြစ်ပွားပါတယ်။

အောက်ဆီဂျင်ကိုလုံလုံလောက်လောက်မယူနိုင်တော့တဲ့အခါမှာ သွေးတွင်းအောက်ဆီဂျင် အလွန်အမင်းနည်းသွားပြီး ဖြစ်သွားနိုင်ပါတယ်။ အသက်ရှူလမ်းကြောင်းရောဂါက ယာယီဒါမှမဟုတ်နာတာရှည်လည်း ဖြစ်သွားနိုင်ပါတယ်။ ယာယီအသက်ရှူလမ်းကြောင်းရောဂါက ခဏသာဖြစ်ပါတယ်။ ရုတ်တရက်ဖြစ်သွားပြီး အရေးပေါ်ဆေးကုသမှုပေးပြီး ကုသနိုင်ပါတယ်။ နာတာရှည်ရောဂါမှာတော့ အကြာကြီးဆက်ဖြစ်နေပါတယ်။ အချိန်တွေကြာလာတာနဲ့အမျှ ကြီးထွားလာပြိး ရေရှည်ကုသမှုလိုအပ်ပါတယ်။

နာတာရှည်ရောဂါက အဆုတ်ထဲကိုလေတွေသယ်ဆောင်ပေးတဲ့ ပြွန်တွေကျဉ်းသွားပျက်စီးသွားတာကြောင့် ဖြစ်လေ့ရှိပါတယ်။ လေပြွန်တွေကျဉ်းသွားပျက်စီးသွားခြင်းကြောင့် ခန္ဓာကိုယ်အတွင်း အောက်ဆီဂျင်အရောက်နည်းသွားပြိး ကာဗွန်ဒိုင်အောက်ဆိုဒ်အထွက်နည်းသွားပါတယ်။

Chronic Respiratory Distress (အသက်၇ှူလမ်းကြောင်း ဝေဒနာ) က ဘယ်လောက်အဖြစ်များသလဲ

ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ အမျိုးသားတွေ မှာ ပိုအဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Chronic Respiratory Distress (အသက်၇ှူလမ်းကြောင်း ဝေဒနာ) ရဲ့လက္ခဏာတွေကဘာတွေလဲ

နာတာရှည် အသက်၇ှူလမ်းကြောင်း ဝေဒနာ ရဲု့းရောဂါလက္ခဏာတွေကို ချက်ချင်းသတိမထားတတ်ပါဘူး။ တဖြည်းဖြည်းကြီးထွားလာချင်း ဖြစ်ပါတယ်။ တွေ့ရတတ်တဲ့လက္ခဏာတွေကတော့

  • အသက်ရှူခက်ခြင်း၊ အသက်ရှူမ၀ခြင်းအထူးသဖြင့် လှုပ်ရှားနေချိန်တွင်
  • ချောင်းဆိုး၇ာတွင်ချွဲများပါခြင်း
  • အသံမြည်ခြင်း
  • အသား၊ နှုတ်ခမ်း၊ လက်သည်းခွံပြာခြင်း
  • အသက်ရှူမြန်ခြင်း
  • မောပန်းလွယ်ခြင်း
  • စိုးရိမ်သောကရောက်ခြင်း
  • မရေမရာဖြစ်ခြင်း

နာတာရှည် အသက်၇ှူလမ်းကြောင်း ဝေဒနာက အချိန်ကြာလာတာနဲပအမျှ ပြင်းထန်လာတဲ့အခြေအနေတစ်ခု စြဖ်ပါတယ်။ ပြင်းထန်လာတဲ့အခါ လူနာမှာနှလုံးခုန်မမှန်တော့တာတွေ သတိလစ်သွားတာတွေ ဖြစ်နိုင်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

စောစောသိပြီး စောစောကုသခြင်းက အခြေအနေကို ပိုမဆိုးသွားအေင်နဲ့ အခြားကျန်းမာရေးအရေးပေါ်အခြေအနေကနေ ကာကွယ်ပေးနိုင်တာကြောင့် ပြင်းထန်တဲ့အခြေနေကိုကာကွယ်ဖို့ ဆရာဝန်နဲပမြန်မြန်ပြသသင့်ပါတယ်။

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓာကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Chronic Respiratory Distress (အသက်၇ှူလမ်းကြောင်း ဝေဒနာ) ကိုဘာတွေကဖြစ်စေသလဲ

အချို့သောအဆုတ်ရောဂါတွေက နာတာရှည် အသက်၇ှူလမ်းကြောင်း ဝေဒနာကို ဖြစ်စေနိုင်ပါတယ်။ ကြွက်သား၊ အရိုး၊ တစ်ရှူးတွေကိုထောက်ပံ့ပေးနေတဲ့အသက်ရှူခြင်းလမ်းကြောင်းကို သက်ရောက်တဲ့အခြေအနေတွေအားလုံး နာတာရှည် အသက်၇ှူလမ်းကြောင်း ဝေဒနာကို ဖြစ်စေနိင်ပါတယ်။

ဖြစ်နိုင်ခြေများ

 Chronic Respiratory Distress (အသက်၇ှူလမ်းကြောင်း ဝေဒနာ) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

အောက်ပါအခြေအနေတွေကို ခံစားနေရမယ်ဆိုရင် ဖြစ်နိုင်ချေများပါတယ်။

  • နာတာရှည်လေပြွန်ပိတ်ဆို့ေ၇ာဂါ
  • အဆုတ်ရောင်ရောဂါ
  • အသက်ရှူလမ်းကြောင်းပိုးဝင်သည့် မျိုးရိုးဗီဇရောဂါ
  • ကျောရိုးအတွင်းအာရုံကြောမ ထိခိုက်မိခြင်း
  • လေဖြတ်ခြင်း
  • ကြွက်သားကျုံ့သွားခြင်း
  • ရင်ဘတ်ကိုထိခိုက်မိခြင်း
  • ဆေးအရက်စွဲခြင်း
  • ဆေးလိပ်သောက်ခြင်း

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Chronic Respiratory Distress (အသက်၇ှူလမ်းကြောင်း ဝေဒနာ) ကို ဘယ်လိုအတည်ပြုပါသလဲ

နာတာရှည် အသက်၇ှူလမ်းကြောင်း ဝေဒနာရောဂါလို့ သင့်ဆ၇ာဝန်က သံသယရှိနေမယ်ဆိုရင် ရုပ်ပိုင်းဆိုင်ရောစစ်ဆေးပေးမှုတွေအပြင် စမ်းသပ်စစ်ဆေးခြင်းတွေလည်း ပြုလုပ်ပေးပါလိမ့်မယ်။ တွေ့ရများတဲ့စမ်းသပ်စစ်ဆေးခြင်းတွေကတော့

  • Pulse Oximetry Test

အောက်ဆီဂျင်တွေကို ခန္ဓာကိုယ်အစိတ်အပိုင်းအသိးသီးကို ဘယ်လောက် ပို့ဆောင်ပေးနေခြင်း ရှိနေလဲဆိုတာ တွက်ဆနိုင်တဲ့ ရိုးရှင်းပြီးနာကျင်မှုကင်းတဲ့နည်းဖြစ်ပါတယ်။

  • သွေးလွှတ်ကြာတွင်း ဓာတ်များကိုစစ်ဆေးခြင်း

သွေးအတွင်းအောက်ဆီဂျင်နဲ့ကာဗွန်ဒိုင်အောက်ဆိုဒ်ပမာဏကို တိုင်းတာပေးတဲ့စိတ်ချလွယ်ကူတဲ့နည်းလမ်း ဖြစ်ပါတယ်။

  • မှန်းဆပုံဖော်နည်းများ

ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်း ၊ စီတီရိုက်ခြင်းဖြင့် သင့်အဆုတ်ကိုပုံအနေအထားကေ င်းစွာရရှိမှာဖြစ်ပါတယ်။    ဖြစ်ပွားရခြင်းအကြောင်းရင်းကိုတောင် ဖော်ပြနိုင်ပါတယ်။

Chronic Respiratory Distress (အသက်၇ှူလမ်းကြောင်း ဝေဒနာ) ကို ဘယ်လိုကုသပါသလဲ

အခြေအနေပြင်းထန်မှုအပေါ်မူတည်ပြီး ဆရာဝန်က အချို့သောကုသမှုတွေကို ညွှန်းပါလိမ့်မယ်။

  • အောက်ဆီ၈ျင်ကုထုံး

သွေးတွင်းအောက်ဆီ၈ျင်လုံလုံလောက်လောက်မရှိဘူးဆိုရင် အောက်ဆီဂျင်ကုထုံးကို ပြုလုပ်ရပါလိမ်မ့ယ်။ သင်အသက်ရှူလိုက်တဲ့အခါ အောက်ဆီဂျင်ပမာဏိကုများစေခြင်းဖြင့် အောက်ဆီဂျင်ကိုများစေပါတယ်။ အောက်ဆီဂျင်ဘူးကနေ ပိုက်မှတစ်ဆင့်ရရှိပါတယ်။ နှာခေါင်းအုပ်၊ နှာခေါင်းပိုက်၊ ဒါမှမဟုတ် လေပြွန်ကိုတိုက်ရိုက်သွယ်ထားတဲ့ ပြွန်ကြီးကြီးကနေတစ်ဆင့် အဆုတ်ထဲသို့ဝင်ပါတယ်။

  • လေပြွန်အပေါက်ဖောက်ဖြင်း

ပြင်းထန်တဲ့အခြေအနေတွေမှာ လေပြွန်အပေါက်ဖောက်ဖို့ လိုပါတယ်။ ဒီဖြစ်စဉ်လုပ်ဆောင်နေချိန်မှာ ဆရာဝန်က သင့်အတွက်အသက်ရှူပိုလွယ်စေမယ့် ပိုက်ကိုသင့်လေပြွန်အတွင်း ထည့်ပေးပါလိမ့မယ်။ လေပြွန်တည်ရှိနေတဲ့လည်ပင်းအရှေ့ဘက်ကို အပေါက်ဖောက်ပြီး ပိုက်ကိုထည့်ပါတယ်။ ပိုက်က ယာယီဒါမှမဟုတ်ရေရှည်ဖြစ်သွာုးနိင်ပါတယ်။

  • Mechanical Ventilation

အခြားကုသမှုတွေနဲ့ မသက်သာဘူးဆိုရင် အသက်ရှူစက်ကို တပ်ဆင်ပေးပါလိမ့်မယ်။ ဒိစက်က သင့်နှာခေါင်းပါးစပ်ကနေတစ်ဆင့်ထည့်ထားတဲ့ ပိုက်ကနေတစ်ဆင့် လေပြွန်ထဲကိုအောက်ဆီဂျင်တွေ ထည့်ပေးပါတယ်။ အသက်ရှူစက်က လေပြွန်ထဲကိုလေတွေထည့်ပေးလိုက်တဲ့အခါ သင်ကအားစိုက်ပြီးအသက်ရှူစရာမလိုတော့ပါဘူး။

 

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက နာတာရှည် အသက်၇ှူလမ်းကြောင်း ဝေဒနာ ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် နာတာရှည် အသက်၇ှူလမ်းကြောင်း ဝေဒနာ ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

  • ဆေးလိပ်ဖြတ်ခြင်း
  • ဆေးလိပ်ငွေ့များကို ရှောင်ခြင်း
  • အသီးအနှံဟင်းသီးဟင်းရွက်များ ပြည့်ပြည့်၀၀စားခြင်း
  • လေ့ကျင့်ခန်းလုပ်ခြင်း

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

ရင်းမြစ်များ

တည်းဖြတ်သည့်နေ့ ဇနျနဝါရီ 17, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း ဇနျနဝါရီ 17, 2018

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ