Chronic Pelvic Pain (နာတာရှည်တင်ပဆုံရိုးခွင် နာကျင်ကိုက်ခဲမှု) ကဘာလဲ။
ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar.
အဓိပ္ပါယ်ဖွင့်ဆိုချက်
Chronic Pelvic Pain (နာတာရှည်တင်ပဆုံရိုးခွင် နာကျင်ကိုက်ခဲမှု) ကဘာလဲ။
နာတာရှည်တင်ပဆုံရိုးခွင် နာကျင်ကိုက်ခဲမှုဆိုသည်မှာ တင်ပဆုံအောက်နှင့် တင်ပါးနှစ်ခုကြားနေရာတွင် ဖြစ်ပွားသော နာကျင်ကိုက်ခဲနေမှုဖြစ်သည်။ထိုနာကျင်မှုမှာ နာတာရှည်ဖြစ်ပြီး 6လ(သို့ )ထို့ ထက်ပို၍ကြာမြင့်နိုင်သည်။အချို့ သောအခြေအနေများတွင်ပေါ်၍ပျောက်သွားသော သိပ်မပြင်းထန်သည့် နာကျင်ကိုက်ခဲမှုသာဖြစ်တတ်သည်။သို့ သော်အခြားကိစ္စများတွင် နာကျင်မှုသည်တဖြည်းဖြည်းနှင့် ဆိုးဝါးလာပြီး အိပ်ရေး၊အလုပ်(သို့ )နေ့ စဉ်လုပ်ငန်းဆောင်တာများကို ထိခိုက်လာနိုင်ပါသည်။
နာတာရှည်တင်ပဆုံရိုးခွင်နာကျင်မှုတွင် အကြောင်းအရင်းများစွာရှိနိုင်ပါသည်။အခြားရောဂါတခု၏ လက္ခဏာ(သို့ )သူ့ ဘာသာဖြစ်သောနာကျင်မှုတခုလည်း ဖြစ်နိုင်ပါသည်။နောက်ထပ်ရောဂါတခုကြောင့် သင်၏ထိုနာကျင်မှုဖြစ်ပွားပါက ထိုရောဂါကို ကုသခြင်းဖြင့် သင်၏နာကျင်မှုကို ပျောက်သွားစေနိုင်ရန်လုံလောက်သည်။
ကံမကောင်းစွာဖြင့် ကိစ္စအများစုတွင် နာတာရှည်တင်ပဆုံရိုးခွေ နာကျင်မှု၏ တိကျသောအကြောင်းအရင်းကို မသိရချေ။ထို့ ကြောင့် ကုသမှု၏ ပန်းတိုင်မှာ သင်၏နာကျင်မှုနှင့် အခြားသော လက္ခဏာများ ကို သက်သာစေရန်ဖြစ်ပြီး သင်၏ဘ၀နေထိုင်မှုအဆင့်အတန်းကို တိုးတက်ကောင်းမွန်စေရန်ဖြစ်သည်။
Chronic Pelvic Pain (နာတာရှည်တင်ပဆုံရိုးခွင် နာကျင်ကိုက်ခဲမှု) က ဘယ်လောက်အဖြစ်များသလဲ
ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
လက္ခဏာများ
Chronic Pelvic Pain (နာတာရှည်တင်ပဆုံရိုးခွင် နာကျင်ကိုက်ခဲမှု) ရဲ့လက္ခဏာတွေကဘာတွေလဲ
နာတာရှည်တင်ပဆုံ နာကျင်ကိုက်ခဲမှု ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။
နာတာရှည်တင်ပဆုံ နာကျင်ကိုက်ခဲမှု ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့
  • ပုံမှန်မဟုတ်သည့် အရောင်၊အနံ့ (သို့ )ပျစ်စည်းမှုရှိသောမိန်းမကိုယ်မှထွက်သည့် အရည်
  • တိကျသောနေရာတခု(သို့ )နေရာအနှံ့ ပြားတွင် ၀မ်းဗိုက်(သို့ ) တင်ပဆုံရိုးခွေဝန်းကျင်တွင် နာကျင်မှုဖြစ်ခြင်း
  • လိင်ဆက်ဆံနေစဉ်နာကျင်ခြင်း
  • ပုံမှန်မဟုတ်သောရာသီ(သို့ )ရာသီသွေးပျောက်သွားခြင်း
  • သာမာန်ထက်ဆိုးဝါးသော ရာသီကိုက်ခဲမှုများ
  • ဆီးခဏဏသွားနေရခြင်း
  • ဆီးသွားသောအခါ နာကျင်ခြင်း
  • မျိုးဥအိမ်မှ မျိုးဥကြွေသောအခါနာကျင်ကိုက်ခဲခြင်း
  • သင်၏ တင်ပဆုံရိုးခွေနေရာရှိ အချို့ နေရာများသို့ ဖိလိုက်သောအခါ နာကျင်ခြင်း
  • ကျောအောက်ပိုင်းနေရာများအောင့်ခြင်း
  • မောပန်းနွမ်းနယ်ခြင်း
  • အဖျားတက်ခြင်း
  • ပျို့ ခြင်း
အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ
သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓာကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။
အကြောင်းရင်းများ
Chronic Pelvic Pain (နာတာရှည်တင်ပဆုံရိုးခွင် နာကျင်ကိုက်ခဲမှု) ကိုဘာတွေကဖြစ်စေသလဲ
နာတာရှည်တင်ပဆုံရိုးခွေဝန်းကျင်နာကျင်ကိုက်ခဲမှုသည် ဖြစ်စေနိုင်သည့် အကြောင်းအရာများစွာရှိသော ရှူပ်ထွေးသည့် ရောဂါဖြစ်သည်။တခါတရံတွင် ရောဂါတခုတည်းကိုသာ ဖြစ်ရသည့်အကြောင်းအရင်းအဖြစ်တွေ့ ရှိရနိုင်သည်။သို့ သော်လည်း တဖက်မှ ကြည့်လျှင်နာကျင်ကိုက်ခဲမှုဟူသည် များပြားလှသောရောဂါများမှ ဖြစ်ပွားလာနိုင်သည်။ဥပမာ မိန်းမတစ်ယောက်သည် endometriosis နှင့် interstitial cystitis ရှိသော အခါ တင်ပဆုံရိုးခွေဝန်းကျင်တွင် နာကျင်ကိုက်ခဲလာနိုင်သည်။
  • Endometriosis – သင်၏ဟော်မုန်းပမာဏများတက်လိုက်ကျ
လိုက်ဖြစ်သောအခါသင်၏သားအိမ်နံရံရှိတစ်ရှူးသည် သားအိမ်အပြင်ဘက်တွင် ကြီးထွားလာခြင်းပြီး
ထူထဲလာခြင်း၊ပျက်စီးကွာကျခြင်းနှင့်လစဉ်သွေးဆင်းနေခြင်းတို့ ဖြစ်ပွားသည်။
  • တင်ပဆုံရိုးခွေအောက်ရှိကြွက်သားများတောင့်တင်းမာကျောလာခြင်းဖြင့်လည်း တင်ပဆုံရိုးခွေဝန်းကျင်ကိုက်ခဲစေတတ်သည်။
  • နာတာရှည်တင်ပဆုံရိုးခွေဝန်းကျင်ရောင်ရမ်းမှုရောဂါ -နာတာရှည်ရောဂါပိုးဝင်ခြင်းကြောင့် တင်ပဆုံဝန်းကျင်ရှိအစိတ်အပိုင်းများအား အမာရွတ်တည်စေခြင်းဖြစ်သည်။
  • သားဥအိမ်ရှိလက်ကျန်အပိုင်းအစများ – သားအိမ်၊သားဥအိမ်များနှင့် သားဥပြွန်များကို ခွဲစိတ်ဖြတ်ထုတ်ပြီးသောအခါ အပိုင်းအစများကျန်ခဲ့နိုင်ပြီး နာကျင်ကိုက်ခဲစေသောအရည်အိတ်များဖြစ်လာစေနိုင်ပါသည်။
  • Fibroids များ – ကင်ဆာမဟုတ်သော သားအိမ်မှ ကြီးထွားမှုများဖြစ်ပြီး သင်၏၀မ်းဗိုက်အောက်ပိုင်းတွင် ဖိအား(သို့ )လေးလံမှုတို့ ကို ဖြစ်ပွားစေနိုင်ပါသည်။
  • ဆီးအိမ်၏နာကျင်ကိုက်ခဲမှုရောဂါစု – ထိုရောဂါသည် သင်၏ဆီးအိမ်တွင် နာကျင်စေကာမကြာခဏဆီးသွားစေသည်။သင်၏ဆီးအိမ်ဖောင်းကားလာသောအခါ သင်သည်တင်ပဆုံရိုးခွေဝန်းကျင်နာကျင်မှုကို လည်းခံစားရနိုင်ပြီး ဆီးရည်များဆီးအိမ်အတွင်းကုန်ခန်းလျော့ နည်းမှ သာ ယာယီပြန်ကောင်းလာတတ်သည်။
  • တင်ပဆုံရိုးဝန်းကျင်ပြည့်ညက်စုခဲနေသော ရောဂါစု – အချို့ သောဆရာဝန်များသည် သင်၏သားအိမ်နှင့် သားဥအိမ်ဝန်းကျင်တွင် ကြီးမားကွေးကောက်သော သွေးပြန်ကြောများက တင်ပဆုံရိုးခွေဝန်းကျင်နာကျင်မှုကို ဖြစ်ပွားစေနိုင်သည်ဟုယုံကြည်ကြသည်။
  • စိတ်ပိုင်းဆိုင်ရာအခြေအနေများ- စိတ်ကျရောဂါ၊နာတာရှည်စိတ်ဖိစီးမှု(သို့ )လိင်ပိုင်းဆိုင်ရာ၊(သို့ )ကိုယ်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရခြင်းသည် ဖြစ်နိုင်ချေကိုပိုများစေသည်။
  • စိတ်ဖိစီးမှုများသည် ပိုနာကျင်ကိုက်ခဲစေပြီး နာတာရှည်ကိုက်ခဲမှုများနှင့် အသက်ရှင်ရသည်မှာလည်း စိတ်ပိုင်းဆိုင်ရာထိခိုက်လာနိုင်ပါသည်။ထိုအချက်နှစ်ချက်သည် တခုနှင့်တခု ပြန်လည်အကျိုးပြုနေသော စက်ဝိုင်းကဲ့သို့ ဖြစ်နေသည်။
ဖြစ်နိုင်ခြေများ
ငါ့ဆီမှာ Chronic Pelvic Pain (နာတာရှည်တင်ပဆုံရိုးခွင် နာကျင်ကိုက်ခဲမှု) ဖြစ်နိုင်ခြေကိုဘ်ာတွေက မြင့်တက်စေသလဲ
နာတာရှည်တင်ပဆုံ နာကျင်ကိုက်ခဲမှု ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်
  • တင်ပဆုံရိုးဝန်းကျင်ရောင်သောရောဂါရာဇ၀င်ရှိခြင်း
  • ကိုယ်ပိုင်းဆိုင်ရာ(သို့ )လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရဖူးခြင်း။နာတာရှည်တင်ပဆုံဝန်းကျင်ကိုက်ခဲနေသောမိန်းမတ၀က်နီးပါးသည် ယခင်အတိတ်တွင် အကြမ်းဖက်ခံခဲ့ရဖူးကြောင်းသတင်းပေးကြသည်။
  • ဓာတ်ရောင်ခြည်ကုသမှု(သို့ )ဗိုက်(သို့ ) မိန်းမတင်ပဆုံဝန်းကျင်ပိုင်းတွင် ခွဲစိတ်မှုခံယူဖူးခြင်း။ဆီးလမ်းကြောင်းမလုံစေသော ခွဲစိတ်မှုများလည်းပါဝင်သည်။
  • စိတ်ကျရောဂါရာဇ၀င်ရှိခြင်း။နာကျင်မှုနှင့် စိတ်ဓာတ်ကျမှုတို့ သည် ဆက်စပ်နေသည်။
  • အရက်(သို့ )မူးယစ်ဆေးဝါးအသုံးပြုခြင်း
  • မိန်းမကိုယ်အစိတ်အပိုင်းများတွင် ပုံမှန်မဟုတ်သောတည်ဆောက်ပုံရှိခြင်း
  • နောက်ကျောနှင့် တင်ပဆုံဝန်းကျင်တွင် ဒဏ်ဖိအားများပေးနိုင်သော ကိုယ်ဝန်ဆောင်ခြင်းနှင့် ကလေးမွေးခြင်း ဥပမာ အကောင်ကြီးသောကလေးအားမွေးဖွားလိုက်ရခြင်း၊ခက်ခဲသောမွေးဖွားမှု(သို့ )ညှပ်စွဲမွေးခြင်း(သို့ )လေစုပ်စက်ဖြင့်မွေးခြင်း စသည်ဖြင့်ဖြစ်သည်။
ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
Chronic Pelvic Pain (နာတာရှည်တင်ပဆုံရိုးခွင် နာကျင်ကိုက်ခဲမှု) ကို ဘယ်လိုအတည်ပြုပါသလဲ
တင်ပဆုံဝန်းကျင်ကိုက်ခဲမှုအားအောက်ပါနည်းများဖြင့် အတည်ပြုနိုင်သည်။
  • တင်ပဆုံဝန်းကျင်ကိုကိုင်တွယ်စစ်ဆေးခြင်းဖြင့် ရောဂါပိုး၏လက္ခဏာများ၊ပုံမှန်မဟုတ်သော ကြီးထွားမှုများ(သို့ )တင်ပဆုံရိုးခွင်အောက်ပိုင်းကြွက်သားများမာတောင့်နေခြင်း စသည်တို့ ကို သိရှိနိုင်သည်။
  • ဓာတ်ခွဲစစ်ဆေးခြင်း – အထက်ပါအတိုင်းကိုင်တွယ်စစ်ဆေးနေစဉ်တွင် သင်၏ဆရာဝန်မှ chlamydia (သို့ ) ကာလသား ရောဂါပိုးဝင်နေခြင်းရှိမရှိကိုစစ်ဆေးရန်ညွှန်ကြား
တတ်သည်။သင်၏ဆရာဝန်သည် သင့်ကိုယ်တွင်းရှိသွေးဆဲလ်များပမာဏနှင့် ဆီးလမ်းကြောင်းပိုးဝင်ခြင်းရှိမရှိကိုသိရှိနိုင်ရန် သွေးစစ်ခြင်း၊ဆီးစစ်ခြင်းတို့ ကိုလည်းပြုလုပ်
စေတတ်သည်။
  • အယ်ထရာဆောင်းရိုက်ခြင်း – ထိုစမ်းသပ်မှုသည် ကြိမ်နှုန်းမြင့်အသံလှိုင်းများကို အသုံးပြုကာ ကိုယ်တွင်းရှိ တိကျသောတည်ဆောက်ပုံများကို ရယူနိုင်ပြီး မျိုးဥအိမ၊်
သားအိမ်(သို့ )မျိုးဥပြွန်များရှိအသားပို(သို့ )အရည်အိတ်များကို စမ်းသပ်တွေ့ ရှိနိုင်ရန်အသုံးပြုနိုင်သည်။
  • အခြားသော ဓာတ်မှန်စစ်ဆေးမှုများ။ဗိုက်ဓာတ်မှန်၊ကွန်ပြူတာဓာတ်မှန်(သို့ )သံလိုက်ဓာတ်မှန်များကိုလည်း မူမမှန်သော တည်ဆောက်မှုပုံစံများနှင့် ကြီးထွားမှုများအားသိရှိနိုင်ရန်ညွှန်ကြားခံရနိုင်သည်။
  • ဗိုက်ကိုအပေါက်ဖောက်၍ကြည့်ရှူခြင်း။သင်၏ဆရာဝန်သည် သင့်ဝမ်းဗိုက်ပေါ်တွင် သေးငယ်သောဓားရာပေးကာ ကင်မရာပါသည့် ပါးလွှာသော ပြွန်တချောင်းကိုထည့်ကာကြည့်ရှူခြင်းဖြစ်သည်။ထိုသို့ 
စစ်ဆေးခြင်းဖြင့် သင်၏ဆရာဝန်ကို သင်၏တင်ပဆုံရိုးခွင်ရှိအစိတ်အပိုင်းများနှင့် မူမမှန်သည့် တစ်ရှူးများ(သို့ )ပိုးဝင်သည့်လက္ခဏာများကိုလည်းမြင်နိုင်စေသည်။ထိုစစ်ဆေးမှုသည် endometriosis နှင့် နာတာရှည်တင်ပဆုံရိုးခွင်ရောင်ရမ်းသည့်ရောဂါတို့ ကိုစမ်းသပ်တွေ့ ရှိနိုင်ရန် အသုံးဝင်သည်။
Chronic Pelvic Pain (နာတာရှည်တင်ပဆုံရိုးခွင် နာကျင်ကိုက်ခဲမှု) ကို ဘယ်လိုကုသပါသလဲ
နာတာရှည်တင်ပဆုံဝန်းကျင်ကိုက်ခဲမှုကို
  • သောက်ဆေးထိုးဆေးများ
  • ကာယလေ့ကျင့်ကုသမှုများ၊အာရုံကြောလှုံ့ ဆော်မှုများ၊ထုံဆေးများ၊စိတ်ပိုင်းဆိုင်ရာကုသမှုများ
  • ခွဲစိတ်မှုများ
  • အနာသက်သာစေမည့်အစီအစဉ်များ
  • အပ်စိုက်ကုသမှုများဖြင့် ကုသနိုင်ပါသည်။
လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ
လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက နာတာရှည်တင်ပဆုံဝန်းကျင်ကိုက်ခဲမှု ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။
အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် နာတာရှည်တင်ပဆုံဝန်းကျင်ကိုက်ခဲမှု ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။
  • လုံခြုံစိတ်ချရသောဘေးကင်းသောလိင်ဆက်ဆံမှုကို ပြုလုပ်ခြင်း
  • လိင်မှတဆင့်ကူးစက်နိုင်သည့်ရောဂါများအားအစစ်ဆေးခံခြင်း
  • မိန်းမကိုယ်အားအလှဆင်သည့် ပစ္စည်းများအားရှောင်ခြင်း
  • မိန်းမကိုယ်ကိုဆေးကြောရာတွင် ဘက်တီးရီးယားမ၀င်စေရန် အရှေ့ မှနောက်သို့ သာ သန့် စင်အောင် သုတ်ခြင်း စသည်တို့ ကို ပြုလုပ်ရပါမည်။
အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
ရင်းမြစ်များ
တည်းဖြတ်သည့်နေ့ မတျ 14, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း မတျ 14, 2018
ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ