အဓိပ္ပါယ်ဖွင့်ဆိုချက်

Chronic Myelogenous Leukemia (နာတာရှည် ရိုးတွင်းခြင်ဆီ သွေးကင်ဆာ ) ကဘာလဲ။

သွေးကင်ဆာသည် သွေးဖြူဥများတွင်ဖြစ်သော ကင်ဆာ ဖြစ်သည်။ သွေးကင်ဆာတွင် ရိုးတွင်ခြင်ဆီ ( အရိုး၏ အလယ် မှ တစ်ရှူးအပျော့) သည် သွေးဖြူဥ အများအပြားကို ထုတ် လုပ်ရပါသည်။ သွေးဆဲလ်များသည် ရိုးတွင်းခြင်ဆီတွင် ဖြစ် ပေါ်ပြီး ကြီးထွားလာပါသည်။

ထို့နောက် သွေးစီးကြောင်းတွင်း သို့ ရောက်သွားပါသည်။ သွေးကင်ဆာသည် သွေးဖြူဥ၊ သွေး နီဥ နှင့် သွေးဥမွှာများကို ထိခိုက်စေပါသည်။

သွေးကင်ဆာ အမျိုးအစားသည် ကင်ဆာဖြစ်စေသော သွေးဆဲလ် အမျိုးအစားအပေါ်မူတည်ပါသည်။ သွေးကင်ဆာ ၄မျိုး ရှိပါသည်။

  • နာတာရှည် lymphocyte သွေးကင်ဆာ
  • နာတာရှည် ရိုးတွင်းခြင်ဆီ သွေးကင်ဆာ
  • ရုတ်တရက် ပြင်းထန်သော lymphocyte သွေးကင် ဆာ
  • ရုတ်တရက် ပြင်းထန်သော ရိုးတွင်းခြင်ဆီ သွေးကင် ဆာ

နာတာရှည် ရိုးတွင်းခြင်ဆီ သွေးကင်ဆာမှ နာတာရှည် ဆိုသည်မှာ ရောဂါသည် ရုတ်တရက် ပြင်းထန်သော အမျိုးအ စားထက် ပို၍ နှေးစွာဖြစ်ခြင်းကို ဆိုလိုပါသည်။ CML သည် ရိုးတွင်းခြင်ဆီ ကို သွေးဖြူဥအများအပြား ထုတ်လုပ်စေပါ သည်။

ထိုပုံမှန်မဟုတ်သော ဆဲလ်များသည် ကောင်းစွာ အ လုပ်မလုပ်နိုင်ပါ။ ၎င်းတို့သည် ရောဂါပိုးကူးစက်မှုကို မတိုက် ခိုက်နိုင်ပါ။ သေလဲမသေပါ။ ထို့အပြင် ကင်ဆာဆဲလ်များ သည် ကျန်းမာသော ဆဲလ်များကို ဖိနှိပ်ပြီး လုပ်ငန်းများ ဆောင်ရွက်မှုကို ပျက်စီးစေပါသည်။

ရိုးတွင်းခြင်ဆီ သွေးကင်ဆာသည် neutrophils, basophils, eosinophils နှင့် nomocytes စသော သွေးဖြူဥ ဆဲလ်များကို ပုံမှန်ထုတ်လုပ်သော ဆဲလ်များတွင် ကင်ဆာ ပြောင်းလဲမှုများကို ဖြစ်စေခြင်းဖြစ်သည်။

Chronic Myelogenous Leukemia ((နာတာရှည် ရိုးတွင်းခြင်ဆီ သွေးကင်ဆာ )) က ဘယ်လောက်အဖြစ်များသလဲ

CML သည် အသက် ၆၀ကျော်တွင် အဖြစ်အများဆုံး ဖြစ် သော်လည်း မည်သည့်အသက်အရွယ်တွင် မဆိုဖြစ်ပွားနိုင် ပါသည်။ ထိုရောဂါသည် ကလေးများတွင်ဖြစ်ပွားခြင်း ရှားပါး ပါသည်။

အရွယ်ရောက်ပြီးသူများ တွင် ဖြစ်သော သွေးကင် ဆာ ၏ ၂၀ ရာခိုင်နှုန်းသည် နာတာရှည် ရိုးတွင်းခြင်ဆီ သွေးကင်ဆာ ဖြစ်ပါသည်။ CML သည်ကာကွယ်၍ မရပါ။ မိဘ မှကလေးသို့ ကူးစက်ခြင်း မဟုတ်ပါ။

 

လက္ခဏာများ

Chronic Myelogenous Leukemia (နာတာရှည် ရိုးတွင်းခြင်ဆီ သွေးကင်ဆာ ) ရဲ့လက္ခဏာတွေကဘာတွေလဲ

တစ်ခါတစ်ရံ CML သည် ရောဂါလက္ခဏာများကို လုံးဝ မဖြစ်စေပါ။ အချို့ ရောဂါလက္ခဏာများမှာ-

  • အလွန် မောပန်းခြင်း
  • သွေးအားနည်းခြင်း
  • အသက်ရှူ မြန်ခြင်း
  • ရှင်းမပြနိုင်စွာ ကိုယ်အလေးချိန်ကျခြင်း
  • မကြာခဏ ရောဂါပိုးကူးစက်ခြင်း၊ ပြန်လည်ကောင်း မွန်မှု နှေးခြင်း
  • အစာစားချိန်စိတ် မရှိခြင်း
  • သွားဖုံးများ ရောင်ရမ်းခြင်း၊ အညိုမည်း စွဲခြင်း
  • ချွေးပြန်ခြင်း
  • အသားအရေ ဖျော့တော့ခြင်း
  • အဖျားတက်ခြင်း
  • သွေးထွက်ခြင်း
  • အရိုးနာခြင်း

သွေးအားနည်းခြင်း (သွေးနီဥ အရေအတွက် နည်းခြင်း) နှင့် သွေးဥမွှာနည်းခြင်း သည် နောက်ပိုင်းတွင် ဖြစ်ပေါ်လာ သည်။ CML ပိုဆိုးလာသူများသည် ပြင်းထန်စွာ ခေါင်းကိုက် ခြင်း၊ အသက်ရှူမြန်ခြင်း ( ရိုးတွင်းခြင်ဆီဆဲလ်များ အဆုတ် နှင့် ဦးနှောက်တွင် ပိတ်ဆို့ခြင်း) တို့ဖြစ်နိုင်ပါသည်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အောက်ပါတို့ ဖြစ်ပွားပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေး သင့်ပါသည်။

  • အလွန် ပင်ပန်းသည်ဟု ခံစားရခြင်း
  • အကြောင်းပြချက် မသိရဘဲ ကိုယ်အလေးချိန်ကျခြင်း
  • ညဖက် ချွေးပြန်ခြင်း
  • အဖျားတက်ခြင်း
  • ဘယ်ဘက်ခြမ်း နံရိုးအောက်တွင် ပြည့်သလို ခံစားရ ခြင်း၊ နာကျင်ခြင်း

အထက်တွင် ဖော်ပြထားသော ရောဂါလက္ခဏာများ ရှိပါက သို့မဟုတ် မေးလိုသည်များ ရှိပါက ဆရာဝန်နှင့် တိုင်ပင်ဆွေး နွေးပါ။

 

အကြောင်းရင်းများ

Chronic Myelogenous Leukemia (နာတာရှည် ရိုးတွင်းခြင်ဆီ သွေးကင်ဆာ ) ကိုဘာတွေကဖြစ်စေသလဲ

အကြောင်းရင်းကို မသိရှိရသေးသော်လည်း benzene နှင့် ဓာတ်ရောင်ခြည် များခြင်းကြောင့် ဖြစ်နိုင်သည်။ CML ဆဲလ် များတွင် ခရိုမိုဆုန်း ချို့ယွင်းမှု ရှိပါသည် ( Philadelphia ခရို မို ဆုန်းဖြစ်ပြီး CML ဖြစ်သော လူများ၏ ၉၅ရာခိုင်နှုန်းကျော်တွင် တွေ့ ရပါသည်)။

Philadelphia ခရိုမိုဆုန်းသည် ခရိုမိုဆုန်း တစ်ခုမှ အခြား ခရိုမိုဆုန်းတစ်ခုသို့ DNA အစိတ်အပိုင်း တစ်ခု ပြောင်းရွေ့သွားသော အခြေအနေတစ်ခု ဖြစ်သည်။ ထိုချို့ ယွင်းမှုသည် ရိုးတွင်းခြင်ဆီကို tyrosine kinase ဟုခေါ်သော အင်ဇိုင်းတစ်မျိုး ထုတ်စေပြီး သွေးဖြူဥ အလွန်အကျွံထုတ်ခြင်း ကို ဖြစ်စေပါသည်။

Risk factors

Chronic Myelogenous Leukemia (နာတာရှည် ရိုးတွင်းခြင်ဆီ သွေးကင်ဆာ )ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

နာတာရှည် ရိုးတွင်းခြင်ဆီ သွေးကင်ဆာဖြစ်နိုင်ချေကို မြင့်စေသော အချက်များစွာ ရှိပါသည်။ ဥပမာ-

  • ဓာတ်ရောင်ခြည်ဖြင့် ထိတွေ့ခြင်း။ ဓာတ်ရောင်ခြည် စက်ရုံများ၊ စစ်ပွဲ တွင် သုံးသော ဓာတ်ရောင်ခြည်များ၊ အခြားကင်ဆာများအတွက် သုံးသော ဓာတ်ရောင် ခြည်ကုထုံးများ ပါဝင်ပါသည်။
  • အသက်ကြီးပါက သွေးကင်ဆာ ဖြစ်နိုင်ချေ မြင့်ပါ သည်။
  • လိင်။ CML သည် အမျိုးသမီးများထက် အမျိုးသား များတွင် ပိုဖြစ်ပါသည်။

CML သည် မိသားစုအတွင်းတွင် မဖြစ်ပွားပါ။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Chronic Myelogenous Leukemia (နာတာရှည် ရိုးတွင်းခြင်ဆီ သွေးကင်ဆာ ) ကို ဘယ်လိုအတည်ပြုပါသလဲ

 ဆရာဝန်သည် CML ကို သွေးနှင့် ရိုးတွင်းခြင်ဆီစစ်ခြင်း ဖြင့် အဖြေရှာအတည်ပြုနိုင်ပါသည်။ ထိုစစ်ဆေးမှုများသည် သွေးဖြူဥ ပမာဏများခြင်း၊ သွေးဥမွှာ ပမာဏ များခြင်း နှင့် ရိုး တွင်းခြင်ဆီ ဆဲလ်များတွင် Philadelphia ခရိုမိုဆုန်းရှိခြင်းတို့ ကို ပြသပေးနိုင်ပါသည်။

ရိုးတွင်ခြင်ဆီ ထုတ်ယူခြင်းအတွက် အခေါင်းရှိသော အပ်ရှည်တစ်ချောင်းဖြင့် အရိုးတွင်းသို့ ထိုး သွင်းပါသည်။ ခြင်ဆီ နမူနာကို ထုတ်ယူပြီး အဏုကြည့်မှန် ပြောင်းဖြင့် စစ်ဆေးလေ့လာပါသည်။

Chronic Myelogenous Leukemia (နာတာရှည် ရိုးတွင်းခြင်ဆီ သွေးကင်ဆာ ) ကို ဘယ်လိုကုသပါသလဲ

သွေးရောဂါ အထူးကုဆရာဝန် သို့မဟုတ် ကင်ဆာအထူး ကု ဆရာဝန်သည် CML ဖြစ်သောသူများကို ကုသပါသည်။ အ သုံးများသော ကုသမှုတွင် ဆေးသောက်ခြင်း၊ ရိုးတွင်းခြင်ဆီ အစားထိုးခြင်း (ရောဂါဖြစ်သော ခြင်ဆီများကို အစားထိုးခြင်း) တို့ ပါဝင်ပါသည်။

အကောင်းဆုံး ဆေးကုသမှုသည် imatinib (GLeevec) ဖြစ်ပါသည်။ ခြင်ဆိ အစားထိုးခြင်းတွင် ပုံမှန်မဟုတ်သော ရိုး တွင်းခြင်ဆီကို ကျန်းမာသော ရိုးတွင်းခြင်ဆီဖြင့် အစားထိုးခြင်း ဖြစ်သည်။ သို့မဟုတ် ဆေးဖြင့်ကုသသည်။

ခြင်ဆီ အလှူရှင် များသည် နီးစပ်သော ဆွေမျိုး (အကို၊ အမ) သို့မဟုတ် ခြင်ဆီ ကိုက်ညီမှုရှိသော စေတနာ့ဝန်ထမ်းများ ဖြစ်သည်။ အစားထိုး ခြင်းသည် ဆံပင်ကျွတ်ခြင်း၊ ပါးစပ် အနာဖြစ်ခြင်း စသော ဘေးထွက် ဆိုးကျိုးများစွာ ရှိပါသည်။ အသက်အန္တရာယ် စိုးရိမ် ရသော အစားထိုးတစ်ရှူးကို ခန္ဓာကိုယ်မှ တိုက်ထုတ်ခြင်း ကိုလည်း ဖြစ်စေနိုင်ပါသည်။

လူနာ၏ အခြေအနေအပေါ်မူတည်၍ ဆရာဝန်သည် CML ကို ကုသရန် ဓာတုကုထုံး သို့မဟုတ် ဇီဝကုထုံးကို ညွှန်ကြား နိုင်ပါသည်။ ထိုကုသမှုများတွင် အများအားဖြင့် ပါးစပ်မှ သောက်ရသော ဆေးလုံးများပေးပြီး သွေးကင်ဆာဆဲလ် ကြီး ထွားမှုများကို လျော့ချပေးပါသည်။

 

လူနေမှုပုံစံ ပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးများ  အသုံးပြုခြင်း သည် နာတာရှည် ရိုးတွင်းခြင်ဆီ သွေးကင်ဆာ ကို ကုသ ရာတွင်  ဘယ်လို အထောက်အကူပြုနိုင်မလဲ။

      အောက်ပါ လူနေမှုပုံစံများ နှင့် အိမ်သုံး ကုထုံးများ သည် နာတာရှည် ရိုးတွင်းခြင်ဆီ သွေးကင်ဆာ ကို ထိန်းချုပ်နိုင် ပါသည်။

  • တက်ကြွသော နေထိုင်မှုပုံစံကို ပြုလုပ်ပါ။ သတိထား ၍ လေ့ကျင့်ခန်း ပြုလုပ်ပါ။
  • အစားအသောက် ကန့်သတ်မှုများအတွက် ဆရာဝန် ကို မေးပါ။
  • ဆောင်းဦးရာသီရောက်တိုင်း တုပ်ကွေး ကာကွယ် ဆေး ထိုးပါ။
  • နူးညံ့သော သွားတိုက်တံနှင့် သွားတိုက်ပါ။ CML ပိုဆိုး လာပါက လျှပ်စစ်မုတ်ဆိတ်ရိတ်စက်ဖြင့်သာ အမွေး အမျှင်များကို ရိတ်ပါ။
  • ရောဂါလက္ခဏာ အသစ်များ ပေါ်လာပါက သို့မဟုတ် ရှင်းမပြနိုင်စွာ မောပန်းခြင်း၊ ကိုယ်အလေးချိန် ကျခြင်း၊ ဝမ်းဗိုက် ဘယ်ဘက်အခြမ်းတွင် နာခြင်း၊ သွေးထွက်ခြင်း၊ အဖျားတက်ခြင်း၊ ရုတ်တရက် ပြင်း ထန်စွာ ခေါင်းကိုက်ခြင်း၊ အသက်ရှူမြန်ခြင်းတို့ ဖြစ်ပါ က ဆရာဝန်အား အကြောင်းကြားပါ။

အကယ်၍ သင့်တွင် မေးခွန်းများ ရှိပါက သင့်အတွက် သင့်တော်သော အဖြေရှာဖွေနိုင်ရန် ဆရာဝန် နှင့် ဆွေးနွေး တိုင်ပင် သင့်ပါသည်။

Hello Health Group does not provide medical advice, diagnosis or treatment.

 

ရင်းမြစ်များ

တည်းဖြတ်သည့်နေ့ စကျတငျဘာ 28, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း စကျတငျဘာ 28, 2017

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ