backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Chronic Glomerulonephritis (နာတာရှည် ဂလိုမာရူးလပ်ကျောက်ကပ်ရောင်ရောဂါ)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 02/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Chronic Glomerulonephritis (နာတာရှည် ဂလိုမာရူးလပ်ကျောက်ကပ်ရောင်ရောဂါ) ကဘာလဲ။

နာတာရှည် ကျောက်ကပ်ရောင်ရောဂါဆိုသည်မှ ကျောက်ကပ်ရောဂါများကို စုခေါ်သော ရောဂါဖြစ်ပြီး ၎င်းတွင် အညစ်အကြားများအား ဆီးအဖြစ် ဖယ်ရှားပေးသော ဂလိုမာရူလိုင်များ – ကျောက်ကပ်၏ ကောတက်အပိုင်းတွင် တွေ့ရသော ဆံချည်သွေးကြော အစုအဝေးများ- အချိန်နှင့်အမျှ တဖြည်းဖြည်း ပျက်စီးလာခြင်းဖြစ်သည်။

နာမည်ကဲ့သို့ပင် နာတာရှည် ဂလိုမာရူလပ်ကျောက်ကပ်ရောင်ရောဂါသည် အချိန်အကြာကြီးဖြစ်နေသော အခြေအနေဖြစ်သည်။ နာတာရှည်ကျောက်ကပ်အလုပ်မလုပ်တော့ခြင်း ဖြစ်ရသည့် ထိပ်ဆုံးအကြောင်းရင်း တစ်ချက်ဖြစ်ပြီး နောက်ဆုံးအဆင့် ကျောက်ကပ်ရောဂါများဖြစ်ရသည့် အကြောင်းရင်းလဲဖြစ်သည်။

နာတာရှည် ဂလိုမာရူလပ် ကျောက်ကပ်ရောင်ရောဂါအတွက် ကုသရန်နည်းမရှိပါ။ ၎င်းသည် အသက်ဆုံးရှုံးနိုင်သည့်ရောဂါ ဖြစ်ပါသည်။ သို့သော် စောလျင်စွာ သိရှိကုသခြင်းဖြင့် နာတာရှည် ဂလိုမာရူလပ်ကျောက်ကပ်ရောင်ရောဂါကြောင့် အသက်ဆုံးနိုင်ချေ နည်းသွားနိုင်ပါသည်။

Chronic Glomerulonephritis (နာတာရှည် ဂလိုမာရူးလပ်ကျောက်ကပ်ရောင်ရောဂါ) က ဘယ်လောက်အဖြစ်များသလဲ

နာတာရှည် ဂလိုမာရူလပ်ကျောက်ကပ်ရောင်ရောဂါသည် အသက်အရွယ်မရွေးဖြစ်နိုင်သည်။ ရောဂါဖြစ်ပွားနိုင်သောအချက်အလက်များကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါသည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။

လက္ခဏာများ

Chronic Glomerulonephritis (နာတာရှည် ဂလိုမာရူးလပ်ကျောက်ကပ်ရောင်ရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ

နာတာရှည် ဂလိုမာရူးလပ်ကျောက်ကပ်ရောင်ရောဂါ ၏ အဖြစ်အများဆုံးရောဂါလက္ခဏာများမှာ-

ဆီးအများကြီးသွားခြင်း

ဆီးတွင်သွေးပါခြင်း

အမြှုပ်ထလွန်သော ဆီး – ဆီးသွားနေစဉ် အမြှုပ်ထခြင်းကို တွေ့နိုင်ပါသည်။

သွေးတိုးခြင်း

နှာခေါင်းသွေး ခဏခဏထွက်ခြင်း

မောပန်းလွယ်ခြင်း၊ ကြွက်သားကိုက်ခြင်းနှင့် ညအခါတွင် ကြွက်တက်ခြင်း

သွေးအားနည်းရောဂါ၏ လက္ခဏာများ –

အရေပြားဖျော့ခြင်း၊ မောပန်းခြင်းနှင့် မူးနောက်နောက်ဖြစ်ခြင်း

အစားသောက်ပျက်ခြင်းနှင့် ကိုယ်အလေးချိန်ကျခြင်း

အရေးပြားခြောက်သွေ့ခြင်း (ယားခြင်းနှင့်တွဲနိုင်သည်)

အိပ်မပျော်ခြင်း

ပျို့ခြင်း၊ အန်ခြင်းနှင့် ဝမ်းလျှောခြင်း

ဗိုက်ကယ်နေသလို ခံစားရခြင်း

အသက်ရှူရခက်ခြင်းနှင့် ချောင်းဆိုးခြင်း

နောက်ဆုံးအဆင့်ရောဂါတွင် အာရုံကြောဆိုင်ရာ လက္ခဏာများ ရှိလာနိုင်သည်။

တက်ကြွမှုနည်းသွားခြင်း

ငိုက်မျဉ်းခြင်း

စိတ်ဂဏာမငြိမ်ခြင်း

ကယောင်ကတမ်းဖြစ်ခြင်း

အထက်တွင်ဖော်ပြထားသည့်အထဲမှာမပါဝင်သေးသော အခြားလက္ခဏာများလည်း ရှိနိုင်ပါသေးသည်။ အကယ်၍ကိုယ့်ဆီ၌ ရောဂါလက္ခဏာတစ်ခုခုများ ရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုပါက ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲမှ တစ်ခုခုများရှိနေမယ်ဆိုလျှင် သို့မဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုလျှင် ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။

လူတိုင်း၏ခန္ဓါကိုယ်တုံ့ပြန်မှုသည် မတူညီနိုင်ပါ။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နှင့် တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Chronic Glomerulonephritis (နာတာရှည် ဂလိုမာရူးလပ်ကျောက်ကပ်ရောင်ရောဂါ) ကိုဘာတွေကဖြစ်စေသလဲ

နာတာရှည် ဂလိုမာရူလပ်ကျောက်ကပ်ရောင်ရောဂါသည် အမျိုးမျိုးသော အချက်များကြောင့် ဖြစ်နိုင်ပါသည်။ ၎င်းတို့မှာ တစ်ချို့မှာ –

ဆီးချိုကြောင့် ကျောက်ကပ်ထိခြင်း– ဆီးချိုမထိန်းခြင်းသည် နောက်ဆက်တွဲအနေဖြင့် ကျောက်ကပ်ကို အများကြီး ပျက်စီးစေနိုင်ပါသည်။

Focal segmental glomerulosclerosis (FSGS): ကျောက်ကပ်တစ်ရှူးများ အမာရွတ်ဖြစ်ခြင်းသည် သူ၏လုပ်ငန်းစဉ်ကို ထိခိုက်နိုင်ပြီး နက်ဖရိုတစ်ရောဂါကို ဖြစ်စေနိုင်ပါသည်။

IgA nephropathy – IgA ပဋိပစ္စည်းများ ကျောက်ကပ်တစ်ရှူးတွင် ပုံလာသောအခြေအနေဖြစ်ပြီး တစ်ရှူးများကို ပျက်စီးစေနိုင်ပါသည်။

Systemic lupus erythematosus (SLE သို့ လူးပတ်စ်) – SLE တွင်တွေ့ရသော ကိုယ့်ကိုယ်ကိုပြန်တိုက်သည့် ပဋိပစ္စည်းများသည် ကျောက်ကပ်တစ်ရှူးများကို တိုက်ခိုက်ပြီး ၎င်း၏လုပ်ငန်းစဉ်များကို ထိခိုက်နိုင်ပါသည်။

ရုတ်တရင်ပြင်းထန် ဂလိုမာရူလပ် ကျောက်ကပ်ရောင်ခြင်း ခဏခဏဖြစ်သူများတွင် အချိန်ကြာလာသည်နှင့် နာတာရှည် ဂလိုမာရူလပ်ကျောက်ကပ်ရောင်ရောဂါကို ဖြစ်သွားစေနိုင်ပါသည်။

ရောဂါတွင် ဗီဇကြောင့်လဲ တစ်ပိုင်းပါနိုင်သည်။ အဘယ်ကြောင့်ဆိုသော် တစ်ချို့သောမိသားစုများတွင် ဖြစ်ပွားနှုန်းများနေခြင်းကို သက်သေပြထားပြီး ဖြစ်ပါသည်။

မူမမှန်သည့် ကိုယ်ခံအားစနစ်သည် နာတာရှည် ဂလိုမာရူလပ်ကျောက်ကပ်ရောင်ရောဂါကို ဖြစ်စေနိုင်သည်။ မူမမှန်သော ကိုယ်ခံအားသည် နည်းလမ်းအမျိုးမျိုးဖြင့် ကျောက်ကပ်တစ်ရှူးများကို ထိခိုက်စေနိုင်ပါသည်။

သွေးတိုးကို မထိန်းခြင်းသည် ကျောက်ကပ်ကိုထိခိုက်နိုင်ပြီး အချိန်တစ်ခုကြာလျှင် ယခုလို နာတာရှည်ကျောက်ကပ်ရောဂါကို ဖြစ်စေနိုင်ပါသည်။ ဖြစ်ရပ် ၄ခု ၁ခုတွင် နာတာရှည် ဂလိုမာရူလပ်ကျောက်ကပ်ရောင်ရောဂါ၏ အကြောင်းကို မသိရပါ။

ဖြစ်နိုင်ခြေများ

Chronic Glomerulonephritis (နာတာရှည် ဂလိုမာရူးလပ်ကျောက်ကပ်ရောင်ရောဂါ) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

နာတာရှည် ဂလိုမာရူလပ်ကျောက်ကပ်ရောင်ရောဂါ ဖြစ်ပွားနိုင်ချေကိုမြင့်စေသော အကြောင်းရင်းများစွာရှိပါသည်။ ဥပမာအားဖြင့်

တစ်ချို့မိသားစုများတွင် အဖြစ်များကြောင်း သိထားပြီးသားဖြစ်သည်။ ထိုကြောင့် ဗီဇကြောင့်လဲ ဖြစ်နိုင်ပါသည်။

အဲလ်ပေါ့ရောဂါရှိသူများ

ရုတ်တရတ်ပြင်းထန် ဂလိုမာရူလပ် ကျောက်ကပ်ရောင်ရောဂါ ခဏခဏ ဖြစ်သူများတွင် ကုသမှုကို မခံယူပါက နာတာရှည် ဂလိုမာရူလပ်ကျောက်ကပ်ရောင်ရောဂါကို တဖြည်းဖြည်း ဖြစ်လာစေနိုင်ပါသည်။

သွေးကြောရောင်ခြင်း – သွေးလွှတ်ကြောများ မူမမှန်စွာ ရောင်ရမ်းခြင်း

အချိန်အတော်ကြာအောင် ဆေးလိပ်သောက်ခြင်း

ဟိုက်ဒရိုကာဗွန် ပျော်ဝင်ပစ္စည်းများဖြစ်သည် အိမ်သုတ်ဆေး၊ လောင်ဆာ (ဂတ်စ်နှင့် ဓါတ်ဆီ)၊ ဆိုင်ကယ်ကား အိတ်ဇောငွေ့များ၊ ကော်နှင့် ကော်ပစ္စည်းများ၊ အော်ဂဲနစ် ပျော်ဝင်ပစ္စည်းများ၊ တစ်ချို့သော် အေရီယိုစောများနှင့် ပိုးသတ်ဆေးများ စသည်တို့သည် အန္တရာယ်တိုးစေနိုင်ပါသည်။

ထို့ကြောင့် ဆေးသုတ်၊ ပရင့်ထုတ်၊ ကားဆိုင်ကယ် ပြုပြင်ရေး၊ အဝတ်အထည်၊ မီးသတ်၊ အော်ဂဲနစ် ဓါတုပစ္စည်းများနှင့် ဆေးဝါးထုတ်လုပ်ခြင်း၊ ကားဆိုင်ကယ် အိတ်ဇောငွေ့များနှင့် တောက်လျှောက် ထိတွေ့ရခြင်း စသည့် လုပ်ငန်းများတွင် လုပ်နေရသူတို့သည် ကျောက်ကပ်ရောဂါ ဖြစ်နိုင်ချေ များပါသည်။

ကင်ဆာရောဂါရှိခြင်း – ကင်ဆာများသည် ကျောက်ကပ်အပါအဝင် တခြားအင်္ဂါများ၏ လုပ်ငန်းများကို ထိခိုက်စေနိုင်ပါသည်။

Goodpasture ရောဂါ နှင့် SLE တို့လို ကိုယ်ခံအားမှ ကိုယ့်ကိုယ်ကိုပြန်တိုက်သော ရောဂါများ။

ဆီးချိုမထိန်းခြင်း

ဘက်တီးရီးယား သို့မဟုတ် ဗိုင်းရပ်စ်တို့လို ပိုးကူးစက်ခြင်းများသည် နာတာရှည် ဂလိုမာရူလပ်ကျောက်ကပ်ရောင်ရောဂါ ဖြစ်နိုင်ချေကို မြင့်စေနိုင်ပါသည်။ ဘက်တီးရီးယား ပိုးကူးစက်ခြင်းတွင် ဘက်တီးရီးယားကြောင့် နှလုံးရောင်ခြင်းနှင့် post-streptococcal infection များ။ ဗိုင်းရပ်စ်ပိုးကူးခြင်းတွင် HIV, အသည်းရောင် ဘီနှင့်စီ စသည်များ။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Chronic Glomerulonephritis (နာတာရှည် ဂလိုမာရူးလပ်ကျောက်ကပ်ရောင်ရောဂါ) ကို ဘယ်လိုအတည်ပြုပါသလဲ

နာတာရှည် ဂလိုမာရူလပ်ကျောက်ကပ်ရောင်ရောဂါကို အမည်တပ်ရာတွင် အောက်ပါတို့ ပါဝင်ပါသည်။

ပြည့်စုံသောရောဂါရာဇဝင်

သေသေချာချာ စမ်းသပ်ကြည့်ရှု့ခြင်း

သွေးစစ်ရာတွင် အောက်ပါတို့ပါဝင်သည်။

Complete Blood Count (CBC)

သွေးတွင်း ဂလူးကို့စ်လယ်ဗယ်နှင့် ဟေမိုဂလိုဗင် A1c

Creatinine သန့်စင်နှုန်း သွေးစစ်ဆေးမှု

သွေးတွင်း ယူရီယား နိုင်ထိရိုဂျင်နှင့် ခရီရတနင်း လယ်ဗယ် စစ်ခြင်း

ပဋိပစ္စည်းများနှင့် ကွန်ပလိမန့်လယ်ဗယ်များကို စစ်ပြီး ကိုယ်ခံအားမူမမှန်ခြင်းကို သိရှိနိုင်မည့် အထူးသွေးစစ်ဆေးမှုများ

၂၄ နာရီ ဆီးတွင်ပါသည့် ပရိုတင်းအား ခွဲခြမ်းခြင်း – သွေးတွင် သို့ ဆီးတွင် ပရိုတင်းပါဝင်နှုန်းများနိုင်ပါသည်။

ရင်ဘတ်ဓါတ်မှန်

ကျောက်ကပ် အာထရာစောင်း

ဝမ်းဗိုက် စီတီနှင့် အမ်အာအိုင်ရိုက်ခြင်း

Intravenous pyelogram – ဆိုးဆေးကိုသုံးပြီး ကျောက်ကပ်ပုံမှန်မဟုတ်သည်များကို ဖမ်းမိနိုင်သော ဓါတ်မှန်စီးရီး

ကျောက်ကပ်အသားစစစ်ခြင်း

တစ်ခါတစ်ရံ ရောဂါဗေဒပညာရှင်မှ အထူးလေ့လာမှုများကိုပြုလုပ်နိုင်ပါသည်။ ၎င်းတွင် immunohistochemical ဆိုးဆေး, molecular စစ်ဆေးခြင်းနှင့် အီလက်ထရွန်မိုက်ခရိုစကုပ်ဖြင့် စစ်ဆေးခြင်းများကို ရောဂါအမည်တပ်ရာတွင် အထောက်အကုပြုရန် လေ့လာနိုင်ပါသည်။

ရောဂါအခြေအနေအမျိုးမျိုးသည် တူညီသော လက္ခဏာများ ရှိတတ်ပါသည်။ သင်၏ ကျန်းမာရေးစောင့်ရှောက်သူမှ တိကျသည့် ရောဂါအမည်တပ်နိုင်ရန် တခြားရောဂါများ မဟုတ်ကြောင်း သိနိုင်ရန်အတွက် ထပ်ဆောင်း စစ်ဆေးမှုများ ပြုလုပ်ရနိုင်ပါသည်။

Chronic Glomerulonephritis (နာတာရှည် ဂလိုမာရူးလပ်ကျောက်ကပ်ရောင်ရောဂါ) ကို ဘယ်လိုကုသပါသလဲ

နာတာရှည် ဂလိုမာရူလပ်ကျောက်ကပ်ရောင်ရောဂါကို ကုသရန် ခုလက်ရှိတွင် ကုထုံးမရှိသေးပါ။ ကုသမှုပုံစံသည်လည်း တစ်ဦးနှင့်တစ်ဦး မတူနိုင်ပါ။ အောက်ခံရောဂါပေါ်ကိုလဲ မူတည်ပါသည်။ တစ်ချို့သောကုထုံးများသည် ရောဂါလက္ခဏာကို သက်သာလာအောင် အာရုံစိုက်ပါသည်။

မကြာခဏဆိုသလို သွေးတိုးကျအောင်လုပ်ခြင်းသည် ဂလိုမာရူလပ်ကျောက်ကပ်ရောင်ရောဂါကို ကုသရာတွင် ဦးစားပေးအနေဖြင့်လုပ်ရပြီး ဆေးများ၊ အစားအသောက်များ အဓိအားဖြင့် ဆိုဒီမ် ပိုတက်စီယမ်နည်းသည်များကို စားခိုင်းခြင်းဖြင့် ထိန်းနိုင်ပါသည်။ အရည်နှင့် အီလက်ထရိုလိုက်များ မျှတအောင် ပြုလုပ်ရပါသည်။

ခန္ဓါကိုယ်တွင် လုံလောက်သည့် ပရိုတင်းရနေစေရန်လဲ ထိန်းရသည်။

ကုသမှုအမျိုးမျိုးကိုသုံးကာ ဆီးချိုထိန်းရသည်။

မျက်နှာဖောခြင်း ရောင်ခြင်းများကို ကုသရန်အတွက် ဆီးဆေးများသောက်ရန်လည်း လမ်းညွှန်နိုင်ပါသည်။

နာတာရှည် ဂလိုမာရူလပ်ကျောက်ကပ်ရောင်ရောဂါ ဖြစ်ရခြင်းအကြောင်းရင်းသည် ကိုယ်ခံအားမှပြန်တိုက်သော ရောဂါများကြောင့်ဆိုပါက ပျက်စီးမှုကိုဖြစ်စေသည့် ပဋိပစ္စည်းလယ်ဗယ်ကို လျော့ချနိုင်ရန်အတွက် Plasmapheresis ကိုလုပ်ရန် စဉ်းစားနိုင်သည်။

ကိုယ်ခံအားစနစ် ပုံမှန်မဟုတ်ခြင်းကြောင့်ဆိုပါက ကော်တီကိုစတီးရွိက်များနှင့် တခြားသာ ကိုယ်ခံအားဖိနိပ်ဆေးများကို ပေးနိုင်ပါသည်။

ကျောက်ကပ်ပျက်စီးမှုသည် နောက်ဆုံးအဆင့် ကျောက်ကပ်ရောဂါထိဖြစ်လာပါက သွေးပြန်သန့်ရန် လိုအပ်ပါသည်။ သို့မဟုတ် ကျောက်ကပ်အစားထိုးရန် စဉ်းစားရပါမည်။

အုပ်စုလိုက်ပါဝင်ဆွေးနွေးခြင်းဖြင့် ရောဂါအခြေအနေနှင့် တစ်ချို့သော ဖိစီးမှုလျော့စေနိုင်သည့် အချက်များကို ပိုမိုနားလည်လာနိုင်ပါသည်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက နာတာရှည် ကျောက်ကပ်ရောင်ရောဂါ ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနှင့်အိမ်သုံးကုထုံးများက သင့်အနေဖြင့် နာတာရှည် ကျောက်ကပ်ရောင်ရောဂါ ကိုကုသတဲ့နေရာနှင့် လိုက်လျောညီထွေဖြစ်အောင်နေသောနေရာများတွင် အကူအညီပေးနိုင်ပါသည်။

အရည်များခြင်း၊ ဖောခြင်းနှင့် သွေးတိုးကို ထိန်းချုပ်နိုင်ရန်အတွက် ဆားကိုလျော့ပါ။

သွေးတွင်း၌ အညစ်အကြေားများ စုပုံလာမှုကို လျော့နည်းစေရန် ပရိုတင်းနှင့် ပိုတက်စီယမ်ကို ဖြတ်ပါ

ကျန်းမာရေးနှင့် ညီညွှတ်သော ကိုယ်အလေးချိန်ကို ထိန်းပါ

ဆီးချိုရှိလျှင် သွေးတွင်းသကြားဓါတ်ကို ထိန်းပါ

ဆေးလိပ်ဖြတ်ပါ။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုလျှင် သင့်အတွက်သင့်တော်သော အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 02/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement