backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း

1

ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Chronic Cough (နာတာရှည်ချောင်းဆိုးခြင်း)


Hello Sayarwon မှ ရေးသားသည်။ · 18/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Chronic Cough (နာတာရှည်ချောင်းဆိုးခြင်း) ကဘာလဲ။

အရွယ်ရောက်ပြီးသူတွေမှာ ၈ပတ်နဲ့အထက်ကြာတတ်ပြီး ကလေးတွေမှာ၄ပတ်လောက်ကြာတတ်တဲ့ ချောင်းဆိုးရောဂါဖြစ်ပါတယ်။ နာတာရှည်ချောင်းဆိုးခြင်းက စိတ်အနှောင့်အယှက်ဖြစ်စေတာထက် ပိုပါတယ်။ အိပ်စက်ခြင်းကိုထိခိုက်စေုနိင်ပြိး မောပန်းစေနိုင်ပါတယ်။ ပြင်းထန်တဲ့အခြေအနေတွေမှာ အော့အန်ခြင်း၊ လစ်ဟာဟာဖြစ်ြခ်ငး၊ နဲ့နံရိုးကျိုးခြင်းကို တောင်ဖြစ်စေနိုင်ပါတယ်။

ကံကောင်းတာကတော့ ဖြစ်ရတဲ့အကြောင်းရင်းကို ကုသလိုက်နုငိရင် ချောင်းဆိုးခြင်းက ပျေက်ကာင်းသွားလေ့ရှိပါတယ်။

Chronic Cough (နာတာရှည်ချောင်းဆိုးခြင်း) က ဘယ်လောက်အဖြစ်များသလဲ

အရွယ်ရောက်ပြိးသူ ၁၀ရာနှုန်းက၂၀ရာနှုန်းမှာ တွေ့နေရပါတယ်။ အလုပ်အကိုင်နဲ့ဆက်စပ်နိုင်တာကြောင့် ေရောဂါအဖြေရှာရာမှာ အလုပ်အကိုင်ရာဇဝင်ကလည်း အရေးကြီးပါတယ်။

ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Chronic Cough (နာတာရှည်ချောင်းဆိုးခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

health condition ရဲ့ နာတာရှည်ချောင်းဆိုးခြင်းနဲ့အတူ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့

  • နှာရည်ယိုခြင်း
  • လည်မျိုနောက်ပိုင်းမှ အရည်များစီးကျနေသလို ခံစားရခြင်း( နှာခေါင်းနောက်ပိုင်းနှာရည်ယိုခြင်း)
  • လည်ချောင်းခဏခဏရှင်းရခြင်း ၊ လည်ချောင်းနာခြင်း
  • အသံကွဲခြင်း
  • အသက်ရှူသံမြည်ခြင်း၊ အသက်ရှူမဝခြင်း
  • ရင်ပူခြင်း၊ ပါးစပ်ချဉ်ခြင်း
  • အဖြစ်နည်းတတ်တဲ့သွေးအန်ခြင်း

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

ဒီလက္ခဏာတွေကို တွေ့ရှိခဲ့မယ်ဆိုရင် ဆေးကုသမှုချက်ချင်းခံယူသင့်ပါယတ်။

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Chronic Cough (နာတာရှည်ချောင်းဆိုးခြင်း) ကိုဘာတွေကဖြစ်စေသလဲ

ဖြစ်နေကျသာမန်ချောင်းဆိုးခြင်းက အဆုတ်ကနေထွက်တဲ့အရည်တွေနေမထိထိုင်မသာဖြစ်စေတဲ့ပစ္စည်းတွေကို ရှင်းထုတ်ဖို့နဲ့ ကူးစက်ပိုးတွေမှကာကွယ်နိုင်ဖို့ဖြစ်ပါတယ်။ သီတင်းပတ်များစွာချောင်းဆိုးနေပြီဆိုရင်ောတ့ ကျန်းမာရေးပြဿနာဖြစ်နိုင်ပါတယ်။ ကိစ္စအများစုမှာ အကြောင်းရင်းတစ်ခုထက်ပိုပါတယ်။ အောက်ပါတွေ့ရများတဲ့အကြောင်းရင်တွေက တစ်ခုတည်းရှိရင်သောလည်းကောင်း ပေါင်းစပ်ပြီးတော့သော်လည်းကောင်း နာတာရှည်ချောင်းဆိုးခြင်းကို ဖြစ်စေနိုင်ပါတယ်။

  • နှာခေါင်းနောက်ပိုင်း နှာရည်ယိုခြင်း
  • နှာခေါင်းဒါမှမဟုတ်လေအိတ်တွေက ချွဲအများကြီးထုတ်ခြင်းကြောင့် လည်မျိုတစ်လျှောက်စီးကျပြီး ချောင်းဆိုးခြင်းကိုဖြစ်စေပါတယ်။ အထက်လေပြွန်ချောင်းဆိုးရောဂါစုလို့ ခေါ်ပါတယ်။
  • ပန်းနာရင်ကျပ်ရောဂါ
  • ပန်းနာရင်ကျပ်နဲ့ဆက်နွှယ်တဲ့ချောင်းဆိုးခြင်းက အကြောင်းရှိမှသာပေါ်တတ်ပါတယ်။ အထက်လေပြွန်ကူးစကိပိုးဝင်ပြီး ပေါ်လာတာမျိုး၊ လေအေး၊ အချို့သောဓါတုပစ္စည်များ၊ နဲ့အမွှေးနံ့စတာတွေနဲ့ထိတွေ့မိခြင်းကြောင့် ပိုဆိုးလာတာမျိုးဖြစ်ပါတယ်။ In one type of asthma (cough-variant asthma), a cough is the main symptom.
  • စားချဉ့်ပြန်ရောဂါ
  • ဖြစ်များတတ်တဲ့ဒီအခြေအေနေမျိုးမှာ အစာအိမ်အက်ဆစ်တွေက အစာအိမ်နဲ့လည်မျိုကိုဆက်ထားတဲ့ အစာရေမျိုပြွန်ထဲကို ပြန်တက်သွားခြင်းဖြစ်ပါတယ်။ နာတာရှည်ချောင်းဆိုးခြင်းကို ဖြစ်စေနိုင်ပါတယ်။ ချောင်းဆိုးခြင်းကလည်း စားချဉ့်ပြန်ခြင်းကို ပိုဆိုးသွာေးစပါတယ်။
  • ကူးစက်ပိုးများ
  • ချောင်းဆိုးခြင်းက အဆုတ်ရောင်ခြင်း၊ တုပ်ကွေး၊ အအေးမိခြင်းနဲ့အခြားအသက်ရှူလမ်ေးကြာင်းအထက်ပိုင်း ကူးစက်ပိုးဝင်ခြင်းတွေ ဖြစ်ပြီးနောက်ပိုင်း ကျန်နေတတ်ပါတယ်။ အဖြစ်များပြီး သတိမထားမိတတ်တဲ့အကြောင်းရင်းက ကြက်ညှာချောင်းဆိုးဖြစ်ပါတယ်။
  • သွေးထိန်းဆေးများ
  • သွေးတိုးခြင်းနဲ့ နှလုံးအလုပ်မလုပ်နိုင်တော့ခြင်းတွေအတွက် အများဆုံးအသုံးပြုတဲ့Angiotensin-converting enzyme (ACE) inhibitors ဆေးတွေက နာတာရှည်ချော်င်းဆိုးခြင်းကို ဖြစ်စေပါတယ်။
  • နာတာရှည်လေပြွန်ရောင်ခြင်း
  • အဓိကလေပြွန်နာတာရှည်ရောင်ရမ်းခြင်းက အရောင်ပါတဲ့သလိပ်ထွက်စေတဲ့ချောင်းဆိုးခြင်းကို ဖြစ်စေပါတယ်။ နာတာရှည်လေပြွန်ရောင်လူနာအများစုက လတ်တလောဆေးလိပ်သောက်နေသူ ဒါမှမဟုတ်ဆေးလိပ်သောက်လေ့ရှိသူတွေ ဖြစ်ပါတယ်။ နာတာရှည်လေပြွန်ပိတ်ဆို့ခြင်းရောဂါလို့ခေါ်တဲ့ ဆေးလိပ်ကြောင့်ဖြစ်တဲ့အဆုတ်ရောဂါရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။ အဆုတ်အတွင်းလေခိုခြင်းလည်း အကျုံးဝင်ပါတယ်။ နာတာရှည်လေပြွန်ရောင်ခြင်းနဲ့ အဆုတ်အတွင်းလေခိုခြင်းနှစ်ခုလုံးက ဆေးလိပ်သောက်သူတွေမှာ နာတာရှည်လေပြွန်ပိတ်ဆို့ခြင်းရောဂါနဲ့အတူ တွဲဖက်ဖြစ်နေတာကြောင့်ဖြစ်ပါတယ်။
  • အတွေ့ရနည်းတဲ့လက္ခဏာတွေကတော့
  • သီးခြင်း( အရွယ်ရောက်ပြီးသူတွေမှာ အစာသီးခြင်းဖြစ်တတ်ပြီး ကလေးတွေမှာ ပြင်ပပစ္စည်ေးတွစြဖ်တတ်ပါတယ်။)
  • လေလမ်းကြောင်းများေလေပြွန်များပျက်စီးခြင်း
  • လေပြွန်အတွင်းကျောက်တည်ခြင်း
  • အသက်ရှူလမ်းကြောင်းတွင်ပိုးဝင်သည့်မျိုးရိုးဗီဇရောဂါ
  • အစာအိမ်အက်ဆစ်များ လည်ချောင်းအတွင်း ပြန်ဆန်တက်ခြင်း
  • အဆုတ်ကင်ဆာ
  • ပန်းနာရင်ကျပ်ကြေင့်မဟုတ်တဲ့ လေပြွန်ရောင်ခြင်း
  • အဓိကအားဖြင့်အဆုတ်မှာဖြစ်တတ်ပြီး ခန္ဓါကိုယ်အစိတ်အပိုင်းတွေမှာ ရောင်ရမ်းစေတဲ့ဆဲလ်များစုပုံနေခြင်း

ဖြစ်နိုင်ခြေများ

Chronic Cough (နာတာရှည်ချောင်းဆိုးခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

health condition ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

ဆေးလိပ်သောက်ခြင်း – လတ်တလောသောက်ခြင်းသို့ သောက်လေ့ရှိခြင်းက နာတာရှည်ချောင်းဆိုးခြ်င်းကို ဖြစ်စေနိုင်ပတယ်။ ဆေးလိပ်အဆိပ်တွေကို တိုက်ရိုက်ရှူခြင်းဒါမှမဟုတ် ဆေးလိပ်သောက်နေသူထံမှ အဆိပ်များလေထဲရောက်လာသည်ကို ရှူမိခြင်း

ဓါတ်မတည့်ခြင်း – ဓတ်မတည့်တတ်တဲ့လူတွေမှာ ဓါတ်မတည့်ခြင်းကြောင့် ချောင်းဆိုးနိုင်ချေများပါတယ်။

ပတ်ဝန်းကျင်ဆိုင်ရာ-အချို့လုပ်ငန်းခွင်တွေလေထုထဲမှာပါတဲ့ပစ္စည်းတွေကြောင့် ရှူမိပြီးချောင်းဆိုးခြင်းကို ဖြစ်စစနိုင်ပါတယ်။ လူနေထူထပ်တဲ့နေရာတွေနဲ့ ချက်ပြုတ်ခြင်း၊ အနွေးလှုံခြင်းအတွက် ကျောက်မီးသွေးအသုံးပြုခြင်းကလည်း ချောင်းဆိုးနိုင်ချေများပါတယ်။

နာတာရှည်အဆုတ်ရောဂါ

ပန်းနာရင်ကျပ်ရောဂါ၊ လေပြွန်ပျက်စီးနေတဲ့လူနာ၊ နာတာရှည်လေပြွန်ပိတ်ဆို့ရောဂါ၊ နဲ့ အဆုတ်ကူးစက်ပိုးဝင်ဖူးခြင်းက ချောင်းဆိုးနိုင်ချေများစေပါတယ်။

အမျိုးသမ်ီးများ- အမျိုးသမီးတွေမှာ ချောင်းဆိုးနိုင်ချေပိုများပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Chronic Cough (နာတာရှည်ချောင်းဆိုးခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ရုပ်ပိုင်းဆိုင်ရာစမ်းသပ်စစ်ဆေးခြင်း

ဆရာဝန်ဆီမှာ ကိုယ်ပူချိန်အပါအဝင် အရေးကြီးတဲ့လက္ခဏာတွေကို တိုင်းတာပေးပါလိမ့်မယ်။ မနာကျင်စေတဲ့ကလစ်သေးလေးကို သင့်လက်ချောင်းကိုညှပ်ထားခြင်းဖြင့် အောက်ဆီဂျင်ပမာဏကို စစ်ဆေးပါလိမ့်မယ်။ သင့်လည်မျိုနောက်ပိုင်ကို စစ်ဆးပြီး လိုအပ်မယ်ဆိုရင် နားကိုပါစစ်ဆေးပါလိမ့်မယ်။ အဆုတ်နဲ့နှလုံးကို နားကြပ်နဲ့နားထောင်ပြီး ခြေထောက်နဲ့အရေပြားတွေကိုလည်း စစ်ဆေးပါလိမ့်မယ်။

စစ်ဆေးခြင်းများ

သင့်ဆရာဝန်က ထပ်ပြီးစစ်ဆေးခြင်းတွေ ပြုလုပ်ပါလိမ့်မယ်။

ရင်ဘတ်ဓါတ်မှန်ရိုက်ခြင်း- လျင်မြန်လွယ်ကူစွာ ရင်ဘတ်ပုံကိုရနိုင်ပါတယ်။

သွေးနမူနာ- ကူးစက်ပိုးကို တိုက်နေသလားဆိုတာ သိနိုင်ပါတယ်။

ရင်ဘတ်စီတီစကန်ရိုက်ခြင်း – ရင်ဘတ်ပုံကို ပိုအရည်အသွေးပြည့်မှီစွာ ရနိုင်ပါတယ်။

လည်ချောင်းကို ဂွမ်းလုံးဖြင့်သုတ်ခြင်း – ချည်လုံးကို အသုံးပြုလေ့ရှိပါတယ်။

ချွဲသလိပ်နမူနာ- ချောင်းနက်ကြီးဆိုးပြီးနောက် ယူပါတယ်။

အသက်ရှူတိုင်းကိရိယာ- အသက်ရှူထုတ်နိုင်တဲ့ပမာဏကို တိုင်းတာဖို့ ပလတ်စတစ်ကိရိယာထဲကို အသက်ကိုပြင်းပြင်းမြန်မြန်ရှူထုတ်ခိုင်းပါလိမ့်မယ်။

Methacholine challenge test – ချောင်းဆိုးခြင်းကြောင့်ဖြစ်တဲ့ပန်းနာရင်ကျပ်မှန်းသိနိုင်ရန် ပန်းနာရင်ကျပ်အသက်ရှူစစ်ဆေးခြင်းနည်းလမ်းဖြစ်ပါတယ်။

Chronic Cough (နာတာရှည်ချောင်းဆိုးခြင်း) ကို ဘယ်လိုကုသပါသလဲ

ACE inhibitor medicationဆေးသောက်နေမယ်ဆိုရင် သင့်ဆရာဝန်က ဘေးထွက်ဆိုးကျိုးချောင်းဆိုးခြင်းမရှိတဲ့ အခြားဆေးကို ပြောင်းပေးပါလိမ့်မယ်။

နာတာရှည်ချောင်းဆိုးခြင်းအတွက်ဆေးတွေကတော

  • Antihistamines, glucocorticoids and decongestantsဆေးတွေကို ဓါတ်မတည့်မှုတွေနဲ့ နှာခေါင်းနေက်ပိုင်းနှာရည်ယိုခြင်းတွေကို ကုသရာမှာ သုံးပါတယ်။
  • ပန်းနာရင်ကျပ်ရှူဆေးများ
  • glucocorticoids and bronchodilatorsတွေက အများဆုံးအသုံးပြုပြီး ရောင်ရမ်းခြင်းကိုသက်သာစေခြင်းဖြင့် လေပြွန်တွေကိုပွင့်စေပါတယ်။
  • ပဋိဇီဝဆေးများ-ချောင်းဆိုးခြင်းက ဘတ်တီးရီးယားကြောင့်ဖြစ်ရတယ်ဆိုရင် ပဋိဇီဝဆေးတွေကိုညွှန်းပါလိမ့်မယ်။
  • အက်ဆစ်ပိတ်ဆေးများ- လူနေမှုပုံစံပြောင်းခြင်းက အက်စစ်စားချဉ့်ပြန်ခြင်းကို မသက်သာစေဘူးဆိုရင် အက်စစ်ထုတ်တာကိုပိတ်ပေးတဲ့ဆေးတွေနဲ့ ကုသနိုင်ပါတယ်။ ပြဿနာကိုဖြေရှင်းရာမှာ အချို့လူနာတွေမှာ ခွဲစိတ်ကုသဖို့လိုပါတယ်။
  • ချောင်းဆိုးပျေက်ဆေးများ- ချောင်းဆိုးရခြင်းအကြောင်းရင်းကို မရှာနိုင်ဘဲ အအိပ်ပျက်ခြင်းကဲ့သို့ သင့်အတွက်ဆိုးဆိုးရွားရွားဖြစ်စေမယ်ဆျိုရင် ဆရာဝန်ကချောင်းဆိုးပျေက်ဆေးကို ညွှန်းပါလိမ့်မယ်။ ဆေးညွှန်းမပါဘဲဝယ်နိုင်တဲ့ဆေးတွေက အကျိုးသက်ရာက်မှုကောင်းတယ်လို့တော့ အထောက်အထားမရှိသေးပါဘူး။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက health condition ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် health condition ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

  • ဆေးလိပ်ဖြတ်ခြင်း
  • ဆေးလိပ်ဖြတ်ပြီးနောက်မှာ အအေးမိခြင်းကိုသက်သာစေပြီး နာတာရှည်ချောင်းဆိုးနိုင်ချေနည်းသွားပါတယ်။
  • အစားအစားပြောင်းလဲမှုများ
  • အစားအစားကို ပြောင်းလဲချိန်ညှိဖို့လိုမယ်ဆိုရင် ဆရာဝန်ကအကြံပေးတာမျိုး ဒါမှမဟုတ်အစားအစာအာဟာရပညာရှင်နဲ့ လွှဲပေးတာမျိုးလုပ်ပေးပါလိမ့်မယ်။
  • ကျန်းမာရေးအခြေအနေများ
  • လေပြွန်ရောင်ခြင်းကဲ့သို့သော ကူးစက်တတ်တဲ့ရောဂါတွေက ဝေးဝေးရှောင်ခြင်းမျိုး၊ ကူးစက်ပိုးတွေနဲ့ထိတွေ့ခြင်းကို ေရှောင်ခြင်းမျိုးလုပ်သင့်ပါတယ်။ သင့်ရဲ့လက်ကိုမကြာခဏဆေးပြီး ပဝါခေါင်းအုံးတွေကိုမျှဝေမသုံးစွဲသင့်ပါဘူး။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Hello Sayarwon မှ ရေးသားသည်။ · 18/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement