backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Cholesterol emboli (အဆီခဲ)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr.Nyan Linn မှ ရေးသားသည်။ · 13/09/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Cholesterol emboli (အဆီခဲ) ကဘာလဲ။

Cholesterol emboli ဆိုတာ အရေပြား သို့မဟုတ် အတွင်း ကလီစာများရဲ့ သွေးကြောများထဲတွင် စုပုံလာသော ကိုလက်စတီရော(အဆီ) များကိုခေါ်ပါတယ်။ ထိုသို့ဖြင့် သွေးစီးဆင်းမှု ပိတ်ဆို့ခြင်းများ ဖြစ်နိုင်ပြီး ထိုသွေးကြောထောက်ပံ့မှုကို ခံယူရသော ခန္ဓါကိုယ်အစိတ်အပိုင်းရဲ့ တစ်ရှူးများ သေခြင်း/ပုံမှန်အလုပ်မလုပ်နိုင်တော့ခြင်များ ကို ဖြစ်စေနိုင်ပါတယ်။ ထိုဖြစ်စဉ်ကို atheroembolism ဟုခေါ်ပါတယ်။

Cholesterol emboli (အဆီခဲ) က ဘယ်လောက်အဖြစ်များသလဲ

အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Cholesterol emboli (အဆီခဲ) ရဲ့လက္ခဏာတွေကဘာတွေလဲ

Cholesterol emboli ရဲ့ အဖြစ်အများဆုံးရောဂါလက အုပ်စု နှစ်စုမှာ-

(၁)အရေပြားလက္ခဏာဖြစ်သော livedo reticularis, ကျောက်ကပ်ထိခိုက်ခြင်း၊ နှင့် သွေးတွင်း သွေးဆဲလ် eosinophil များခြင်း

(၂) အရေပြားလက္ခဏာဖြစ်သော livedo reticularis ၊ ခြေထောက်နာကျင်ခြင်း နှင့် ခြေထောက်သွေးခုန်နှုန်းပုံမှန်ခြင်း

ဝေဒနာရှင် သုံးပုံတစ်ပုံမှာ အရေပြားဝေဒနာကို ခံစားကြရပါတယ်။ livedo reticularis, ပုတ်ခြင်း၊ ပြာခြင်း(အောက်ဆီဂျင်ပါသော သွေးထောက်ပံ့မှု နည်းသောကြောင့် ‘ခြေမ’ ပြာခြင်း)၊ အနာဖြစ်ခြင်း၊ နာကျင်သော အနီရောင် အလုံးများဖြစ်ခြင်း၊ ခရမ်းရောင် အကွက်များထခြင်း

ခန္ဓါကိုယ်ရဲ့ အခြားအစိတ်အပိုင်းများသို့ သွားသော သွေးကြောများပိတ်ပါက –

-ကျောက်ကပ် ပျက်စီးခြင်း(၂၅-၅၀%)

-မျက်လုံးသွေးကြော ပိတ်ခြင်း

-ပန်ကရိယ ရောင်ခြင်း

-အူ ပုပ်ခြင်း

-ဖျားနာခြင်း၊ ကြွက်သားများ နာကျင်ကိုက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း၊ ကိုယ်အလေးချိန် ကျခြင်း

-နှလုံးပုပ်ခြင်း(heart attack) နှင့် လေဖြတ်ခြင်းတို့ကို ဒီ syndrome မှာ အမြဲ မတွေ့ရပါဘူး။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

ယေဘူယျအသိပေးချက် – ယခုအပိုင်းရဲ့အစပိုင်းမှာထည့်သွင်းပါ

သင့်မှာ အောက်ဖော်ပြပါအချက်အလက်တွေထဲက တစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။

(တကယ်လို့ တခြားဘာအချက်အလက်မှမရှိဘူးဆိုရင် ဒီအောက်ကစာသားကို ထည့်သွင်းပါ)

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Cholesterol emboli (အဆီခဲ) ကိုဘာတွေကဖြစ်စေသလဲ

သွေးကြောထဲရှိ အဆီဖတ်လေးများ ပြိုကွဲထွက်ခြင်း မှ အစပြုပါတယ်။

ဒီဖြစ်စဉ်ဟာ အလိုအလျောက်ဖြစ်တတ်သော်လည်း အများအားဖြင့် ခွဲစိပ်နည်းများဖြစ်သော angiography, angioplasty, vascular surgery, intraaortic balloon pumps , cardiopulmonary resuscitation တို့ကြောင့် အဆီဖတ်လေးများ ပြိုကွဲထွက်ခြင်းဖြစ်ပါတယ်။ သွေးကြောခွဲစိပ်ခြင်း နည်းလမ်း ၁% ကြောင့် ဖြစ်တတ်ကြောင်း တွေ့ရပါတယ်။

ဝမ်းဗိုက်ပိုင်း ထိခိုက်မိခြင်း ကြောင့် ဖြစ်တာ ရှားပါတယ်။

သွေးခဲဖျော်ရန်သုံးသော ဆေးများ သို့မဟုတ် သွေးကြဲဆေးများ ဟာလည်း အဆီဖတ်လေးများ ပြိုကွဲထွက်ခြင်း ကိုဖြစ်စေနိုင်ပါတယ်။ သို့သော် ဖြစ်နိုင်ချေ တော့နည်းပါတယ်။ တိကျသော ဆက်စပ်မှုကိုတော့ မတွေ့သေးချေ။

ရောဂါလက္ခဏာများ ကို thrombolysis ကုသနည်းအပြီး ၂ နာရီအတွင်း တွင်သော်လည်းကောင်း ၊ anticoagulant therapy အပြီး ၂ လအတွင်းမှာ လည်းကောင်း တွေ့ရပါတယ်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Cholesterol emboli (အဆီခဲ) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

cholesterol emboli ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

-သွေးတွင်းအဆီများ၍ သွေးကြောကျဉ်းခြင်း

-နှလုံး သို့မဟုတ် အခြားသောသွေးကြောများ ကျဉ်းခြင်း

-ဆီးချို၊ သွေးတိုးရောဂါ ရှိခြင်း

-ဆေးလိပ်သောက်ခြင်း

-အဝလွန်ခြင်း

-အသက်အရွယ်ကြီးခြင်း

-သွေးတွင်း အဆီများခြင်း

အထက်ပါဖြစ်ပွားနိုင်ချေများ မရှိခြင်းကြောင့် သင့်မှာ့cholesterol emboli မဖြစ်ဘူးလို့ ပြောလို့မရနိုင်ပါဘူး။ ဒီအချက်လက်များဟာ မှီငြမ်းကြည့်ရှုဖို့အတွက်ပဲဖြစ်ပါတယ်။ အသေးစိတ်သိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးဖို့ လိုအပ်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Cholesterol emboli (အဆီခဲ) ကို ဘယ်လိုအတည်ပြုပါသလဲ

နဂို သွေးတွင်းအဆီများ၍ သွေးကြောကျဉ်းခြင်းရောဂါ ရှိသောသူတွင် အရေပြားပြောင်းလဲမှုများ၊ ကျောက်ကပ် အားနည်းခြင်း၊ ဗိုက်နာခြင်း၊ ဝမ်းလျှောခြင်း၊ စသည်တို့တွေ့ရပါက cholesterol emboli ကိုသံသယရှိရပါမယ်။

တိကျသော အတည်ပြုမှုရရန် အရေပြားမှ သို့မဟုတ် အခြားအစိတ်အပိုင်းများမှ အသား အစနမူနာယူခြင်း ကိုပြုလုပ်နိုင်ပါတယ်။ ထိုသို့ဖြင့် သွေးခဲလေးများနဲ့အတူ အဆီခဲများကို တွေ့နိုင်ပါတယ်။ အဆီခဲများ ပွတ်တိုက်မှုကြောင့် သွေးကြောနံရံတွင် အက်ကြောင်းလေးများကို ကြည့်ခြင်းဖြင့် လည်းသိနိုင်ပါတယ်။

ရောဂါဖြစ်သူ ၈၀% တွင် သွေးတွင်း သွေးဆဲလ် eosinophil များနေသည်ကို တွေ့နိုင်ပါတယ်။ ထို့ပြင်

-သွေးဖြူဥ/သွေးမွှား များနေခြင်း

-ဆီးနှင့် ဝမ်းကို microscope ဖြင့် ကြည့်ပါက သွေးစတွေ့ခြင်း

-သွေးနီဥ အနည်ထိုင်သော အချိန်ကြာခြင်း(ESR)

-ကျောက်ကပ် စွမ်းဆောက်ရည် tests များ ပုံမမှန်ခြင်း

-သွေးတွင်း amylase များခြင်း

-serum complement နည်းခြင်း

Cholesterol emboli (အဆီခဲ) ကို ဘယ်လိုကုသပါသလဲ

ထို cholesterol emboli ရှိလျှင်ရှိချင်း နောက်ထပ် မဖြစ်အောင် ကာကွယ်ရန် မငြိမ်သော အဆီဖတ်များကို သွေးကြောများထဲမှ ဖယ်ခြင်း ကိုပြုလုပ်နိုင်ပါတယ်။ ခန္ဓါကိုယ်၏ အစိတ်အပိုင်းများ ပျက်စီးမှုနည်းရန် statins,iloprost,pentoxifylline,steroids များသုံးလေ့ရှိသော်လည်း သိပ်တော့ မအောင်မြင်ပေ။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက cholesterol emboli ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် cholesterol emboli ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

အကောင်းဆုံးကတော့ သွေးတွင်းအဆီများ၍ သွေးကြောကျဉ်းခြင်း ကိုကာကွယ်ခြင်းပဲ ဖြစ်ပါတယ်။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr.Nyan Linn မှ ရေးသားသည်။ · 13/09/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement