Chemical Pneumonia (ဓါတုသင့်အဆုတ်ရောင်ရောဂါ) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

အဓိပ္ပါယ်ဖွင့်ဆိုချက်

Chemical Pneumonia (ဓါတုသင့်အဆုတ်ရောင်ရောဂါ) ကဘာလဲ။

ဓါတုသင့်အဆုတ်ရောင်ရောဂါဆိုတာထူးခြားတဲ့အဆုတ်ရောင်ရမ်းမှုအမျိုးအစားတခုဖြစ်ပါတယ်

Chemical Pneumonia (ဓါတုသင့်အဆုတ်ရောင်ရောဂါ) က ဘယ်လောက်အဖြစ်များသလဲ

အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Chemical Pneumonia (ဓါတုသင့်အဆုတ်ရောင်ရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ

ဓါတုသင့်အဆေုတ်ရောင်ရောဂါရဲ့ရောဂါလက္ခဏာတွေကတော့အမျိုးမျိုးပြောင်းလဲနိုငိပြီးအချက်အလက်များစွာကရောဂါပြင်းထန်မှုကိုအဆုံးအဖြတ်ပေးနိုင်ပါတယ် ဥပမာအားဖြင့်အများသုံးရေကူးကန်အကြီးစားတခုထဲမှာကလိုရင်းဓါတ်ကိုထိတွေ့မိတဲ့သူတယောက်ဟာချောင်းဆိုးခြင်းနဲ့မျက်စိစပ်ခြင်းတွေကိုပဲခံစားရမှာဖြစ်ပါတယ် အခန်းငယ်လေးတခုအတွင်းမှာကလိုရင်းဓါတ်အများအပြားနဲ့ထိတွေ့မိသူကတော့အဆုတ်ပျက်စီးပြီးသေဆုံးနိုင်ပါတယ်

ရောဂါလက္ခဏာတွေရဲ့ပြင်းထန်မှုကိုဆုံးဖြတ်ပေးနိုင်တဲ့အချက်တွေကတော့အောက်ပါအတိုင်းဖြစ်ပါတယ်

-ဓါတုပစ္စည်းအမျိုးအစားနှင့်ပြင်းအား

-ပတ်ဝန်းကျင်နှင့်ထိတွေ့မှု-အိမ်တွင်းအိမ်ပြင်အပူအအေး

-ထိတွေ့သည့်အချိန်အတိုင်းအတာ-စက္ကန့်.၊မိနစ်၊နာရီ

-ဓါတုပစ္စည်းပုံစံ-ဓါတ်ငွေ့၊ရေနွေးငွေ့၊အရည်၊အခဲ၊

ဓါတုပစ္စည်းထိတွေ့မှုကိုရှောင်ရှားနိုင်ရန်အသုံးပြုသည့်အကာအကွယ်နည်းလမ်းများ

-လူနာရဲ့လက်ရှိကျန်းမာရေးအခြေအနေ

-လူနာ၏အသက်

ဓါတုသင့်အဆုတ်ရောင်မှာအောက်ပါရောဂါလက္ခဏာများရှိုနိုင်ပါတယ်

နှာခေါင်းမျက်လုံးနှုတ်ခမ်းပါးစပ်နှင့်လည်ချောင်းများပူစပ်ခြင်း

ချောင်းခြောက်ဆိုးခြင်း

အကြည်ရောင်အဝါရောင်သို့မဟုတ်အစိမ်းရောင်သလိပ်များထွက်သောချောင်း

သားရည်ထဲတွင်သွေးသို့မဟုတ်ပန်းရောင်သန်းသောအရာများထွက်သည့်ချောင်း

ပျို့အန်ချင်စိတ်ဖြစ်ခြင်းသို့မဟုတ်ဗိုက်အောင့်ခြင်း

ရင်ဘတ်အောင့်ခြင်း

အသက်ရှူရခက်ခြင်း

အသက်ရှူရာတွင်အောင့်ခြင်းသို့မဟုတ်အဆုတ်အမြှေးပါးရောင်ရမ်းခြင်း

ခေါင်းကိုက်ခြင်း

တုပ်ကွေးလက္ခဏာများ

အားနည်းခြင်းသို့မဟုတ်ကိုယ်လက်မအိမသာဖြစ်ခြင်း

သတိမကောင်းခြင်းကယောင်ချောက်ခြားဖြစ်ခြင်း

နှုတ်ခမ်းနှုင့်အသားအရေဖြူဖျော့ခြင်းသို့မဟုတ်ပြာလာခြင်း

ချွေးအလွန်အကျွံထွက်ခြင်း

အတွေးအခေါ်နှင့်ကျိုးကြောင်းဆင်ခြင်နိုင်မှုပြောင်းလဲသွားခြင်း

သတိလစ်ခြင်း

မျက်လုံးနှင့်လျှာဖောင်းလာခြင်း

အသံဝင်သွာ့းခြင်း

ကိုယ်ပေါ်ရှိအခြားနေရာများတွင်ဓါတုပစ္ခည်းအနံ့ရခြင်း

ချောင်းဆိုးရာမှတတွေးအမြုပ်ထခြင်း

အဖျားရှိခြင်း

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့် ဆီမှာအထက်ဖော်ပြပါ ရောဂါက္ခဏာတွေထဲကတစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာမတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကိုသင့်ဆရာဝန်နဲ့ တိုင်ပင်တာကအကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Chemical Pneumonia (ဓါတုသင့်အဆုတ်ရောင်ရောဂါ) ကိုဘာတွေကဖြစ်စေသလဲ

အဆုတ်ရောင်ရောဂါဟာများသောအားဖြင့်ဘက်တီးရီးယားပိုးနဲ့ဗိုင်းရပ်ပိုးကြောင့်ဖြစ်လေ့ရှိပါတယ်ဓါတုအဆုတ်ရောင်ရောဂါမှာအဆုတ်တစ်ရှူးတွေကအဆိပ်နဲံ့အဆိပ်သင့်နိုင်တဲ့သင့်နိုင်တဲ့ပစ္စည်းတွေကြောင့်ရောင်ရမ်းမှုဖြစ်ပေါ်ခြင်းပါ

အရည်ဓါတ်ငွေ့နဲ့ဖုံနဲ့အခိုးအငွေ့လို့ခေါ်တဲ့အသေးအမွှားပစ္စည်းလေးတွေအပါအဝင်ပစ္စည်းအများအပြားကဓါတုအဆုတ်ရောင်ရောဂါကိုဖြစ်ပေါ်စေပါတယ်အချို့ဓါတုပစ္စည်းတွေကအဆုတ်တခုတည်းကိုထိခိုက်စေပေမဲ့အချို့ကတော့အဆုတ်အပြင်အခြားအင်္ဂါများကိုပါထိခိုက်စေပြီးပြင်းထန်တဲ့အင်္ဂါပျက်စ်ီးမှုသို့မဟုတ်သေဆုံးတဲ့အထိဖြစ်နိုင်ပါတယ်

ရှူသွင်းခြင်းအဆုတ်ရောင်ရောဂါဆိုတာဓါတုအဆုတ်ရောင်ရောဂါရဲ့နောက်ထပ်ပုံစံတမျိုးဖြစ်ပါတယ်ခံတွင်းကထွက်လာတဲ့အရည်တွေနဲ့အစာအိမ်အတွင်းကအစာတွေကိုအဆုတ်ထဲကိုရှူသွင်းမိခြင်းဖြစ်ပါတယ် အစာအိမ်အက်ဆစ်နဲ့အန်ဇိုင်းတွေရဲ့အဆိပ်ဓါတ်တွေကအဆုတ်တစ်ရှူတွေကိုရောင်ရမ်းစေတာပါအစာအိမ်နဲ့ပါးစပ်အတွင်းကဘက်တီးရီးယားတွေကလဲဘက်တီးရီးယားအဆုတ်ရောင်ရောဂါကိုဖြစ်စေနိင်ပါတယ်

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Chemical Pneumonia (ဓါတုသင့်အဆုတ်ရောင်ရောဂါ) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

အသေးစိတ်သိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးဖို့ လိုအပ်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Chemical Pneumonia (ဓါတုသင့်အဆုတ်ရောင်ရောဂါ) ကို ဘယ်လိုအတည်ပြုပါသလဲ

ရောဂါအဖြေရှာခြင်းနဲ့ကုသမှုတွေကရောဂါလက္ခဏာတွေပေါ်မူတည်ပါတယ်ရောဂါလက္ခဏာတွေကများသောအားဖြင့်မပြင်းထန်ပဲဓါတုပစ္စည်းကိုကောင်းစွာသိရှိရင်ဆေးကုသမှုအပိုင်းကမြန်ဆန်ပြီးထိရောက်မှုရှီပါတယ်

တခါတရံမှာတော့အသက်ကယ်ဆယ်ရေးလုပ်ငန်းစဉ်တွေဖြစ်တဲ့အသက်၇ှူကိရိယာအဆင့်မြင့်အရေးပေါ်နှလုံးအသက်ကယ်ဆယ်မှုသို့မဟုတ်အဆင့်မြင့်တဲ့ဆေးကုသမှုတွေလိုအပ်တဲ့ပြင်းထန်တဲ့ရာဂါလက္ခဏာတွေလဲဖြစ်တတ်ပါတယ်အများအားဖြင့်ဆရာဝန်ကဒေသတွင်းအဆိပ်ကျွမ်းကျင်သူပညာရှင်ဆီကအကြံဉာဏ်ယူရတတ်ပါတယ်

ဆေးရုံဝန်ထမ်းတွေကိုယ်တိုင်အဆိပ်နဲ့ထိတွေ့မှုမရှိစေရန်ဆရာဝန်ကသေချာအောင်လုပ်ဆောင်၇ပါတယ်

နောက်ထပ်အရေးကြီးတာတခုကဓါတုပစ္စည်းကိုသိရှိနိုင်ရန်နဲ့အဆိုပါပစ္စည်းရဲ့အဆုတ်နဲ့အခြားနေရာတွေကိုသက်ရောက်နိင်မှုကိုစဉ်းစားရပါတယ်

အဆိပ်သင့်မှုအချိန်ကာလ၊ထိတွေ့မှုရှီတဲ့နေရာနဲ့ဓါတုပစ္စည်းပမာဏ၊အခြားရောဂါများနဲ့လက္ခဏာများပါသိအောင်စေ့စပ်သေချာအောင်မေးမြန်း၇ပါတယ်အရေးကြီးတဲ့လက္ခဏာတွေဖြစ်တဲ့နှလုံးခုန်နှုန်းသွေးပေါင်ချိန်အသက်ရှူနှုန်းကိုယ်အပူချိန်နဲ့သွေးထဲမှာရှိတဲ့အောက်ဆီဂျင်ပမာဏကိုသေချာစွာစစ်ဆေးရတဲ့အပြင်မျက်လုံးနှာခေါင်းလည်ချောင်းအရေပြားနှလုံးအဆုတ်နဲ့ဝမ်းဗိုက်ကိုပါသေချာအောင်စစ်ဆေး၇ပါတယ်ကိုသေချာစွာစစ်ဆေးရတဲ့အပြင်မျက်လုံးနှာခေါင်းလည်ချောင်းအရေပြားနှလုံးအဆုတ်နဲ့ဝမ်းဗိုက်ကိုပါသေချာအောင်စစ်ဆေး၇ပါတယ်

ဒီအချက်တွေကိုလုပ်ဆောင်ပြီးတာနဲ့နောက်ထပ်အတည်ပြုစစ်ဆေးမှုတွေကဒဏ်ရာ၇သူရဲ့အခြေအနေထိတွေ့မှုရှိတဲ့ဓါတုပစ္စည်းအမျိုးအစားနဲ့အခြားအချက်တွေပေါ်မူတည်ပြှီးပြောင်းလဲနိုင်ပါတယ်

Chemical Pneumonia (ဓါတုသင့်အဆုတ်ရောင်ရောဂါ) ကို ဘယ်လိုကုသပါသလဲ

ကုသမှုအမျိုးမျိုးရှိပြိးအောက်ပါတို့ပါဝင်ပါတယ်

အကြောဆေးသွင်းခြင်း

အောက်ဆီဂျင်ကိုပိုက်သို့မဟုတ်မျက်နှာဖုံးဖြင့်ပေးခြင်း

အသက်ရှူပြျွန်များပွင့်စေရန်ဆေးဖြင့်အသက်ရှူသွင်းခြင်း

စတီးရွိုက်ဆေးများကိုပါးစပ်မှသို့မဟုတ်သွေးကြောမှသွင်းခြင်း

စတီးရိုက်မဟုတ်သောအရောင်ကျဆေးများကိုပါးစပ်မှသောက်ခြင်း

အကိုက်အခဲပျောက်ဆေးကိုသွေးကြောမှသွင်းခြင်းသို့မဟုတ်ပါးစပ်မှသောက်ခြင်း

အသက်ရှူကိရိယာ

ကြိုတင်ကာကွယ်နိုင်သောပိုးသတ်ဆေး(တခါတရံ)

သင်ကဓါတုပစ္စည်းတမျိုးကိုမတော်တဆရှူသွင်းမိပါကဆေးကုသမှုအကြံညဏ်ကိုလိုချင်ကောင်းလိုချင်ပါလိမ့်မယ်ဒေသတွင်းအဆိပ်ထိန်းချုပ်ရေးဌာနကိုဖုံးဆက်ပြီးအကူအညီ၇ယူနိုင်ပါတယ်သင့်ရဲ့ရောဂါလက္ခဏာကပြင်းထန်ပါကဆေးရုံမှာကုသမှုကိုအမြန်ဆုံးလိုချင်လာမှာပါ

အိမ်တွင်းကုသမှုကလဲဆေးကုသမှုတခုလုံးရဲ့အရေးအပါဆုံးအချက်ဖြစ်နိုင်ပါတယ်

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းကဓါတုသင့်အဆုတ်ရောင်ရောဂါကိုကုသရာမှာဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများကသင့်အနေဖြင့်ဓါတုသင့်အဆုတ်ရောင်ရောဂါကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာအကူအညီပေးနိုင်ပါတယ်။

အန္တရာယ်ဖြစ်စေသည့်ဓါတုပစ္စည်းသို့မဟုတ်ထိတွေ့မှုရှိနေသည့်နေရာမှလျင်မြန်စွာထွက်ခွာပါ။ ဖြစ်နိုင်ရင်အလားတူဓါတုပစ္စည်းကိုအခြားသူများကိုပါထိတွေ့မှုမရှိအောင်လုပ်ဆောင်ပါ။ ဘေးကင်းရာသိူု့ရောက်သည်နှငိ့်ဓါတုပစ္စည်းထိတွေ့မှုများရှိခဲ့ပါကပိုမိုကင်းရှင်းစေရန်အကျှၤများချွတ်ခြင်းရေချိုးခြင်းကဲ့သို့နောက်ထပ်လုပ်ဆောင်၇မည့်အရာများကိုစဉ်းစားပါ

နောက်ထပ်ဖြစ်ပေါ်လာနိုင်သောပြသနာများကိုရှောင်၇ှာနိုငိစေရန်သက်ဆိုင်ရာတာဝန်ရှိသူများကိုအကြောင်းကြားပါ

ဓါတုပစ္စည်းကိုအတည်ပြုပြီးသီးသန့်ထားပါ

ဆေးပညာဆိုင်ရာအတည်ပြုချက်များတွင်ဒေသတွင်းရဲ၊မီးသတ်ဌာန၊အရေးပေါ်ကျန်းမာရေးဝန်ဆောင်မှုနဲ့အန္တရာယ်ရှိသောပစ္စည်းထိန်းသိမ်းရေးဌာနတို့ပါဝင်ပါတယ်

အကယ်၍သင့်မှာမေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ မတ် 12, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း မတ် 13, 2018

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။