backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Chemical burns (ဓါတုပစ္စည်းများကြောင့် အရေပြားလောင်ခြင်း)


Phyo Wai Yan မှ ရေးသားသည်။ · 12/09/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Chemical burns (ဓါတုပစ္စည်းများကြောင့် အရေပြားလောင်ခြင်း) ကဘာလဲ။

ဓါတုပစ္စည်းများကြောင့် အရေပြားလောင်ခြင်းဆိုတာ အက်စစ် ဒါမှမဟုတ် ဘေ့စ်တို့က အရေပြားစားသွားခြင်းကို ခေါ်တာပါ။ ဘေ့စ်တွေကို အယ်ကာလိုင်းဟု ခေါ်ဝေါ်သမုတ်ကြပါတယ်။ ဓါတုပစ္စည်းများကြောင့် အရေပြားလောင်ခြင်းကို ကော့စတစ်ဘန်းလို့လည်း သိနိုင်ပါတယ်။ ထိုအရာတွေက သင့်အရေပြားပေါ် ဒါမှမဟုတ် ကိုယ်ခန္ဓါအတွင်းမှာ ဓါတ်ပြုမှုတွေ ဖြစ်ကြပါတယ်။ ယင်းဓါတုပစ္စည်းတွေကို မျိုချမိမယ်ဆိုရင် အတွင်းကလီစာတွေကို ထိခိုက်နိုင်ပါတယ်။

တကယ်လို့ မျိုချလိုက်မိမယ်ဆိုရင်လည်း ဆေးရုံ၊ဆေးခန်းတို့ကို အမြန်ဆုံးသွားရောက်ကုသမှု ခံယူပေးပါ။

Chemical burns (ဓါတုပစ္စည်းများကြောင့် အရေပြားလောင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

အသက်အရွယ်မရွေးတော်တော့်ကို အဖြစ်များပါတယ်။ ယောက်ျားတွေထက် မိန်းမတွေမှာ ပိုတွေ့ရတတ်ပြီး အန္တရယ်ရှိအချက်များကို ရှောင်ကျဉ်ကာ ရင်ဆိုင်နိုင်ပါတယ်။ နောက်ထပ်သိရှိလိုသည်များအတွက် ဆရာဝန်ဖြင့်ဆွေးနွေးတိုင်ပင်ပေးပါ။

လက္ခဏာများ

Chemical burns (ဓါတုပစ္စည်းများကြောင့် အရေပြားလောင်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

အတွေ့များတဲ့ ရောဂါလက္ခဏာတွေကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်။

ရောဂါလက္ခါတွေဟာ ဖြစ်ပေါ်ပုံမှာ မူတည်ပြီး ကွဲပြားသွားနိုင်ပါတယ်။ အရေပြားပေါ်မှာ ဖြစ်တာနဲ့ မျိုချမိလို့ဖြစ်တာ တူမှာမဟုတ်ပါဘူး။ ဓါတုပစ္စည်းများကြောင့် အရေပြားလောင်ခြင်း၏ လက္ခဏာတွေဟာ အောက်ပါအချက်အလက်များအပေါ်မှာမူတည်နေပါတယ်။

  • ဓါတုပစ္စည်းနှင့် ထိတွေ့သည့်ကြာချိန်
  • ရှုမိတာလား ဒါမှမဟုတ် ထိမိတာလား
  • ထိတဲ့အချိန်မှာ အရေပြားပေါက်ပြဲနေသလား ဒါမှဟုတ် အကောင်းတိုင်းပဲလား
  • ထိတဲ့နေရာ
  • ဓါတုပစ္စည်း၏ ပမာဏနဲ့ ပြင်းအား
  • အရည် ဖြစ်သလား၊ အခဲဖြစ်သလား၊ အငွေ့ဖြစ်သလား

ဥပမာပြောရမယ်ဆိုပါက အယ်ကာလိုင်းဓါတုပစ္စည်းကို မျိုချလိုက်မယ်ဆိုရင် အရေပြားလောင်မှာမဟုတ်ပဲ အစာအိမ်လောင်မှာဖြစ်ပါတယ်။

ယေဘုယျအားဖြင့် ဓါတုပစ္စည်းများကြောင့် အရေပြားလောင်ခြင်းပတ်သတ်ပြီး အဖြစ်များတဲ့ လက္ခဏာတွေကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်။

  • အရေပြားဆဲအသေတွေကြောင့် မဲသွားခြင်း ဒါမှမဟုတ် နီမြန်းခြင်းနဲ့ ပူလောင်ခြင်းတို့ ခံစားရနိုင်ပါတယ်။ မဲသွားတာကတော့ ဓါတုပစ္စည်းကြောင့်ဖြစ်တာများပါတယ်။
  • ဓါတုပစ္စည်းနဲ့ ထိမိတဲ့နေရာမှာ ထုံကျင်တာတွေနဲ့ နာကျင်တာတွေခံစားရနိုင်ပါတယ်။
  • မျက်လုံးနဲ့ ထိမိရင် အမြင်အားရုံချို့ယွင်းခြင်း သာမက မျက်လုံးကန်းတဲ့အထိ ဖြစ်သွားနိုင်ပါတယ်။

ဓါတုပစ္စည်းတွေကို မျိုချမိမယ်ဆိုရင် အောက်ပါတို့ဖြစ်လာနိုင်ပါတယ်။

  • နှလုံခုန်မမှန်တော့ခြင်း
  • ခေါင်းကိုက်ခြင်း
  • သွေးပေါင်ကျခြင်း
  • နှလုံးရပ်ခြင်း ဒါမှမဟုတ် နှလုံးသွေးကြောကျဉ်းခြင်း
  • အသက်ရှုရခက်ခြင်း
  • ချောင်းဆိုးခြင်း
  • တက်ခြင်း
  • မူးဝေခြင်း
  • ကြွက်တက်ခြင်း

အထက်တွင် မဖော်ပြထားသော လက္ခဏာများလည်းရှိပါသေးတယ်။ ရောဂါလက္ခဏာတွေနဲ့ ပတ်သက်ပြီးမေးစရာတွေ ရှိလာမယ်ဆိုရင် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အထက်တွင် ဖော်ပြထားသော လက္ခဏာတွေရှိမယ်ဆိုရင် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။ လူတစ်ယောက်နဲ့တစ်ယောက်ဟာ ခန္ဓါကိုယ်တုံ့ပြန်ပုံချင်း မတူကြပါဘူး။ သင့်အခြေအနေအတွက် ဘာကအသင့်တော်ဆုံးလည်းဆိုတာ ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ခြင်းက အကောင်းဆုံးပါ။

အကြောင်းရင်းများ

Chemical burns (ဓါတုပစ္စည်းများကြောင့် အရေပြားလောင်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

အများစုကတော့ အက်စစ်နဲ့ ဘေ့စ်တို့ကြောင့် ဖြစ်ရတာပါ။ ကျောင်း၊ အလုပ်နဲ့ ဓါတုပစ္စည်းထိတွေ့ကိုင်တွယ်လေ့ရှိတဲ့ နေရာတွေမှာ ဖြစ်တတ်ပါတယ်။ လောင်စေတဲ့ လူသိများသော ဓါတုပစ္စည်းတွေကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်။

  • ကားဘက်ထရီအက်စစ်
  • အစွန်းချွတ်ဆေး
  • အမိုနီးယား
  • သွားတုသန့်စင်ဆေး
  • သွားဖြူစေသော ဒြပ်ပေါင်းများ
  • ရေကူးကန်ရှိ ကလိုရင်းဓါတ်များ

ဖြစ်နိုင်ခြေများ

Chemical burns (ဓါတုပစ္စည်းများကြောင့် အရေပြားလောင်ခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

အန္တရယ်ဖြစ်စေစေသော အရာပေါင်းများစွာရှိပါတယ်။ အောက်ပါတို့မှာ အချို့အရာတွေဖြစ်ပါတယ်။

အန္တရယ်အမြင့်မားဆုံးမှာရှိနေတဲ့လူတွေကတော့ ကလေးများ၊ အသက်ကြီးသူများနဲ့ မလှုပ်ရှားနိုင်သူတွေပဲဖြစ်ပါတယ်။ ထိုသူများဟာ ဓါတုပစ္စည်းတွေကို မှန်မှန်ကန်ကန်မကိုင်တတ်ကြပါဘူး။ ဓါတုပစ္စည်းတွေကို ကျွမ်းကျင်သူတို့ရဲ့ အကူအညီမပါဘဲကိုင်တွယ်မယ်၊ လှုပ်ရှားမှုတွေမှာ ချို့ယွင်းချက်ရှိနေမယ်ဆိုရင်လည်း အန္တရယ်များနိုင်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Chemical burns (ဓါတုပစ္စည်းများကြောင့် အရေပြားလောင်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

အချက်အလက်ပေါင်းများစွာပေါ်မှာမူတည်ပြီး စစ်ဆေးမှုတွေပြုလုပ်ပါလိမ့်မယ်။ အောက်ပါတို့ပါဝင်နိုင်ပါတယ်။

  • လောင်သွားတဲ့နေရာရှိ နာကျင်မှုအနိမ့်အမြင့်
  • ထိခိုက်ဒဏ်ရာရမှု ပမာဏ
  • ဒဏ်ရာ၏အနက်
  • ပိုးဝင်နိုင်ခြေရှိခြင်း၏ လက္ခဏာများ
  • ဖူးရောင်ခြင်း၏ ပမာဏ
  • Chemical burns (ဓါတုပစ္စည်းများကြောင့် အရေပြားလောင်ခြင်း) ကို ဘယ်လိုကုသပါသလဲ

    ဖြစ်နိုင်မယ်ဆိုရင် ရှေးဦးသူနာပြုနည်းဖြင့် တတ်နိုင်သမျှမြန်မြန် ကုသပေးသင့်ပါတယ်။ ယင်းရှေးဦးသူနာပြုနည်းလမ်းမှာတော့ လောင်စေတဲ့ ဓါတုပစ္စည်းတွေ ဖယ်ရှားပြစ်ခြင်းနှင့် ရေဖြင့် ၁၀မိနစ်ကနေ မိနစ်၂၀ခန့်ဆေးပေးခြင်းတို့ပါဝင်ပါတယ်။ မျက်လုံးထဲဝင်သွားပြီဆိုရင် ဆေးရုံး၊ဆေးခန်းတို့မသွားခင်မှာ ရေဖြင့် အနည်းဆုံးမိနစ်၂၀ခန့် ဆက်တိုက်ဆေးပေးရပါမယ်။

    ဓါတုပစ္စည်းထိမိတဲ့ အဝတ်တွေ၊ လက်ဝတ်ရတနာတွေကို ချွတ်ပစ်ပါ။ ဖြစ်နိုင်မယ်ဆိုရင် လောင်သွားတဲ့နေရာကို ပိုးသတ်ထားတဲ့ ပတ်တီး ဒါမှမဟုတ် အဝတ်သန့်သန့်ဖြင့် ဖွဖွလေးစည်းပေးထားပါ။ အပေါ်ယံလောင်တာဆိုရင် အက်စပင်လိုမျိုး ဆေးဆိုင်တွေမှာ ဆရာဝန်ညွှန်ကြားချက်မပါဘဲ အလွယ်တကူ ဝယ်ယူရရှိနိုင်မယ့် ဆေးတွေနဲ့ အနာသက်သာနိုင်ပါတယ်။ လောင်တာက အရမ်းပြင်းထန်နေတယ်ဆိုရင် အရေးပေါ်ဌာနကို ချက်ချင်းသွားပြသင့်ပါတယ်။

    အောက်ပါတို့ဖြစ်နေပါက ဆေးရုံကိုချက်ချင်းသွားသင့်ပါတယ်။

    • လောင်တဲ့ဒဏ်ရာက အလျားကောအနံပါ ၃လက်မထက်ကြီးနေခြင်း
    • မျက်နှာ၊ လက်၊ ခြေဖဝါး၊ ပေါင်ခြံနဲ့ တင်ပါးတို့တွင် လောင်ခြင်း
    • ဒူးဆစ်လိုမျိုး အဓိကအဆစ်များတွင် လောင်ခြင်း
    • ဆေးဆိုင်များတွင် အလွယ်တကူရရှိနေတဲ့ဆေးများဖြင့် အနာမသက်သာတော့ခြင်း
    • အသက်ရှုမဝခြင်း၊ မူးဝေခြင်းနဲ့ သွေးပေါင်ကျခြင်းလိုမျိုး ရှော့ခ်လက္ခဏာများ ခံစားရခြင်း

    အခြေအနေရဲ့ ဆိုးရွားမှုအပေါ်မူတည်ပြီး ဆရာဝန်က အောက်ပါနည်းလမ်းများကို အသုံးပြုပါလိမ့်မယ်။

    • ပိုးသတ်ဆေးများအသုံးပြုခြင်း
    • အယားပျောက်ဆေးများ အသုံးပြုခြင်း
    • သေဆုံးပြီး ညစ်ပတ်ပျက်စီးသွားသော တစ်ရှုးများကို ဖယ်ရှားရှင်းလင်းခြင်း (Debridement)
    • ခန္ဓါကိုယ်အခြားတစ်နေရာမှ အရေပြားကို လောင်သွားတဲ့အရေပြားနေရာမှာ အစားထိုးခြင်း (Skin Grafting)
    • သွေးကြောအတွင်းမှ လိုအပ်တဲ့အရည်များသွင်းခြင်း

    ပြင်းထန်သော အရေပြားလောင်ခြင်းများအတွက်

    အရမ်းပြင်းထန်မယ်ဆိုရင် ပြန်လည်ထူထောင်မှုကုသနည်းတွေလိုအပ်ပါလိမ့်မယ်။ ပြန်လည်ထူထောင်ခြင်းမှာ အောက်ပါနည်းလမ်းများပါဝင်ပါတယ်။

    • အရေပြားအစားထိုးခြင်း
    • အနာသက်သာစေခြင်း
    • အလှအပဆိုင်ရာ ပြုပြင်ခွဲစိတ်ခြင်း
    • နေ့စဉ်လုပ်ငန်းဆောင်တာများ ပြန်လည်ပြုလုပ်နိုင်စေရန် ကုသနည်း (Occupational Therapy)
    • ကျွမ်းကျင်သူတို့နှင့် ဆွေးနွေးတိုင်ပင်ခြင်း
    • လူနာကို ပညာပေးခြင်း

    လူနေမှုဘဝပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းဆေးနည်းများ

    ဓါတုပစ္စည်းများကြောင့် အရေပြားလောင်ခြင်းကို ရင်ဆိုင်နိုင်ဖို့ လူနေမှုဘဝပုံစံပြောင်းလဲခြင်းနှင့်အိမ်တွင်းဆေးနည်းတွေက ဘာတွေလဲ။

    ဓါတုပစ္စည်းများကြောင့် အရေပြားလောင်ခြင်းကို ရင်ဆိုင်နိုင်စေဖို့ လူနေမှုဘဝပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းဆေးနည်းတွေက အောက်ပါအတိုင်းပဲဖြစ်ပါတယ်။

    ထိုအခြေအနေကို ဓါတုပစ္စည်းများအား ဂရုစိုက်ကိုင်တွယ်ခြင်းဖြင့်လည်းကောင်း၊ အောက်ပါသတိပြုရန်အချက်များကို လိုက်နာခြင်းဖြင့်လည်းကောင်း ကာကွယ်နိုင်ပါတယ်။

    • ဓါတုပစ္စည်းများကို ကလေးများနှင့်ဝေးဝေးမှာထားပါ။
    • အသုံးပြုပြီးနောက် လုံလုံခြုံခြုံ၊ မှန်မှန်ကန်ကန် ထိန်းသိမ်းပါ။
    • လေဝင်လေထွက်ကောင်းတဲ့နေရာတွေမှာ ဓါတုပစ္စည်းတွေကို အသုံးပြုပါ။
    • ဓါတုပစ္စည်းများကို သတိပေးချက်များပါသော မူလဘူး၊ပုလင်း၊ဖာတို့တွင်သာ ထားပါ။
    • ဓါတုပစ္စည်းများ အသုံးပြုခြင်းကို ရှောင်ကျဉ်ပါ။
    • ဓါတုပစ္စည်းများ တစ်ခုနှင့်တစ်ခု မရောပါစေနှင့်။
    • သေချာကာကွယ်ထားသော ထည့်စရာများဖြင့်သာ ဓါတုပစ္စည်းများကို ဝယ်ယူပါ။
    • အစားအသောက်တို့နှင့် ဝေးရာတွင်ထားပါ။
    • ဓါတုပစ္စည်းများအသုံးပြုချိန်တွင် အကာအကွယ်ကိရိယာတန်ဆာပလာနဲ့ အဝတ်အထည်တို့ကို အသုံးပြုပေးပါ။

    မေးစရာများရှိနေမယ်ဆိုရင် အကောင်းဆုံးဖြေရှင်းနည်းလမ်းတွေကို ပိုမိုနားလည်သိရှိစေနိုင်ရန်အတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပေးပါ။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Phyo Wai Yan မှ ရေးသားသည်။ · 12/09/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement