Charcot Joint (neuropathic arthropathy) (ချာကော့ အဆစ်ရောဂါ) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar.

အဓိပ္ပါယ်ဖွင့်ဆိုချက်

Charcot Joint (neuropathic arthropathy) (ချာကော့ အဆစ်ရောဂါ) ကဘာလဲ။

ဆီးချိုသွေးချိုကြောင့် အာရုံကြောထိခိုက်မှုက အဆစ်တွေပျက်စီးသွားစေတဲ့အခြေအနေကိုခေါ်ပါတယ်။ အာရုံကြောကြောင့်အရိုးအဆစ်ပျက်ဆီးခြင်းတစ်မျိုးဖြစ်တယ်။ ဆီးချိုသွေးချိုရှိသူတွေရဲ့ ခြေကျင်းဝတ်နဲ့ ခြေထောက်တွေမှာ တွေ့ရတတ်ပါတယ်။ ခြေထောက်မှာရှိတဲ့ အာရုံကြောတွေ ထိခိုက်ခြင်း၊ ပျက်စီးခြင်းက ဆီးချိုသွေးချိုရှိသူတွေမှာ ဖြစ်လေ့ရှိတာပဲဖြစ်တယ်။ အဲ့ကနေ Charcot joint ဆိုတဲ့ အဆစ်ထိခိုက်ခြင်းကိုဖြစ်သွားစေတတ်ပါတယ်။ အာရုံကြောတွေ လုပ်ဆောင်ချက်အားနည်း၊ ယိုယွင်းလာတဲ့အခါ ထုံကျဉ်လာတယ် ထိုအခါ မသိလိုက်ဘဲ ခြေထောက်လိမ်ခြင်း၊ အရွတ်များဒဏ်ဖြစ်သွားခြင်းတွေဖြစ်တတ်တယ်။ ထိုအခါမှာ အဆစ်တွေပေါ် ဖိအားဖြစ်လာပြီး အဆစ်များထိခိုက်ပျက်စီးလာရပါတော့တယ်။ ပြင်းထန်တဲ့ထိခိုက်မှုတွေက ခြေထောက်နဲ့ တခြားအဆစ်တွေကို ထာဝရပျက်စီးခြင်းတောင်ဖြစ်စေနိုင်တယ်။

Charcot Joint (neuropathic arthropathy) (ချာကော့ အဆစ်ရောဂါ) က ဘယ်လောက်အဖြစ်များသလဲ

အာရုံကြောထိခိုက်နေတဲ့ ဆီးချိုသွေးချိုဝေဒနာရှင် ၀.၈ မှ ၇.၅ ရာခိုင်နှုန်းထိ ဖြစ်တတ်ပြီး ထိုကဲ့သို့ရောဂါရှိသူတွေရဲ့ ၉ ရာခိုင်နှုန်းကနေ ၃၅ ရာခိုင်နှုန်းလောက်မှာတော့ ဘယ်ညာ နှစ်ဖက်စလုံးထိခိုက်တတ်တယ်။ ဆီးချိုသွေးချို ၁၅ နှစ်မှ နှစ် ၂၀ ခန့်ထိခံစားနေရပြီး သေချာမကုသတဲ့လူနာတွေမှာ ပိုအဖြစ်များပါတယ။်

အသေးစိတ်အချက်အလက်အတွက် ဆရာဝန်နဲ့တိုင်ပင်နိုင်ပါတယ်။

လက္ခဏာများ

Charcot Joint (neuropathic arthropathy) (ချာကော့ အဆစ်ရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ

ရောဂါအဆင့်ပေါ်မူတည်ပြီး လကဏာတွေက သာမန်ရောင်ရမ်းခြင်းကနေ၊ ပြင်းပြင်းထန်ထန်ရောင်ရမ်းပြီး အဆစ်ပျက်စီးခြင်းထိရှိနိုင်တယ်။ အဆစ်တ၀ိုက်မှာ ရောင်ရမ်းခြင်း၊ နာကျင်ခြင်း၊ နာရဲခြင်း၊ ပူနွေးနေခြင်းတွေက စမ်းသပ်တဲ့အခါသိသာနိုင်ပါတယ်။ ဓာတ်မှန်နဲ့ အဆစ်ပြောင်းလဲထိခိုက်နေတာကို သိနိုင်ပြီး ထိုအချက်တွေနဲ့ အာရုံခံစားမှုမရှိနေတဲ့အချက်တွေက Charcot Joint ဖြစ်နေကြောင်း သတ်သေထူပေးမှာပါ။ အကြမ်းအားဖြင့် ၇၅ ရာခိုင်နှုန်းလောက်က နာကျင်မှုကိုခံစားရနိုင်ပေမယ့် ရောဂါစစ်ဆေးမှုမှာတွေ့နေရတဲ့ ပြင်းထန်မှုထက် နာကျင်တာက လျော့နေပါလိမ့်မယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

ဖော်ပြပါလက္ခဏာတွေရှိမယ်ဆိုရင်၊ သိလိုသည်များရှိမယ်ဆိုရင် ဆရာဝန်နဲ့တိုင်ပင်သင့်တယ်။ လူတိုင်းခန္ဓာကိုယ်ကတစ်ယောက်နဲ့တစ်ယောက်မတူတာကြောင့် ဆရာဝန်နဲ့ဆွေးနွေးကြည့်တာအကောင်းဆုံးဖြစ်နိုင်ပါတယ်။

အကြောင်းရင်းများ

Charcot Joint (neuropathic arthropathy) (ချာကော့ အဆစ်ရောဂါ) ကိုဘာတွေကဖြစ်စေသလဲ

သီအိုရီနှစ်မျိုးရှိတယ် (အာရုံကြောပျက်စီးမှုကြောင့်ထိခိုက်မှုကိုမသိခြင်း နဲ့ အာရုံကြောနဲ့သွေးကြောပျက်စီးခြင်း)။ အာရုံကြောပျက်စီးမှုကြောင့်ထိခိုက်မှုကိုမသိခြင်း သီအိုရီကတော့ ဆီးချိုသွေးချိုကြောင့် ယိုယွင်းသွားတဲ့ အာရုံကြောတွေက နာကျင်မှုနဲ့ အဆစ်များတည်ရှိမှု ရဲ့ အာရုံခံစားခြင်းတွေကိုလျော့ကျသွားစေပြီး၊ ထိုမှတဆင့် နာကျင်မှုမသိတော့တဲ့ ခြေထောက်တွေရဲ့ မကြာခဏထိခိုက်မိခြင်းကြောင့်ဖြစ်တယ်။

အာရုံကြောနဲ့သွေးကြောပျက်စီးခြင်း သီအိုရီကတော့ အလိုအလျောက်သွေးကြောတုံ့ပြန်ခြင်းကြောင့် သွေးလျှောက်များခြင်းနဲ့ အဆစ်တ၀ိုက်အရိုးပါးခြင်းကြောင့်ဖြစ်တယ်။ ကြွက်သားတွေ ခွန်အားမညီမျှတော့တဲ့အခါမှာ ခန္ဓာကိုယ်တစ်ခုလုံးကိုတောင့်ခံပေးထားတဲ့ ခြေဖ၀ါးရိုးဆီကို မညီမျှတဲ့အားပျံ့နှံ့ခြင်းဖြစ်ပေါ်ပါတယ်။ ထိုအခါမှာ အရိုးများထိခိုက်ခြင်း၊ ကျိုးပဲ့ခြင်း၊ အရွတ်များလျော့ရဲခြင်းတွေ ဖြစ်လာရတော့တယ်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Charcot Joint (neuropathic arthropathy) (ချာကော့ အဆစ်ရောဂါ) ဖြစ်နိုင်ခြေကိုဘ်ာတွေက မြင့်တက်စေသလဲ

တကယ်လို့ ဆီးချိုသွေးချိုရှိမယ်ဆိုရင် ရောဂါဖြစ်နိုင်ချေများပြီး အောက်ပါအချက်တွေရှိရင်လည်း ရောဂါရနိုင်ချေများပါတယ်။-

  • ကိုယ်အလေးချိန် – အဆီတစ်သျူးများလေလေ၊ ဆဲလ်များက သွေးတွင်းသကြားဓာတ်ထိန်းပေးတဲ့ အင်ဆူလင်ဟော်မုန်းကို ခံနိုင်ရည်များလေလေဖြစ်တယ်။
  • လှုပ်ရှားမှုနည်းခြင်း – လှုပ်ရှားမှုတွေက သင့်အလေးချိန်၊ သကြားဓာတ်သုံးစွဲမှုနဲ့ ဆဲလ်တွေရဲ့ အင်ဆူလင်ကိုတုံ့ပြန်မှုများစေတာကြောင့် လှုပ်ရှားမှုနည်းလေလေ၊ ရောဂါဖြစ်နိုင်ချေများလေလေဖြစ်တယ်။
  • အသက်အရွယ် – အသက်ကြိးလေလေ ရောဂါဖြစ်နိုင်ချေများလေလေဖြစ်ပြီး လှုပ်ရှားမှုတွေနည်းလာတာကြောင့်၊ ကြွက်သားတွေအားနည်းသွားပြီး အလေးချိန်များလာတာတွေကြောင့်ဖြစ်နိုင်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Charcot Joint (neuropathic arthropathy) (ချာကော့ အဆစ်ရောဂါ) ကို ဘယ်လိုအတည်ပြုပါသလဲ

ရောဂါရှာဖွေတွေ့ရှိခြင်းမှာတော့ ထိခိုက်ထားတဲ့ အဆစ်တ၀ိုက်မှာ နီရဲခြင်း၊ ရောင်ရမ်းခြင်း၊ ပူနွေးခြင်းတွေပါတယ်။ အာရုံကြောထိခိုက်ထားတဲ့ ခြေထောက်အဆစ်တွေမှာ အနာတွေလည်းဖြစ်တတ်ပါတယ်။ တခါတလေမှာ Charcot joint နဲ့ အရိုးနဲ့ကြွက်သားရောင်ရမ်းတဲ့ရောဂါကိုခွဲဖို့ခက်တတ်တယ်။ နှစ်ခုစလုံးရဲ့ သွေးဖြူဥဖတ်ခြင်း နဲ့ သံလိုက်ဓာတ်မှန်တွေက ဆင်နေတာကြောင့်ဖြစ်ပါတယ်။ ခွဲခြားဖို့အတွက် အရိုး သို့ အဆစ်ကြားမှအရည်တစ်မျိုး စစ်ဆေးဖို့လိုနိုင်ပါတယ်။

Charcot Joint (neuropathic arthropathy) (ချာကော့ အဆစ်ရောဂါ) ကို ဘယ်လိုကုသပါသလဲ

ရုတ်တရတ် နုသေးတဲ့ ရောဂါအခြေအနေကိုတော့ ခွဲစိတ်စရာမလိုဘဲ TCC လို့ခေါ်တဲ့နည်းနဲ့ ဖိအားသက်သာစေပြီး ကုလို့ရနိုင်ပါတယ်။ TCC ဟာ ၁၉၅၀ နောက်ပိုင်းမှာ တွေ့ရှိခဲ့တဲ့နည်းဖြစ်ပြီး ရွေရောင်သက်မှတ်ချက်နဲ့ကိုက်ညီတဲ့ နည်းလို့လည်းသတ်မှတ်ထားကြတယ်။ ခြေဖ၀ါးပေါ်တွင် အလေးချိန်ညီညီမျှမျှပျံ့သွားစေဖို့ဦးတည်ကာ ရေမြှုပ်ကဲ့သို့အ၀တ်ပါးပါးပါသော ခပ်ရှည်ရှည်အစွတ်တစ်ခုကို ပတ်တီးတစ်လွှာနှင့် ခြေသလုံးရိုးတလျှောက် ခြေမျက်စိရိုးအထိ ပတ်ထားသောနည်းဖြစ်တယ်။

 

နာတာရှည်ဖြစ်နေပြီး မကျက်သောအနာများပါရှိပါက ခွဲစိတ်ဖို့လိုနိုင်ပါတယ်။ အရွတ်များလျော့ရဲနေသော လူနာဖြစ်ပါက ခြေထောက်အရိုးအဆစ် ကျွမ်းကျင်သူနဲ့ အဆစ်များတည်ငြိမ်စေမယ့်ကုသမှုတွေလိုအပ်ပါတယ်။

 

နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့်အိမ်တွင်းကုထုံးနည်းများ

  • ဆီးချိုသွေးချိုကိုထိန်းပါ

သင့်ဆီးချိုသွေးချိုနဲ့ပတ်သတ်ပြီး တတ်နိုင်သမျှအကုန်လေ့လာပါ ကျွမ်းကျင်သူနဲ့တိုင်ပင်ပါ၊ ကုသသူများနဲ့ဆွေးနွေးပါ အကူအညီတောင်းခံပါ။

 

  • ကျန်းမာရေးညီညွတ်စွာစားပါ၊ သင့်တင့်သောအလေးချိန်ထိန်းပါ

အ၀လွန်နေပါက ကိုယ်အလေးချန်ရဲ့ ၇ ရာခိုင်နှုန်းမျှ လျှော့ချခြင်းက သင့်သွေးတွင်းသကြားဓာတ်ထိန်းချုပ်မှုအပေါါ်မှာ သိသိသာသာသက်ရောက်မှုရှိမှာပါ။ အသီးအနှံ၊ အသီးအရွက်၊ အစေ့အဆန်၊ ပဲ ပါဝင်ပြီး အဆီနည်းတဲ့စားစရာဟာ ကျန်းမာရေးနဲ့ညီညွတ်တဲ့အာဟာရတစ်နပ်ဖြစ်မှာပါ။

 

  • နေ့စဉ်လှုပ်ရှားမှုမှာကိုယ်လက်လေ့ကျင့်ခန်းပါထည့်သွင်းပါ

ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းဟာ ဆီးချိုသွေးချိုကာကွယ်ပေးကောင်းပေးနိုင်ပါတယ်။ ရှိပြီးသားလူတွေမှာလည်း သွေးတွင်းသကြားဓာတ်ထိန်းနိုင်အောင် ကူညီပေးပါလိမ့်မယ်။

 

တခြားသိလိုသည်များရှိပါက သင့်အတွက်အကောင်းဆုံးအဖြေရဖို့ ဆရာဝန်နဲ့တိုင်ပင်ကြည့်သင့်ပါတယ။်

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ ဖေ‌ဖော်ဝါရီ 13, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း ဖေ‌ဖော်ဝါရီ 13, 2018

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ