backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Cellulite (အကြောပြတ်ရာများ)


Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 15/02/2018 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Cellulite (အကြောပြတ်ရာများ) ကဘာလဲ။

အသက် ၂၀ နဲ့ ၃၀ ကြားမှာ ခန္ဓါကိုယ်မှာ အကြောပြတ်ရာတွေပေါ်လာတတ်တယ်။ အရေပြားပေါ်မှာ တွန့်ခေါက်နေတဲ့အရာတွေဖြစ်ပြီး အဲ့ဒါတွေက တကယ်တော့ အရေပြားအောက်က အဆီပြင်တွေကချိုင့်ရာတွေဖြစ်တယ်။ အကြောပြတ်ရာတွေရှိတာ ဝတယ်လို့ဆိုလိုတာမဟုတ်ပါဘူး။ ပိန်တဲ့လူတွေမှာလည်း ထိုအရာတွေရှိတတ်ပါတယ်။

အကြောင်းရင်းများ

Cellulite (အကြောပြတ်ရာများ) ကိုဘာတွေကဖြစ်စေသလဲ

အကြောင်းအရင်းတစိတ်တပိုင်းကတော့ အရေပြားအတွင်းလွှာက ကော်လဂျင်တွေကြောင့်ဖြစ်တယ်။ ကော်လဂျင်တွေဟာ အရေပြားပုံစံ၊ တင်းရင်းမှုတွေကို ဖော်ဆောင်ပေးပြီး အဆီ၊ သွေးကြော၊ အာရုံကြောနဲ့ မွေးညင်းပေါက်တွေအတွက် ကိုယ်ထည်အဖြစ်ဆောင်ရွက်တယ်။ ကော်လဂျင်တွေဟာ ပျက်စီးသွားနိုင်ပြီး ထိုကနေ အကြောပြတ်ရာတွေပေါ်လာပါတယ်။

မျိုးရိုးဗီဇနဲ့လည်းဆိုင်နိုင်ပြီး တခြားအချက်တွေကတော့-

  • စားသောက်မှုပုံစံ
  • ခန္ဓါကိုယ်မှခွန်အားအသုံးပြုမှု
  • ဟော်မုန်းအပြောင်းအလဲ
  • ရေဓါတ်ခန်းခြောက်မှု
  • ကိုယ်လက်လှုပ်ရှားမှုမရှိခြင်း
  • ခန္ဓါကိုယ်တွင်ဖွဲ့စည်းထားသောအဆီပမာဏ
  • အရေပြားအထူနဲ့ အရောင်

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

ကုသမှု

တကယ်တော့အန္တရာယ်မရှိပါဘူး။

ကုသမှုနည်းတွေကတော့ –

  • ကိုယ်အလေးချိန်လျှော့ပါ၊ ကိုယ်လက်လှုပ်ရှားမှုလုပ်ပါ – အဝလွန်ပါက လေ့ကျင့်ခန်းလုပ်ပြီး ကိုယ်အလေးချိန်လျှော့ပါ။
  • ခရင်များ – Retinol လိမ်းဆေးခရင်ဟာ အကြောပြတ်ရာတွေ သက်သာစေပါတယ်။
  • အဆီစုတ်ခြင်း – အရေပြားအောက်ရှိ အဆီများကိုစုတ်ထုတ်ခြင်းဖြစ်တယ်။ ခုထိသေချာသေးသလို တချို့ပညာရှင်တွေက အကြောပြတ်ရာပိုဆိုးစေတယ်လို့တောင်ပြောကြပါတယ်။
  • လေဆာ – လေဆာနဲ့ ရေဒီယိုလှိုင်းသုံးကာ အကြောပြတ်ရာတွေကိုကုသခြင်းဖြစ်တယ်။
  • အနှိပ်ခံခြင်း၊ spa – အချိန်တိုအာနိသင်ပေးနိုင်ပါတယ်။

ရှောင်ရှားနိုင်ဖို့ –

  • အသီးအနှံ၊ အသီးအရွက်၊ အမျှင်ဓါတ်များများပါတာစားပါ။
  • ကျန်းမာရေးညီညွတ်စွာစားပါ။
  • ရေလုံလောက်စွာသောက်ပါ။
  • ကိုယ်လက်လှုပ်ရှားမှုပုံမှန်လုပ်ပါ။
  • ဆေးလိပ်ဖြတ်ပါ။

အကြောပြတ်ရာတွေဟာ စိတ်အနှောင့်အယှက်ဖြစ်ရပေမယ့် တကယ်တော့အန္တရာယ်မရှိပါဘူး။ ကုသဖို့ နည်းလမ်း၊ ထုတ်ကုန်၊ လိမ်းဆေး၊ ပစ္စည်းအမျိုးမျိုးရှိပါတယ်။ ဒါပေမယ့် ထိုနည်းလမ်းတွေကို ထောက်ခံထားတဲ့ သက်သေတော့သိပ်မရှိပါဘူး။ သက်သာစေတဲ့နည်းတေ့ွရင်တောင် ရလဒ်က သိပ်ကြာရှည်မခံတတ်ပါဘူး။

ကုသမှုတစ်ခုခုလုပ်ခင်တိုင်းမှာဆရာဝန်နဲ့သေချာတိုင်ပင်ဖို့မမေ့ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 15/02/2018 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement