အဓိပ္ပါယ်ဖွင့်ဆိုချက်

အစာနင်ခြင်း ဆိုတာဘာလဲ။

အစာတွေအရည်တွေ အစာအိမ်ထဲရောက်သွားဖို့အတွက် ခက်ခဲခြင်းကိုဖြစ်စေတဲ့ တွေ့ရနည်းတဲ့ပြဿနာတစ်ခုဖြစ်ပါတယ်။ အစာနင်ခြင်းက အစာရေမျိုပြွန်က အစာတွေကိုအောကိကိုညှစ်ချနိုင်စွမ်း မရှိတော့ခြင်းဖြစ်ပါတယ်။

အစာအိမ်နဲ့အစာရေမျိုပြွန်ကြား ကြွက်သားအဆက်က ပြည့်ပြည့်၀၀မလျော့နိုင်တော့တဲ့အခါမှာလည်း ဖြစ်ပါတယ်။ အစာနင်းခငြ်းအကြောင်းရင်းကို မသိသေးပေမဲ့ အစာရေမျိုပြွန်ကြွက်သားတွေပျက်စီးသွားခြင်းနဲ့ ပိုအရေးကြီးတာက ကြွက်သားတွေကိုထိန်းချုပ်တဲ့အာရုံကြောတွေ ပျက်စီးသွားခြင်းဖြစ်ပါတယ်။

နောက်ဆက်တွဲတွေကတော့ အဆုတ်ပြဿနာတွေနဲ့ ကိုယ်အလေးချိန်ကျခြင်းဖြစ်ပါတယ်။ အစာနင်ခြင်းက အစာရေမျိုကင်ဆာဖြစ်နိုင်ချေကို များစေပါတယ်။ သေချာတော့ဖြော်ပထားခြင်းမရှိပါဘူး။

 

Cardiospasm (အစာနင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Cardiospasm (အစာနင်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

အစာနင်တတ်တဲ့လူနာတွေမှာ မျိုချရခက်ခြင်းဒါမှမဟုတ်အစာရေမျိုအတွင်း အစာများကပ်ကျန်နေသလိုခံစားရခြင်းတွေ ဖြစ်ပါတယ်။ အစာမမျိုနိုင်ခြင်းလို့လည်း ခေါ်နိုင်ပါတယ်။ လက္ခဏာတွေကတော့ ချောင်းဆိုးခြင်းသီးခြင်း တွေဖြစ်ုနိင်ပါတယ်။ အခြားလက္ခဏာတွေကတော့

·        ရင်ဘတ်အောင့်ခြင်း၊ မအီမလည်ဖြစ်ခြင်း

·        ကိုယ်အလေးချိန်ကျခြင်း

·        အစားစားပြီး ပြင်းပြင်းထန်ထန်နာခြင်း မအီမလည်ဖြစ်ခြင်း

·        အစာရောအရည်ရောမျိုချရခက်ခြင်း

·        အစာရေမျိုအတွင်း အစာရေများဖောင်းနေခြင်းကြောင့် မအီမသာဖ်ြစခြင်း

·        အကြောင်းရင်းမသေချာဘဲ ရင်ဘတ်စူးအောင့ခ်ြငး

·        ရင်ပူခြင်းက ရင်ပူတဲ့လက္ခဏာတွေနဲ့မတူတာကြောင့် ရင်ပူတာကိုကုသလိုမကုနိုင်ပါဘူး။

·        အစာကောင်းကောင်းမ၀င်ခြင်းကြေင့် ကိုယ်အလေးချိန်ကျခြင်း

·        အစာတွေအထက်ပြန်ဆန်တက်ခြင်းလည်း ဖြစ်ုနိင်ပါတယ်။ စားချဥ့်ပြန်ခြင်းကဲ့သို့သော အစာအိမ်အူလမ်းကြောင်းရောဂါတွေရဲ့လက္ခဏာလည်း ဖြစ်နိုင်ပါတယ်။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓာကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Cardiospasm (အစာနင်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ တိကျတဲ့အကြောင်းရင်းကို ရှာဖို့ခက်ပါတယ်။ မွေးရာပါရောဂါဆိုရင် ခုခံအားစနစ်ဖောက်လွဲဖောက်ပြန်ဖြစ်ခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ ခုခံအားစနစ်က ခန္ဓာကိုယ်ရဲ့ကျန်းမာတဲ့ဆဲလ်တွေကို မှားယွင်းပြီးတိုက်ခြင်းကြောင့် ဖြစ်ပါတယ်။ အစာရေမျိုပြွန်အတွင်းအာရုံကြောတွေ ပျက်စီးသွားခြင်းကြောင့် အခြေအနေပိုဆိုးလာနိုင်ပါတယ်။

အစာနင်ခြင်းနဲ့အလားတူတဲ့လက္ခဏာတွေကို ဖြစ်စေနိုင်တဲ့အခြားကြောင်းရင်တွေလည်း ရှိပါတယ်။ အစာရေမျိုပြွန်ကင်ဆာက အကြောင်းတစ်ခုဖြစ်နိုင်ပါတယ်။ အခြားကြောင်းတွေကတော့ ချားဂတ်ရောဂါလို့ခေါ်တဲ့ အတွေ့နည်းတဲ့ကပ်ပါးကောင်ကူးစက်ပိုးဝင်ခြင်းကြောင့် ဖြစ်ပါတယ်။ တောင်အမေရိကမှာ အများဆုံးဖြစ်ပါတယ်။

ဖြစ်နိုင်ခြေများ

 Cardiospasm (အစာနင်ခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

သက်ကြီးပိုင်းတွေမှာ ဖြစ်လေ့ရှိပေမဲ့ကလေးတွေမှာလည်း ဖြစ်ုနိင်ပါတယ်။ သက်လတ်ပိုင်းတွေနဲ့သက်ကြီးပိုင်ေးတွမှာ ပိုဖြစ်ုနိင်ချေများပါတယ်။ ခုခံအားစန်စ်ဖောက်လွဲဖောက်ပြန်ဖြစ်တဲ့လူနာတွေမှာ ပိုအတွေ့များတတ်ပါတယ်။

 

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Cardiospasm (အစာနင်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

အစာရောအရည်ေ၇ာမျိုချရခက်နေမယ်ဆိုရင် အထူးသဖြင့် အချိန်ကြာတာနဲ့အမျှ ပိုဆိုးလာမယ်ဆိုရင် ဆ၇ာဝန်က သံသယရှိပါလိမ့မယ်။

အစာရေမျိုအတွင်း ဓာတ်ငွေ့များကိုတိုင်းသောကိရိယာကို အသုံးပြုနိုင်ပါတယ်။ သင်မျိုချနေစဉ်အတွင်း အစာရေမျိုပြွန်ထဲကို ပိုက်ထည့်ခြင်းဖြစ်ပါတယ်။ ပိုက်က ကြွက်သားစွမ်းရည်ကို သိန်ုငိပြီး အစာရေမျိုပြွန်အလုပ်ကောင်းကောင်းလုပ်မလုပ် သိနိုင်ပါတယ်။

ဓာတ်မှန်ရိုက်ခြင်းနဲ့အလားတူစမ်းသပ်နည်းတွေက ရောဂါအတည်ပြု၇ာမှာကူညီပေးနိုင်ပါတယ်။ အခြားဆရာဝန်တွေက အတွင်းကြည့်မှန်ပြောင်းကို သုံးပါတယ်။ ဒီဖြစ်စဉ်မှာဆိုရင် ဆရာဝန်က ကင်မရာတပ်ထားတဲ့ပိုက်ကို အစာရေမျိုပြွန်အတွင်းသွင်းပြီး ပြဿနာကိုရှာပေးပါလိမ့်မယ်။

အခြားရောဂါအမည်တပ်နည်းတော့ ဘေရီယမ်မျိုချခိုင်းခြင်းဖြစ်ပါတယ်။ အရည်ပုံစံဘေရီယမ်တွေကို မျိုချရမှာဖြစ်ပါတယ်။ ဓာတ်မှန်ကနေတစ်ဆင့် ဘေရီယမ်တွေအောက်ကို ရောက်သွားမသွားသိနိုင်ပါတယ်။

 

Cardiospasm (အစာနင်ခြင်း) ကို ဘယ်လိုကုသပါသလဲ

အများဆုံးကုသမှုကတော့ အစာေ၇မျိုပြွန်အောက်ပိုင်းအဆို့ကို ကုသခြင်းဖြစ်ပါတယ။် အမျိုးမျိုးသောကုသမှုတွေက လက္ခဏာတွေကို ယာယိသက်သာစေနိုင်သလို  အဆို့ရဲ့လုပ်ဆောင်မှုကိုလုံးဝပြောင်းလဲသွားခြင်းမျိုးလည်းဖြစ်နိုင်ပါတယ်။

ဦးစားပေးကုသမှုကတော့ သောက်ဆေးပေးခြင်းဖြစ်ပါတယ်။ နိုက်ထရိတ်ဒါမှမဟုတ်ကယ်ဆိယမ်လမ်းကြောင်းတွေ ပိတ်ဆို့ပေးတဲ့ဆေးတွေက ကြွက်သားအဆို့ကိုလျော့ရဲစေပြီး အစာကိုလွယ်လွယ်ကူကူဖြတ်သွားစေနိုင်ပါတယ်။ ကြွက်သားတွေဖြေလျော့ဖို့အတွက် ဘိုတောက်လည်းသုံးနိုငါပတယ်။

အစာရေမျိုပြွန်ကြွက်သားပြုပြင်ခြင်းက အစာနင်ေ၇ာဂါရှိတဲ့လူနာတွေအတွက် ခွဲစိတ်ကုသနည်းတစ်မျိုးဖြစ်ပါတယ်။ သင့်ဆရာဝန်က ခွဲရာကြီးကြီးသောလည်းကောင်း၊ သေးသေးသော်လည်းကောင်း ပြုလုပ်ပြီး ကြွက်သားအဆို့ကို ပြုပြင်ပြိး အစာအိမ်အတွင်းအစာစိးဝင်ခြင်းကို ကောင်းစေပါတယ်။ အများစုက အောင်မြင်ပါတယ်။

အချို့လူနာတွေမှာတော့ စားချဉ့်ပြန်ရောဂါလိုမျိုး နောက်ဆက်တွဲဝင်လာနိုင်ပါတယ်။ ရင်ပူခြင်းကိုဖ်ြစစေနိုင်ပါတယ်။

ကုသမှုက အောင်မြင်နိုင်နှုန်းများပါတယ်။ တစ်ခါတစ်လေ အကြိမ်ကြိမ်ကုသဖို့ လိုအပ်ပါတယ်။ ခွဲစိတ်ခြင်းက ကြွက်သားချဲ့ခြင်းပထမအကြိမ် မအောင်မြင်ခဲ့ဘူးဆိုရင် လိုအပ်ပါတယ်။ အောင်မြင်ဖို့အခွင့်အလမ်းက ချဲ့တာအောင်မြင်တာနဲ့အမျှာ နည်းသွားပါတယ်။ အမျိုးမျိုးသောလမ်းကြောင်းချဲ့ခြင်းတွေက မအောင်မြင်ဘူးဆိုရင် တခြားနည်းလမ်းတွေကို ရှာပါလိမ့်မယ်။

 

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက health condition ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် health condition ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

အရည်သောက်ခြင်း

အစာကိုရေများများသောက်ခြင်း

ကာဗွန်ပါတဲ့အဖျော်ယမကာများသောက်ခြငး ( ကာဗွန်ပါခြင်းက အစာတွေကို အစာရေမျိုပြွန်အဆို့ကို တွန်းထိုးဝင်သွားစေနိုငါပါတယ်။ )

အစာနင်လူနာတစ်ယောက်က ကိုယ်အလေးချိန်ကျနေမယ်ဆိုရင် အာဟာရပြတ်လပ်ခြင်းမဖြစ်စေဖို့ လိုအပ်တဲ့အာဟာရတွေပါဝင်တဲ့အရည်ကို ဖြည့်စွက်မှီဝဲခိုင်းသင့်ပါတယ်။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

 

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

 

 

တည်းဖြတ်သည့်နေ့ နိုဝငျဘာ 18, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း နိုဝငျဘာ 18, 2017

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ