နှလုံးကို ထိခိုက်ရှော့ခ်ရခြင်းဆိုတာ နှလုံးက ကိုယ်ခန္ဓါအတွက်လိုအပ်တဲ့ သွေးကိုရုတ်တရပ် မညှစ်ထုတ်နိုင်တော့ခြင်း ဖြစ်တယ်။ ဒီအခြေအနေဟာ သင့်နှလုံးတိုက်ခိုက်ခံရမှုကြောင့် နှလုံးပျက်ဆီးသွားတဲ့ အချိန်မှာဖြစ်တယ်။ (ပြင်းထန်သော နှလုံးတိုက်ခိုက်ခံရမှု)
နှလုံးကို ထိခိုက်ရှော့ခ်ရခြင်းဟာ အဖြစ်နည်းပေမယ့် ချက်ချင်းကုသမှု မခံယူလျှင် သေစေနိုင်သော အခြေအနေုဖြစ်တယ်။
ချက်ချင်းကုသလျှင် လူနာတွေရဲ့ တစ်ဝက်လောက်က အသက်ရှင်တာကို တွေ့ရပါတယ်။ ထပ်မံသိလိုသောအချက်များအတွက် ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ပါ။
ကိုယ်တိုင်သိနိုင်တဲ့ သို့မဟုတ် မိသားစုဝင်များမှသိနိုင်တဲ့ နှလုံးကို ထိခိုက်ရှော့ခ်ရခြင်းရဲ့ လက္ခဏာတွေက အများကြီးရှိပါတယ်။
ဒီထဲမှာမပါတဲ့ လက္ခဏာတွေလည်း ရှိနေနိုင်ပါတယ်။ သင့်ရောဂါလက္ခဏာအကြောင်းကို ပိုပြီးသိလိုပါက ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ပါ
အပေါ်မှာပြထားတဲ့ ရောဂါလက္ခဏာတွေတွေ့လျှင် ဆရာဝန်နှင့် ပြသသင့်ပါတယ်။ နှလုံးတိုက်ခိုက်ခံရမှုကို ချက်ချင်းကုသခြင်းဟာ နှလုံးပျက်ဆီးမှုနည်းစေပြီး အသက်ရှင်ဖို့ အခွင့်အရေးပိုများပါတယ်။
ဒီအချက်တွေက နှလုံးကို ထိခိုက်ရှော့ခ်ရခြင်းကို ဖြစ်စေတဲ့အကြောင်းရင်းတွေ ဖြစ်ပါတယ်။ အဖြစ်အများဆုံး အကြောင်းမှာ နှလုံးကို အောက်ဆီဂျင်ဓါတ်မရခြင်း ဖြစ်ပြီး နှလုံးတိုက်ခိုက်ခံရမှုကို ဖြစ်စေကာ နှလုံးအခန်းတွေကို ပျက်ဆီးစေတယ်။
( နှလုံးဘယ်ဘက်သွေးလွှတ်ခန်း) ။ အောက်ဆီဂျင်ပါတဲ့သွေးတွေက နှလုံးကိုမရောက်တဲ့အခါ နှလုံးကြွက်သားအားနည်းပြီး နှလုံးကို ထိခိုက်ရှော့ခ်ရခြင်းကို ဖြစ်စေနိုင်တယ်။
ဒါ့အပြင် နှလုံးကို ထိခိုက်ရှော့ခ်ရခြင်းကို ဖြစ်စေတဲ့အကြောင်းတွေကတော့ နှလုံးကြွက်သားများယောင်ခြင်း၊ နှလုံးအဆို့များကို ရောဂါပိုးဝင်ခြင်း၊ ဆေးသောက်တဲ့ ပမာဏလွန်ကဲခြင်း၊ နှလုံးသွေးညှစ်ခြင်းကို ထိခိုက်စေသော အဆိပ်များကြောင့် ဖြစ်စေနိုင်ပါတယ်။
သင့်မှာ နှလုံးတိုက်ခိုက်ခံရမှုရှိလျှင် နှလုံးကို ထိခိုက်ရှော့ခ်ရခြင်းကို ပိုဖြစ်စေနိုင်ပါတယ်။ တကယ်လို့ သင်ဟာ-
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
နှလုံးကို ထိခိုက်ရှော့ခ်ရခြင်းကိုသိဖို့ ဆရာဝန်များလုပ်သော ကျန်းမာရေးစစ်ဆေးခြင်းများမှာ-
ကုသနေစဉ်မှာ ကြွက်သားနဲ့ ကလီစာတွေပျက်ဆီးမှုကို လျှော့ချရန် အောက်ဆီဂျင်များများပေးထားဖို့လိုပါတယ်။ တခါတလေမှာ အသက်ရှူဖို့အတွက် အသက်ရှူစက်တွေ တပ်ပေးပါလိမ့်မယ်။ ဒါ့အပြင် သင့်လက်မောင်းကနေတဆင့် ဆေးနှင့်အရည်များကို အကြောထဲသွင်းပေးပါလိမ့်မယ်။
နှလုံးခုန်နှုန်းကောင်းစေပြီး သင့်ရဲ့သွေးကို ပြန်ကောင်းစေပြီး နှလုံးကို ထိခိုက်ရှော့ခ်ရခြင်းကို ကောင်းစေတဲ့ ဆေးတချို့ရှိပါတယ်။
နှလုံးကို ထိခိုက်ရှော့ခ်ရခြင်းကို ကုသတဲ့နည်းလမ်းတွေက နှလုံးရဲ့ သွေးစီးဆင်းမှုကောင်းအောင် အဓိကလုပ်ပေးပါတယ်။ ဒါတွေကတော့-
ဆေးတွေ ဆေးနည်းတွေက မသက်သာလျှင် ဆရာဝန်တွေက ခွဲစိတ်မှုကို ညွှန်းဆိုပါလိမ့်မယ်။
နှလုံးထိခိုက် ရှော့ခ်ရခြင်းကို ကာကွယ်ရန်လိုအပ်တဲ့ နေထိုင်မှုပုံစံတွေနဲ့ အိမ်တွင်းကုထုံးတွေက ဘာတွေလဲ။
အောက်ပါနေထိုင်မှုပုံစံတွေနဲ့ အိမ်တွင်းကုထုံးတွေက နှလုံးကို ထိခိုက်ရှော့ခ်ရခြင်းမှ လျှော့ချပေးပါလိမ့်မယ်။
မေးမြန်းလိုတာရှိပါက ဆရာဝန်နှင့်တွေ့ဆုံမေးမြန်းပြီး သင့်အတွက် အကောင်းဆုံးအဖြေများကို ရယူလိုက်ပါ။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
ဆက်စပ် အကြောင်းအရာများ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။