Cardiac Catheterization (နှလုံးပိုက်ထည့်ခြင်း) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar.

အဓိပ္ပါယ်ဖွင့်ဆိုချက်

Cardiac catheterization ဆိုတာဘာလဲ။

Cardiac catheterization (သို့) coronary angiogram ဟာ သင့်မှာ နှလုံးသွေးကြောပြဿနာတွေ ရှိသလားဆိုတာနဲ့ သွေးညှစ်ထုတ်တဲ့နှလုံးအခန်းနဲ့ အဆို့ရှင်တွေ အလုပ်လုပ်သလားဆိုတာ ရှာဖွေဖို့ပဲ ဖြစ်ပါတယ်။

Cardiac catheterization ဟာ အခြားစစ်ဆေးမှုတွေက အမြဲတမ်းမရနိုင်တဲ့ နှလုံးရဲ့ အချက်အလက်တွေကို သင့်ဆရာဝန်ကို ပေးစွမ်းမှာ ဖြစ်ပါတယ်။

အခြေခံအကြောင်းရင်းကို သိရှိခြင်း

Cardiac catheterization တွေကို ဘာကြောင့် လုပ်ကြတာလဲ။

တကယ်လို့ သင့်ဆရာဝန်က သင့်မှာ နှလုံးသွေးကြောကျဉ်းခြင်း၊ ပိတ်ခြင်းတွေ၊ အဆို့ရှင် ချို့ယွင်းခြင်း ပျက်စီးခြင်း (သို့) အားနည်းတဲ့ နှလုံးကြွက်သား ရှိတယ်လို့ သံသယရှိရင် Cardiac catheterization ကို လုပ်ဆောင်နိုင်ပါတယ်။

Cardiac catheterization ကိုမလုပ်ခင် ဘာတွေ သိထားသင့်သလဲ။

X-ray images တွေကိုဟာ နှလုံးနဲ့ သွေးကြောတွေကို မြင်နိုင်ဖို့ ခက်ခဲပါတယ်။ Contrast media သို့ ဆိုးဆေးတွေ ဖြစ်တဲ့ contrast agents တွေကို နှလုံးကြွက်သားတွေနဲ့ သွေးကြောတွေကို စစ်ဆေးစဉ် မြင်ရစေဖို့အတွက် အသုံးပြုပါတယ်။ ဆိုးဆေးဟာ contrast agent လို့ခေါ်တဲ့ အရောင်မရှိတဲ့ အရည်တစ်မျိုး ဖြစ်ပြီး အိုင်အိုဒင်းပါဝင်ပါတယ်။ အိုင်အိုဒင်းဟာ X-ray images တွေပေါ်မှာ အမဲရောင်အရိပ်အဖြစ် မြင်ရနိုင်ပါတယ်။

Angiogram ပြုလုပ်စဉ် အသုံးပြုတဲ့ contrast dye ဟာ အိုင်အိုဒင်းကို အခြေခံပြီး ပြုလုပ်ထားတာ ဖြစ်ပါတယ်။ အိုင်အိုဒင်းကိုအခြေခံထားတဲ့ dye တွေဟာ အရည်ကြည်တွေ ဖြစ်ပြီး များသောအားဖြင့် ဆီး၊ ဝမ်းအတွင်းမှ ထွက်သွားနိုင်ပါတယ်။ ဒါပေမယ့် ဓါတ်မတည့်ခြင်းဖြစ်ဖို့ အနည်းငယ် ရာနှုန်းရှိတာကြောင့် သင့်မှာ ဓါတ်မတည့်မှုတွေ ရှိရင် (ဥပမာ ပင်လယ်စာနဲ့ ဓါတ်မတည့်ရင်) ဆရာဝန်ကိုပြောပြဖို့ အရေးကြီးပါတယ်။ တကယ်လို့ သင့်မှာ အရေပြားဓါတ်မတည့်မှုတွေ၊ ပန်းနာရင်ကျပ်ရောဂါတွေရှိတယ်ဆိုရင် ဒီ contrast agent နဲ့ ဓါတ်မတည့်မှု ပိုမိုဖြစ်နိုင်ခြေ ရှိပါတယ်။

သင့်နှလုံးနဲ့ သွေးကြောတွေမှာ ပြုလုပ်တဲ့ procedures တွေနည်းတူ Cardiac catheterization ဟာလည်း ဆိုးကျိုးအနည်းငယ်ရှိပါတယ်။ ဆိုးရွားတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကတော့ ဖြစ်နိုင်ခြေနည်းပါးပါတယ်။

Cardiac catheterization ရဲ့ ဆိုးကျိုးတွေကတော့

  • အညိုအမဲစွဲခြင်း
  • သွေးထွက်ခြင်း
  • နှလုံးရပ်ခြင်း
  • လေဖြတ်ခြင်း
  • ပြွတ်စိုက်တဲ့နေရာမှာ သွေးလွှတ်ကြော ပျက်စီးခြင်း
  • နှလုံးခုန်နှုန်းမမှန်ခြင်း
  • ဆိုးဆေး (သို့) ဆေးတွေကို ဓါတ်မတည့်ခြင်း
  • နှလုံး၊ သွေးလွှတ်ကြော တစ်ရှူးပျက်စီးခြင်း
  • ကျောက်ကပ်ပျက်စီးခြင်း
  • ရောဂါပိုးဝင်ခြင်း
  • သွေးခဲခြင်း

ဒီခွဲစိတ်မှုရဲ့ ကောင်းကျိုးဆိုးကျိုးတွေကို နားလည်ဖို့ လိုအပ်ပါတယ်။ သင့်မှာ မေးခွန်းမေးစရာရှိရင် သင့်ဆရာဝန်ကို တိုင်ပင်သင့်ပါတယ်။

ကြိုတင်ပြင်ဆင်ခြင်း

Cardiac catheterization တွေကို ဘယ်လိုပြင်ဆင်သင့်သလဲ။

Cardiac catheterization ကို ဆေးရုံမှာ ပြုလုပ်လေ့ရှိပါတယ်။ ဒီစစ်ဆေးမှုဟာ ပြင်ဆင်ရန်အချို့လိုအပ်ပါတယ်။ ပြင်ဆင်ဖို့ အတွက်ကတော့

  • စစ်ဆေးမှုမပြုလုပ်မီ ၆ နာရီအတွင်း (သို့) ဆရာဝန်ညွှန်ကြားတဲ့ အချိန်အတွင်း စားသောက်ခြင်း မပြုသင့်ပါဘူး။
  • သင့်ဆေးတွေနဲ့ ဖြည့်စွက်စာတွေကို စစ်ဆေးမှုပြုလုပ်တဲ့နေရာကို သင်နဲ့အတူ ယူသွားသင့်ပါတယ်။
  • စိတ်လျှော့ထားပါ။ စိတ်ပူခြင်းဟာ နှလုံးခုန်ပိုမိုမြန်ဆန်စေပြီး နှလုံးခုန်နှုန်း ပုံမမှန်ခြင်းကိုဖြစ်စေကာ ဒီစစ်ဆေးမှုကို ပိုမိုဆိုးရွားစေပါတယ်။

Cardiac catheterization ပြုလုပ်ရန် သင်ရောက်ရှိပြီဆိုရင် သွေးပေါင်နဲ့ သွေးခုန်နှုန်းကို တိုင်းတာပါလိမ့်မယ်။ ဆီးသွားခိုင်းနိုင်ပါတယ်။ သွားစွပ်၊ လက်ဝတ်ရတနာများ (အထူးသဖြင့် ဆွဲကြိုးတွေ) ဟာ နှလုံးရဲ့ ပုံရိပ်ကို နှောင့်ယှက်နိုင်တာကြောင့် ဖယ်ထားဖို့ လိုပါတယ်။ သင့်အလှည့်မကျမီ အဖေါ်တစ်ယောက်နဲ့အတူ မခွဲစိတ်မီအခန်းမှာ စောင့်နေနိုင်ပါတယ်။

ရောဂါအဖြေရှာခြင်း နှင့် ကုသခြင်း

Cardiac catheterization နဲ့ စစ်ဆေးနေချိန်မှာ ဘယ်လို ဖြစ်မှာလဲ။

Cardiac catheterization ဟာ မိနစ် ၃၀ လောက် ကြာမြင့်နိုင်ပါတယ်။

သင့်လျော်တယ်ဆိုရင် ဆရာဝန်က သင့်ကို စိတ်ငြိမ်ဆေး၊ အနာသက်သာဆေးတွေ ပေးနိုင်ပါတယ်။

Sheath တစ်ခုကို ပေါင်မှ သွေးကြောအတွင်း (သို့) လက်ကောက်ဝတ်က သွေးကြောအတွင်း ထိုးသွင်းမှာ ဖြစ်ပါတယ်။ နှလုံးအထူးက ဆရာဝန်က sheath မှတစ်ဆင့် ပြွန်တစ်ခုကို နှလုံးကိုသွားတဲ့ သွေးကြောတစ်လျှောက် ထိုးသွင်းမှာ ဖြစ်ပါတယ်။ သင့်နှလုံးအထူးကုဆရာဝန်ဟာ ပြွန်အတွင်းကို ဆိုးဆေးထိုးထည့်မှာ ဖြစ်ပြီး နှလုံးသွေးကြောရဲ့ ဘယ်အပိုင်းကျဉ်းနေလဲဆိုတာကို X-ray မှတစ်ဆင့် ရှာဖွေနိုင်ပါတယ်။

တကယ်လို့ သင့်မှာ စိုးရိမ်မှုတွေ၊ မေးခွန်းတွေ ရှိနေရင် ဆရာဝန်ကို ဆက်သွယ်မေးမြန်းသင့်ပါတယ်။

Cardiac catheterization လုပ်ပြီးသွားချိန် ဘာဖြစ်မှာလဲ။

စစ်ဆေးမှုပြုလုပ်အပြီး တစ်ရက်တည်းမှာ အိမ်ပြန်နိုင်ပါတယ်။

တကယ်လို့ ပေါင်မှ သွေးကြောမှ တစ်ဆင့်ထည့်တယ်ဆိုရင် နှစ်ရက်လောက် ကားမမောင်းသင့်ပါဘူး။

အဖြေကိုသိရှိခြင်း

သင့်ဆရာဝန်က သင့်ကို အဖြေအကြောင်းဆွေးနွေးပြီး ကုသမှုနဲ့ ပြန်လည်ပြသဖို့တို့ကို စီစဉ်ပေးမှာ ဖြစ်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

တည်းဖြတ်သည့်နေ့ ဖေ‌ဖော်ဝါရီ 6, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း ဖေ‌ဖော်ဝါရီ 6, 2018

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ