backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Caffey Disease (ကပ်ဖီရောဂါ)


Phyo Wai Yan မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

ကပ်ဖီရောဂါဆိုတာဘာလဲ။

ကပ်ဖီရောဂါဆိုတာ ကလေးတွေမှာ အများဆုံးဖြစ်တဲ့ အရိုးပြဿနာတစ်ခုပါ။ အောက်မေးရိုး၊ ပခုံးရိုး၊ ညှပ်ရိုးနဲ့ လက်၊ခြေထောက်ရိုးတို့၏ ကိုယ်ထည်တို့မှာ အရိုးများ လိုတာထက်ပိုပြီး ဖြစ်ပေါ်ကြတာပါ။ ရောဂါဖြစ်တဲ့အရိုးဟာ ပုံမှန်အနံနဲ့ ၂ဆ၊ ၃ဆလောက်ရှိပါတယ်။ တချို့အခြေအနေတွေမှာ ကပ်လျက်အရိုး၂ခု ပူးသွားနိုင်ပါတယ်။

ကပ်ဖီရောဂါဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။

ကပ်ဖီရောဂါဆိုတာ တော်တော်လေးရှားပြီး ကလေးအယောက်၁၀၀၀မှာ ၄ယောက်နှုန်းဖြင့် ကမ္ဘာတစ်ဝန်းလုံးမှာ ဖြစပွားလျက်ရှိပါတယ်။ ကလေးတွေအသက်ကြီးလာတာနဲ့အမျှ ပျောက်ကွယ်သွားတတ်တဲ့အတွက်ကြောင့် ပုံမှန်အားဖြင့် ရောဂါကိုမတွေ့ရတတ်ဘူးလို့ လေ့လာတွေ့ရှိရပါတယ်

အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

ရောဂါလက္ခဏာများ

ကပ်ဖီရောဂါရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။

ကလေးတစ်ယောက်မှာ ကပ်ဖီရောဂါရှိပြီဆိုရင် အောက်ပါရောဂါလက္ခဏာ၃မျိုးကို ခံစားရပါမယ်။

  • တစ်ရှုးပျော့ဖုရောင်ခြင်းများ
  • အရိုးပျက်စီးမှုများ
  • စိတ်ကသိကအောက်ဖြစ်ခြင်း

တစ်ရှုးပျော့ဖုရောင်ခြင်းက ရုတ်တရက်ပေါ်လာပါတယ်။ နက်ရှိုင်းပြီး တင်းနေတတ်ပါတယ်။ နာကျင်မှုတွေလည်း ရှိနိုင်ပါတယ်။ မေးရိုး၊ ခြေသလုံးရိုး၊ လက်ဖျံရိုး၊ လက်ပြင်ရိုး၊ နံရိုး၊ ဦးခေါင်းခွံရိုးနဲ့ ခြေဖဝါးရိုးတို့ကို ထိခိုက်တာပါ။ မေးရိုးကို ထိခိုက်မယ်ဆိုရင် ကလေးက အစာစားဖို့ ငြင်းဆိုလာပြီး ကြီးထွားနှုန်းနှေးကွေးလာပါလိမ့်မယ်။ အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါသလဲ။

သင့်ဆီမှာ သို့မဟုတ် သင်ချစ်ရသူတစ်ဦးဦးမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

ဖြစ်ပွားမှုအကြောင်းရင်းများ

ဘာတွေက ကပ်ဖီရောဂါ ဖြစ်ပွားစေသလဲ။

ကပ်ဖီရောဂါက COL1A1 မျိုးရိုးဗီဇချို့ယွင်းမှုကြောင့် ဖြစ်ရတာပါ။ ထိုမျိုးရိုးဗီဇရဲ့ လုပ်ငန်းစဉ်ကတော့ ကော်လဂျင်လို့ခေါ်တဲ့ မော်လီကျူးအကြီးစားတွေရဲ့ အစိတ်အပိုင်းတစ်ခုပြုလုပ်ဖို့ပါ။ ကော်လဂျင်ဆိုတာ အရိုးနု၊ အရိုးမာ၊ အရွတ်နဲ့ အရေပြားတို့မှာပါဝင်ပြီး ခန္ဓါကိုယ်ကို ထောက်ပံကာ ကြံ့ခိုင်စေသော ပရိုတင်းဖြစ်ပါတယ်။ ထိုပရိုတင်းကို ဆဲလ်ဘေးနားက နေရာလွတ်တွေမှာ တွေ့နိုင်ပါတယ်။ ကော်လဂျင်ရဲ့ မော်လီကျူးတွေဟာ ဖိုက်ဘာမျှင်ပါးပါးလေးထဲမှာ တစ်ခုနဲ့တစ်ခုဖြတ်သန်းတွယ်ဆက်နေကြပါတယ်။ ထိုအမျှင်ငယ်လေးတွေက ပျော့ပျောင်းပြီး ခိုင်မာကြပါတယ်။

ဖြစ်ပွားစေနိုင်ချေကို မြင့်စေသည့် အကြောင်းရင်းများ

ဘယ်အရာတွေက ကပ်ဖီရောဂါ ဖြစ်ပွားနိုင်ချေကိုမြင့်စေပါသလဲ။

ကပ်ဖီရောဂါဆိုတာ ငုတ်လျှိုးမျိုးရိုးဗီဇပုံစံဖြင့် လက်ခံရရှိပါတယ်။ ဒါပေမယ့်လည်း မျိုးရိုးဗီဇရှိသူတိုင်းတော့ ရောဂါလက္ခဏာတွေ ဖြစ်ပေါ်ကြမှာမဟုတ်ပါဘူး။ မပြည့်စုံတဲ့ မျိုးရိုးဗီဇကွဲလွဲပြောင်းလဲမှုတွေကြောင့် ဖြစ်ရတာပါ။ နောက်ထပ်သိလိုသည်များအတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။

ရောဂါအဖြေရှာခြင်းနှင့် ကုသခြင်း

ယခုဖော်ပြထားသည့် အချက်အလက်များမှာ ဆေးပညာဆိုင်ရာကျွမ်းကျင်သူ၏ အကြံပေးချက်များနေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက်သိရှိလိုသောအချက်အလက်များအတွက် သင့်ရဲ့ဆရာဝန်နဲံ အမြဲတိုင်ပင်ဆွေးနွေးပါ။

ကပ်ဖီရောဂါ ဟုတ်မဟုတ်ကို ဘယ်လိုအဖြေရှာအတည်ပြုသလဲ။

အခြေအနေအများစုမှာ ကပ်ဖီရောဂါကို သာမန်စစ်ဆေးမှုလေးနဲ့တင် တွေ့ရှိနိုင်ပါတယ်။ ဓါတ်မှန်မှာ အရိုးပြောင်းလဲမှုတွေ၊ တစ်ရှုးပျော့ဖုရောင်ခြင်းတို့ဖြင် ရောဂါကို အတည်ပြုနိုင်ပါတယ်။ ရောဂါဖြစ်နေတဲ့နေရာကို အသားစယူစစ်ဆေးခြင်းဖြင့် ကပ်ဖီရောဂါကြောင့် ဘာပြောင်းလဲမှုတွေ ဖြစ်နေလဲဆိုတာကို သိနိုင်ပါတယ်။ ထိုရောဂါအတွက် သီးသန့်သွေးစစ်ခြင်းတွေမရှိသော်လည်း ESR နဲ့ အယ်ကာလိုင်းဖော့စဖာတေ့စ် မြင့်တက်နေတာကို တွေ့နိုင်ပါတယ်။ သွေးဆဲရေတွက်တဲ့အခါမှာ သွေးအားနည်းခြင်း(သွေးနီဥနည်းခြင်း)နဲ့ သွေးဖြူဥများခြင်းတို့ ရှိနေနိုင်ပါတယ်။

ကပ်ဖီရောဂါကို ဘယ်လိုကုသလဲ။

ကပ်ဖီရောဂါဟာ ပုံမှန်အားဖြင့် သိမ်မွေ့သော ရောဂါတစ်ခုဖြစ်ပြီး သီးသန့်ကုသမှုတွေမလိုအပ်ဘဲ အချိန်ကြာလာတာနဲ့အမျှပျောက်ကင်းသွားတတ်ပါတယ်။ အခြေအနေဆိုးတဲ့ ရောဂါလက္ခဏာတွေကို ထိန်းချုပ်ရာမှာ စတီးရွိက်မဟုတ်သော အကိုက်အခဲပျောက်ဆေးများနှင့် ကော်တီကိုစတီးရွိုက်တို့က အလုပ်ဖြစ်နိုင်ပါတယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက ကပ်ဖီရောဂါကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group ဆေးပညာအကြံပြုချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Phyo Wai Yan မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement