Byssinosis (၀ါဂွမ်းမှုန့်များကြောင့် ဖြစ်သောအဆုတ်ရောဂါ) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar.

အဓိပ္ပါယ်ဖွင့်ဆိုချက်

Byssinosis (၀ါဂွမ်းမှုန့်များကြောင့် ဖြစ်သောအဆုတ်ရောဂါ) ကဘာလဲ။

ဝါဂွမ်းမှုန့်များကြောင့် ဖြစ်သောအဆုတ်ရောဂါသည် ၀ါဂွမ်း၊ လျှော်နှင့် နှမ်းကြတ်ပင်များပြုလုပ်သော စက်ရုံ အလုပ်ရုံများရှိအလုပ်သမားများတွင် ဖြစ်သောရောဂါဖြစ်ပြီး Monday fever, brown lung disease, mill fever or cotton workers’ lung စသည်ဖြင့် အမျိုးမျိုးခေါ်ဝေါ်ကြသည်။

ထိုရောဂါဖြစ်ပွား မှုနှုန်းသည် ဥရောပတွင် ကျဆင်းလာသော်လည်း ကမ္ဘာအနှံ့တွင်မူ ဖြစ်နှုန်းပိုများလာကြောင်း တွေ့ရသည်။ ထိုရောဂါသည် ချည်ကို အပ်ချည် နှင့် အခြားအသုံးအဆောင်များ ပြုလုပ်သောစက်ရုံများရှိအလုပ်သမားများတွင်သာ တသတ်မတ်တည်းဖြစ်ခြင်း မျိုးမဟုတ်ပါ။

ထိုရောဂါသည် အဖြစ်များသော အဆုတ်ရောဂါမဟုတ်ပါ။ဝါဂွမ်း၊ လျှော်နှင့် နှမ်းကြတ်ပင်များမှ အမှုန်များကိုရှုမိလျှင်ဖြစ်သောကြောင့် အညိုရောင်အဆုတ်ရောဂါဟုလည်း ခေါ်ကြသည်။

ထိုရောဂါသည် အလုပ်လုပ်ရင်းဖြစ်သောရင်ကျပ်ပန်းနာရောဂါဖြစ်ပြီး အမေရိကတွင်မူ အဓိကအားဖြင့် ၀ါဂွမ်းနှင့်အဓိကထိတွေ့ရသော လုပ်သားများတွင် အဖြစ်များပြီး ၀ါဂွမ်းထုတ်များကို ဖြေရသည့် ပထမအဆင့်တွင် လုပ်ကိုင်ရသူများသည် ဖြစ်နိုင်ချေအများဆုံးဖြစ်သည်။ ကောက်နှံစပါးများစိုက်ပျိုးလုပ်ကိုင်သူများတွင်လည်း ထိုရောဂါအဖြစ်များကြောင်းတွေ့ရသည်။

Byssinosis (၀ါဂွမ်းမှုန့်များကြောင့် ဖြစ်သောအဆုတ်ရောဂါ) က ဘယ်လောက်အဖြစ်များသလဲ

ဝါဂွမ်းမှုန့်များကြောင့် ဖြစ်သောအဆုတ်ရောဂါသည် စက်ရုံများတွင်လုပ်သူများတွင်အဖြစ်များပြီး ကြိတ်စက်နှင့် အခြားသော ချည်ထည်များထုတ်လုပ်သောစက်ရုံများတွင်လုပ်သော အမျိုးသမီးငယ်များတွင် ပိုဖြစ်သည်။

သို့သော်ထိုဖြစ်စဉ်ကို ဖြစ်စေနိုင်သော အချက်များကို လျှော့ချခြင်းများပြုလုပ်နိုင်သော်လည်း တိကျသော သတင်းအချက်အလက်များရရှိရန် ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။

လက္ခဏာများ

Byssinosis (၀ါဂွမ်းမှုန့်များကြောင့် ဖြစ်သောအဆုတ်ရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ

ဝါဂွမ်းမှုန့်များကြောင့် ဖြစ်သောအဆုတ်ရောဂါ ၏ရောဂါလက္ခဏာများကို ရက်သတ္တပတ်တခုတွင် အလုပ်စလုပ်သောရက်တွင် ပိုဆိုးပြီး အလုပ်နားရက်များတွင် သိသိသာသာ သက်သာသွားကြောင်းတွေ့ရသည်။

သင်သည် ဖုန်မှုန့်များနှင့် အမြဲထိတွေ့နေရပါက တပတ်လုံးရောဂါလက္ခဏာများခံစားနေရမည်ဖြစ်သည်။ ထိုလက္ခဏာများသည် ရင်ကျပ်ပန်းနာကဲ့သို့ပင် ရင်ကျပ်ခြင်း၊ တရွှီရွှီမြည်ခြင်း၊ ချောင်းဆိုးခြင်းတို့ဖြစ်ပြီါ် ပြင်းထန်ပါက တုပ်ကွေး၏လက္ခဏာများဖြစ်သော

  • ဖျားခြင်း
  • ကြွက်သားနှင့် အဆစ်များနာကျင်ခြင်း
  • အသားများတုန်ခြင်း၊ ချမ်းခြင်း
  • မောပန်းခြင်း
  • ချောင်းခြောက်ဆိုးခြင်း တို့ခံစားရမည်ဖြစ်သည်။

အထက်ပါရောဂါလက္ခဏာများသည် ဖုန်မှုန့်များနှင့် ထိတွေ့နေသမျှကာလပတ်လုံး ခံစားနေရမည်ဖြစ်ပြီး ဖုန်များနှင့် ဝေးသွားလျှင် သက်သာသွားမည်ဖြစ်သည်။ သင်သည် ထိုလက္ခဏာများခံစားလာရပါက ဆရာဝန်နှင့် တတ်နိုင်သမျှစောစောပြသင့်သည်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

ရောဂါကို စောစီးစွာသိရပြီး ကုသနိုင်ပါက ရောဂါပိုမဆိုးလာစေရန် နှင့် အရေးပေါ်ကျန်းမာရေးပြသနာများ မကြုံလာစေရန် ကူညီပေးပါသည်။ ထို့ကြောင့် နှောင့်နှေးမနေဘဲ ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။

အထက်တွင်ဖော်ပြထားသော လက္ခဏာများအပြင် ပိုသိလိုသော် ဆရာဝန်နှင့်တိုင်ပင်သင့်သည်။

လူတယောက်နှင့် တယောက် ရောဂါ၏တုံပြန်ပုံခြင်းမတူညီသည့်အတွက် မိမိ၏အခြေအနေကို သိရှိကာထိရောက်စွာကုသနိုင်ရန် ဆရာဝန်နှင့်တိုင်ပင်သင့်သည်။

အကြောင်းရင်းများ

Byssinosis (၀ါဂွမ်းမှုန့်များကြောင့် ဖြစ်သောအဆုတ်ရောဂါ) ကိုဘာတွေကဖြစ်စေသလဲ

ဝါဂွမ်းအကြမ်းထည်များနှင့် ချည်လိပ်များတွင် သင့်ခနာကိုယ်တွင် ဓာတ်မတည့်မှုကို စတင်စေသော tannins, Endotoxin စသည့်ဘက်တီးရီးယားမှရသော ဇီဝဓာတုပစ္စည်းများပါဝင်ကြောင်း သက်သေအထောက်အထားများရှိပါသည်။

သို့သော် ဘက်တီးရီးယားမှရသော Endotoxinသည် ဖြစ်နိုင်ချေများသော အကြောင်းရင်းဖြစ်သော်လည်း Endotoxinနှင့် ထိတွေ့နေသော အခြားသောစက်ရုံများရှိအလုပ်သမားများတွင် ထိုအဆုတ်ရောဂါလက္ခဏာများ မတွေ့ရှိရသည်များလည်း ရှိပါသည်။

ထို့အပြင် လျှော်ပင်၊ နာနတ်လျှော်ပင်နှင့် နှမ်းကြတ်ပင်များနှင့် လုပ်ကိုင်ရသော သူများတွင်လည်း ထိုနည်းတူ အဆုတ်ရောဂါလက္ခဏာများကိုတွေ့ရပါသည်။ ထိုသို့ဖြစ်ခြင်းသည် လူတစ်ဦးခြင်းစီ၏ ဓာတ်မတည့်မှုဖြစ်စဉ်ကို ခနာကိုယ်မှ တုန့်ပြန်မှုလွန်ကဲခြင်းနှင့် သက်ဆိုင်ပါသည်။

ဖြစ်နိုင်ခြေများ

 Byssinosis (၀ါဂွမ်းမှုန့်များကြောင့် ဖြစ်သောအဆုတ်ရောဂါ) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

ထိုရောဂါကို ဖြစ်နိုင်ချေများစေသော အလုပ်များမှာ ၀ါဂွမ်း နှင့် လျှော်အကြမ်းထည်များကို အဆင့်ဆင့်လုပ်ဆောင်ရသော အလုပ်ခွင်ရှိ အလုပ်သမားများဖြစ်သည်။ သို့သော် ဥရောပနိုင်ငံများတွင်မူ ထိုရောဂါကြောင့်သေဆုံးမှုသည် တဖြေးဖြေးကျဆင်းလျက်ရှိသည်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Byssinosis (၀ါဂွမ်းမှုန့်များကြောင့် ဖြစ်သောအဆုတ်ရောဂါ) ကို ဘယ်လိုအတည်ပြုပါသလဲ

သင့်ရောဂါကို သိရှိရန် ဆရာဝန်က သင့်လတ်တလောလှုပ်ရှားမှုများ နှင့် ချည်ထည်လိပ်များ၊ ဖုန်မှုန့်များနှင့် ထိတွေ့ရသောအလုပ်များလုပ်နေသလား မေးမြန်းလိမ့်မည်။ထို့နောက် သင့်အဆုတ်ကို စစ်ဆေးစမ်းသပ်ပြီး အဆုတ်ကို ဓာတ်မှန် နှင့် ကွန်ပျူတာဓာတ်မှန်များရိုက်ကာ စစ်ဆေးခြင်း နှင့် အဆုတ်၏စွမ်းဆောင်ရည်ကို စမ်းသပ်မှုများပြုလုပ်နိုင်သည်။

အဆုတ်၏လေမှုတ်ထုတ်အားကို စမ်းသောကိရိယာဖြင့်လည်း သင့်ကို စမ်းသပ်လိမ့်မည်။ ထိုကိရိယာသည် သင်သည်အဆုတ်တွင်းမှ လေကိုမည်မျှမှုတ်ထုတ်နိုင်ကြောင်းကို စမ်းသပ်ခြင်းဖြစ်ပြီး သင်၏ တပတ်အတွင်းပြောင်းလဲမှုကို မှတ်တမ်းပြုထားခြင်းဖြင့် ဆရာဝန်က သင့်အဆုတ်ထိခိုက်ထားသော ပမာဏကို မှန်းနိုင်သည်။

Byssinosis (၀ါဂွမ်းမှုန့်များကြောင့် ဖြစ်သောအဆုတ်ရောဂါ) ကို ဘယ်လိုကုသပါသလဲ

ပထမအဆင့်အနေဖြင့် လူနာသည်ရောဂါဖြစ်စေသော ၀ါဂွမ်းမှုန့်နှင့် ဖုန်များမှရှောင်ကဉ်နေထိုင်ရမည်ဖြစ်သည်။

မပြင်းထန်သေးလျှင် လေပြွန်ချဲ့ပေးသော ဆေးများသောက်ခြင်းဖြင့် သက်သာစေနိုင်သော်လည်း ရောဂါပြင်းထန်လျှင် စတီးရွိုက်ပါသော အရောင်ကျဆေးရှုဆေးများကို ပေးပါသည်။

သို့သော်ထိုဆေးများသည် ပါးစပ်ထဲတွင် မှိုရောဂါဖြစ်စေသောကြောင့် ဆေးရှုပြီးတိုင်း အာလုတ်ကျင်းရန်လိုအပ်ပါသည်။

သင့်သွေးထဲတွင် အောက်ဆီဂျင်ဓာတ်မလုံလောက်ပါက အောက်ဆီဂျင်ရှုရန်လိုပါသည်။ နာတာရှည်ရောဂါသည်များတွင် ရှုစက်များဖြင့်ရှုခြင်း နှင့်အခြားသော အသက်ရှုလမ်းကြောင်းဆိုင်ရာကုသမှုများပြုလုပ်ရခြင်းတို့ရှိပါသည်။ သင့်ရောဂါလက္ခဏာများသည် အဆိုပါ ၀ါဂွမ်းမှုန့်များနှင့် မထိတွေ့လျှင် သက်သာသွားသော်လည်း သင့်အဆုတ်တွင် စုပုံဆဲသာဖြစ်သည်။

ထို့ကြောင့် အဆိုပါ ၀ါဂွမ်း၊ လျှော်နှင့် နှမ်းကြတ်ပင်များနှင့် တနှစ်ပတ်လုံးလုပ်ကိုင်နေရလျှင် သင့်အဆုတ်သည် ပြန်ကောင်းတော့မည်မဟုတ်ပါ။

နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများ

နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများကိုပြုလုပ်ခြင်းဖြင့် ၀ါဂွမ်းမှုန့်များကြောင့် ဖြစ်သောအဆုတ်ရောဂါ

ဖြစ်သူများအတွက် ဘယ်လိုသက်ရောက်မှုရှိနိုင်သလဲ။

ထိုအဆုတ်ရောဂါကို မဖြစ်ရန်ကာကွယ်နိုင်သည့်နည်းလမ်းများရှိပါသည်။ အကယ်၍ သင်သည် ရောဂါဖြစ်နိုင်သော အလုပ်ခွင်တွင်လုပ်ရသူဖြစ်ပါလျှင် အထူးသဖြင့် ထိုဝါဂွမ်း၊ ဖုန်မှုန့်များနှင့် အနီးကပ်ထိတွေ့ရသူဖြစ်လျှင် သင်အလုပ်လုပ်နေစဉ် နှာခေါင်းစည်းတပ်ထားပါ။

သင်သိလိုသည်များရှိသော် ဆရာဝန်နှင့်တိုင်ပင်ကာ ပိုမိုကောင်းမွန်သော အကြံဥာဏ်များရယူနိုင်ပါသည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ အောကျတိုဘာ 6, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း အောကျတိုဘာ 6, 2017

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ