Bursitis (အရိုးအဆစ်ရှိ အရည်အိတ်ရောင်ခြင်း) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe.

အဓိပ္ပါယ်ဖွင့်ဆိုချက်

Bursitis (အရိုးအဆစ်ရှိ အရည်အိတ်ရောင်ခြင်း) ကဘာလဲ။

အရည်အိတ်ရောင်ခြင်း ဆိုသည်မှာ ချောဆီဟု ခေါ် သော အရည်များဖြည့်ထားသော အိတ်များ ရောင်ခြင်း၊ နီရဲ ခြင်းကို ခေါ်ပါသည်။ ချောဆီသည် ပုခုံး၊ တံတောင်ဆစ်၊ တင်ပါးဆုံ၊ ဒူးခေါင်းနှင့် ခြေထောက် ဝန်းကျင်တွင် အများအား ဖြင့် ရှိပါသည်။ ချောဆီသည် အရိုးနှင့် ကြွက် သား၊ အရွတ်၊ အရေပြားစသော ဝန်းကျင်ရှိ အင်္ဂါများကြား တွင် ကြားခံအဖြစ် ဆောင်ရွက်ပေးကာ တစ်ခုနှင့် တစ်ခု လွယ်ကူစွာ လှုပ်ရှားနိုင်စေပါသည်။ အရည်အိတ်ရောင်ခြင်း သည် အရိုးအဆစ်များ မကြာခဏလှုပ်ရှားသောကြောင့် ဖြစ်ပွားပါသည်။ ဖြစ်စေသော အကြောင်းရင်းကို မရပ်တန့် နိုင်ပါက ရောဂါသည် ကုသမှုအပြီး ပြန်ဖြစ်နိုင်ပါသည်။

Bursitis (အရိုးအဆစ်ရှိ အရည်အိတ်ရောင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

လူတိုင်းသည် အရည်အိတ်ရောင်ခြင်း ဖြစ်နိုင်ပါသည်။ သို့သော်လည်း အသက်ကြီးသူများတွင် ပို၍ ဖြစ်နိုင်ပါ သည်။ အထူးသဖြင့် ပန်းချီဆရာ၊ ဥယျာဉ်မှူး၊ တေးဂီတ ပညာရှင် စသော အလုပ်တစ်ခုကို အကြိမ်များစွာ ထပ်လုပ် ရသော သူများတွင် ပို၍ ဖြစ်နိုင်ပါသည်။

လက္ခဏာများ

Bursitis (အရိုးအဆစ်ရှိ အရည်အိတ်ရောင်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

အရည်အိတ်ရောင်ခြင်း ၏ ရောဂါလက္ခဏာများသည် ရိုးရှင်းပြီး သတိပြုရ လွယ်ပါသည်။ အောက်ပါတို့ ပါဝင် ပါသည်။

  • နာကျင်ခြင်း၊ တောင့်တင်းခြင်း တို့ ခံစားရခြင်း
  • ရောင်ရမ်းခြင်း၊ နီရဲခြင်း
  • လှုပ်ရှားသောအခါ ထိသောအခါ နာကျင်မှုသည် ပို၍ ဆိုးရွားလာပါသည်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အရည်အိတ်ရောင်ခြင်းသည် ပြင်းထန်သော ရောဂါ တစ်ခု မဟုတ်ပါ။ သို့သော် ကောင်းစွာ မကုသပါက ဆိုးရွား လာနိုင်ပါသည်။ အောက်ပါတို့ ဖြစ်ပွားပါက ဆရာဝန်နှင့် ချက်ချင်း ဆက်သွယ်ပါ။

  • နာကျင်ခြင်းသည် မသက်သာဘဲ တစ်ပတ်ကျော် ကြာခြင်း
  • အလွန်ရောင်ရမ်းခြင်း၊ နီရဲခြင်း၊ အညိုမဲစွဲခြင်း သိုမဟုတ် အဖုများထွက်ခြင်း
  • ရုတ်တရက် စူး၍နာခြင်း၊ အထူးသဖြင့် လေ့ကျင့် ခန်း လုပ်ရာတွင် ဖြစ်သည်။
  • အဖျားတက်ခြင်း

အကြောင်းရင်းများ

Bursitis (အရိုးအဆစ်ရှိ အရည်အိတ်ရောင်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

အရိုးအဆစ်များတွင် ပြင်းထန်စွာ တိုက်ရိုက် ဒဏ်ရာ ရခြင်းသည် အရည်အိတ်ရောင်ခြင်းကို ဖြစ်စေသော အကြောင်းရင်းတစ်ခုဖြစ်သည်။ အဆစ်ဒဏ်ရာရခြင်းသည် အားကစား လုပ်ရာတွင် လေးလံသော ပစ္စည်းများ မရာ တွင် သို့မဟုတ် ခြေလက်များ ပို၍အသုံးပြုရသော အလုပ် များ( ကြမ်းတိုက်ခြင်း ကဲ့သို့) တွင် ဖြစ်နိုင်ပါသည်။ လေးဖက်နာရောဂါ၊ ဒူလာရောဂါ၊ သိုင်းရွိုက်ရောဂါ နှင့် ဆီးချိုသွေးချို စသော ရောဂါများသည်လည်း အရည်အိတ် ရောင်ခြင်းကို ဖြစ်စေပါသည်။

Risk factors

ငါ့ဆီမှာ Bursitis (အရိုးအဆစ်ရှိ အရည်အိတ်ရောင်ခြင်း) ဖြစ်နိုင်ခြေကိုဘ်ာတွေက မြင့်တက်စေသလဲ

အောက်ပါအချက်တို့ရှိပါက အရည်အိတ်ရောင်ခြင်း ပို၍ ဖြစ်နိုင်ပါသည်။

  • အသက်။ အသက်ကြီးပါက ရောဂါရနိုင်ချေ ပိုမြင့် ပါသည်။၏
  • အလုပ်အကိုင်နှင့် ဝါသနာ။ အလုပ်အကိုင် သို့မဟုတ် ဝါသနာပါသောအလုပ်သည် ထပ်ခါ ထပ်ခါ ပြုလုပ်ရသော ဆင်တူလှုပ်ရှားမှုများ ပါပါက အရေအိတ်များကို ဖိအားဖြစ်စေပြီး အရည်အိတ် ရောင်ခြင်းဖြစ်နိုင်ချေကို မြင့်တက်စေပါသည်။ ဥပမာ- ပန်းချီဆရာ၊ ဥယျာဉ်မှူး၊ တေးဂီတ ပညာရှင်။
  • လေးဖက်နာရောဂါ၊ ဒူလာရောဂါ နှင့် ဆီးချိုသွေးချို စသော ရောဂါအချို့သည် အရည်အိတ်ရောင်ခြင်း ဖြစ်နိုင်ချေကိုမြင့်စေပါသည်။

အန္တရာယ်ရှိသောအချက်များမရှိခြင်းသည် ရောဂါမရနိုင် ဟု မဆိုလိုပါ။ ဤအချက်များသည် ကိုးကားချက်သာလျှင် ဖြစ်ပါသည်။ ပိုမိုသော အချက်အလက်များ ရရှိရန် အထူးကု ပါရဂူ နှင့် တိုင်ပင်ဆွေးနွေး သင့်ပါသည်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Bursitis (အရိုးအဆစ်ရှိ အရည်အိတ်ရောင်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ဆရာဝန်သည် ဆေးမှတ်တမ်း နှင့် စစ်ဆေးမှုအပေါ် မူ တည်၍ အရည်အိတ်ရောင်ခြင်းကို အတည်ပြုနိုင်ပါသည်။ ဆရာဝန်သည် အောက်ပါ ရောဂါအဖြေရှာခြင်း နည်းလမ်း များကို အသုံးပြုနိုင်ပါသည်။

  • ဓာတ်မှန်ရိုက်ခြင်း။ ရောဂါလက္ခဏာများ၏ အခြား အကြောင်းရင်းများ (ဥပမာ- အရိုးကျိုးခြင်း) တို့ကို ဖော်ထုတ်ရန် ကူညီပေးနိုင် ပါသည်။
  • စစ်ဆေးခြင်းဖြင့် အရည်အိတ်ရောင်ခြင်း ကို အတည်မပြုနိုင်သောအခါ Ultrasound, MRI တို့ကို ပြုလုပ်နိုင်ပါသည်။
  • သွေးစစ်ခြင်း နှင့် အရည်များစစ်ဆေးခြင်း

Bursitis (အရိုးအဆစ်ရှိ အရည်အိတ်ရောင်ခြင်း) ကို ဘယ်လိုကုသပါသလဲ

အရည်အိတ်ရောင်ခြင်း၏ ကုသမှု အချို့မှာ

  • အနာယူပါ။ အနည်းဆုံး ၂ပတ်လောက် အလုပ်လုပ်ခြင်းကို ရပ်ပါ။ ၇-၁၀ရက်လောက် မလုပ်ရှားနိုင်ရန် ကျပ်စည်းပါ။
  • နာသောနေရာတွင် ရောင်ရမ်းခြင်းနှင့် နာကျင်ခြင်း သက်သာရန် ရေခဲတင်ပါ။
  • Aspirin, ibuprofen, naproxen စသော အကိုက် အခဲပျောက်ဆေးများ အသုံးပြုခြင်းသည် မပြင်း ထန်သော အရည်အိတ်ရောင်ခြင်းများကို သက် သာ စေသည်။
  • အရည်အိတ်ရောင်ခြင်းသည် ရောဂါပိုးကူးစက်ခြင်း ကြောင့်ဖြစ်ပါက ဆရာဝန်သည် ပဋိဇီဝဆေး သောက်သုံးရန် ညွှန်ကြားပါလိမ့်မည်။
  • ချောဆီများအား စစ်ထုတ်ခြင်းသည် နာကျင်ခြင်း ကိုလျော့ကျစေပါသည်။ ယာယီ အရည် စစ်ဆေး ခြင်းလည်း ပြုလုပ်နိုင်ပြီး ဆရာဝန်က ရောဂါပိုး ကူးစက်မှုလား ဒူလာရောဂါလား စစ်ဆေးနိုင်ပါ သည်။ သို့သော်လည်း ရောဂါသည်ပြန်ဖြစ်နေပါက နောက်ထပ် အရည်စစ်ထုတ်ခြင်းများသည် ရောဂါ ပိုးကူးစက်မှု နှင့် အရွတ်ပျက်စီးခြင်းများကို ဖြစ်စေ ပါသည်။

ရောဂါသည် ကုသအပြီး ၆-၁၂ပတ်ကြာသည်အထိ မပျောက်ပါက ထိခိုက်မှုများကို ပြုပြင်ရန် နှင့် ချောဆီအိတ် တွင် ဖိအားနည်းစေရန် ခွဲစိတ်ကုသခြင်းကို ပြုလုပ်နိုင် သည်။

ရုပ်ပိုင်းဆိုင်ရာကုထုံးဆရာဝန်၊ အလုပ်အကိုင်ပိုင်း ဆိုင်ရာ ကုထုံးဆရာဝန် နှင့် အားကစားနည်းပြ များသည် အရေအိတ်ရောင်ခြင်းကို ထိခိုက်မှုနည်းစေပြီး ပုံမှန် လုပ်ငန်း ဆောင်တာများကို ပြန်လည်လုပ်ကိုင်နိုင်စေရန် ကူညီပေးနိုင်ပါသည်။

 

လူနေမှုပုံစံ ပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးများ 

လူနေမှုပုံစံ ပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးများ  အသုံးပြုခြင်း သည် အရည်အိတ်ရောင်ခြင်းကို ကုသရာတွင်  ဘယ်လို အထောက် အကူပြုနိုင်မလဲ။

      အောက်ပါ လူနေမှုပုံစံများ နှင့် အိမ်သုံး ကုထုံးများ သည် အရည်အိတ်ရောင်ခြင်း ကို ထိန်းချုပ်နိုင် ပါသည်။

  • ပြန်လည်သက်သာမှု မြန်ဆန်စေရန် အနားယူပါ။ ရောင်သောနေရာအား မလှုပ်ပါနှင့်။
  • ရောင်ရမ်းခြင်းကိုသက်သာစေရန် ရေခဲတင်ပါ။
  • အရည်အိတ်ရောင်ခြင်းသည် ဒူးတွင် ဖြစ်ပါက သင် ဘေးစောင်း၍ လဲလျောင်းရာတွင် ခြေထောက် နှစ်ဖက်ကြား ခေါင်းအုံးတစ်ခု ခံထားပါ။ ဒူးအပေါ် တွင် ဖိအားနည်းစေရန် ဖြစ်ပါသည်။
  • အသင်းအဖွဲ့များဖြင့် အားကစားပြုလုပ်ပါက အကာအကွယ်ပေးသော ပစ္စည်းများဝတ်ဆင်ပါ။
  • ထပ်ခါထပ်ခါပြုလုပ်ရသော လှုပ်ရှားမှုများကို ရှောင်ကြဉ်ပါ။

အကယ်၍ သင့်တွင် မေးခွန်းများ ရှိပါက သင့်အတွက် သင့်တော်သော အဖြေရှာဖွေနိုင်ရန် ဆရာဝန် နှင့် ဆွေးနွေး တိုင်ပင် သင့်ပါသည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

ရင်းမြစ်များ

တည်းဖြတ်သည့်နေ့ ဖေ‌ဖော်ဝါရီ 20, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း ဖေ‌ဖော်ဝါရီ 20, 2018

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ