Brucellosis (တိရိစ္ဆာန်မှတစ်ဆင့် လူသို့ကူးစက်သော ဘရူဆယ်လိုးစစ်ရောဂါ )

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ hellosayarwon.

အဓိပ္ပါယ်ဖွင့်ဆိုချက်

Brucellosis (တိရိစ္ဆာန်မှတစ်ဆင့် လူသို့ကူးစက်သော ဘရူဆယ်လိုးစစ်ရောဂါ ) ကဘာလဲ။

Brucellosis ဆိုတာ တိရိစ္ဆာန်တွေကနေ လူတွေကို ကူးတဲ့ ဘက်တီးရီးယား ရောဂါ တစ်မျိုးပါ။ ယင်းဘက်တီးရီးယားက လူကော တိရိစ္ဆာန်ကော ကူးစက်နိုင်ပါတယ်။ လူအများစုကတော့ တိရိစ္ဆာန်တွေက ရရှိသော ပိုးမသတ်ထားတဲ့ ထုတ်ကုန်များကို စားသုံးခြင်းအားဖြင့် ကူးစက်ခံကြရပါတယ်။

လေမှ တစ်ဆင့်ကူးစက်ခြင်း နှင့် ရောဂါရှိသော တိရိစ္ဆာန်များကို ထိတွေ့ကိုင်တွယ်ခြင်းကြောင့် ကူးစက်ခြင်းဟာ ရှားရှားပါးပါးဖြစ်စဉ်တွေပါ။ လူလူချင်းကူးစက်တာကတော့ အရှားဆုံးပါပဲ။

Brucellosis (တိရိစ္ဆာန်မှတစ်ဆင့် လူသို့ကူးစက်သော ဘရူဆယ်လိုးစစ်ရောဂါ ) က ဘယ်လောက်အဖြစ်များသလဲ

ယင်းရောဂါက လူပေါင်းရာချီထောင်ချီပြီး ကမ္ဘာတစ်ဝှမ်းမှာ ဖြစ်ပေါ်နေတာပါ။ ပိုးမသတ်ထားသော နို့များကို ရှောင်ကြဉ်ပြီး ဓာတ်ခွဲခန်း ဒါမှမဟုတ် တိရိစ္ဆာန်တွေနဲ့ အလုပ်လုပ်တဲ့ အခါမှာ သေချာကာကွယ်မှု ပြုလုပ်ထားမယ်ဆိုရင်တော့ Brucellosis ကို ကာကွယ်ပေးနိုင်ပါလိမ့်မယ်။

လက္ခဏာများ

Brucellosis (တိရိစ္ဆာန်မှတစ်ဆင့် လူသို့ကူးစက်သော ဘရူဆယ်လိုးစစ်ရောဂါ ) ရဲ့လက္ခဏာတွေကဘာတွေလဲ

Brucellosis ရဲ့ အဖြစ်များတဲ့ ရောဂါ လက္ခဏာတွေကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်။
• အဖျားတက်ခြင်း
• ချမ်းတုန်ခြင်း
• ချွေးထွက်ခြင်း
• အားနည်းခြင်း
• ပင်ပန်းနွမ်းနယ်ခြင်း
• အဆစ်၊ကြွက်သား နဲ့ နောက်ကျောတို့ နာကျင်ကိုက်ခဲခြင်း
• ခေါင်းကိုက်ခြင်း
• ချောင်းဆိုးခြင်း
• ဗိုက်နာခြင်း

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

Brucellosis ရောဂါ ကို ဖော်ထုတ်ဖို့ ခက်ခဲပါတယ်။ ဘာကြောင့်လဲဆိုတော့ ယင်းရောဂါက တုပ်ကွေးကဲ့သို့သော အဖြစ်များတဲ့ အခြားသော ရောဂါများနဲ့ ဆင်တူလို့ပါ။ အောက်ပါ ရောဂါလက္ခဏာတွေ တွေ့မယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြဖို့ လိုအပ်ပါတယ်။

• အချိန်ကြာ အဖျားတက်ခြင်း ကိုက်ခဲခြင်း
• ပုံမှန်မဟုတ်သော အားနည်းခြင်း ဒါမှမဟုတ် ဖြစ်နိုင်ခြေ မြင့်မားစေသော အရာများ ရှိနေခြင်း
• ထပ်ကာ ထပ်ကာ ဖျားနေခြင်း

အကြောင်းရင်းများ

Brucellosis (တိရိစ္ဆာန်မှတစ်ဆင့် လူသို့ကူးစက်သော ဘရူဆယ်လိုးစစ်ရောဂါ ) ကိုဘာတွေကဖြစ်စေသလဲ

ပိုးမသတ်ထားသော ထုတ်ကုန်များ။ Brucella ဘက်တီးရီးယားပိုးဟာ ပိုးမသတ်ထားသော နို့၊ရေခဲမုန့်၊ထောပတ် နဲ့ ချိစ့်များမှ တစ်ဆင့် လူတွေကို ကူးစက်နိုင်ပါတယ်။ ပိုးကူးစက်ခံထားသော တိရိစ္ဆာန်တွေရဲ့ မချက်ပြုတ် ထားတဲ့ အသားတွေကလည်း လူကို ကူးစက်နိုင်ပါသေးတယ်။

အသက်ရှုလမ်းကြောင်းမှတစ်ဆင့် ကူးစက်ခြင်း။ Brucella ပိုးဟာ လေမှတစ်ဆင့်လည်း အလွယ်တကူ ကူးစက်နိုင်ပါတယ်။

အထိအတွေ့မှတစ်ဆင့် ကူးစက်ခြင်း။ ကူးစက်ခံထားရတဲ့ တိရိစ္ဆာန်တွေဆီမှ brucella ပိုးတွေဟာ သင့် ခန္ဓာကိုယ်ရှိ ဒဏ်ရာအနာတွေမှ တစ်ဆင့် ကိုယ်တွင်းသို့ ကူးစက်ဝင်ရောက်နိုင်ပါတယ်။ လူတွေက သူတို့ရဲ့ အိမ်မွေးတိရိစ္ဆာန်တွေကနေ Brucellosis ကူးစက်နိုင်ချေတော့ အလွန်နည်းပါတယ်။

သို့ပေမဲ့ ကိုယ်ခံအားနည်းတဲ့သူတွေဟာ ရောဂါပိုးရှိတယ်လို့ သံသယဖြစ်ဖွယ်ရှိတဲ့ တိရိစ္ဆာန်တွေအား ထိတွေ့ ကိုင်တွယ်ခြင်းကို ရှောင်ရှားသင့်ပါတယ်။

Brucellosis က လူတစ်ယောက်ကနေ တစ်ယောက်ကို မပြန့်ပွား နိုင်ပါဘူး။ ဒါပေမဲ့ မိခင်ကနေ ကလေးကိုတော့ နို့တိုက်နေစဉ်အတွင်း ဒါမှမဟုတ် ကလေးမွေးဖွားနေစဉ်အတွင်းမှာ ကူးစက်သွားတတ်ပါတယ်။

လိင်ဆက်ဆံခြင်း ရောဂါ ကူစက်ခံထားရသော သွေး သွင်းခြင်း ရိုးတွင်းခြင်ဆီအစားထိုး ကုသခြင်းတို့မှလည်း ရှားရှားပါးပါး ကူးစက်တတ်ပါသေးတယ်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Brucellosis (တိရိစ္ဆာန်မှတစ်ဆင့် လူသို့ကူးစက်သော ဘရူဆယ်လိုးစစ်ရောဂါ ) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

Brucellosis ဖြစ်နိုင်ခြေ မြင့်မားစေနိုင်တဲ့ အကြောင်းအရင်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
• တိရိစ္ဆာန်ဆရာဝန် ဖြစ်နေခြင်း
• တိရိစ္ဆာန်များဖြင့် အလုပ်လုပ်ရသော လယ်သမား ဖြစ်နေခြင်း
• စိုက်ပျိုးမွေးမြူရေးလုပ်ကိုင်သူ ဖြစ်နေခြင်း
• မုဆိုး ဖြစ်နေခြင်း
• အဏုဇီဝ ပညာရှင်များ ဖြစ်နေခြင်း
• ရောဂါ ကူးစက်ခံထားရသော နို့နှင့် နို့ထွက် ပစ္စည်းများ အသားများကို စားသောက်မိခြင်း
• Brucellosis ဖြစ်ပွားနေသော နေရာဒေသသို့ သွားရောက်ခြင်း
• အသားထုတ်လုပ်သော စက်ရုံများနှင့် သားသတ်ရုံများတွင် လုပ်ကိုင်နေခြင်း

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Brucellosis (တိရိစ္ဆာန်မှတစ်ဆင့် လူသို့ကူးစက်သော ဘရူဆယ်လိုးစစ်ရောဂါ ) ကို ဘယ်လိုအတည်ပြုပါသလဲ

Brucellosis ရှိလားမရှိဘူးလားကို သွေးနဲ့ ရိုးတွင်းခြင်ဆီထဲမှာရှိတဲ့ Brucella ပိုးစစ်ဆေးခြင်း ဒါမှမဟုတ် Brucella ပိုးရဲ့ ပဋိပစ္စည်းများကို စစ်ဆေးခြင်းအားဖြင့် သိနိုင်ပါတယ်။Brucellosis ရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေ သိရှိနိုင်ဖို့ အောက်ပါ စစ်ဆေးချက်တွေ လုပ်ဆောင်နိုင်ပါတယ်။

ပုံရိပ်ဖော်ခြင်း။
X-rays ဓါတ်မှန် ၊ ကွန်ပျူတာဓါတ်မှန် (CT)၊ သံလိုက်ဓါတ်မှန် (MRI) အစရှိတဲ့ စစ်ဆေးချက်တွေက ကိုယ်တွင်းအင်္ဂါတွေကို ပုံဖော်ပေးနိုင်ပါတယ်။

ဦးနှောက်ရည်ကြည် စစ်ဆေးခြင်း။
ယင်းက ဦးနှောက်နဲ့ ကျောရိုးမကြီးကို ဝန်းရံထားတဲ့ ဦးနှောက်ရည်ကြည် (CSF) ကို ရောဂါပိုး ဝင်နေလား မဝင်ဘူးလား စစ်ဆေးတာပါ။

နှလုံးကို အက်ခိုးရိုက်ခြင်း။
ယင်းက အသံလှိုင်းတွေ နဲ့ နှလုံးကိုပုံဖော်ပြီး ပိုးဝင်နေလား ဒဏ်ရာရတာတွေရှိလား စစ်ဆေးတာပါ။

Brucellosis (တိရိစ္ဆာန်မှတစ်ဆင့် လူသို့ကူးစက်သော ဘရူဆယ်လိုးစစ်ရောဂါ ) ကို ဘယ်လိုကုသပါသလဲ

အနည်းဆုံးခြောက်ပတ်လောက် ပိုးသတ်ဆေးတွေ ပေးပါလိမ့်မယ်။ ရောဂါ လက္ခဏာတွေကတော့ လနဲ့ချီပြီး အရှင်း မပျောက်ပဲ ရှိနေနိုင်ပါတယ်။ ဒီရောဂါက ပြန်ဖြစ်နိုင်ပြီး နာတာရှည် ရောဂါထိဖြစ်နိုင်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ စကျတငျဘာ 28, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း စကျတငျဘာ 28, 2017

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ