အဓိပ္ပါယ်ဖွင့်ဆိုချက်

Bronchitis (လေပြွန်ယောင်ခြင်း) ကဘာလဲ။

လေပြွန်ယောင်ခြင်းဆိုတာ ရောဂါပိုးကြောင့် လေပြွန်အတွင်း နံရံများယောင်ခြင်းဖြစ်တယ်။ လေပြွန်တွေက အဆုတ်ထဲကို လေ၀င်တဲ့ လမ်းကြောင်းဖြစ်တယ်။ လေပြွန်ယောင်နေတဲ့သူဟာ ချောင်းဆိုးပြီး သလိပ်ပြစ်ပြစ်တွေထွက်မယ်။ သလိပ်က အရောင်ပြောင်းနိုင်ပါတယ်။

လေပြွန်ယောင်ခြင်း အမျိုးအစား ၂မျိုးရှိပါတယ်။

  • ခဏတာလေပြွန်ယောင်ခြင်း – လေပြွန်တွင်း ရောဂါပိုးဝင်ရောက်ခြင်းကြောင့် အဆုတ်အတွင်းမှာရှိတဲ့ လေပြွန်တွေယောင်ပြီး သလိပ်တွေနဲ့ ပြည့်နေတတ်ပါတယ်။ ဒါဟာ ရက်သတ္တပတ်အတော်ကြာ ဖြစ်နေတတ်တယ်။
  • နာတာရှည်လေပြွန်ယောင်ခြင်း – လေပြွန်ကို လှုံ့ဆော်နေတဲ့ အရာတစ်ခု အမြဲရှိနေခြင်း။ ဆေးလိပ်သောက်ခြင်းကြောင့် အဖြစ်များပါတယ်။ ဒါက လအတော်ကြာနိုင်သလို နှစ်ချီပြီးလည်း ကြာတတ်ပါတယ်။ ခဏတာလေပြွန်ယောင်ခြင်းထက်ပိုပြီး ရောဂါပြင်းထန်နိုင်ပါတယ်။

Bronchitis (လေပြွန်ယောင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

လေပြွန်ယောင်ခြင်းဟာ အလွန်အဖြစ်များပါတယ်။ အသက်အရွယ်မရွေး ဖြစ်တတ်ပါတယ်။ ဒါပေမယ့် အဖြစ်များစေတဲ့ အချက်တွေကို လျှော့ချပြီး ရောဂါကာကွယ်နိုင်ပါတယ်။ ထပ်မံသိလိုသောအချက်များကို ဆရာဝန်နှင့် မေးမြန်းနိုင်ပါတယ်။

လက္ခဏာများ

Bronchitis (လေပြွန်ယောင်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

အဆုတ်ယောင်ရောဂါရဲ့ အဖြစ်များတဲ့ လက္ခဏာများမှာ-

  • အချိန်အတော်ကြာ ချောင်းဆိုးနေခြင်း
  • သလိပ်ထွက်ခြင်း၊ သလိပ်တွင် သွေးစပါခြင်း
  • မောပန်းခြင်း
  • အသက်ရှူမ၀ခြင်း
  • ဖျားခြင်း
  • ရင်ဘက်အောင့်ခြင်း

သင်ဟာ ခဏတာလေပြွန်ယောင်နေတယ်ဆိုလျှင် အယောင်ကျပြီး ရက်အတော်ကြာကြာ ချောင်းဆိုးနေတတ်တယ်။ ဒါပေမယ့် သင်ဟာ နာတာရှည်လေပြွန်ယောင်ရောဂါ ခံစားနေရလျှင် အချိန်ကြာလာတာနှင့်အမျှ ပိုပိုဆိုးလာတတ်တယ်။ ဒီအခြေအနေမှာ ကာလတို လေပြွန်ယောင်ခြင်းလိုပဲ လက္ခဏာတွေ့ရတတ်တယ်။

ဒီထဲမှာမပါတဲ့ လက္ခဏာတွေလည်း ရှိနေနိုင်သေးတယ်။ သင့်ရောဂါလက္ခဏာနှင့်ပတ်သတ်ပြီး သေချာသိလိုပါက ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်မှာ အောက်ပါလက္ခဏာတွေထဲက တစ်ခုခုတွေ့ရှိလျှင် ဆရာဝန်နှင့်ပြသနိုင်ပါတယ်။

  • လက္ခဏာတွေက ၃ပတ်အထက်ကြာနေလျှင်
  • ကိုယ်ပူချိန်များပြီး ဖျားလျှင်
  • သလိပ်အရောင်ပြောင်းလျှင်
  • ချောင်းဆိုး သွေးပါလျှင်
  • အသက်ရှူမ၀လျှင်

အကြောင်းရင်းများ

Bronchitis (လေပြွန်ယောင်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

ခဏတာလေပြွန်ယောင်ခြင်းက ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပေါ်လာတယ်။ ဒီပိုးက အအေးမိ၊တုပ်ကွေးဖြစ်တဲ့ ပိုးတွေနဲ့ အတူတူပဲဖြစ်တယ်။

နာတာရှည်လေပြွန်ယောင်ရောဂါကို အဖြစ်များစေတဲ့ အကြောင်းမှာ ဆေးလိပ်သောက်ခြင်းဖြစ်တယ်။

ဒါပေမယ့် လေထုညစ်ညမ်းမှု၊ ဖုန်မှုန့်တွေ၊ လုပ်ငန်းခွင်နှင့် ပတ်ဝန်းကျင်မှာရှိတဲ့ အဆိပ်သင့်စေတဲ့ ဓါတ်ငွေ့တွေက ရောဂါအခြေအနေကို ပိုဆိုးစေနိုင်ပါတယ်။

ဖြစ်နိုင်ခြေများ

 Bronchitis (လေပြွန်ယောင်ခြင်း) ဖြစ်နိုင်ခြေကိုဘ်ာတွေက မြင့်တက်စေသလဲ

လေပြွန်ယောင်ခြင်းကို ဖြစ်စေတဲ့ အကြောင်းများမှာ-

  • သင်ဟာ ဆေးလိပ်အလွန်သောက်သူဖြစ်နေုခြင်း။ ဆေးလိပ်က လေပြွန်ယောင်ခြင်းကို ပိုဖြစ်စေနိုင်ပါတယ်။
  • ခံနိုင်ရည်အားနည်းခြင်း။ အအေးမိခြင်းကဲ့သို့ နာမကျန်းမှုကို ကိုယ်ခံအားက မတိုက်နိုင်ဘဲ နာတာရှည်ရောဂါ ဖြစ်သွားနိုင်ပါတယ်။
  • အသက်အရွယ်။ အသက်ကြီးသူများ၊ မွေးကင်းစများနှင့် ကလေးငယ်တွေမှာ ရောဂါပိုးဝင်ရောက်နိုင်ခြေများပါတယ်။
  • သင်ဟာ အဆုတ်ကို လှုံ့ဆော်မှုများတဲ့ နေရာမှာ အလုပ်လုပ်နေခြင်း။ ဥပမာ – အမှုန်များ၊ အထည်အလိပ်များ၊ ဓါတုဗေတအငွေ့များ။
  • အစာခြေအရည်များ ဆန်တက်ခြင်း။ ထပ်ခါထပ်ခါ ရင်ပူနာဖြစ်ပြီး လည်ချောင်းကို လှုံ့ဆော်ခြင်းကြောင့် လေပြွန်ယောင်ခြင်းကို ဖြစ်စေနိုင်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Bronchitis (လေပြွန်ယောင်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

သင့်ရောဂါလက္ခဏာကို မေးမြန်းပြီး ဆရာဝန်မှ သင့်ရဲ့ အသက်ရှူသံကိုသိရန် အဆုတ်နေရာကို နားကြပ်ဖြင့် နားထောင်ပါလိမ့်မယ်။ တခြားစမ်းသပ်မှုတွေကိုလည်း လုပ်ပေးပါလိမ့်မယ်။

  • ရင်ဘက်ဓါတ်မှန်ရိုက်ခြင်းဖြင့် သင့်ရဲ့ ရောဂါလက္ခဏာတွေက ဘာ့ကြောင့်ဖြစ်လာသလဲဆိုတာ သိနိုင်ပါတယ်။
  • သလိပ်စစ်ဆေးခြင်း။ အဆုတ်ကနေထွက်လာတဲ့ သလိပ်ဟာ ပိုပြီးပျစ်ပါတယ်။ သလိပ်စစ်ခြင်းဖြင့် သင်ဟာဗိုင်းရပ်ပိုးကူးစက်ခံထားခြင်းရှိ၊ မရှိ သိနိုင်ပါတယ်။
  • အဆုတ်ရဲ့ လုပ်ဆောင်မှုကို စစ်ဆေးခြင်း။ ဒါက သင့်အဆုတ်ကနေ လေဘယ်လောက်ထိန်းထားနိုင်လဲ။ အဆုတ်အတွင်း ဘယ်လောက်မြန်မြန်လေ၀င်နိုင်လဲကို သိနိုင်ပါတယ်။ ဒါ့အပြင် ဒီဟာက ရင်ကြပ်ရောဂါနှင့် လေပြွန်လေးများယောင်ပြီး အသက်ရှူမတဲ့ရောဂါတွေရဲ့ လက္ခဏာကိုပါ သိနိုင်ပါတယ်။

Bronchitis (လေပြွန်ယောင်ခြင်း) ကို ဘယ်လိုကုသပါသလဲ

တကယ်လို့သင်ဟာ ခဏတာလေပြွန်ယောင်တာဆိုလျှင် ဆရာဝန်မှ ရောဂါလက္ခဏာသက်သာစေမယ့် ဆေးများပေးပါလိမ့်ပါမည်။ အသုံးအများဆုံးဆေးများမှာ-

  • ပိုးသတ်ဆေးများ။ ဒီဆေးတွေက လေပြွန်ယောင်ရောဂါကို မပျောက်စေနိုင်ပါဘူး။ ဒါပေမယ့် သင့်ကိုယ်ခံအားနည်းနေတဲ့အတွက် နောက်ထပ်ရောဂါပိုးမ၀င်အောင် ဆရာဝန်က သင့်ကို ဒီဆေးတွေတိုက်ပါလိမ့်မယ်။
  • ချောင်းဆိုးပျောက်ဆေး။ ချောင်းဆိုးခြင်းကြောင့် လည်ချောင်းနဲ့ လေပြွန်တွေကို ဒဏ်ဖြစ်စေပါတယ်။ တကယ်လို့ အိပ်မရအောင် ချောင်းဆိုးနေလျှင် ချောင်းဆိုးပျောက်ဆေးသောက်ဖို့လိုပါတယ်။
  • တခြားဆေးများ။ တကယ်လို့သင့်မှာ ဓါတ်မတည့်မှု၊ ရင်ကြပ်ရောဂါနှင့် နာတာရှည်လေပြွန်တွေပိတ်တဲ့ရောဂါ ရှိလျှင် ဆရာဝန်ကသင့်ကို ရှူဆေးနှင့် အယောင်ကျပြီးလေပြွန်ပွင့်စေတဲ့ ဆေးတွေကို ပေးပါလိမ့်မယ်။

တကယ်လို့သင့်မှာ နာတာရှည် လေပြွန်ယောင်ရောဂါရှိလျှင် အခြေအနေပြန်ကောင်းအောင်လုပ်ဖို့ လိုအပ်ပါတယ်။ သင့်ကို အသက်ရှူလေ့ကျင့်ခန်းတွေသင်ပေးပြီး ဘယ်လိုနည်းနဲ့ အသက်ကို လွယ်ကူစွာရှူနိုင်မယ်၊ လေ့ကျင်မှုကို ပိုကောင်းလာစေမယ်ကို သင်ပေးပါလိမ့်မယ်။

လေပြွန်ယောင်ခြင်ကို ကာကွယ်နိုင်တဲ့ နေထိုင်မှုပုံစံတွေနဲ့ အိမ်တွင်းကုထုံးတွေက ဘာတွေလဲ။

အောက်ပါနေထိုင်မှုပုံစံတွေနဲ့ အိမ်တွင်းကုထုံးတွေက သင့်ကို လေပြွန်ယောင်ခြင်းကနေ လျှော့ချပေးနိုင်ပါတယ်။

  • ဆေးလိပ်ဖြတ်ပါ
  • လေထုညစ်ညမ်တဲ့နေရာသွားလျှင် နှာခေါင်းစည်းတပ်ပါ။ အထူးသဖြင့် အပြင်သွားချိန်နှင့် အိမ်သန့်ရှင်းရေးလုပ်ချိန်တွင် တပ်ပါ။
  • ရေငွေ့လွှတ်စက်ကို သုံးပါ။ ပူနွေးစွတ်စိုသောလေက ချောင်းဆိုးသက်သာပြီး သလိပ်ကိုပျော်စေနိုင်ပါတယ်။

တကယ်လို့ သိချင်တာများရှိပါက ဆရာဝန်နှင့်တိုင်ပင်ပြီး အကောင်းဆုံးအဖြေကို ရယူလိုက်ပါ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ ဖေ‌ဖော်ဝါရီ 21, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း ဖေ‌ဖော်ဝါရီ 21, 2018

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ